သတင္း

သမိုင္းေကာင္းေသာ ဒို႔ေခါင္းေဆာင္ (သုိ႔) မစိုးရိမ္တုိက္သစ္ အဂၢါဘိဓဇဆရာေတာ္ဘုရားႀကီး (၃) နိဂံုး

ဆရာေတာ္ႀကီးက လူေတြကို ေကၽြးေမြးစည္းရံုးတာမ်ဳိး မႀကဳိက္သလုိ အလိုလိုက္ၿပီး အႀကဳိက္ေဆာင္တာမ်ဳိးကိုလည္း မႀကဳိက္ပါဘူး။

ဒါမ်ဳိးေတြေတြ႔တဲ့အခါ ဘာမွမေျပာဘဲသာ ေနခ်င္ေနမယ္။ တပည့္ေတြ သံေဝဂယူႏိုင္ေအာင္ေတာ့ ၾသဝါဒထဲ ထည့္ေျပာေလ့ရွိပါတယ္။ တစ္ခါတစ္ေလေပါက္ကြဲတဲ့အခါမ်ဳိးမွာဆို ျပစ္ျပစ္ႏွစ္ႏွစ္ ပယ္ပယ္နယ္နယ္ႀကီး ထည့္ေျပာတာမ်ဳိးေတာင္ ရွိတတ္ပါတယ္။

“မဟနဆိုၿပီးေတာ့လည္း အထင္မႀကီးနဲ႔ကြ။ ငါတို႔မဟနထဲမွာ လူယုတ္မာေတြအမ်ားႀကီး။”လို႔ ဥပုသ္ေန႔ ၾသဝါဒထဲ မိန္႔ၾကားတဲ့အခါ တဝါးဝါး တဟားဟားနဲ႔ သံဃာေတြပြဲက်သြားတာမ်ဳိးလည္း ႀကဳံခဲ့ဖူးပါတယ္။

“ငါတုိ႔ကမၻာေအးမွာ ရုံးထုိင္ၾကတဲ့ဘုန္းႀကီးေတြကြာ ဘုန္းႀကီးအလုပ္ ဘုန္းႀကီးမလုပ္ၾကဘူး။ လူလုပ္တဲ့အလုပ္ကို လုပ္ေနၾကတယ္။ သာသနာေရးဝန္ႀကီးလုပ္တဲ့လူလာရင္ သူ႔ထက္ငါဦး လက္ဆြဲႏႈတ္ဆက္ႀကဳိဆိုၾကတယ္။ ရာထူးတက္ေအာင္ ေဗဒင္ေဟာေပးမယ္လို႔ေျပာတဲ့ဘုန္းႀကီးကလည္း ရွိေသးတယ္”

“မွတ္ထားကြ၊ ဘုန္းႀကီးမွာ ဘုန္းႀကီးအလုပ္ပဲရွိရမယ္။ လူေတြလုပ္တဲ့ လူမႈေရး မရွိရဘူးကြ” (စာ-၂၄၂၊ ဓမၼနႏၵ (သစ္ပ်ံပရိယတၱိစာသင္တုိက္)ရဲ႕ ဓမၼကိုသာငဲ့သည့္ဆရာေတာ္ႀကီး မွ)

ဆရာေတာ္ႀကီးက ဆရာတပည့္ သံေယာဇဥ္ထားတာလည္း မႀကဳိက္ပါဘူး။ ဆရာက တပည့္အေပၚ ၾကင္နာရမယ္ဆုိတာကိုေတာ့ အျပည့္အဝလက္ခံက်င့္သံုးၿပီး ရင္းႏွီးကၽြမ္းဝင္ သံေယာဇဥ္ရွိတာမ်ဳိးကိုေတာ့ လံုးဝ မလိုလားခဲ့ပါ။ ဒါေၾကာင့္ တပည့္ေတြအေပၚ ခပ္စိမ္းစိမ္းဆက္ဆံတတ္ပါတယ္။ ဆရာေတာ္ႀကီး ကမၻာေအးမွျပန္လာတဲ့အခါ မစုိးရိမ္နာယကေတြက ဆရာေတာ္ႀကီးကို စုေပါင္းဦးခ်ရင္လည္း စကားတစ္ခြန္းမေျပာ။ ကမၻာေအးကိုၾကြဖို႔ ကားေပၚအထိ လိုက္ပို႔ရင္လည္း ႏႈတ္ဆက္ေလ့မရွိပါ။

