သမိုင္းေကာင္းေသာ ဒို႔ေခါင္းေဆာင္ (သုိ႔) မစိုးရိမ္တုိက္သစ္ အဂၢါဘိဓဇဆရာေတာ္ဘုရားႀကီး (၂)
မစိုးရိမ္တိုက္သစ္ဆရာေတာ္ႀကီးက အေနအထုိင္ သိပ္သည္းေတာ္မူပါတယ္။ ေကာင္းတဲ့အလုပ္ပင္ျဖစ္ေစကာမူ လူသိမခံပါဘူး။ တရားထုိင္တာ လူမသိေအာင္ အိပ္ခန္းထဲမွာ ျခင္းေထာင္ခ်ၿပီး အျပင္ဘက္က သကၤန္းထပ္ကာထားတာပါ။ အဲဒီလိုအေနအထုိင္သိပ္သည္းၿပီး လွ်ဳိ႕ဝွက္စြာေနတတ္လို႔လည္း ဆရာေတာ္တရားအားထုတ္မွန္း နီးစပ္တဲ့တပည့္ႀကီးေတြေတာင္ လံုးဝ မသိၾကပါဘူး။
မဟနဆရာေတာ္ႀကီးျဖစ္တဲ့အခ်ိန္ထိ ဆရာေတာ္ႀကီးက ငါဘယ္သူဆိုတာ ထုတ္မေျပာပါဘူး။ အထူးသျဖင့္ ေန႔စဥ္ၾကြေနက် ဆြမ္းခံအိမ္ေတြကိုေတာင္ သူ ဘယ္သူဘယ္ဝါျဖစ္မွန္း ထုတ္မေျပာခဲ့တာပါ။
အခ်ဳိ႕ဆြမ္းခံအိမ္က ဒကာ ဒကာမေတြဟာ ဆရာေတာ္ႀကီးကို ႏိုင္ငံေတာ္သံဃမဟာနာယကဆရာေတာ္မွန္း မစိုးရိမ္တုိက္သစ္ သံဃာေတာ္အပါးႏွစ္ေထာင္ေက်ာ္ သံုးေထာင္နီးပါးရဲ႕ အဓိပတိ မဟာနာယကဆရာေတာ္ႀကီးျဖစ္မွန္း မသိၾကပါဘူးတဲ့။ တီဗီသတင္းၾကည့္မိတဲ့သူေတြကသာ ဆရာေတာ္ႀကီးကို မဟနဆရာေတာ္ႀကီးမွန္း သိၾကတာပါတဲ့။ (စာ-၉၇၊ ဘဒၵႏၲသာဂရာဘိဝံသရဲ႕ အားလံုးဟာ ၾကည္ညဳိစရာခ်ည္းပါ ေဆာင္းပါးမွ)
တစ္ခါေတာ့ ဘံုဆြမ္းတိုးတဲ့ ကိုရင္ေပါက္စေတြက ေတာထြက္ႀကီးထင္ၿပီး “ဦးဇင္းႀကီး ဟိုနား ဝက္သားေလာင္းေနတယ္ အျမန္သြား”လို႔ လက္တုိ႔ေျပာၾကသတဲ့။ ဆရာေတာ္က ၿပဳံးေနပါသတဲ့။ (စာ-၂၀၂၊ ငေမာက္(ရံသီ)ရဲ႕ ၁၅ ႏွစ္ျပည့္ သံေဝဂအလြမ္း မွ)
ဆရာေတာ္ႀကီးက အတၱမႀကီး အာဃာတမႀကီးဘဲ အေနရိုးသလို သေဘာထားလည္း ႀကီးပါတယ္။ ဆိုကၠားအတိုက္ခံရလို႔ ရႊံ႕ဗြက္ေတြ ေပက်ံကုန္တာေတာင္ ေဒါသမျဖစ္ဘဲ ဆုိကၠားဆရာကို ေက်ာင္းအထိေခၚလာကာ ဆိုကၠားခေပးဖို႔ တပည့္ေတြကို မိန္႔ၾကားေတာ္မူပါတယ္။ ဆုိကၠားဆရာကို တပည့္ေတြက ရိုက္ႏွက္ၾကမွာစုိးလို႔ ‘ေဟ့ ငါမွားတာ’ဟုလည္း ဝန္ခံေတာ္မူရင္း ဟန္႔တားလိုက္ပါေသးတယ္။ ဆုိကၠားဆရာကလည္း အဲဒီက်မွ ဆရာေတာ္ႀကီးမွန္း သိသြားတာပါ။ သူ႔စိတ္ထဲမွာ ေတာထြက္ဦးဇင္းႀကီးတစ္ပါးလို႔ ထင္မွတ္ထားပံုရပါတယ္။ (စာ-၄၂၊ ဦးကုမုဒ(တန္႔ဆည္)ရဲ႕ မစိုးရိမ္တိုက္သစ္ဆရာေတာ္ႀကီး ဆုိကၠားအတုိက္ခံရပံုႏွင့္ ထူးျခားေသာၾသဝါဒမ်ား မွ)
