သတင္း

သက္ေတာ္ရွည္ ဆရာေတာ္ႀကီးတစ္ပါး ၾကြေရာက္အားေပး

ဒီကေန႔ တပုိတြဲလျပည့္ေက်ာ္(၉)ရက္ 9.2.2018 မနက္ အေစာႀကီး ၾကြေရာက္လာတာပါ။ စာေရးသူကုိေတြ႕တာနဲ႔ ပရိကၡရာလာလွဴဒါန္းတာပါလုိ႔ မိန္႔ေတာ္မူပါတယ္။ သက္ေတာ္(၈၄)ႏွစ္ရွိပါၿပီ။ မ်က္စိလည္းေကာင္းပါတယ္။ နားလည္းေကာင္းပါတယ္။

က်န္းမာေရးလည္းေကာင္းပါတယ္။ အထုိင္အထခက္တာနဲ႔ လမ္းေလွ်ာက္တဲ့အခါ အကူလုိတာေလာက္ပဲ ရွိပါတယ္။
မေကြးတုိင္း၊ ေအာင္လံၿမဳိ႕၊ လက္ပံတုံးေက်ာင္းဆရာေတာ္ႀကီးပါ။ ဘြဲ႕အမည္ေတာ္က ဘဒၵႏၲပညာစာရျဖစ္ပါတယ္။
စာေရးသူႏွင့္ တစ္ခါမွ် မႀကဳံဖူးပါ။

စာေရးသူေဖးဘုတ္ကုိေတာ့ အၿမဲၾကည့္တယ္လုိ႔ မိန္႔ပါတယ္။ မေန႔ကလည္း ၾကြလာပါေသးတယ္။ အစည္းအေဝးသြားေနလုိ႔ မေတြ႕လုိက္ရတာပါ။ ဒီကေန႔ ၾကြလာတာက ဒုတိယအႀကိမ္ပါ။ ဒီလုိ သက္ေတာ္ရွည္ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးေတြက အေရးႀကဳံလာတဲ့အခါ အခုလုိပဲ ၾကြလာၿပီး အားေပးၾကတာ စာေရးၿပီး အားေပးၾကတာ ဖုန္းဆက္ၿပီး အားေပးၾကတာေတြဟာ စာေရးသူအတြက္ေတာ့ အင္မတန္ ခြန္အားျဖစ္ပါတယ္။

ဆရာေတာ္ႀကီးက မိန္႔ေတာ္မူပါေသးတယ္။ ပလႅေပၚမွာ တရားေဟာေနရင္ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးေတြန႔ဲ သံဃာေတာ္ေတြကုိ စိန္ေခၚေနတာေတြဟာ မျဖစ္သင့္ဘူး၊ မလုပ္သင့္ဘူး၊ ဘုန္းႀကီးအခ်င္းခ်င္း ေလးစားဖုိ႔လုိတယ္။ ဒကာ ဒကာမေတြ တရားနာသူေတြ ကုသုိလ္မရဘဲ အကုသုိလ္ရႏုိင္တယ္လုိ႔ မိန္႔ေတာ္မူတာျဖစ္ပါတယ္။ သကၤန္းပရိကၡရာေတြလွဴဒါန္းၿပီး နိဗၺာန္ရည္မွန္း ဆုေတာင္း အမွ်ေဝသြားပါတယ္။

ၿပီးမွ လုိအပ္ရာသုံးပါလုိ႔ မိန္႔ေတာ္မူတာပါ။ ဆရာေတာ္ႀကီးက ေအာင္လံၿမဳိ႕ကေန မႏၲေလးကုိ ၾကြလာရင္း စာေရးသူထံ လာေရာက္အားေပးတာျဖစ္ပါတယ္။ သူတည္းခုိးရာေက်ာင္းမွာ ေက်ာင္းေဆာင္သစ္ေဆာက္ေနလုိ႔ အလွဴေငြ သိန္း(၃၀) လာေရာက္ လွဴဒါန္းရင္း စာေရးသူကုိ လာေရာက္အားေပးတာလုိ႔ မိန္႔ေတာ္မူပါတယ္။

