စာေရးသူ မစုိးရိမ္တုိက္သစ္သို႔ ေရာက္ရွိသည့္အခ်ိန္ကား ၁၃၅၃(၁၉၉၁)ခုႏွစ္ ျဖစ္သည္။ သိမ္ေက်ာင္းမွာ ေနထုိင္ခြင့္ရ၏။ သိမ္ေက်ာင္း၌ သံဃာ ၂၃ပါး ရွိသည္။ မူလတန္းမွ စာသင္တန္း စာခ်တန္းအထိ အတန္းစံု စာသင္သားမ်ားျဖစ္ၾက၏။
မစိုးရိမ္တုိက္သစ္၏မူကား ကိုယ္ထူကိုယ္ထမူ ျဖစ္၏။ ကိုယ့္ဝမ္းကိုယ္ေက်ာင္းရ၏။
ေနစရာေပးထားသည္။ ပညာသင္ၾကားေပးသည္။ ေက်ာင္းစည္းကမ္းမ်ား ခ်မွတ္ေပးထားသည္။ ဆြမ္းကြမ္းကိစၥကိုမူ ကိုယ့္နည္းကိုယ့္ဟန္ ေျဖရွင္းရ၏။ ဘုန္းကံႀကီးသူမ်ား ဆြမ္းခ်ဳိင့္ဆြဲခြင့္ရွိသည္။ ဆြမ္းခံၾကြလုိသူမ်ား ဆြမ္းခံစားခြင့္ရွိသည္။ ဆြမ္းခ်ဳိင့္ဆြဲသူက အလြန္တရာ နည္းပါး၏။ ဆြမ္းခံၾကြၾကသူခ်ည္းသာ ျဖစ္ပါသည္။ သို႔ျဖစ္၍ စာသင္သံဃာမ်ား ဝမ္းေရးေျဖရွင္းရာ၌ အခ်ဳိ႕ လၻက္ရည္ဆုိင္မွာ အရုဏ္တက္ၾကရ၏။ အခ်ဳိ႕ ဆြမ္းခံျပန္မွ မနက္စာ အဆာေျပ ဘုဥ္းေပးၾကရ၏။ ပံုမွန္စာသင္ခ်ိန္မ်ား၌ အေရးမႀကီးေသာ္လည္း စာေမးပြဲကာလ၌မူ ဆြမ္းခံၾကြရျခင္းက ႀကီးေလးသည့္ တာဝန္ႀကီးတစ္ရပ္ ျဖစ္ေနတတ္ေပသည္။ စာသာက်က္ခ်င္သည္ ဆြမ္းခံမၾကြခ်င္ ဆိုသည့္ စာသမားမ်ား ဘဝက ဆြမ္းခံၾကြရျခင္းသည္ အခက္အခဲႀကီးတစ္ခု ျဖစ္ေနေလေတာ့၏။ ပို၍ဆိုးသည္မွာ စာေျဖခ်ိန္ကာလ၌ ဆြမ္းခက္ခဲျခင္းျဖစ္၏။ လၻက္ရည္ဆုိင္သြားခ်ိန္မရွိ၍ အရုဏ္ဆြမ္းခ်ိန္မွာ ဆြမ္းမစားရဘဲ စာက်က္ေနၾက သည့္ စာသင္သားမ်ားက သနားစရာ။ အစုိးရက ေန႔ဆြမ္းကပ္ေသာ္လည္း သံဃာအင္အားႏွင့္ ေဝယ်ာ ဝစၥမ်ား မမွ်တသျဖင့္ အသုတ္လိုက္ခြဲ၍ ဆြမ္းကပ္လွဴၾကေသာေၾကာင့္ ဆြမ္းစားဖုိိ႔ ေစာင့္ေမွ်ာ္ေနၾကရ၏။ အစာမရွိ၍ စာထဲစိတ္မေရာက္၊ ဆြမ္းစားခ်ိန္မလြတ္ေအာင္ သတိထားေနရ၍ စာက်က္လည္း မထိေရာက္ႏွင့္ မႏၲေလးစာသင္သားသံဃာ မ်ားကို မ်ားစြာ စာနာမိခဲ့ေပသည္။ စာေရးသူက အစုိးရစာေမးပြဲေျဖခ်ိန္တြင္ ဝင္ေရာက္မေျဖျဖစ္ေသးပါ။ သက်သီဟစာသင္တန္း ေျဖရမည့္အခ်ိန္ကလည္း ကဆုန္နယုန္ ျဖစ္၍ စာေမးပြဲလည္း မနီးေသးပါ။ ထုိ႔ေၾကာင့္ စာသင္သားမ်ားလိုအပ္ခ်က္ကို စာနာမႈအျပည့္ျဖင့္ ျဖည့္ဆည္းေပးခြင့္ ရခဲ့ပါသည္။ မနက္အေစာ ဆြမ္းထခ်က္သည္။ ငါးပိေၾကာ္ ငရုပ္သီးေၾကာ္ ေျမပဲဆံေၾကာ္ စသည့္ အေၾကာ္အေလွာ္မ်ား မွာယူထားသည္။ ဘယာေၾကာ္ ဘူးသီးေၾကာ္မ်ား ေန႔စဥ္ဝယ္သည္။ ကိုယ္တုိင္ခ်က္ ကိုယ္တုိင္ခူးခပ္၊ ကိုယ္တုိင္ နယ္ဖတ္၍ ဆြမ္းတစ္ဝိုင္း ဇလံုႀကီးတစ္လံုးခ်၍ ကပ္လွဴလိုက္ေလသည္။ အခ်ိန္ႏွေျမာေသာ စာသင္သားမ်ား အားပါးတရ ဘုဥ္းေပးၾက၏။ ကိုရင္ေတြလည္း ပါသည္။ ပဥၥင္းငယ္ေတြလည္း ပါသည္။ ပဥၥင္းပ်ဳိေတြလည္း ပါသည္။ စာေရးသူထက္ သိကၡာႀကီးမားသည့္ ေထရ္ႀကီးဝါႀကီးေတြလည္း ပါသည္။ အခ်ဳိ႕ ေန႔ဆြမ္းသြားမစားေတာ့ဘဲ အရုဏ္ဆြမ္းအဝစားကာ စာေျဖသြားၾကသည္မ်ားပင္ ရွိေလသည္။ စာေရးသူႏွင့္ ဆက္ဆံေရးအဆင္မေျပလည္သည့္ စာသင္သားမ်ားပင္ အားပါးတရဘုဥ္းေပးၾကသည္ကို ေတြ႔ရပါသည္။ ယခုျပန္ေတြးလွ်င္ပင္ ၾကည္ႏူးမဆံုး ျဖစ္ေနေသးေတာ့၏။ စာဂါႏုႆတိဟုပင္ ဆိုရမည္။
သက်သီဟစာသင္တန္းေအာင္ၿပီး၍ ယာနေက်ာင္းသို႔ ေျပာင္းေရႊ႕ေနထုိင္သည့္အခါ၌လည္း စာေမးပြဲကာလမွာ ဤကဲ့သုိ႔ပင္ ဆြမ္းကပ္လွဴဒါန္းခဲ့ပါသည္။ ဘုန္းရွင္ကံရွင္ စာသင္သားမ်ားက ဆန္အိတ္ ဆီပံုး ဟင္းလ်ာႏွင့္ အလွဴေငြမ်ား ထည့္ဝင္ၾကေသာေၾကာင့္ အရုဏ္ဆြမ္းအျဖစ္ အဆာေျပကပ္လွဴရံုတင္ မဟုတ္ေတာ့ဘဲ ဆြမ္းဟင္းျပည့္စံုစြာ ေန႔ဆြမ္းကပ္ႏိုင္သည္အထိ အလွဴေအာင္ျမင္ခဲ့ေပသည္။
၁၃၆၁(၁၉၉၉)ခုႏွစ္၌ သဟာယေက်ာင္းနာယကဆရာေတာ္ျဖစ္ေသာ္လည္း စာေရးသူမွာ ဒါယကာ ဒါယိကာမအင္အား မရွိေသာေၾကာင့္ စာေမးပြဲကာလ၌ တပည့္သံဃာမ်ားအား စာသင္သားဘဝမွစ၍ အႏွစ္ႏွစ္ အလလ မေရာင္းရက္ဘဲ စုေဆာင္းထားသည့္ သကၤန္း (၃၇)စံု ေရာင္းခ်၍ တပည့္မ်ားအား ဆြမ္းေကၽြးခဲ့ျခင္းျဖစ္ေလသည္။ မနက္အေစာ အဆာေျပ အရုဏ္ဆြမ္းအျပင္ ေန႔ဆြမ္းကို ဆြမ္းဟင္း ျပည့္စံုစြာ ကပ္လွဴႏိုင္ခဲ့ျခင္း ျဖစ္ေပသည္။
၂၀၀၃ ခုႏွစ္ အိုးဘိုေတာရမွာ ဝါဆိုရေသာအခါ စာေျဖသံဃာမ်ား ဆြမ္းကိစၥအတြက္ လုပ္ေပးခ်င္ေသာ္လည္း လံုးဝ မတတ္ႏိုင္ခဲ့ပါ။ စာေရးသူပိုင္ဆုိင္မႈမ်ား သိမ္းဆည္းခံရျခင္း၊ ေငြေၾကြးအလြဲသံုးစား အလုပ္ခံရျခင္းေၾကာင့္ မ်က္စိမွိတ္၍သာ ေနလုိက္ရေလေတာ့၏။