ဆရာေတာ္ႀကီးက ဆြမ္းခံဝတ္အင္မတန္ၿမဲပါတယ္။ စာသင္သားဘဝကတည္းက ဆြမ္းခံၾကြလာတာ ပ်ံလြန္ေတာ္မူခါနီးအထိပါပဲ။ သက္ေတာ္ ရွစ္ဆယ္အရြယ္ ေခါင္းရိတ္ထားတဲ့အခါ ေဆာင္းတြင္းႏွင္းေဝခ်ိန္ေတြမွာ ဘယ္ေလာက္ေခါင္းေအးလိုက္မလဲ ခန္႔မွန္းလို႔ရပါတယ္။ အသက္အရြယ္နဲ႔ ရာသီဥတုအရ ခဏခဏ ဖ်ားေပမယ့္ ဆြမ္းခံဝတ္ေတာ့ အပ်က္မခံပါဘူး။ ဒီေန႔ ကမၻာေအးမွ ျပန္ေရာက္ရင္ မနက္ျဖန္ ဆြမ္းခံၾကေတာ့တာပါပဲ။
မစိုးရိမ္တိုက္သစ္ဆ၇ာေတာ္ႀကီးသည္ ငယ္စဥ္ဘဝမွစ၍ ႏိုင္ငံေတာ္သံဃမဟာနာယက ဒုတိယဥကၠ႒ျဖစ္သည့္တုိင္ေအာင္ ဆြမ္းခံဘုဥ္းေပးသံုးေဆာင္ေတာ္မူသည္ကို ၾကည့္ျခင္းအားျဖင့္ ‘ဥတၱိေ႒ နပၸမေဇၨယ်၊ ဓမၼံ သုစရိတံ စေရ’ အစရွိေသာ ျမတ္စြာဘုရားစကားေတာ္ကို တစ္ေသြမတိမ္း လိုက္နာက်င့္သံုးေသာ သာသနာ့အာဇာနည္ ဆရာေတာ္တစ္ပါးျဖစ္သည္မွာ ထင္ရွားလွသည္။ အတုယူ ေလးစားဖြယ္လည္း ေကာင္းလွပါသည္။ (စာ-၁၂၅၊ ေရႊကိႏၷရီဆရာေတာ္ရဲ႕ သမုိင္းတစ္ေခတ္ ထြန္းလင္းလ်က္ရွိေသာ မစိုးရိမ္တိုက္သစ္ မွ)
မဟနလုပ္ရတဲ့ဒုကၡကလည္း မေသးလွပါ။ လက္မွတ္ထိုးေပး ေထာက္ခံစာေရးေပးရတာလည္း ဒုကၡတစ္မ်ဳိးပါပဲ။ မျမင္ဖူး မေတြ႔ဖူးသူကို ေထာက္ခံစာေရးေပးရတဲ့အလုပ္၊ ျမင္ဖူးေတြ႔ဖူးေသာ္လည္း အေၾကာင္းသိထားသူကို ေထာက္ခံလက္မွတ္ေရးထုိးရတဲ့အလုပ္ေတြကို မကင္းေၾကာင္း မကင္းရာ အားနာပါးနာလုပ္ရတာမ်ဳိးေတြက ေန႔စဥ္ႏွင့္အမွ်ပါပဲ။
အခ်ဳိ႕က မသိဖူး မျမင္ဖူးဘဲ ေထာက္ခံေပးၾကတာ၊ အခ်ဳိ႕က ထိုးၿမဲးလက္မွတ္မဟုတ္ဘဲ ျငင္းလို႔ရေအာင္ ထိုးၿမဲလက္မွတ္နဲ႔ မတူတဲ့ပံုစံနဲ႔ လက္မွတ္ထိုးေပးၾကတာေတြလည္း လုပ္တတ္ၾကပါတယ္။