စာေရးသူနဲ႔ ေတြ႕ရလုိ႔ ေက်းဇူးတင္ပါတယ္လုိ႔ ပြင့္ပြင့္လင္းလင္းမိန္႔ေတာ္မူသြားပါေသးတယ္။ စာေရးသူလည္း ဆရာေတာ္ႀကီးၾကြေရာက္အားေပးလုိ႔ အင္မတန္အားရွိသြားပါတယ္ဘုရားလုိ႔ ေလွ်ာက္လုိက္ပါတယ္။

တရားမႀကဳိက္၊ လွ်ာ ဒုစရုိက္ႏွင့္၊ လူမုိက္တေသာင္း၊ ၿခီးမြမ္းေရွာင္းလည္း၊ လူေကာင္းတေယာက္၊ ျပစ္တင္ေၾကာက္ေလာ့၊
ေရွ႕ေနာက္ မဆ၊ လူ႔ဗာလတုိ႔၊ ဂုဏေဒါသ၊ ႏွစ္ဝ က်ဳိးျပစ္၊ စိစစ္ ေျမာ္ျမင္၊ မဆင္ျခင္ဘူး၊ ဆုိခ်င္မက္ေမာ၊ ဆုိလ်င္ေဆာျဖင့္၊ သေဘာအလုိက္၊ တုတ္ႏွင့္ရုိက္သုိ႔၊ သူမုိက္ ၿခီးမြမ္း၊ ဂုဏ္ နာႏြမ္း၏။ (မဃေဒဝ၊၂၆၁)

ပညာမဲ့ထ၊ ဗာလလူကုိ၊ ၿခီးမြမ္းဆုိေသာ္၊ ထုိသူ ဗာလ၊ ကဲ့ရဲ႕ကလည္း၊ မုခ် ပ႑ိ၊ အမွန္ သိရွင့္၊ မွတ္ဘိ အဟုတ္၊ လူအစုတ္ႏႈိက္၊ သူယုတ္သေဘာ၊ ဓာတ္မေႏွာ၍၊ ျမတ္ေသာသူကုိ၊ မၾကည္ညဳိဘူး၊ အလုိ စကၠဝါ၊ ေဝးၾက ကြာ၏။ (မဃေဒဝ၊၂၆၁)
ေရွ႕ေရး ေနာက္ရာ၊ မရႈစြာသား၊ ပညာမဲ့မ်ဳိး၊ ဆင္ကာန္းတုိးသုိ႔၊ အက်ဳိးမဲ့ ႀကဳိက္၊ ဘုိးမထုိက္ဘူး၊ သူမုိက္စကား၊ တေထာင္မ်ားလည္း၊ စီးပြားကင္းေဝး မေကာင္းေဆးတည့္။ (မဃေဒဝ၊ ၂၁၁)

 

 

 

“သက်တော်ရှည် ဆရာတော်ကြီးတစ်ပါး ကြွရောက်အားပေး”

ဒီကနေ့ တပိုတွဲလပြည့်ကျော်(၉)ရက် 9.2.2018 မနက် အစောကြီး ကြွရောက်လာတာပါ။ စာရေးသူကိုတွေ့တာနဲ့ ပရိက္ခရာလာလှူဒါန်းတာပါလို့ မိန့်တော်မူပါတယ်။ သက်တော်(၈၄)နှစ်ရှိပါပြီ။ မျက်စိလည်းကောင်းပါတယ်။ နားလည်းကောင်းပါတယ်။
ကျန်းမာရေးလည်းကောင်းပါတယ်။

အထိုင်အထခက်တာနဲ့ လမ်းလျှောက်တဲ့အခါ အကူလိုတာလောက်ပဲ ရှိပါတယ်။ မကွေးတိုင်း၊ အောင်လံမြို့၊ လက်ပံတုံးကျောင်းဆရာတော်ကြီးပါ။ ဘွဲ့အမည်တော်က ဘဒ္ဒန္တပညာစာရဖြစ်ပါတယ်။ စာရေးသူနှင့် တစ်ခါမျှ မကြုံဖူးပါ။
စာရေးသူဖေးဘုတ်ကိုတော့ အမြဲကြည့်တယ်လို့ မိန့်ပါတယ်။ မနေ့ကလည်း ကြွလာပါသေးတယ်။ အစည်းအဝေးသွားနေလို့ မတွေ့လိုက်ရတာပါ။

