သတင္းအင္တာဗ်ဴး

ဝီရသူေျပာတဲ့ထဲမွာ မမွန္တာဘယ္ႏွလုံးပါလဲ၊ မဟုတ္တာ ဘယ္ႏွလုံးပါလဲ (အပုိင္း-၂ နိဂုံး)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ေမး- ဘိဝံသဘြဲ႕ရတဲ့အခ်ိန္နဲ႔ ေစတိယဂၤ ဏေျဖတဲ့အခ်ိန္ ဘယ္ေလာက္ကြာလဲ ဘုရား။

ေျဖ- ဒီလိုေလ။ အတန္းက ႏွစ္တန္းရွိ တာေပါ့။ စာသင္တန္းနဲ႔ စာခ်တန္းရွိတာ ပါ။ မႏၲေလးမွာ စာသင္တန္းေအာင္တဲ့ ႏွစ္နဲ႔ ရန္ကုန္စာသင္တန္းေအာင္တဲ့ ႏွစ္ ကေတာ့ တစ္ႏွစ္တည္း။ ေနာက္ က်မ္းစြဲ တာက်ေတာ့ ရန္ကုန္က တစ္က်မ္းအရင္ စြဲတာေပါ့။ မႏၲေလးက ႏွစ္ႏွစ္ဝင္ေျဖတာ မစြဲဘူးေပါ့။ သံုးႏွစ္ေျမာက္က်မွ စြဲတာ။
မႏၲေလးဘြဲ႕ရတာက်ေတာ့ ၁၉၉၉ က်မွ ရတာေပါ့။ ေစတိယဂၤဏက်ေတာ့ စာသင္ တန္းေအာင္တာနဲ႔ မႏၲေလးစာသင္တန္း ေအာင္တာနဲ႔တူတယ္ဆိုေတာ့ ၁၉၉၃ ခုႏွစ္ေပါ့။

ေမး- အရင္အင္တာဗ်ဴးေတြမွာ ေမးခဲ့ ဖူးပါတယ္ဘုရား။ အရွင္ဘုရားရဲ႕ ႏုိင္ငံ ေရးကို စစိတ္ဝင္စားတဲ့အခ်ိန္ကို။ အိုးဘို ေထာင္တရားခြင္မွာ စၿပီးစိတ္ဝင္စားတယ္ လို႔ ေျဖခဲ့ဖူးပါတယ္ဘုရား။ ဒီတစ္ခါသိခ်င္ တာက ဗုဒၶဘာသာကိုေရာ၊ မိ႐ိုးဖလာ ဗုဒၶဘာသာကေန ရဟန္းဝတ္ဖို႔တို႔၊ ေနာက္ ဗုဒၶဘာသာအတြက္ပဲ အသက္ရွင္ဖို႔တို႔ကို ဘယ္အခ်ိန္ေလာက္မွာ စၿပီး စိတ္ဝင္စား တာလဲဘုရား။

ေျဖ- အဲဒါကေတာ့ ပါရမီလို႔ေျပာရမွာ ေပါ့။ ေက်ာင္းသားဘဝကတည္းက ကံ၊ ကံ၏အက်ိဳးကို ယံုၾကည္ခဲ့တာပါ၊
ဥပမာဆိုၾကပါစို႔။ ေက်ာင္းသြား တုိင္း ဘုရားရွိခိုးၿပီးမွသြားတာ။ ျပန္လာ ရင္လည္း တန္းဘုရားရွိခိုးတာ။ တစ္ခါ တေလက်ေတာ့လည္း အေရးဟယ္၊ အ ေၾကာင္းဟယ္နဲ႔ ဘုရားရွိမခိုးမိတဲ့ေန႔ ေတြ ရွိပါတယ္။ ေက်ာင္းမွာက်ေတာ့ ဘုရားရွိမခိုးတဲ့ေန႔ေတြဆို သူငယ္ခ်င္း ေတြနဲ႔ အဆင္မေျပတာနဲ႔၊ ဆရာ ဆရာမ ေတြ ေငါက္တာဆူတာနဲ႔ မေကာင္းတာ ေလးေတြ လာလာႀကံဳရတာေပါ့။
အဲဒီေတာ့ ငါ ဒီေန႔ ဘုရားရွိမခိုးမိ လို႔ပဲလို႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ၿပီး အျပစ္ တင္မိတာေပါ့။ အဲဒါက ဦးဇင္း ေလး တန္းေက်ာင္းသားဘဝေလာက္ကတည္း က ကံ ကံ၏အက်ိဳးကို ယံုၾကည္ေနပံု ေလးပါ။