ဆရာေတာ္ႀကီးက “အရွင္ဘုရား ဘာေတြလုပ္ေနတယ္ဆိုတာ တပည့္ေတာ္မသိပါ။ မသိတဲ့ကိစၥကို သိပါတယ္၊ ဟုတ္ပါတယ္၊ မွန္ပါတယ္လို႔ ေထာက္ခံေပးရင္ အဲဒါ လိမ္တာပဲ။ တပည့္ေတာ္မလိမ္တတ္ဘူး”တဲ့။
တခ်ဳိ႕ကလည္း ေျပာပါတယ္။ “ျငင္းရမွာခက္ေနရင္ လက္မွတ္အတုထိုးေပးလုိက္ပါ”တဲ့။ “ထိုးေနက်လက္မွတ္အစစ္မဟုတ္ဘဲ လက္မွတ္အတုထုိးေပးလိုက္တာလည္း လိမ္တာပဲ။ သူတို႔ခမ်ာေတာ့ လက္မွတ္အစစ္ထင္ၿပီး ယူသြားၾကရွာမွာ။ အဲဒီလိုလည္း တပည့္ေတာ္မလိမ္တတ္ဘူး”တဲ့။ (စာ-၁၅၃၊ ေကာမလ (မ႑လာရာမျပည္တုိက္)ရဲ႕ မလိမ္တတ္ မေၾကာက္တတ္ သူေတာ္ျမတ္ မွ)
ဆရာေတာ္ႀကီးကို ဖူးေျမာ္လိုက္ရရင္ေတာ့ ရုပ္တုႀကီးလို မတုန္မလႈပ္ႀကီးနဲ႔ ေရခံတုံးႀကီးလို ေအးတိေအးစက္ႀကီးလို႔ ထင္ရတတ္ပါတယ္။
စိတ္ဓာတ္ႀကံ့ခုိင္တာ၊ ဆံုးျဖတ္ခ်က္ျပတ္သားတာ၊ အဂတိကင္းတာ၊ ထက္ျမက္တာ စတဲ့ လူႀကီးလူေကာင္းပီသတဲ့ ပညာရွိသူေတာ္ေကာင္းလကၡဏာေတြကို ဆရာေတာ္ႀကီးထံမွာ ေတြ႔ျမင္ရလိမ့္မယ္လို႔ ဘယ္သူကမွ ထင္မိမွာမဟုတ္ပါဘူး။
ဆရာေတာ္ႀကီးရဲ႕သႏၲာန္မွာ မဟုတ္မခံစိတ္ေတြ ကိန္းဝပ္ေနတယ္ဆိုတာ အခုလို ေတြ႔ရွိလိုက္ရပါတယ္။
“ေအး – မစိုးရိမ္စိတ္ဓာတ္မေပ်ာက္ေစနဲ႔၊ သာသနာေရးရာႏွင့္ပတ္သက္၍ ရဲရဲတင္းတင္း ေဆာင္ရြက္ႏိုင္ေအာင္ ႀကဳိးစား၊ မဟုတ္တာကိုလည္း ငံု႔မခံနဲ႔” (စာ-၁၅၅၊ ပါဠိကဝိ (ေက်ာက္စိမ္းေျမ)ရဲ႕ ဆရာေပးတဲ့ အားေဆး မွ)
ဆရာေတာ္ႀကီးက စာသင္သားလက္ခံရင္ ကိုယ္တုိက္မွတ္တမ္းတင္တတ္ပါတယ္။ စိတ္ရွည္ရွည္ထားၿပီး သိခ်င္တာေတြ အကုန္ေမးၿပီး တစ္ခ်က္ခ်င္း ေရးသားျပဳစုေတာ္မူတာပါ။
လာေလွ်ာက္သူကို ေသခ်ာၾကည့္ၿပီး အကဲခတ္ေတာ္မူပါတယ္။ လာေလွ်ာက္သူကိုလည္း စကားအဆန္းေတြ ေျပာဆိုတတ္ပါတယ္။
“ငါတို႔ေက်ာင္းက ဓားမိုး လွံမုိး အုပ္ခ်ဳပ္တာ ေနႏိုင္ပါ့မလား၊ ဟိုမွာေတြ႔လား ဓား”လုိ႔ေျပာလုိ႔ လွမ္းၾကည့္လိုက္ေတာ့ မီးဖိုေခ်ာင္သံုး ဓားမအိုေလးႏွစ္ေခ်ာင္းပဲ နံရံကပ္ေထာင္ထားတာ ေတြ႔ရတယ္။ “အဲဒီဓားနဲ႔ အခုတ္ခံႏိုင္ပါ့မလား”တဲ့ ေမးတယ္။ (စာ-၂၂၄၊ အရွင္သဒၶမၼ (ေရႊဟသၤာတုိက္သစ္)ရဲ႕ မွတ္တမ္းမရွိ လြမ္းမိသည့္ေန႔ရက္မ်ား မွ)