စာမရလုိ႔အရိုက္ခံရတဲ့ကိုရင္ေတြ ငိုတာမ်ဳိးႀကဳံရရင္လည္း “ငါ မသနားဘူး၊ မင္းတုိ႔က ငါ့သားေတြမဟုတ္ဘူး”လို႔ မိန္႔ေတာ္မူတတ္ပါတယ္။ (စာ-၂၀၁၊ ငေမာက္(ရံသီ)ရဲ႕ သံေဝဂအလြမ္း မွ)

“ဆရာနဲ႔ တပည့္ဆုိတာလည္း အလြန္ခ်စ္ခင္ႏွစ္သက္မႈေတြ မထားရဘူး၊ ၾကင္နာမႈေတာ့ ထားရမွာေပါ့ကြာ” (စာ- ၂၈၁၊ ဦးဥတၱမ (M.A)ရဲ႕ ဆရာ့စကား ဆရာ့စိတ္ထား မွ)

ဆရာေတာ္ႀကီးက ႏိုင္ငံေရးအျမင္ရွိေပမယ့္ ႏိုင္ငံေရးကို စိတ္မဝင္စားပါဘူး။

ေတာင္က်ေရ ႏြားႏွစ္ေကာင္ မဝသလိုပါ့

ေမာင္ဘေဖ ငါးေထာင္မရတာေၾကာင့္ အစခ်ီတဲ့ သခင္ကိုယ္ေတာ္မႈိင္း ေလးခ်ဳိးႀကီးေတြ ရြတ္ျပတတ္သလို ျမန္မာ့ႏိုင္ငံေရးအေျခအေနမွန္ႏွင့္ အနာဂတ္ကိုလည္း ႀကဳိတင္ေဟာကိန္းထုတ္တတ္ပါတယ္။

ႏိုင္ငံေရးလုပ္တဲ့ဆရာေတာ္ေတြ ေရွ႕ထြက္လြန္းရင္လည္း ရႈတ္ခ်တတ္ပါတယ္။ လူ-အမုိ႔ ေရွ႕ထြက္တာလို႔လည္း မိန္႔ေတာ္မူတတ္ပါတယ္။ ဆရာေတာ္ႀကီးက လူအလုိ႔ သတ္မွတ္လိုက္သူကို ၾကည့္လိုက္ေတာ့လည္း အားလံုးက အုိင္ကြန္အျဖစ္ ရိုးလ္ေမာ္ဒယ္အျဖစ္ ဟီးရိုးသတ္မွတ္ခံထားရသူျဖစ္ေနတတ္ပါတယ္။

“လူအမို႔ ကိုယ္ႏိုင္ငံေရးလုပ္တာ လူသိခံတာေပါ့ကြ၊ ႏိုင္ငံေရးလုပ္တယ္ဆုိတာ ကိုယ္လုပ္ေနတယ္လို႔ ေရွ႕ထြက္မျပရဘူးကြ၊ ေနာက္ကေန အသာေျမႇာက္ေပးရတယ္။ ေရွ႕ထြက္ရင္ အဖမ္းခံရမွာေပါ့ကြ၊ ဘယ္ဆက္လႈပ္ရွားလို႔ရေတာ့မွာတံုး” (စာ- ၂၄၊ ကိုနႏၵနန္းမိုး(ျမင္းမူ)ရဲ႕ ႏိုင္ငံေရးအျမင္ ေဆာင္းပါးမွ)

“ႏိုင္ငံေရးသမားဆိုတာ အခ်င္းခ်င္းရန္တုိက္ေပးၿပီး သူမ်ားရန္ျဖစ္ၿပီဆုိမွ ေနရာဝင္ယူတာ၊ အခြင့္အေရးဖန္တီးယူရတာကြ” (စာ- ၂၅၊ ကိုနႏၵနန္းမိုး(ျမင္းမူ)ရဲ႕ ႏိုင္ငံေရးအျမင္ ေဆာင္းပါးမွ)

“ႏိုင္ငံေရးမလုပ္ၾကနဲ႔။ ႏိုင္ငံေရးဆိုတာ ေခါင္းေဆာင္လုပ္သူ လႈံ႔ေဆာ္ေပးတုိင္း လုပ္ေနၾကရတာ။ တပည့္လက္သားေတြ ေရွ႕ကိုတက္ရတယ္။ တစ္ဖက္မွ ပစ္ခတ္ရင္ ျပည္သူေတြသာ ေသၾကရတယ္။ ေခါင္းေဆာင္ကေတာ့ အခြင့္အေရးအရယူေနၾကတယ္။ ဇိမ္က်က် ေနထုိင္ေနၾကတယ္။ ဒါေၾကာင့္ ႏိုင္ငံေရးမလုပ္ၾကနဲ႔” (စာ-၂၉၅၊ ဦးကစၥာယနရဲ႕ ၾသဝါဒႏွင့္ စာတမ္းမ်ား မွ)