ေနာက္ ကိုရင္ဝတ္ဖို႔ ပူဆာတာက လည္း ေလးတန္းေက်ာင္းသားဘဝ အ ရြယ္ေလာက္ကတည္းက ပူဆာတာပဲ။ ဒါေပမယ့္ အေဖက ဆင္းရဲတယ္၊ အေဖ့ အမ်ိဳးေတြက ခ်မ္းသာတယ္။ အေဖ့အမ်ိဳး ေတြ ရွင္ျပဳရဟန္းခံတုိင္း ရွင္ေလာင္းအ ျဖစ္ေတာင္းတယ္။ အေဖက မာနႀကီး ေတာ့ မေပးဘူး။ ဒါနဲ႔ အေဖကလည္း ရွင္ျပဳမေပးႏုိင္၊ သူမ်ား ရွင္ျပဳေပးမယ္ဆို ေတာ့လည္း လက္မခံနဲ႔ ရွစ္တန္းအရြယ္ ထိ ေရာက္သြားတာေပါ့ေနာ္။ ရွစ္တန္း က်ေတာ့ ကံေကာင္းတာက အေမ့ရဲ႕ ဦးေလးအရင္းက ေရႊလွံေထာင္ဆရာ ေတာ္ႀကီးေလ။ မင္းစာေမးပြဲေျဖၿပီးရင္ ဝတ္ကို ဝတ္ရမယ္လို႔ အမိန္႔ခ်လိုက္ေတာ့ အေဖလည္း မတတ္ႏုိင္ေတာ့ဘူးေပါ့ေနာ့။ အဲဒါနဲ႔ ဦးဇင္းက မေန႔က ရွစ္တန္းစာေမး ပြဲေျဖတယ္၊ ဒီေန႔ ကိုရင္ဝတ္တယ္ဆို တန္းဝတ္လိုက္တာေပါ့ေနာ္။ တန္းဝတ္ လိုက္တဲ့အခါက်ေတာ့ ေဝဘူဆရာေတာ္ ႀကီးရဲ႕ နိႆရည္းအတုိင္း တရားထုိင္ ခိုင္းတာေပါ့။ တရားထုိင္တာ သံုးလၾကာ တာေပါ့။ ေရႊလွံေထာင္ေက်ာင္းမွာ ဦး ဇင္းရယ္၊ ဆရာေတာ္ႀကီးရယ္၊ ဦးဇင္းရဲ႕ ရွင့္ဒကာမႀကီး သက္ေတာ္ရွည္သီလရွင္ ႀကီး ဒီသံုးပါးပဲရွိတာေပါ့။ သီလရွင္ဆရာ ႀကီးက သူ႔ေက်ာင္းမွာသူ တစ္ပါးတည္း အားထုတ္၊ ဆရာေတာ္ႀကီးကလည္း သူ႕ေက်ာင္းမွာသူ တစ္ပါးတည္း အား ထုတ္၊ ကိုရင္ဘဝမွာလည္း တစ္ပါး တည္းရွိေတာ့ တရားပဲအားထုတ္ရတာ ေပါ့ေနာ့။ အဲဒီမွာ ေတာ္ေတာ္ထူးထူး ျခားျခားေလး တရားအေတြ႕အႀကံဳ ရခဲ့ တာေပါ့ေနာ္။ အဲဒီကေန စၿပီးေတာ့ ဒုလႅဘဝတ္ဖို႔ရည္ရြယ္ၿပီး ဝတ္ခဲ့ေပမယ့္ အၿမဲဝတ္ဖို႔ ဆံုးျဖတ္ခ်က္ခ်လိုက္တာ ေပါ့။ ဆံုးျဖတ္ခ်က္ခ်ၿပီးမွ ဦးဇင္းျဖစ္ခ်င္ တာက မင္းကုန္းေက်ာင္းတိုက္ စာသင္ တုိက္ဆရာေတာ္ႀကီးေပါ့ေလ၊ ဦးဇနိ တာဘိဝံသဆိုတာက ဦးဇင္းရဲ႕ဆရာရင္း၊ ငယ္ဆရာေပါ့။ ဆရာသမားကို အားက် ၿပီး သက်သီဟဘြဲ႕ လိုခ်င္တဲ့အာသာ ျပင္းျပသြားတာပါ။ အဲဒါနဲ႔ ဦးဇင္းက သက်သီဟေအာင္တဲ့အဆင့္ကို ေရာက္ လာတာေပါ့။

အမ်ိဳးသားေရးလမ္းေၾကာင္းေပၚ ေရာက္လာတာကေတာ့ စာအုပ္ေတြ ဖတ္လို႔ေပါ့။ အဲဒါက ႏွစ္ခုေျပာရမွာေပါ့။ မူလရည္ရြယ္ခ်က္ကေတာ့ ဆရာေဖျမင့္ ရဲ႕ မဟာက႐ုဏာရွင္မ်ား စာအုပ္ဖတ္ၿပီး ေဂ်ာ့ဝါရွင္တန္လိုမ်ိဳး အမ်ိဳးဂုဏ္ ဇာတိ ဂုဏ္ တအားျမႇင့္တင္ေပးခ်င္တာ။ အဲဒါ က ဘာလဲဆိုေတာ့ ေက်းရြာေတြမွာ ဝိပႆနာ မေရာက္ဘူး။ ေက်းရြာတုိင္း ေက်းရြာတုိင္းမွာ ဝိပႆနာေရာက္ ေအာင္ ဂ်စ္ကားမာမာတစ္စီးရွာၿပီးေတာ့ ရြာတကာလွည့္ၿပီးေတာ့ ကန္ေတာ့ပြဲမပါ ဘဲ ဝိပႆနာျပမယ္လို႔ ရည္ရြယ္ထား တာေပါ့။

အမ်ိဳးေပ်ာက္မွာ စိုးေၾကာက္စရာ စာအုပ္ဖတ္ၿပီးတဲ့ ေနာက္ပိုင္းက်ေတာ့မွ လမ္းေၾကာင္းေျပာင္းသြားတာပါ။ နိဗၺာန္ ေရာက္ေၾကာင္း ေနာက္မွေဟာမယ္၊ နိဗၺာန္ေရာက္ေၾကာင္း မပေပ်ာက္ေအာင္ အရင္ကာကြယ္မယ္ဆိုၿပီးေတာ့ ဒီဘက္ လိုင္းကို ေရာက္သြားရင္းနဲ႔ပဲ အခု ရြာ ျပင္ထုတ္ခံရတဲ့အဆင့္ထိ ျဖစ္သြားတာ ေပါ့။

ေမး- စကားစပ္မိလို႔ တစ္ခုေလာက္ ဆက္ေမးခြင့္ျပဳပါဘုရား။ ေရႊလွံေထာင္ ဆရာေတာ္ႀကီးက ေဝဘူဆရာေတာ္ႀကီး ရဲ႕ တပည့္အရင္းလို႔လည္း သိရတယ္ေပါ့ ဘုရား။ အရွင္ဘုရားနဲ႔ ေရႊလွံေထာင္ ဆရာေတာ္ႀကီးနဲ႔ အမွတ္ရစရာေလး ေတြရွိရင္လည္း ေျပာျပေပးပါဦးဘုရား။