ဆရာေတာ္ႀကီးက ထက္ျမက္ရုံတင္မဟုတ္ပါဘူး။ ခံယူခ်က္ေတြ၊ ရပ္တည္ခ်က္ေတြလည္း ျပတ္သားေတာ္မူပါတယ္။ သာသနာႏွင့္ပတ္သက္လာရင္ ဘယ္မ်က္ႏွာမွမေထာက္ဘလဲ ရဲရဲဝံ့ဝံ့ မိန္႔ေတာ္မူတတ္ပါတယ္။ အဲဒီလိုလုပ္ရာမွာ အစိုးရနဲ႔အတုိက္အခံလုပ္မိသြားတာေတြလည္း ရွိပါတယ္။
“စစ္အစိုးရလက္ထက္မွာ ပထမျပန္စာေမးပြဲေတြကို တိုင္းစစ္၊ ျပည္နယ္စစ္ေပးလိုက္တဲ့အခါ အဲဒီစီမံကိန္းႀကီးကို မျပဳလုပ္ဖို႔၊ ဒါဟာ ပရိယတၱိပညာေရးနိမ့္က်ပ်က္စီးျခင္းရဲ႕ အေၾကာင္းရင္းျဖစ္တယ္လို႔ ဦးေဆာင္ကန္႔ကြက္ခဲ့သူျဖစ္ပါတယ္” (စာ-၂၃၉၊ အရွင္ဣႏၵာစကၠာဘိဝံသရဲ႕ ဆရာေတာ္ႏွင့္ ရူပသိဒၶိစာဝါ မွ)
ဆက္လက္ေဖာ္ျပပါမည္
“သမိုင်းကောင်းသော ဒို့ခေါင်းဆောင် (သို့) မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး” (၂)
မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးက အနေအထိုင် သိပ်သည်းတော်မူပါတယ်။ ကောင်းတဲ့အလုပ်ပင်ဖြစ်စေကာမူ လူသိမခံပါဘူး။ တရားထိုင်တာ လူမသိအောင် အိပ်ခန်းထဲမှာ ခြင်းထောင်ချပြီး အပြင်ဘက်က သင်္ကန်းထပ်ကာထားတာပါ။ အဲဒီလိုအနေအထိုင်သိပ်သည်းပြီး လျှို့ဝှက်စွာနေတတ်လို့လည်း ဆရာတော်တရားအားထုတ်မှန်း နီးစပ်တဲ့တပည့်ကြီးတွေတောင် လုံးဝ မသိကြပါဘူး။
မဟနဆရာတော်ကြီးဖြစ်တဲ့အချိန်ထိ ဆရာတော်ကြီးက ငါဘယ်သူဆိုတာ ထုတ်မပြောပါဘူး။ အထူးသဖြင့် နေ့စဉ်ကြွနေကျ ဆွမ်းခံအိမ်တွေကိုတောင် သူ ဘယ်သူဘယ်ဝါဖြစ်မှန်း ထုတ်မပြောခဲ့တာပါ။
အချို့ဆွမ်းခံအိမ်က ဒကာ ဒကာမတွေဟာ ဆရာတော်ကြီးကို နိုင်ငံတော်သံဃမဟာနာယကဆရာတော်မှန်း မစိုးရိမ်တိုက်သစ် သံဃာတော်အပါးနှစ်ထောင်ကျော် သုံးထောင်နီးပါးရဲ့ အဓိပတိ မဟာနာယကဆရာတော်ကြီးဖြစ်မှန်း မသိကြပါဘူးတဲ့။ တီဗီသတင်းကြည့်မိတဲ့သူတွေကသာ ဆရာတော်ကြီးကို မဟနဆရာတော်ကြီးမှန်း သိကြတာပါတဲ့။ (စာ-၉၇၊ ဘဒ္ဒန္တသာဂရာဘိဝံသရဲ့ အားလုံးဟာ ကြည်ညိုစရာချည်းပါ ဆောင်းပါးမှ)
