သတင်း

သူ့အမျိုးတွေကျ တော်တော်သက်ညှာတယ်

ဒီဘက်ခေတ်မှာ ဒါမျိုးတွေကြုံရတာ မနည်းပါဘူး။ မန္တလေး အောင်ပင်လယ်မှာလည်း ဒီအတိုင်းပါပဲ။ ခဏခဏလက်မှတ်ထိုးခိုင်းတယ်၊ ခဏခဏ ခံဝန်ချိုးဖောက်တယ် ဒါပေမယ့် ဘာမှ အရေးမယူဘူး။

အနီအစိုးရလောက်ကတော့ အနက်တွေက အပျော့ပေါ့။ ဘာကြောင့်လဲပြောရင် အမျိုးတွေဖြစ်နေတာကိုး။ ဘယ်လိုတော်စပ်သလဲမမေးနဲ့နော် သူတို့အချင်းချင်းပိုသိတယ်။


ဝီရသူ(မစိုးရိမ်)
15.12.2017
PM 8:47
========================================================
သို့
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(မိတ္ထီလာ)
အကြောင်းအရာ။ ။ တရားဝင်ပိတ်ပင်ထားရှိသော ဗလီအား ခြံစည်းရိုးဝန်းရံများပြုပြင်နေမှု၊ ဗလီမြေ မြေထိန်းမြေကာများပြုလုပ်နေခြင်းနှင့် နေအိမ်အား ဗလီအသွင်ဆောင်၍ နေ့စဉ် အကြိမ်ကြိမ် ဝတ်ပြုနေမှုများအား ပါဝင်ကူညီပေးပါရန် တင်ပြလျှောက်ထားအပ်ပါ၏ဘုရား။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရအာုပ်စု၊ စက်ပစ်တောင်ကျေးရွာတွင် အစ္စလာမ်ဘာသာဝင်အများစုမှ (၂၄.၈.၂၀၁၇)ရက်နေ့တွင် ဝါးကပ်(၇)ချပ်၊ (၁၆-၁၀-၂၀၁၇)ရက်နေ့တွင် ဝါးကပ်(၁၃)ချပ်ကို ပျက်စီးနေသော ဗလီခြံစည်းရိုးအား အသစ်ပြန်လည် ပြုပြင်နေသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကြီးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးကြီးထံသို့ (၂၃-၁၀-၂၀၁၇)ရက်နေ့၌ မှတ်တမ်းသက်သေဓာတ်ပုံများနှင့်တကွ တင်ပြတိုင်ကြားခဲ့ပါသည်ဘုရား။ တိုင်တန်းချက်အရ (၂၅-၁၀-၂၀၁၇)ရက်နေ့တွင် သာသနာရေးဦးစီးမှူး ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ လာရောက်စစ်ဆေး ကြည့်ရှုမှုများရှိခဲ့ပါသည်။
၎င်းတိုင်ကြားမှုအပေါ် (၂၀-၁၀-၂၀၁၇)ရက်နေ့ထိတိုင် ဥပဒေချိုးဖောက်၍ လုပ်ဆောင်သူများအား စိစစ်အရေးယူဆောင်ရွက်မှုမရှိပါသဖြင့် (၂၁-၁၀-၂၀၁၇)ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် အာဏာပိုင်အဖွဲ့အစည်းအသီးသီးထံသို့ ထပ်ဆင့်တိုင်ကြားခဲ့ပါသည်ဘုရား။ ထပ်ဆင့်တိုင်ကြားမှုအလျှောက် (၂၅-၁၁-၂၀၁၇)ရက် စနေနေ့တွင် တိုင်းဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရဟုပြောဆို၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းတွင် ဥပဒေချိုးဖောက်၍ လုပ်ဆောင်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးဦးစီးမှူးနှင့် မြို့နယ်မှူး(ရဲ)တို့ဖွဲ့မှ ခံဝန်ကတိပြု လက်မှတ်ထိုးခြင်းဖြင့်သာ ဆုံးဖြတ်ခဲ့ပါသည်ဘုရား။
တိုင်ကြားချက်အပေါ်တွင် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၏ လစ်လျူရှုပေါ့လျော့မှု၊ အပြစ်ပေးဆောင်ရွက်မှုများ မရှိခဲ့သည့်အတွက် တိုင်ကြားထားသည့်ကြားတွင် ထပ်ဆင့်၍ (၂၂-၁၁-၂၀၁၇)ရက်နေ့တွင် ဗလီမြေ မြေထိန်းနံရံများအား အစ္စလာမ်ဘာသာဝင်များမှ ကျောက်ကြီးများဖြင့် အခိုင်အမာလုပ်ဆောင်နေပါသည်ဘုရား။
အစ္စလာမ်ဘာသာဝင် ဦးကိုကိုး+ဒေါ်ဂွက်ထော်၏ နေအိမ်အား ဗလီအသွင်ဆောင်၍ နေ့စဉ်ဝတ်ပြုမှုများကို ယနေ့ထိတိုင် ဝတ်ပြုနေကြပါသည်ဘုရား။ ဗုဒ္ဓဘာသာဝင်ပြည်သူများ၏ လေးစားယုံကြည်ကိုးကွယ်အားထားရာဖြစ်သော ဆရာတော်သံဃာတော်အရှင်မြတ်ကြီးများမှ ၄င်းကိစ္စများအား ပါဝင်ကူညီဆောင်ရွက်ပေးပါရန်နှင့် အမြန်ဆုံးစစ်ဆေးအရေးယူ ဆောင်ရွက်ပေးနိုင်ပါရန် ယခင်တိုင်ကြားထားရှိသော ပူးတွဲစာများနှင့်တကွ ဗုဒ္ဓဘာသာနွယ်ဝင်ပြည်သူများ၏ကိုယ်စား ဘုရားတပည့်တော်များမှ ရိုသေလေးမြတ်စွာဖြင့် တင်ပြလျှောက်ထားအပ်ပါသည်အရှင်ဘုရား။
တင်ပြလျှောက်ထားသူ
၁။ ဦးအောင်ကျော်ဆန်း
၂။ ဦးဝင်းမောင်
၃။ ဦးမြင့်သန်း
၎။ ဦးမြင့်ဆွေ
၅။ ဦးမြင့်လွင်