ေျဖ- ရွိတာေပါ့။ ေရႊလွံေထာင္ ဆရာ ေတာ္ႀကီးက ၂၃ ႏွစ္မွ ရဟန္းခံတာေပါ့ ေနာ္။ သူတို႔က တစ္အိမ္လံုး ရဟန္းခံၾက တာ။ အဲဒီေခတ္ကေတာ့ ေဝဘူဆရာ ေတာ္ႀကီးနဲ႔ ကြၽတ္တဲ့သူေတြမ်ားတယ္ ေပါ့။ မြတ္ဆလင္ေတြေတာင္မွ တစ္ မိသားစုလံုး ကြၽတ္ကုန္တဲ့ ဗုဒၶဘာသာ ခံယူသြားတဲ့ မြတ္ဆလင္မိသားစုေတြ ရွိတယ္ေလ။ အခုလည္း ေက်ာက္ဆည္ မွာ ရွိၾကတာပဲ။ အဲဒီမွာ ဆရာေတာ္ႀကီး တို႔လည္း မိသားစုလိုက္ဝတ္ေတာ့ ဆရာ ေတာ္ႀကီးရဲ႕အေဖက ဦးဝဏၰတဲ့။ ဆယ္ဝါ အရမွာ ပ်ံလြန္သြားတာ။ ဆရာေတာ္ ႀကီးကေတာ့ သက္ေတာ္ ၈၇ ႏွစ္က်မွ ပ်ံလြန္သြားတာပါ။

အဲေတာ့ ေဝဘူဆရာေတာ္ႀကီးဆီ မွာ သူက နီးနီးကပ္ကပ္ကို ၂၅ ႏွစ္ ေနခဲ့ တာ။ ေဝဘူဆရာေတာ္ႀကီးကိုယ္တုိင္ကို က သူ႔ရဲ႕ဝီရိယကို ခ်ီးက်ဴးခဲ့တယ္။ ေဝဘူ ဆရာေတာ္ႀကီးက ခ်ီးက်ဴးေလာက္ရ ေအာင္ကို ဝီရိယေကာင္းတဲ့ ဆရာေတာ္ ပါ၊ ဦးဇင္းရဲ႕ အဖိုးဆရာေတာ္ကေလ။ မွတ္မွတ္ရရကေတာ့ သူ႕ၾသဝါဒ လိုက္နာ ခဲ့တဲ့အတြက္ေၾကာင့္ ငတ္လည္းငတ္ခဲ့ တယ္၊ လူ႐ိုေသ ရွင္႐ိုေသ ေလးစားမႈ လည္း ခံရတယ္ေပါ့။

သူက ‘မင္း လူေတြကို မ်က္ႏွာ ေပး မေပါင္းနဲ႔’တဲ့။ အဲဒီတစ္ခ်က္ ေျပာ တာေပါ့။ ‘အရက္ေသာက္တဲ့ ဘုန္းႀကီး အျမည္းလွဴမယ့္သူ ရွိတယ္ကြ၊ ကုိယ္ ကသာ ပရိယတ္ ပဋိပတ္ ေဇာက္ခ်လုပ္ ဒကာ၊ ဒကာမဆိုတာ မရွားဘူးတဲ့။ အဲဒီ ၾသဝါဒကို လိုက္နာတဲ့အတြက္ေၾကာင့္ ကိုရင္ဘဝကေနစၿပီးေတာ့ အခုခ်ိန္ထိ ေအာင္ ဒကာ၊ ဒကာမ မေပါမ်ားတဲ့ဒဏ္ ကို ခံရတဲ့အခါက်ေတာ့ ငတ္တာေပါ့ ေလ။ ဒါေပမယ့္လို႔ အလုပ္ႀကီး အကိုင္ ႀကီးလုပ္တဲ့အခါ ရဟန္းဒကာ ဒကာမကို လည္း မငဲ့ႏုိင္ေတာ့ဘူးေပါ့။ ဆရာေတာ္ ႀကီးၾသဝါဒ နားေထာင္မိတဲ့အတြက္ေၾကာင့္ အလိုလို အဂတိကင္းသြားတာေပါ့။ ေျပာ စရာရွိတာ ျပတ္ျပတ္သားသား ေျပာလာ ႏုိင္တယ္ေပါ့။ ဆံုးျဖတ္စရာရွိတာလည္း ရဲရဲဝံ့ဝံ့ ဆံုးျဖတ္ႏုိင္တယ္ေပါ့။ ေရးသား စရာရွိတာလည္း ဘယ္မ်က္ႏွာမွ မ ေထာက္ထားဘဲ ေရးသားႏုိင္တယ္ေပါ့။ အဲဒီအတြက္က်ေတာ့ ဦးဇင္းက ဂုဏ္ယူ ရတာေပါ့။ ဒါက ဆရာေတာ္ႀကီးနဲ႔ပတ္ သက္တဲ့အပိုင္းေပါ့ေလ။

ေနာက္တစ္ပိုင္းက်ေတာ့ ဦးဇင္း စာသင္တုိက္ထြက္ေတာ့မယ္ဆိုေတာ့ ဆရာေတာ္ႀကီးက ၾသဝါဒေပးတယ္။ အဲ ဒါကေတာ့ ဆရာေတာ္ႀကီးၾသဝါဒေၾကာင့္ ဦးဇင္း ရဟန္းရွင္လူ ေလးစားခံရတဲ့ ေက်းဇူးတရားကို ရခဲ့တယ္။