တစ်ခါတော့ ဘုံဆွမ်းတိုးတဲ့ ကိုရင်ပေါက်စတွေက တောထွက်ကြီးထင်ပြီး “ဦးဇင်းကြီး ဟိုနား ဝက်သားလောင်းနေတယ် အမြန်သွား”လို့ လက်တို့ပြောကြသတဲ့။ ဆရာတော်က ပြုံးနေပါသတဲ့။ (စာ-၂၀၂၊ ငမောက်(ရံသီ)ရဲ့ ၁၅ နှစ်ပြည့် သံဝေဂအလွမ်း မှ)
ဆရာတော်ကြီးက အတ္တမကြီး အာဃာတမကြီးဘဲ အနေရိုးသလို သဘောထားလည်း ကြီးပါတယ်။ ဆိုက္ကားအတိုက်ခံရလို့ ရွှံ့ဗွက်တွေ ပေကျံကုန်တာတောင် ဒေါသမဖြစ်ဘဲ ဆိုက္ကားဆရာကို ကျောင်းအထိခေါ်လာကာ ဆိုက္ကားခပေးဖို့ တပည့်တွေကို မိန့်ကြားတော်မူပါတယ်။ ဆိုက္ကားဆရာကို တပည့်တွေက ရိုက်နှက်ကြမှာစိုးလို့ ‘ဟေ့ ငါမှားတာ’ဟုလည်း ဝန်ခံတော်မူရင်း ဟန့်တားလိုက်ပါသေးတယ်။ ဆိုက္ကားဆရာကလည်း အဲဒီကျမှ ဆရာတော်ကြီးမှန်း သိသွားတာပါ။ သူ့စိတ်ထဲမှာ တောထွက်ဦးဇင်းကြီးတစ်ပါးလို့ ထင်မှတ်ထားပုံရပါတယ်။ (စာ-၄၂၊ ဦးကုမုဒ(တန့်ဆည်)ရဲ့ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဆိုက္ကားအတိုက်ခံရပုံနှင့် ထူးခြားသောသြဝါဒများ မှ)
ဆရာတော်ကြီးက ဆွမ်းခံဝတ်အင်မတန်မြဲပါတယ်။ စာသင်သားဘဝကတည်းက ဆွမ်းခံကြွလာတာ ပျံလွန်တော်မူခါနီးအထိပါပဲ။ သက်တော် ရှစ်ဆယ်အရွယ် ခေါင်းရိတ်ထားတဲ့အခါ ဆောင်းတွင်းနှင်းဝေချိန်တွေမှာ ဘယ်လောက်ခေါင်းအေးလိုက်မလဲ ခန့်မှန်းလို့ရပါတယ်။ အသက်အရွယ်နဲ့ ရာသီဥတုအရ ခဏခဏ ဖျားပေမယ့် ဆွမ်းခံဝတ်တော့ အပျက်မခံပါဘူး။ ဒီနေ့ ကမ္ဘာအေးမှ ပြန်ရောက်ရင် မနက်ဖြန် ဆွမ်းခံကြတော့တာပါပဲ။
မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးသည် ငယ်စဉ်ဘဝမှစ၍ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌဖြစ်သည့်တိုင်အောင် ဆွမ်းခံဘုဉ်းပေးသုံးဆောင်တော်မူသည်ကို ကြည့်ခြင်းအားဖြင့် ‘ဥတ္တိေဋ္ဌ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ’ အစရှိသော မြတ်စွာဘုရားစကားတော်ကို တစ်သွေမတိမ်း လိုက်နာကျင့်သုံးသော သာသနာ့အာဇာနည် ဆရာတော်တစ်ပါးဖြစ်သည်မှာ ထင်ရှားလှသည်။ အတုယူ လေးစားဖွယ်လည်း ကောင်းလှပါသည်။ (စာ-၁၂၅၊ ရွှေကိန္နရီဆရာတော်ရဲ့ သမိုင်းတစ်ခေတ် ထွန်းလင်းလျက်ရှိသော မစိုးရိမ်တိုက်သစ် မှ)
မဟနလုပ်ရတဲ့ဒုက္ခကလည်း မသေးလှပါ။ လက်မှတ်ထိုးပေး ထောက်ခံစာရေးပေးရတာလည်း ဒုက္ခတစ်မျိုးပါပဲ။ မမြင်ဖူး မတွေ့ဖူးသူကို ထောက်ခံစာရေးပေးရတဲ့အလုပ်၊ မြင်ဖူးတွေ့ဖူးသော်လည်း အကြောင်းသိထားသူကို ထောက်ခံလက်မှတ်ရေးထိုးရတဲ့အလုပ်တွေကို မကင်းကြောင်း မကင်းရာ အားနာပါးနာလုပ်ရတာမျိုးတွေက နေ့စဉ်နှင့်အမျှပါပဲ။
အချို့က မသိဖူး မမြင်ဖူးဘဲ ထောက်ခံပေးကြတာ၊ အချို့က ထိုးမြဲးလက်မှတ်မဟုတ်ဘဲ ငြင်းလို့ရအောင် ထိုးမြဲလက်မှတ်နဲ့ မတူတဲ့ပုံစံနဲ့ လက်မှတ်ထိုးပေးကြတာတွေလည်း လုပ်တတ်ကြပါတယ်။
ဆရာတော်ကြီးက “အရှင်ဘုရား ဘာတွေလုပ်နေတယ်ဆိုတာ တပည့်တော်မသိပါ။ မသိတဲ့ကိစ္စကို သိပါတယ်၊ ဟုတ်ပါတယ်၊ မှန်ပါတယ်လို့ ထောက်ခံပေးရင် အဲဒါ လိမ်တာပဲ။ တပည့်တော်မလိမ်တတ်ဘူး”တဲ့။
တချို့ကလည်း ပြောပါတယ်။ “ငြင်းရမှာခက်နေရင် လက်မှတ်အတုထိုးပေးလိုက်ပါ”တဲ့။ “ထိုးနေကျလက်မှတ်အစစ်မဟုတ်ဘဲ လက်မှတ်အတုထိုးပေးလိုက်တာလည်း လိမ်တာပဲ။ သူတို့ခမျာတော့ လက်မှတ်အစစ်ထင်ပြီး ယူသွားကြရှာမှာ။ အဲဒီလိုလည်း တပည့်တော်မလိမ်တတ်ဘူး”တဲ့။ (စာ-၁၅၃၊ ကောမလ (မဏ္ဍလာရာမပြည်တိုက်)ရဲ့ မလိမ်တတ် မကြောက်တတ် သူတော်မြတ် မှ)
ဆရာတော်ကြီးကို ဖူးမြော်လိုက်ရရင်တော့ ရုပ်တုကြီးလို မတုန်မလှုပ်ကြီးနဲ့ ရေခံတုံးကြီးလို အေးတိအေးစက်ကြီးလို့ ထင်ရတတ်ပါတယ်။
စိတ်ဓာတ်ကြံ့ခိုင်တာ၊ ဆုံးဖြတ်ချက်ပြတ်သားတာ၊ အဂတိကင်းတာ၊ ထက်မြက်တာ စတဲ့ လူကြီးလူကောင်းပီသတဲ့ ပညာရှိသူတော်ကောင်းလက္ခဏာတွေကို ဆရာတော်ကြီးထံမှာ တွေ့မြင်ရလိမ့်မယ်လို့ ဘယ်သူကမှ ထင်မိမှာမဟုတ်ပါဘူး။
