သတင်း

ဝီရသူ မ.ဘ.သ မှ နုတ်ထွက်တော့မည်

ဝီရသူကို ရန်သူတော်နံပါတ်တစ်အဖြစ် သတ်မှတ်ထားရုံတစ်ခုတည်းနှင့် မ.ဘ.သကိုတိုက်ခိုက်တာတွေ လွန်ကဲလာတာတွေ့ရတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဖိတ်စာပို့ထားလား၊ ညီလာခံတက်မှာလားဆိုတဲ့ မေးခွန်းတွေကိုထောက်သောအားဖြင့် ညီလာခံတောင် တက်စေချင်တဲ့သဘောမရှိကြဘူး။

ဝီရသူကြောင့် မ.ဘ.သ အဖွဲ့ကြီး အထိအခိုက်မခံနိုင်ပါဘူး။ ဒါကြောင့် မ.ဘ.သ အဖွဲ့ကြီးအန္တရာယ်ကင်းအောင် ဝီရသူနုတ်ထွက်ပါတော့မည်။ သို့သော် အပေးအယူတော့ လုပ်ရမည်။

အစိုးရ မ.ဟ.န နှင့် သတင်းမီဒီယာအပါအဝင် မ.ဘ.သကို တိုက်ခိုက်နေသူအားလုံးက မ.ဘ.သ အဖွဲ့ကို နှိပ်ကွပ်ခြင်း ဖိနှိပ်ခြင်း ဖြိုခွဲခြင်း အသရေဖျက်ခြင်း သတင်းမှားများနှင့် တိုက်ခိုက်ခြင်း သတင်းများလုပ်ကြံဖန်တီး၍တိုက်ခိုက်ခြင်း အခြေအမြစ်မရှိပဲ စွပ်စွဲခြင်း အပါအဝင် မ.ဘ.သ အဖွဲ့ကြီးကို ထိခိုက်နစ်နာအောင် ပြုမူ ပြောဆို ရေးသား မကောင်းကြံခြင်းများကို လုံးဝရပ်ဆိုင်းကြရမည်။

အပြုသဘောဆောင်သည့် အကြံပြုချက်များနှင့် အခြေအမြစ်ကျကျ ရေးသားမှုများကိုသာ ဆောင်ရွက်ကြရမည်။ သဘောတူလျင် ဝီရသူ မ.ဘ.သ အဖွဲ့ကြီးမှ အပြီးအပိုင် နုတ်ထွက်ပါတော့မည်။ တာဝန်ခံသူ တာဝန်ရှိသူ တာဝန်ယူသူများနှင့် အပေးအယူ လုပ်ကာ ကတိက၀တ် ပြုကြပါမည်။ သဘောတူရင် လက်ခုပ်တီးပါ။
ဝီရသူ(မစိုးရိမ်)
17.5.2017
PM 9:43