မင္းတဲ့ စာသင္တယ္ဆိုတာ ျခင္း ခတ္သလိုက်င့္ရတယ္…တဲ့။ ျခင္းခတ္တဲ့ အခါက်ေတာ့ အကြက္လွလွ မဖန္တီး ႏုိင္ဦးေတာ့ ကိုယ့္ဆီေရာက္လာတဲ့ ျခင္း မက်ေစနဲ႔တဲ့။ ကိုယ့္ဆီေရာက္လာတဲ့ ျခင္း မက်ႏုိင္ဘူးဆိုရင္ ကိုယ္ဟာ ျခင္း သမား ေကာင္းတစ္ေယာက္ပဲ။ မင္း လည္း အဲဒီအတုိင္းပဲ၊ ေအာင္ပန္းေတြ၊ ေအာင္ပြဲေတြ မဆင္ျမန္းႏုိင္ရင္ေတာင္မွ မပ်က္စီးေစနဲ႔တဲ့။ အဲဒီလိုမွာလိုက္တာ ေပါ့။

အဲေတာ့ ဦးဇင္းက အဲဒီလိုၾသဝါဒ ေလးကို လိုက္နာၿပီးေတာ့ ဦးဇင္းကို ေက်ာင္းေစာင့္နတ္ႀကီးလို႔လည္း ေခၚၾက တယ္၊ ဘုရားေလာင္းလို႔လည္း ကြယ္ရာ မွာ ႏိႈင္းၾကတယ္။ ဝီရိယနဲ႔ သမာဓိနဲ႔ ပတ္သက္လာရင္ေတာ့ အခုအခ်ိန္ထိ စာသင္သားဘဝတုန္းက ဘယ္လိုဝီရိယ ေကာင္းတာဆိုတဲ့ ဂုဏ္သတင္းလည္း ျပန္ၾကားရတာေပါ့။ အဲဒါကေတာ့ ဆရာ ေတာ္ႀကီးနဲ႔ပတ္သက္တဲ့ ဦးဇင္းခံစား ရတဲ့ အက်ိဳးတရားေတြပါ။

ေမး- လက္ဖဝါးေပၚက ကံၾကမၼာတရား ေဟာစဥ္ကတည္းကကိုပဲ သာသနာကို စိတ္ပူေနရတယ္။ အဲဒီအခ်ိန္ကာလ ကတည္းက သာသနာကို စိတ္ပူတဲ့အ ေၾကာင္းေတြ ေျပာေနတယ္။ ဆိုေတာ့ အခုအခ်ိန္မွာလည္းပဲ စိတ္ပူေနရေသး တယ္။ သာသနာအတြက္ စိတ္ေအးရ ေအာင္၊ ရဟန္းရွင္လူျပည္သူနဲ႔ မင္းအစိုး ရေတြက ဘာေတြလုပ္သင့္လဲဘုရား။ အဲ ဒါေလး မိန္႔ေပးပါဦးဘုရား။

ေျဖ- ျပည္သူနဲ႔သံဃာကေတာ့ အမ်ိဳး ဘာသာ သာသနာရဲ႕ အႏၲရာယ္ကို သိၿပီး သားေပါ့ေနာ္။ တကယ္လည္း သိၾကပါ တယ္။ အစိုးရက်ေတာ့ အစိုးရဦးေဆာင္ တဲ့ သူက ႏုိင္ငံတကာမွာပဲ ႀကီးျပင္းခဲ့တဲ့ အခါက်ေတာ့ ဒီ အမ်ိဳး ဘာသာ သာသ နာရဲ႕ အဓိပၸါယ္ကုိ နက္နက္႐ႈိင္း႐ိႈင္းမသိ ဘူးလို႔ ယူဆရတယ္။ အဲဒီအခါက်ေတာ့ အမ်ိဳး ဘာသာ သာသနာဆိုတဲ့ ေဝါဟာ ရမရွိတဲ့ႏုိင္ငံေတြအတုိင္း လုပ္ခ်င္ေနသ လားလို႔ ဦးဇင္းတို႔က ေမးခြန္းထုတ္ရလိမ့္ မယ္။ အဲဒီမွာပဲ အမ်ိဳး ဘာသာ သာသ နာက ေမွးမွိန္သြားတာေပါ့။ အဲေတာ့ အမ်ိဳး ဘာသာ သာသနာအတြက္ စိတ္ ေအးရေအာင္ေတာ့ ဦးဇင္းတို႔ မသဘ လမ္းစဥ္ လိုက္ရမွာေပါ့။ မဘသလမ္းစဥ္ က ဝိုင္းၿပီးေတာ့ ေသြးပုပ္ခ်ေဆးေရာင္း တဲ့ ႏုိင္ငံေရးသမားေတြ၊ သတင္းသမား ေတြေၾကာင့္သာ မဘသႀကီးက အထင္ အျမင္အလြဲခံေနရတာကိုး။ တကယ္ တမ္းက်ေတာ့ လမ္းစဥ္က တအား ေကာင္းတာေလ။ အဲဒီေတာ့ သံဃာေတြ ေရာ ျပည္သူေတြေကာ မဘသလမ္းစဥ္၊ ၉၆၉ လမ္းစဥ္လိုက္ပါမွ အနာဂတ္ရဲ႕ အမ်ိဳး ဘာသာ သာသနာ စိတ္ခ်ရတဲ့ အဆင့္ထိ ေရာက္ရွိလာမွပါ။

ေမး- ပုဒ္မ ၅ဝ၅(ခ)နဲ႔ တရားစြဲခံထား ရတဲ့ ကိုတင္လင္းထိုက္ရဲ႕မိခင္ ဆုံးသြား တဲ့အေၾကာင္း သတင္းေတြမွာ ဖတ္ရပါ တယ္ဘုရား။ အဲဒါနဲ႔ပတ္သက္ၿပီး ဘာ မ်ားေျပာစရာရွိမလဲဘုရား။