ဒီကနေ့ ကြွလာတာက ဒုတိယအကြိမ်ပါ။ ဒီလို သက်တော်ရှည် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေက အရေးကြုံလာတဲ့အခါ အခုလိုပဲ ကြွလာပြီး အားပေးကြတာ စာရေးပြီး အားပေးကြတာ ဖုန်းဆက်ပြီး အားပေးကြတာတွေဟာ စာရေးသူအတွက်တော့ အင်မတန် ခွန်အားဖြစ်ပါတယ်။ ဆရာတော်ကြီးက မိန့်တော်မူပါသေးတယ်။

ပလ္လပေါ်မှာ တရားဟောနေရင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေနဲ့ သံဃာတော်တွေကို စိန်ခေါ်နေတာတွေဟာ မဖြစ်သင့်ဘူး၊ မလုပ်သင့်ဘူး၊ ဘုန်းကြီးအချင်းချင်း လေးစားဖို့လိုတယ်။ ဒကာ ဒကာမတွေ တရားနာသူတွေ ကုသိုလ်မရဘဲ အကုသိုလ်ရနိုင်တယ်လို့ မိန့်တော်မူတာဖြစ်ပါတယ်။ သင်္ကန်းပရိက္ခရာတွေလှူဒါန်းပြီး နိဗ္ဗာန်ရည်မှန်း ဆုတောင်း အမျှဝေသွားပါတယ်။

ပြီးမှ လိုအပ်ရာသုံးပါလို့ မိန့်တော်မူတာပါ။ ဆရာတော်ကြီးက အောင်လံမြို့ကနေ မန္တလေးကို ကြွလာရင်း စာရေးသူထံ လာရောက်အားပေးတာဖြစ်ပါတယ်။ သူတည်းခိုးရာကျောင်းမှာ ကျောင်းဆောင်သစ်ဆောက်နေလို့ အလှူငွေ သိန်း(၃၀) လာရောက် လှူဒါန်းရင်း စာရေးသူကို လာရောက်အားပေးတာလို့ မိန့်တော်မူပါတယ်။

စာရေးသူနဲ့ တွေ့ရလို့ ကျေးဇူးတင်ပါတယ်လို့ ပွင့်ပွင့်လင်းလင်းမိန့်တော်မူသွားပါသေးတယ်။ စာရေးသူလည်း ဆရာတော်ကြီးကြွရောက်အားပေးလို့ အင်မတန်အားရှိသွားပါတယ်ဘုရားလို့ လျှောက်လိုက်ပါတယ်။

တရားမကြိုက်၊ လျှာ ဒုစရိုက်နှင့်၊ လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ လူကောင်းတယောက်၊ ပြစ်တင်ကြောက်လော့၊
ရှေ့နောက် မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝ ကျိုးပြစ်၊ စိစစ် မြော်မြင်၊ မဆင်ခြင်ဘူး၊  ဆိုချင်မက်မော၊ ဆိုလျင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက် ခြီးမွမ်း၊ ဂုဏ် နာနွမ်း၏။ (မဃဒေဝ၊၂၆၁) ပညာမဲ့ထ၊ ဗာလလူကို၊ ခြီးမွမ်းဆိုသော်၊ ထိုသူ ဗာလ၊ ကဲ့ရဲ့ကလည်း၊ မုချ ပဏ္ဍိ၊ အမှန် သိရှင့်၊ မှတ်ဘိ အဟုတ်၊ လူအစုတ်နှိုက်၊ သူယုတ်သဘော၊ ဓာတ်မနှော၍၊ မြတ်သောသူကို၊ မကြည်ညိုဘူး၊ အလို စက္ကဝါ၊ ဝေးကြ ကွာ၏။ (မဃဒေဝ၊၂၆၁)

ရှေ့ရေး နောက်ရာ၊ မရှုစွာသား၊ ပညာမဲ့မျိုး၊ ဆင်ကာန်းတိုးသို့၊ အကျိုးမဲ့ ကြိုက်၊ ဘိုးမထိုက်ဘူး၊ သူမိုက်စကား၊ တထောင်များလည်း၊ စီးပွားကင်းဝေး မကောင်းဆေးတည့်။ (မဃဒေဝ၊ ၂၁၁)