ႏိုင္ငံေရးဆိုတာ အခ်င္းခ်င္းရန္ျဖစ္တဲ့အလုပ္၊ ေနရာလုတဲ့အလုပ္လို႔ ဆရာေတာ္ႀကီးက ယူဆထားပံုရပါတယ္။ ပါခ်င္ရင္လည္း ၾကားဝင္ျဖန္ေျဖေပးတဲ့ပံုစံမ်ဳိးနဲ႔ပဲ ပါဝင္သင့္ေၾကာင္းလည္း မိန္႔ေတာ္မူတတ္ပါတယ္။

“ရဟန္းသံဃာဆိုတာ ႏွစ္ပကၡကြဲရင္ ဘယ္ဘက္မွ မပါရဘူး။ ကိုယ့္အေမနဲ႔ အျခားတစ္ေယာက္ ရန္ျဖစ္တဲ့အခါ ကိုယ့္အေမဘက္ကေတာင္ မပါရဘူး။ ပါခ်င္ရင္ ျဖန္ေျဖတဲ့သူအျဖစ္နဲ႔ ပါရတယ္”

“သာသနာကိုကိုးကြယ္ရင္ သူပုန္လည္း ကိုယ့္ဒကာပဲ။

အစုိးရလည္း ကိုယ့္ဒကာပဲ” (စာ- တ၊ ဘက္မလိုက္နဲ႔ – ၾသဝါဒေကာက္ႏႈတ္ခ်က္ မွ)

ဆရာေတာ္ႀကီး ဝိနည္းေလးစားတာကိုေတာ့ ဒီစာအုပ္ရဲ႕ ေနရာအႏွံ႔အျပားမွာ မျမင္ခ်င္အဆံုး ဖတ္ရႈၾကရမွာပါ။

ဝိနည္းေတာ္အရ သာသနာေတာ္ယဥ္ေက်းမႈအရ စားစရာေတြထဲမွာ အပ္စပ္ေအာင္လုပ္ၿပီးမွ ဘုဥ္းေပးသံုးေဆာင္ရတတ္ပါတယ္။ အဲဒါမ်ဳိးကို အေတာ္ႀကီး သတိထားတာ ေတြ႔ရပါတယ္။

စားစရာေတြကို အကပ္မခံရေသးခင္ ကိုင္တာ ထိတာေတြ အကပ္မခံဘဲ စားေသာက္ၾကတာေတြ ဦးဇင္းေတြကိုယ္တုိင္ ခ်က္ျပဳတ္ျပင္ဆင္ၾကတာေတြကို ဆရာေတာ္ႀကီး မႏွစ္ၿမဳိ႕ပါဘူး။

ဦးဇင္းေတြကိုယ္တုိင္ စီမံ၊ ဦးဇင္းေတြကိုယ္တုိင္ ဆြမ္းပြဲျပင္ဆင္ၿပီးမွ လူေတြကို အကပ္ခိုင္းတာမ်ဳိးနဲ႔ ႀကဳံရတဲ့အခါ အားနာပါးနာစားလာခဲ့ေပမယ့္ လံုးဝ မသတီပါဘူး။

“ဒီေန႔ စားခဲ့ရတဲ့ ဆြမ္းကေတာ့ ျဖစ္ႏိုင္ရင္ ျပန္ေတာင္အန္ထုတ္ပစ္လိုက္ခ်င္တယ္ကြာ” (စာ- ၄၆၀၊ အရွင္စႏၵာဝရ (မတၱရာ)ရဲ႕ ေအာက္ေမ့ဖြယ္ရာ ပံုရိပ္လႊာ မွ)

××××××××××××××××××××

စာအုပ္ကို အုပ္ေရ ငါးေထာင္ ရိုက္ႏွိပ္ျဖန္႔ခ်ီပါသည္။

26.4.2018 ရက္ေန႔အခမ္းအနားတက္ေရာက္ေသာ သံဃာေတာ္မ်ားႏွင့္ ဧည့္ပရိသတ္မ်ားအား လွဴဒါန္းပါသည္။