ေျဖ- ေအးကြာ စိတ္မေကာင္းဘူး။ ဒါ မ်ဳိးေတြက အာဏာရွင္ေခတ္ေတြမွာပဲ ေတြ႕ရတတ္တယ္လို႔ ေအာက္ေမ့ခဲ့တာ။ ဒီမိုကေရစီမွာလည္း ဒါမ်ဳိးႀကံဳရတာပဲ လား။ တို႔ျပည္သူေတြ က်န္စစ္သားလို မင္းေကာင္းမင္းျမတ္နဲ႔ အျမန္ေတြ႕ပါေစ လို႔ပဲ ဆုေတာင္းေနမိတယ္။

ေမး- ဒီတစ္ပတ္အတြက္ ၾသဝါဒစကား ေလး မိန္႔ၾကားေပးပါဦးဘုရား။

ေျဖ- ထမင္းဝေအာင္စားထားပါ။ ထမင္း ဝမွ အားရွိမွာလို႔ပဲ မွာလိုက္ပါရေစ။

ၿငိမ္းခ်မ္းသာ
ဆက္သြယ္ေမးျမန္းသည္

 

“ဝီရသူပြောတဲ့ထဲမှာ မမှန်တာဘယ်နှလုံးပါလဲ၊ မဟုတ်တာ ဘယ်နှလုံးပါလဲ (အပိုင်း-၂ နိဂုံး)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- ဘိဝံသဘွဲ့ရတဲ့အချိန်နဲ့ စေတိယင်္ဂ ဏဖြေတဲ့အချိန် ဘယ်လောက်ကွာလဲ ဘုရား။

ဖြေ- ဒီလိုလေ။ အတန်းက နှစ်တန်းရှိ တာပေါ့။ စာသင်တန်းနဲ့ စာချတန်းရှိတာ ပါ။ မန္တလေးမှာ စာသင်တန်းအောင်တဲ့ နှစ်နဲ့ ရန်ကုန်စာသင်တန်းအောင်တဲ့ နှစ် ကတော့ တစ်နှစ်တည်း။ နောက် ကျမ်းစွဲ တာကျတော့ ရန်ကုန်က တစ်ကျမ်းအရင် စွဲတာပေါ့။ မန္တလေးက နှစ်နှစ်ဝင်ဖြေတာ မစွဲဘူးပေါ့။ သုံးနှစ်မြောက်ကျမှ စွဲတာ။ မန္တလေးဘွဲ့ရတာကျတော့ ၁၉၉၉ ကျမှ ရတာပေါ့။ စေတိယင်္ဂဏကျတော့ စာသင် တန်းအောင်တာနဲ့ မန္တလေးစာသင်တန်း အောင်တာနဲ့တူတယ်ဆိုတော့ ၁၉၉၃ ခုနှစ်ပေါ့။

မေး- အရင်အင်တာဗျူးတွေမှာ မေးခဲ့ ဖူးပါတယ်ဘုရား။ အရှင်ဘုရားရဲ့ နိုင်ငံ ရေးကို စစိတ်ဝင်စားတဲ့အချိန်ကို။ အိုးဘို ထောင်တရားခွင်မှာ စပြီးစိတ်ဝင်စားတယ် လို့ ဖြေခဲ့ဖူးပါတယ်ဘုရား။ ဒီတစ်ခါသိချင် တာက ဗုဒ္ဓဘာသာကိုရော၊ မိရိုးဖလာ ဗုဒ္ဓဘာသာကနေ ရဟန်းဝတ်ဖို့တို့၊ နောက် ဗုဒ္ဓဘာသာအတွက်ပဲ အသက်ရှင်ဖို့တို့ကို ဘယ်အချိန်လောက်မှာ စပြီး စိတ်ဝင်စား တာလဲဘုရား။

ဖြေ- အဲဒါကတော့ ပါရမီလို့ပြောရမှာ ပေါ့။ ကျောင်းသားဘဝကတည်းက ကံ၊ ကံ၏အကျိုးကို ယုံကြည်ခဲ့တာပါ၊ ဥပမာဆိုကြပါစို့။ ကျောင်းသွား တိုင်း ဘုရားရှိခိုးပြီးမှသွားတာ။ ပြန်လာ ရင်လည်း တန်းဘုရားရှိခိုးတာ။ တစ်ခါ တလေကျတော့လည်း အရေးဟယ်၊ အ ကြောင်းဟယ်နဲ့ ဘုရားရှိမခိုးမိတဲ့နေ့ တွေ ရှိပါတယ်။ ကျောင်းမှာကျတော့ ဘုရားရှိမခိုးတဲ့နေ့တွေဆို သူငယ်ချင်း တွေနဲ့ အဆင်မပြေတာနဲ့၊ ဆရာ ဆရာမ တွေ ငေါက်တာဆူတာနဲ့ မကောင်းတာ လေးတွေ လာလာကြုံရတာပေါ့။ အဲဒီတော့ ငါ ဒီနေ့ ဘုရားရှိမခိုးမိ လို့ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အပြစ် တင်မိတာပေါ့။ အဲဒါက ဦးဇင်း လေး တန်းကျောင်းသားဘဝလောက်ကတည်း က ကံ ကံ၏အကျိုးကို ယုံကြည်နေပုံ လေးပါ။