ဆရာတော်ကြီးရဲ့သန္တာန်မှာ မဟုတ်မခံစိတ်တွေ ကိန်းဝပ်နေတယ်ဆိုတာ အခုလို တွေ့ရှိလိုက်ရပါတယ်။
“အေး – မစိုးရိမ်စိတ်ဓာတ်မပျောက်စေနဲ့၊ သာသနာရေးရာနှင့်ပတ်သက်၍ ရဲရဲတင်းတင်း ဆောင်ရွက်နိုင်အောင် ကြိုးစား၊ မဟုတ်တာကိုလည်း ငုံ့မခံနဲ့” (စာ-၁၅၅၊ ပါဠိကဝိ (ကျောက်စိမ်းမြေ)ရဲ့ ဆရာပေးတဲ့ အားဆေး မှ)
ဆရာတော်ကြီးက စာသင်သားလက်ခံရင် ကိုယ်တိုက်မှတ်တမ်းတင်တတ်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး သိချင်တာတွေ အကုန်မေးပြီး တစ်ချက်ချင်း ရေးသားပြုစုတော်မူတာပါ။
လာလျှောက်သူကို သေချာကြည့်ပြီး အကဲခတ်တော်မူပါတယ်။ လာလျှောက်သူကိုလည်း စကားအဆန်းတွေ ပြောဆိုတတ်ပါတယ်။
“ငါတို့ကျောင်းက ဓားမိုး လှံမိုး အုပ်ချုပ်တာ နေနိုင်ပါ့မလား၊ ဟိုမှာတွေ့လား ဓား”လို့ပြောလို့ လှမ်းကြည့်လိုက်တော့ မီးဖိုချောင်သုံး ဓားမအိုလေးနှစ်ချောင်းပဲ နံရံကပ်ထောင်ထားတာ တွေ့ရတယ်။ “အဲဒီဓားနဲ့ အခုတ်ခံနိုင်ပါ့မလား”တဲ့ မေးတယ်။ (စာ-၂၂၄၊ အရှင်သဒ္ဓမ္မ (ရွှေဟင်္သာတိုက်သစ်)ရဲ့ မှတ်တမ်းမရှိ လွမ်းမိသည့်နေ့ရက်များ မှ)
ဆရာတော်ကြီးက ထက်မြက်ရုံတင်မဟုတ်ပါဘူး။ ခံယူချက်တွေ၊ ရပ်တည်ချက်တွေလည်း ပြတ်သားတော်မူပါတယ်။ သာသနာနှင့်ပတ်သက်လာရင် ဘယ်မျက်နှာမှမထောက်ဘလဲ ရဲရဲဝံ့ဝံ့ မိန့်တော်မူတတ်ပါတယ်။ အဲဒီလိုလုပ်ရာမှာ အစိုးရနဲ့အတိုက်အခံလုပ်မိသွားတာတွေလည်း ရှိပါတယ်။
“စစ်အစိုးရလက်ထက်မှာ ပထမပြန်စာမေးပွဲတွေကို တိုင်းစစ်၊ ပြည်နယ်စစ်ပေးလိုက်တဲ့အခါ အဲဒီစီမံကိန်းကြီးကို မပြုလုပ်ဖို့၊ ဒါဟာ ပရိယတ္တိပညာရေးနိမ့်ကျပျက်စီးခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဦးဆောင်ကန့်ကွက်ခဲ့သူဖြစ်ပါတယ်” (စာ-၂၃၉၊ အရှင်ဣန္ဒာစက္ကာဘိဝံသရဲ့ ဆရာတော်နှင့် ရူပသိဒ္ဓိစာဝါ မှ)
ဆက်လက်ဖော်ပြပါမည်