တုိက္အတြင္းသံဃာေတာ္မ်ားအားလည္း လွဴဒါန္းဖို႔ စီစဥ္ထားပါသည္။

ဤစာအုပ္ကို ဖတ္ရႈခ်င္သူမ်ား မစိုးရိမ္တုိက္သစ္ သံဃာေတာ္မ်ား၊ မစုိးရိမ္တိုက္သစ္ ေက်ာင္းဒကာ ေက်ာင္းဒကာမမ်ား၊ မစုိးရိမ္တုိက္သစ္ႏွင့္ နီးစပ္သည့္ ရဟန္းရွင္လူ ျပည္သူမ်ားမွတစ္ဆင့္ ဖတ္ရႈၾကည္ညဳိႏိုင္ပါသည္။

ဝီရသူ (မစိုးရိမ္)

 

 

“သမိုင်းကောင်းသော ဒို့ခေါင်းဆောင် (သို့) မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး” (၃) နိဂုံး

ဆရာတော်ကြီးက လူတွေကို ကျွေးမွေးစည်းရုံးတာမျိုး မကြိုက်သလို အလိုလိုက်ပြီး အကြိုက်ဆောင်တာမျိုးကိုလည်း မကြိုက်ပါဘူး။
ဒါမျိုးတွေတွေ့တဲ့အခါ ဘာမှမပြောဘဲသာ နေချင်နေမယ်။ တပည့်တွေ သံဝေဂယူနိုင်အောင်တော့ သြဝါဒထဲ ထည့်ပြောလေ့ရှိပါတယ်။ တစ်ခါတစ်လေပေါက်ကွဲတဲ့အခါမျိုးမှာဆို ပြစ်ပြစ်နှစ်နှစ် ပယ်ပယ်နယ်နယ်ကြီး ထည့်ပြောတာမျိုးတောင် ရှိတတ်ပါတယ်။
“မဟနဆိုပြီးတော့လည်း အထင်မကြီးနဲ့ကွ။ ငါတို့မဟနထဲမှာ လူယုတ်မာတွေအများကြီး။”လို့ ဥပုသ်နေ့ သြဝါဒထဲ မိန့်ကြားတဲ့အခါ တဝါးဝါး တဟားဟားနဲ့ သံဃာတွေပွဲကျသွားတာမျိုးလည်း ကြုံခဲ့ဖူးပါတယ်။

“ငါတို့ကမ္ဘာအေးမှာ ရုံးထိုင်ကြတဲ့ဘုန်းကြီးတွေကွာ ဘုန်းကြီးအလုပ် ဘုန်းကြီးမလုပ်ကြဘူး။ လူလုပ်တဲ့အလုပ်ကို လုပ်နေကြတယ်။ သာသနာရေးဝန်ကြီးလုပ်တဲ့လူလာရင် သူ့ထက်ငါဦး လက်ဆွဲနှုတ်ဆက်ကြိုဆိုကြတယ်။ ရာထူးတက်အောင် ဗေဒင်ဟောပေးမယ်လို့ပြောတဲ့ဘုန်းကြီးကလည်း ရှိသေးတယ်”

“မှတ်ထားကွ၊ ဘုန်းကြီးမှာ ဘုန်းကြီးအလုပ်ပဲရှိရမယ်။ လူတွေလုပ်တဲ့ လူမှုရေး မရှိရဘူးကွ” (စာ-၂၄၂၊ ဓမ္မနန္ဒ (သစ်ပျံပရိယတ္တိစာသင်တိုက်)ရဲ့ ဓမ္မကိုသာငဲ့သည့်ဆရာတော်ကြီး မှ)

ဆရာတော်ကြီးက ဆရာတပည့် သံယောဇဉ်ထားတာလည်း မကြိုက်ပါဘူး။ ဆရာက တပည့်အပေါ် ကြင်နာရမယ်ဆိုတာကိုတော့ အပြည့်အဝလက်ခံကျင့်သုံးပြီး ရင်းနှီးကျွမ်းဝင် သံယောဇဉ်ရှိတာမျိုးကိုတော့ လုံးဝ မလိုလားခဲ့ပါ။ ဒါကြောင့် တပည့်တွေအပေါ် ခပ်စိမ်းစိမ်းဆက်ဆံတတ်ပါတယ်။ ဆရာတော်ကြီး ကမ္ဘာအေးမှပြန်လာတဲ့အခါ မစိုးရိမ်နာယကတွေက ဆရာတော်ကြီးကို စုပေါင်းဦးချရင်လည်း စကားတစ်ခွန်းမပြော။ ကမ္ဘာအေးကိုကြွဖို့ ကားပေါ်အထိ လိုက်ပို့ရင်လည်း နှုတ်ဆက်လေ့မရှိပါ။