နောက် ကိုရင်ဝတ်ဖို့ ပူဆာတာက လည်း လေးတန်းကျောင်းသားဘဝ အ ရွယ်လောက်ကတည်းက ပူဆာတာပဲ။ ဒါပေမယ့် အဖေက ဆင်းရဲတယ်၊ အဖေ့ အမျိုးတွေက ချမ်းသာတယ်။ အဖေ့အမျိုး တွေ ရှင်ပြုရဟန်းခံတိုင်း ရှင်လောင်းအ ဖြစ်တောင်းတယ်။ အဖေက မာနကြီး တော့ မပေးဘူး။ ဒါနဲ့ အဖေကလည်း ရှင်ပြုမပေးနိုင်၊ သူများ ရှင်ပြုပေးမယ်ဆို တော့လည်း လက်မခံနဲ့ ရှစ်တန်းအရွယ် ထိ ရောက်သွားတာပေါ့နော်။ ရှစ်တန်း ကျတော့ ကံကောင်းတာက အမေ့ရဲ့ ဦးလေးအရင်းက ရွှေလှံထောင်ဆရာ တော်ကြီးလေ။ မင်းစာမေးပွဲဖြေပြီးရင် ဝတ်ကို ဝတ်ရမယ်လို့ အမိန့်ချလိုက်တော့ အဖေလည်း မတတ်နိုင်တော့ဘူးပေါ့နော့။ အဲဒါနဲ့ ဦးဇင်းက မနေ့က ရှစ်တန်းစာမေး ပွဲဖြေတယ်၊ ဒီနေ့ ကိုရင်ဝတ်တယ်ဆို တန်းဝတ်လိုက်တာပေါ့နော်။ တန်းဝတ် လိုက်တဲ့အခါကျတော့ ဝေဘူဆရာတော် ကြီးရဲ့ နိဿရည်းအတိုင်း တရားထိုင် ခိုင်းတာပေါ့။ တရားထိုင်တာ သုံးလကြာ တာပေါ့။ ရွှေလှံထောင်ကျောင်းမှာ ဦး ဇင်းရယ်၊ ဆရာတော်ကြီးရယ်၊ ဦးဇင်းရဲ့ ရှင့်ဒကာမကြီး သက်တော်ရှည်သီလရှင် ကြီး ဒီသုံးပါးပဲရှိတာပေါ့။ သီလရှင်ဆရာ ကြီးက သူ့ကျောင်းမှာသူ တစ်ပါးတည်း အားထုတ်၊ ဆရာတော်ကြီးကလည်း သူ့ကျောင်းမှာသူ တစ်ပါးတည်း အား ထုတ်၊ ကိုရင်ဘဝမှာလည်း တစ်ပါး တည်းရှိတော့ တရားပဲအားထုတ်ရတာ ပေါ့နော့။ အဲဒီမှာ တော်တော်ထူးထူး ခြားခြားလေး တရားအတွေ့အကြုံ ရခဲ့ တာပေါ့နော်။ အဲဒီကနေ စပြီးတော့ ဒုလ္လဘဝတ်ဖို့ရည်ရွယ်ပြီး ဝတ်ခဲ့ပေမယ့် အမြဲဝတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ ပေါ့။ ဆုံးဖြတ်ချက်ချပြီးမှ ဦးဇင်းဖြစ်ချင် တာက မင်းကုန်းကျောင်းတိုက် စာသင် တိုက်ဆရာတော်ကြီးပေါ့လေ၊ ဦးဇနိ တာဘိဝံသဆိုတာက ဦးဇင်းရဲ့ဆရာရင်း၊ ငယ်ဆရာပေါ့။ ဆရာသမားကို အားကျ ပြီး သကျသီဟဘွဲ့ လိုချင်တဲ့အာသာ ပြင်းပြသွားတာပါ။ အဲဒါနဲ့ ဦးဇင်းက သကျသီဟအောင်တဲ့အဆင့်ကို ရောက် လာတာပေါ့။

အမျိုးသားရေးလမ်းကြောင်းပေါ် ရောက်လာတာကတော့ စာအုပ်တွေ ဖတ်လို့ပေါ့။ အဲဒါက နှစ်ခုပြောရမှာပေါ့။ မူလရည်ရွယ်ချက်ကတော့ ဆရာဖေမြင့် ရဲ့ မဟာကရုဏာရှင်များ စာအုပ်ဖတ်ပြီး ဂျော့ဝါရှင်တန်လိုမျိုး အမျိုးဂုဏ် ဇာတိ ဂုဏ် တအားမြှင့်တင်ပေးချင်တာ။ အဲဒါ က ဘာလဲဆိုတော့ ကျေးရွာတွေမှာ ဝိပဿနာ မရောက်ဘူး။ ကျေးရွာတိုင်း ကျေးရွာတိုင်းမှာ ဝိပဿနာရောက် အောင် ဂျစ်ကားမာမာတစ်စီးရှာပြီးတော့ ရွာတကာလှည့်ပြီးတော့ ကန်တော့ပွဲမပါ ဘဲ ဝိပဿနာပြမယ်လို့ ရည်ရွယ်ထား တာပေါ့။
အမျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်ဖတ်ပြီးတဲ့ နောက်ပိုင်းကျတော့မှ လမ်းကြောင်းပြောင်းသွားတာပါ။ နိဗ္ဗာန် ရောက်ကြောင်း နောက်မှဟောမယ်၊ နိဗ္ဗာန်ရောက်ကြောင်း မပပျောက်အောင် အရင်ကာကွယ်မယ်ဆိုပြီးတော့ ဒီဘက် လိုင်းကို ရောက်သွားရင်းနဲ့ပဲ အခု ရွာ ပြင်ထုတ်ခံရတဲ့အဆင့်ထိ ဖြစ်သွားတာ ပေါ့။

မေး- စကားစပ်မိလို့ တစ်ခုလောက် ဆက်မေးခွင့်ပြုပါဘုရား။ ရွှေလှံထောင် ဆရာတော်ကြီးက ဝေဘူဆရာတော်ကြီး ရဲ့ တပည့်အရင်းလို့လည်း သိရတယ်ပေါ့ ဘုရား။ အရှင်ဘုရားနဲ့ ရွှေလှံထောင် ဆရာတော်ကြီးနဲ့ အမှတ်ရစရာလေး တွေရှိရင်လည်း ပြောပြပေးပါဦးဘုရား။

