သတင်း

သပိတ်ကျင်းသံဃာတော်များ၏ ရခိုင်ပြည်သူများအတွက် အလှူတော်

သီတင်းကျွတ်လဆန်း (၂)ရက် 22.9.2017 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးတိုက် မန်းမဘသ ရုံးစိုက်ရာ သာသနပါလကျောင်းမှာ ကျင်းပပါတယ်။
မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)နှင့်အတူ ဆရာတော် သံဃာတော်များ သပိတ်ကျင်းတိုက်နယ်မှ သံဃာတော်များ ဒကာ ဒကာမများ မန်း မဘသ ဝိုင်းတော်သားများ တက်ရောက်ကြပါတယ်။
ပါဠိပါရဂူဆရာတော်ကြီး ဘဒ္ဒန္တကုသလက ငါးပါးသီလတရားချီးမြှင့်ပြီး နိရုတ္တိဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသက ကျေးဇူးတင်စကားမိန့်ကြားကာ စာရေးသူက ရခိုင်ပြည်သို့ သွားရောက် လှူဒါန်းရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပါတယ်။
သပိတ်ကျင်းတိုက်နယ် ကျောင်းထိုင်ဆရာတော်များနှင့် ခန်းနေဆရာတော်များ ဦးစီးအလှူခံရရှိထားတဲ့ အလှူငွေ တစ်ဆယ့်ကိုးသိန်းငါးသောင်းနှင့် ဆန်အိတ်ပေါင်း(၄၀)ကို မန်း မဘသသို့ လာရောက် အပ်နှံ လှူဒါန်းတာပါ။
မန်း မဘသ အဖွဲ့ကလည်း ရခိုင်ပြည်သူများလက်ထဲသို့ ရာခိုင်နှုံးပြည့် ရောက်ရှိအောင် လှူဒါန်းပေးမည့် အကြောင်း အာမခံပြောကြားလိုက်ပါတယ်။