စာမရလို့အရိုက်ခံရတဲ့ကိုရင်တွေ ငိုတာမျိုးကြုံရရင်လည်း “ငါ မသနားဘူး၊ မင်းတို့က ငါ့သားတွေမဟုတ်ဘူး”လို့ မိန့်တော်မူတတ်ပါတယ်။ (စာ-၂၀၁၊ ငမောက်(ရံသီ)ရဲ့ သံဝေဂအလွမ်း မှ)

“ဆရာနဲ့ တပည့်ဆိုတာလည်း အလွန်ချစ်ခင်နှစ်သက်မှုတွေ မထားရဘူး၊ ကြင်နာမှုတော့ ထားရမှာပေါ့ကွာ” (စာ- ၂၈၁၊ ဦးဥတ္တမ (M.A)ရဲ့ ဆရာ့စကား ဆရာ့စိတ်ထား မှ)

ဆရာတော်ကြီးက နိုင်ငံရေးအမြင်ရှိပေမယ့် နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ တောင်ကျရေ နွားနှစ်ကောင် မဝသလိုပါ့
မောင်ဘဖေ ငါးထောင်မရတာကြောင့် အစချီတဲ့ သခင်ကိုယ်တော်မှိုင်း လေးချိုးကြီးတွေ ရွတ်ပြတတ်သလို မြန်မာ့နိုင်ငံရေးအခြေအနေမှန်နှင့် အနာဂတ်ကိုလည်း ကြိုတင်ဟောကိန်းထုတ်တတ်ပါတယ်။

နိုင်ငံရေးလုပ်တဲ့ဆရာတော်တွေ ရှေ့ထွက်လွန်းရင်လည်း ရှုတ်ချတတ်ပါတယ်။ လူ-အမို့ ရှေ့ထွက်တာလို့လည်း မိန့်တော်မူတတ်ပါတယ်။ ဆရာတော်ကြီးက လူအလို့ သတ်မှတ်လိုက်သူကို ကြည့်လိုက်တော့လည်း အားလုံးက အိုင်ကွန်အဖြစ် ရိုးလ်မော်ဒယ်အဖြစ် ဟီးရိုးသတ်မှတ်ခံထားရသူဖြစ်နေတတ်ပါတယ်။

“လူအမို့ ကိုယ်နိုင်ငံရေးလုပ်တာ လူသိခံတာပေါ့ကွ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ်လုပ်နေတယ်လို့ ရှေ့ထွက်မပြရဘူးကွ၊ နောက်ကနေ အသာမြှောက်ပေးရတယ်။ ရှေ့ထွက်ရင် အဖမ်းခံရမှာပေါ့ကွ၊ ဘယ်ဆက်လှုပ်ရှားလို့ရတော့မှာတုံး” (စာ- ၂၄၊ ကိုနန္ဒနန်းမိုး(မြင်းမူ)ရဲ့ နိုင်ငံရေးအမြင် ဆောင်းပါးမှ)

“နိုင်ငံရေးသမားဆိုတာ အချင်းချင်းရန်တိုက်ပေးပြီး သူများရန်ဖြစ်ပြီဆိုမှ နေရာဝင်ယူတာ၊ အခွင့်အရေးဖန်တီးယူရတာကွ” (စာ- ၂၅၊ ကိုနန္ဒနန်းမိုး(မြင်းမူ)ရဲ့ နိုင်ငံရေးအမြင် ဆောင်းပါးမှ)

“နိုင်ငံရေးမလုပ်ကြနဲ့။ နိုင်ငံရေးဆိုတာ ခေါင်းဆောင်လုပ်သူ လှုံ့ဆော်ပေးတိုင်း လုပ်နေကြရတာ။ တပည့်လက်သားတွေ ရှေ့ကိုတက်ရတယ်။ တစ်ဖက်မှ ပစ်ခတ်ရင် ပြည်သူတွေသာ သေကြရတယ်။ ခေါင်းဆောင်ကတော့ အခွင့်အရေးအရယူနေကြတယ်။ ဇိမ်ကျကျ နေထိုင်နေကြတယ်။ ဒါကြောင့် နိုင်ငံရေးမလုပ်ကြနဲ့” (စာ-၂၉၅၊ ဦးကစ္စာယနရဲ့ သြဝါဒနှင့် စာတမ်းများ မှ)
နိုင်ငံရေးဆိုတာ အချင်းချင်းရန်ဖြစ်တဲ့အလုပ်၊ နေရာလုတဲ့အလုပ်လို့ ဆရာတော်ကြီးက ယူဆထားပုံရပါတယ်။ ပါချင်ရင်လည်း ကြားဝင်ဖြန်ဖြေပေးတဲ့ပုံစံမျိုးနဲ့ပဲ ပါဝင်သင့်ကြောင်းလည်း မိန့်တော်မူတတ်ပါတယ်။