ဖြေ- ရှိတာပေါ့။ ရွှေလှံထောင် ဆရာ တော်ကြီးက ၂၃ နှစ်မှ ရဟန်းခံတာပေါ့ နော်။ သူတို့က တစ်အိမ်လုံး ရဟန်းခံကြ တာ။ အဲဒီခေတ်ကတော့ ဝေဘူဆရာ တော်ကြီးနဲ့ ကျွတ်တဲ့သူတွေများတယ် ပေါ့။ မွတ်ဆလင်တွေတောင်မှ တစ် မိသားစုလုံး ကျွတ်ကုန်တဲ့ ဗုဒ္ဓဘာသာ ခံယူသွားတဲ့ မွတ်ဆလင်မိသားစုတွေ ရှိတယ်လေ။ အခုလည်း ကျောက်ဆည် မှာ ရှိကြတာပဲ။ အဲဒီမှာ ဆရာတော်ကြီး တို့လည်း မိသားစုလိုက်ဝတ်တော့ ဆရာ တော်ကြီးရဲ့အဖေက ဦးဝဏ္ဏတဲ့။ ဆယ်ဝါ အရမှာ ပျံလွန်သွားတာ။ ဆရာတော် ကြီးကတော့ သက်တော် ၈၇ နှစ်ကျမှ ပျံလွန်သွားတာပါ။

အဲတော့ ဝေဘူဆရာတော်ကြီးဆီ မှာ သူက နီးနီးကပ်ကပ်ကို ၂၅ နှစ် နေခဲ့ တာ။ ဝေဘူဆရာတော်ကြီးကိုယ်တိုင်ကို က သူ့ရဲ့ဝီရိယကို ချီးကျူးခဲ့တယ်။ ဝေဘူ ဆရာတော်ကြီးက ချီးကျူးလောက်ရ အောင်ကို ဝီရိယကောင်းတဲ့ ဆရာတော် ပါ၊ ဦးဇင်းရဲ့ အဖိုးဆရာတော်ကလေ။ မှတ်မှတ်ရရကတော့ သူ့သြဝါဒ လိုက်နာ ခဲ့တဲ့အတွက်ကြောင့် ငတ်လည်းငတ်ခဲ့ တယ်၊ လူရိုသေ ရှင်ရိုသေ လေးစားမှု လည်း ခံရတယ်ပေါ့။

သူက ‘မင်း လူတွေကို မျက်နှာ ပေး မပေါင်းနဲ့’တဲ့။ အဲဒီတစ်ချက် ပြော တာပေါ့။ ‘အရက်သောက်တဲ့ ဘုန်းကြီး အမြည်းလှူမယ့်သူ ရှိတယ်ကွ၊ ကိုယ် ကသာ ပရိယတ် ပဋိပတ် ဇောက်ချလုပ် ဒကာ၊ ဒကာမဆိုတာ မရှားဘူးတဲ့။ အဲဒီ သြဝါဒကို လိုက်နာတဲ့အတွက်ကြောင့် ကိုရင်ဘဝကနေစပြီးတော့ အခုချိန်ထိ အောင် ဒကာ၊ ဒကာမ မပေါများတဲ့ဒဏ် ကို ခံရတဲ့အခါကျတော့ ငတ်တာပေါ့ လေ။ ဒါပေမယ့်လို့ အလုပ်ကြီး အကိုင် ကြီးလုပ်တဲ့အခါ ရဟန်းဒကာ ဒကာမကို လည်း မငဲ့နိုင်တော့ဘူးပေါ့။

ဆရာတော် ကြီးသြဝါဒ နားထောင်မိတဲ့အတွက်ကြောင့် အလိုလို အဂတိကင်းသွားတာပေါ့။ ပြော စရာရှိတာ ပြတ်ပြတ်သားသား ပြောလာ နိုင်တယ်ပေါ့။ ဆုံးဖြတ်စရာရှိတာလည်း ရဲရဲဝံ့ဝံ့ ဆုံးဖြတ်နိုင်တယ်ပေါ့။ ရေးသား စရာရှိတာလည်း ဘယ်မျက်နှာမှ မ ထောက်ထားဘဲ ရေးသားနိုင်တယ်ပေါ့။ အဲဒီအတွက်ကျတော့ ဦးဇင်းက ဂုဏ်ယူ ရတာပေါ့။ ဒါက ဆရာတော်ကြီးနဲ့ပတ် သက်တဲ့အပိုင်းပေါ့လေ။

နောက်တစ်ပိုင်းကျတော့ ဦးဇင်း စာသင်တိုက်ထွက်တော့မယ်ဆိုတော့ ဆရာတော်ကြီးက သြဝါဒပေးတယ်။ အဲ ဒါကတော့ ဆရာတော်ကြီးသြဝါဒကြောင့် ဦးဇင်း ရဟန်းရှင်လူ လေးစားခံရတဲ့ ကျေးဇူးတရားကို ရခဲ့တယ်။

မင်းတဲ့ စာသင်တယ်ဆိုတာ ခြင်း ခတ်သလိုကျင့်ရတယ်…တဲ့။ ခြင်းခတ်တဲ့ အခါကျတော့ အကွက်လှလှ မဖန်တီး နိုင်ဦးတော့ ကိုယ့်ဆီရောက်လာတဲ့ ခြင်း မကျစေနဲ့တဲ့။ ကိုယ့်ဆီရောက်လာတဲ့ ခြင်း မကျနိုင်ဘူးဆိုရင် ကိုယ်ဟာ ခြင်း သမား ကောင်းတစ်ယောက်ပဲ။ မင်း လည်း အဲဒီအတိုင်းပဲ၊ အောင်ပန်းတွေ၊ အောင်ပွဲတွေ မဆင်မြန်းနိုင်ရင်တောင်မှ မပျက်စီးစေနဲ့တဲ့။ အဲဒီလိုမှာလိုက်တာ ပေါ့။

အဲတော့ ဦးဇင်းက အဲဒီလိုသြဝါဒ လေးကို လိုက်နာပြီးတော့ ဦးဇင်းကို ကျောင်းစောင့်နတ်ကြီးလို့လည်း ခေါ်ကြ တယ်၊ ဘုရားလောင်းလို့လည်း ကွယ်ရာ မှာ နှိုင်းကြတယ်။ ဝီရိယနဲ့ သမာဓိနဲ့ ပတ်သက်လာရင်တော့ အခုအချိန်ထိ စာသင်သားဘဝတုန်းက ဘယ်လိုဝီရိယ ကောင်းတာဆိုတဲ့ ဂုဏ်သတင်းလည်း ပြန်ကြားရတာပေါ့။ အဲဒါကတော့ ဆရာ တော်ကြီးနဲ့ပတ်သက်တဲ့ ဦးဇင်းခံစား ရတဲ့ အကျိုးတရားတွေပါ။

မေး- လက်ဖဝါးပေါ်က ကံကြမ္မာတရား ဟောစဉ်ကတည်းကကိုပဲ သာသနာကို စိတ်ပူနေရတယ်။ အဲဒီအချိန်ကာလ ကတည်းက သာသနာကို စိတ်ပူတဲ့အ ကြောင်းတွေ ပြောနေတယ်။ ဆိုတော့ အခုအချိန်မှာလည်းပဲ စိတ်ပူနေရသေး တယ်။ သာသနာအတွက် စိတ်အေးရ အောင်၊ ရဟန်းရှင်လူပြည်သူနဲ့ မင်းအစိုး ရတွေက ဘာတွေလုပ်သင့်လဲဘုရား။ အဲ ဒါလေး မိန့်ပေးပါဦးဘုရား။

ဖြေ- ပြည်သူနဲ့သံဃာကတော့ အမျိုး ဘာသာ သာသနာရဲ့ အန္တရာယ်ကို သိပြီး သားပေါ့နော်။ တကယ်လည်း သိကြပါ တယ်။ အစိုးရကျတော့ အစိုးရဦးဆောင် တဲ့ သူက နိုင်ငံတကာမှာပဲ ကြီးပြင်းခဲ့တဲ့ အခါကျတော့ ဒီ အမျိုး ဘာသာ သာသ နာရဲ့ အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်းမသိ ဘူးလို့ ယူဆရတယ်။ အဲဒီအခါကျတော့ အမျိုး ဘာသာ သာသနာဆိုတဲ့ ဝေါဟာ ရမရှိတဲ့နိုင်ငံတွေအတိုင်း လုပ်ချင်နေသ လားလို့ ဦးဇင်းတို့က မေးခွန်းထုတ်ရလိမ့် မယ်။ အဲဒီမှာပဲ အမျိုး ဘာသာ သာသ နာက မှေးမှိန်သွားတာပေါ့။ အဲတော့ အမျိုး ဘာသာ သာသနာအတွက် စိတ် အေးရအောင်တော့ ဦးဇင်းတို့ မသဘ လမ်းစဉ် လိုက်ရမှာပေါ့။ မဘသလမ်းစဉ် က ဝိုင်းပြီးတော့ သွေးပုပ်ချဆေးရောင်း တဲ့ နိုင်ငံရေးသမားတွေ၊ သတင်းသမား တွေကြောင့်သာ မဘသကြီးက အထင် အမြင်အလွဲခံနေရတာကိုး။ တကယ် တမ်းကျတော့ လမ်းစဉ်က တအား ကောင်းတာလေ။ အဲဒီတော့ သံဃာတွေ ရော ပြည်သူတွေကော မဘသလမ်းစဉ်၊ ၉၆၉ လမ်းစဉ်လိုက်ပါမှ အနာဂတ်ရဲ့ အမျိုး ဘာသာ သာသနာ စိတ်ချရတဲ့ အဆင့်ထိ ရောက်ရှိလာမှပါ။

မေး- ပုဒ်မ ၅ဝ၅(ခ)နဲ့ တရားစွဲခံထား ရတဲ့ ကိုတင်လင်းထိုက်ရဲ့မိခင် ဆုံးသွား တဲ့အကြောင်း သတင်းတွေမှာ ဖတ်ရပါ တယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာ များပြောစရာရှိမလဲဘုရား။

ဖြေ- အေးကွာ စိတ်မကောင်းဘူး။ ဒါ မျိုးတွေက အာဏာရှင်ခေတ်တွေမှာပဲ တွေ့ရတတ်တယ်လို့ အောက်မေ့ခဲ့တာ။ ဒီမိုကရေစီမှာလည်း ဒါမျိုးကြုံရတာပဲ လား။ တို့ပြည်သူတွေ ကျန်စစ်သားလို မင်းကောင်းမင်းမြတ်နဲ့ အမြန်တွေ့ပါစေ လို့ပဲ ဆုတောင်းနေမိတယ်။

မေး- ဒီတစ်ပတ်အတွက် သြဝါဒစကား လေး မိန့်ကြားပေးပါဦးဘုရား။

ဖြေ- ထမင်းဝအောင်စားထားပါ။ ထမင်း ဝမှ အားရှိမှာလို့ပဲ မှာလိုက်ပါရစေ။

ငြိမ်းချမ်းသာ
ဆက်သွယ်မေးမြန်းသည်