“ရဟန်းသံဃာဆိုတာ နှစ်ပက္ခကွဲရင် ဘယ်ဘက်မှ မပါရဘူး။ ကိုယ့်အမေနဲ့ အခြားတစ်ယောက် ရန်ဖြစ်တဲ့အခါ ကိုယ့်အမေဘက်ကတောင် မပါရဘူး။ ပါချင်ရင် ဖြန်ဖြေတဲ့သူအဖြစ်နဲ့ ပါရတယ်” “သာသနာကိုကိုးကွယ်ရင် သူပုန်လည်း ကိုယ့်ဒကာပဲ။
အစိုးရလည်း ကိုယ့်ဒကာပဲ” (စာ- တ၊ ဘက်မလိုက်နဲ့ – သြဝါဒကောက်နှုတ်ချက် မှ)

ဆရာတော်ကြီး ဝိနည်းလေးစားတာကိုတော့ ဒီစာအုပ်ရဲ့ နေရာအနှံ့အပြားမှာ မမြင်ချင်အဆုံး ဖတ်ရှုကြရမှာပါ။ ဝိနည်းတော်အရ သာသနာတော်ယဉ်ကျေးမှုအရ စားစရာတွေထဲမှာ အပ်စပ်အောင်လုပ်ပြီးမှ ဘုဉ်းပေးသုံးဆောင်ရတတ်ပါတယ်။ အဲဒါမျိုးကို အတော်ကြီး သတိထားတာ တွေ့ရပါတယ်။

စားစရာတွေကို အကပ်မခံရသေးခင် ကိုင်တာ ထိတာတွေ အကပ်မခံဘဲ စားသောက်ကြတာတွေ ဦးဇင်းတွေကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ကြတာတွေကို ဆရာတော်ကြီး မနှစ်မြို့ပါဘူး။

ဦးဇင်းတွေကိုယ်တိုင် စီမံ၊ ဦးဇင်းတွေကိုယ်တိုင် ဆွမ်းပွဲပြင်ဆင်ပြီးမှ လူတွေကို အကပ်ခိုင်းတာမျိုးနဲ့ ကြုံရတဲ့အခါ အားနာပါးနာစားလာခဲ့ပေမယ့် လုံးဝ မသတီပါဘူး။

“ဒီနေ့ စားခဲ့ရတဲ့ ဆွမ်းကတော့ ဖြစ်နိုင်ရင် ပြန်တောင်အန်ထုတ်ပစ်လိုက်ချင်တယ်ကွာ” (စာ- ၄၆၀၊ အရှင်စန္ဒာဝရ (မတ္တရာ)ရဲ့ အောက်မေ့ဖွယ်ရာ ပုံရိပ်လွှာ မှ)

စာအုပ်ကို အုပ်ရေ ငါးထောင် ရိုက်နှိပ်ဖြန့်ချီပါသည်။
26.4.2018 ရက်နေ့အခမ်းအနားတက်ရောက်သော သံဃာတော်များနှင့် ဧည့်ပရိသတ်များအား လှူဒါန်းပါသည်။
တိုက်အတွင်းသံဃာတော်များအားလည်း လှူဒါန်းဖို့ စီစဉ်ထားပါသည်။
ဤစာအုပ်ကို ဖတ်ရှုချင်သူများ မစိုးရိမ်တိုက်သစ် သံဃာတော်များ၊ မစိုးရိမ်တိုက်သစ် ကျောင်းဒကာ ကျောင်းဒကာမများ၊ မစိုးရိမ်တိုက်သစ်နှင့် နီးစပ်သည့် ရဟန်းရှင်လူ ပြည်သူများမှတစ်ဆင့် ဖတ်ရှုကြည်ညိုနိုင်ပါသည်။

ဝီရသူ (မစိုးရိမ်)