၂၀၁၂ ခုႏွစ္ ျမစ္ဆံုေတာရမွ ျပန္ၾကြလာသည့္အခါ မစုိးရိမ္တိုက္သစ္ ေခတ္မီတိုးတက္လာသည္ကို ေတြ႔ရေပသည္။ ၎အနက္ ထူးျခားသည့္ လုပ္ငန္းစဥ္တစ္ရပ္မွာ စာေျဖသံဃာအားလံုးကို ဆြမ္းေကၽြးသည့္လုပ္ငန္းပင္ ျဖစ္ေလသည္။ အတုိင္းမသိ ဝမ္းသာမိ၏။ အတန္းငယ္ေရာ အတန္းႀကီးပါ သံဃာကုန္ ရက္ရွည္ဆြမ္းေကၽြးျခင္းျဖစ္၏။ ထိုအစီအစဥ္ကို မည္သူက ဦးေဆာင္သည္ မည္သည့္ႏွစ္မွ စတင္သည္ မသိရေသာ္လည္း မဟာေအာင္ေျမ ေက်ာက္ဝိုင္းမိသားစုက ပေဒသာပင္ စိုက္ထူလွဴဒါန္းကာ ႏွစ္စဥ္ႏွစ္တုိင္း လုပ္အားဒါနပါမက်န္ သာဟတၳိကဒါနေျမာက္ ဆက္ကပ္လွဴဒါန္းေနသည္ကို ေတြ႔ရွိရေပသည္။
ဤသို႔ျဖင့္ ေန႔ဆြမ္းအတြက္ စိတ္ေအးရၿပီျဖစ္ေသာ္လည္း အရုဏ္ဆြမ္းအတြက္မူ အနည္းငယ္မွ် ပူပင္ေနရသည့္ စာသင္သားမ်ား ရွိေပသည္။ အထူးသျဖင့္ စာဆိုမွစာ ဆိုသည့္ စာသမားသံဃာမ်ား လၻက္ရည္ဆုိင္သြားခ်ိန္ မေပးႏိုင္ပါ။ ၎တုိ႔အတြက္ စာေရးသူကပင္ တာဝန္ယူ ေျဖရွင္းလုိက္ပါသည္။ အရုဏ္ဆြမ္းရွိသည့္ ေက်ာင္းေဆာင္အခ်ဳိ႕မွတစ္ပါး အျခားေက်ာင္းေဆာင္မ်ားရွိ စာသင္သားမ်ားကို စာရင္းေကာက္ယူကာ ေန႔စဥ္ လၻက္ရည္ မုန္႔တီ မုန္႔ဟင္းငါး ဆႏၵရွိရာကို ေအာ္ဒါမွာေပးထားပါသည္။ ေက်ာင္းေဆာင္အလိုက္ စာရင္းဇယားႏွင့္ လာပို႔ၾကသည္မ်ားကို အသင့္ဘုဥ္းေပးရ၍ အရုဏ္ဆြမ္းအတြက္ လည္း အဆင္ေျပၾကေပသည္။
ႏွစ္စဥ္ႏွစ္တုိင္း စာေျဖသံဃာအရုဏ္ဆြမ္းအတြက္ သိန္းသံုးေလးဆယ္ အကုန္အက်ခံ လွဴဒါန္းႏုိင္ခဲ့ေသာ္လည္း စာေရးသူ၏အလွဴ လူမျမင္ ျဖစ္ခဲ့ရပါသည္။ မွတ္တမ္းလည္း မက်န္ခဲ့ပါ။ တပည့္ ဒါယကာ ဒါယိကာမမ်ားလည္း ကုသိုလ္ပြားခြင့္ မရလုိက္ပါ။ မွတ္တမ္းမတင္ လူမျမင္ေသာ္လည္း ဝမ္းေရးအတြက္ စိတ္ေအးရလွ်င္ ေက်နပ္ၿပီဟု မိမိကိုယ္ကိုယ္ ေျဖသိမ့္ခဲ့ေသာ္လည္း အဆင္မေျပမႈမ်ားကို ေတြ႔လာခဲ့ရျပန္ပါသည္။ ၎ကား စာေျဖသံဃာခြဲတမ္းကို စာမေျဖရေသးသူမ်ားက စားပစ္ျခင္းမ်ဳိး ႀကဳံရျခင္း၊ အခ်ဳိ႕စာသင္သားမ်ားက အာဟာရမလိုခ်င္ ေငြေၾကးသာလိုခ်င္သည္ဟု ဆႏၵျပဳလာျခင္းမ်ဳိး ႀကဳံရျခင္းတုိ႔ေၾကာင့္ သဟာယေက်ာင္းေရွ႕ ဆြမ္းကပ္သည့္စနစ္ကို ေျပာင္းလဲက်င့္သံုးလိုက္ရပါေတာ့၏။ ပိုမိုေကာင္းမြန္ေအာင္ ကပ္လွဴႏိုင္ျခင္း၊ မွတ္တမ္းတင္ႏိုင္ျခင္း၊ မုဒိတာပြားခြင့္ရျခင္း၊ အလွဴရွင္မ်ား ေပၚေပါက္လာျခင္းတုိ႔က သံဃာေပးသည့္ ဆုလာဘ္မ်ားပင္ ျဖစ္ေပသည္။
ႏွစ္စဥ္ႏွစ္တုိင္း စာေျဖသံဃာအရုဏ္ဆြမ္းအျဖစ္ သဟာယေက်ာင္းေရွ႕မွာ ခံုခင္းဆက္ကပ္ခဲ့ရာ ယခုႏွစ္ဆိုလွ်င္ ()ႀကိမ္ေျမာက္ရွိပါၿပီး။ စာမေျဖရေသးသည့္ သံဃာမ်ား၊ စာေမးပြဲနားရက္ျဖစ္၍ စာမေျဖရေသာ သံဃာမ်ားမွတစ္ပါး ေန႔စဥ္စာေျဖသံဃာမ်ားအား တစ္ေန႔တစ္မ်ဳိး မရိုးေအာင္ ခ်က္ျပဳတ္ဆက္ကပ္ၾကျခင္း ျဖစ္ပါသည္။ အလွဴရွင္မ်ားကလည္း နယ္စံု ၿမဳိ႕စံုမွ လာေရာက္ၾကျခင္းျဖစ္ပါသည္။ မႏၲေလး ဝန္းက်င္တင္မဟုတ္ဘဲ ကခ်င္ျပည္နယ္ မိုးညႇင္း နမ့္မြန္းရြာ၊ ပဲခူးတုိင္း ႀကဳိ႕ပင္ေကာက္၊ ရန္ကုန္၊ ေမာ္လၿမဳိင္၊ ဧရာဝတီတုိင္း၊ စစ္ကိုင္းတုိင္း၊ ရွမ္းေျမာက္၊ ရွမ္းေတာင္ စံုလင္စြာ လာေရာက္လွဴဒါန္းၾကသည့္အျပင္ ျပည္တြင္းျပည္ပမွ အလွဴေငြ လွဴဒါန္းၾကသူမ်ားလည္း ရွိပါသည္။ မေကြးတုိင္း မင္းဘူးၿမဳိ႕မွလည္း စားသံုးဆီသန္႔မ်ား လိုသေလာက္ ေပးပို႔လွဴဒါန္းသည္လည္း ရွိပါသည္။ ၉၆၉ဝိုင္းေတာ္သားမ်ား၊ ေရႊသဟာ ဓမၼမိတ္ေဆြမ်ားလည္း ရက္ရွည္ေဝယ်ာဝစၥကုသိုလ္အျဖစ္ လုပ္အားဒါနျပဳၾကသည္မွာ ေပ်ာ္တၿပဳံးၿပဳံး ေမာ္မဆံုးဆိုသလိုပင္ ပီတိကုသုိလ္ ယူေနၾကေပသည္။
ယခုႏွစ္ စာေရးသူ ေရႊသဟာမွာ ေနစရာမဲ့ခဲ့ပါသည္။ မေရရာသည့္ ဘဝတစ္ခုကို အခ်ိန္ကာလႏွင့္ ရာသီဥတုၾကည့္ရႈ၍ မီးစင္ၾကည့္ကေနရ၍ တပည့္မ်ားႏွင့္ အတူမေနရေသာ္လည္း တပည့္ ဒါယကာ ဒါယိကာမမ်ားက အလွဴပ်က္မခံၾကဘဲ ဆထက္ထမ္းပိုး တုိး၍တိုး၍ပင္ ေစတနာထက္သန္ ေနၾကသည္ကို ေတြ႔ရေပသည္။ ခါတုိင္းႏွစ္မ်ား၌ အိတ္စိုက္ ဒိုင္စိုက္ အကုန္အက်ရွိခဲ့ေသာ္လည္း ယခုႏွစ္၌မူ ေန႔စဥ္အလွဴရွင္မ်ား ေပၚေပါက္လာသျဖင့္ အိတ္စိုက္စရာလည္း မလို၊ သပိတ္ႏိႈက္စရာလည္း မလိုအပ္ေတာ့ေပ။ သံဃာ့ေက်းဇူးပင္တည္း။
စာသင္သားဘဝ စာေျဖသံဃာမ်ားအား ဆြမ္းကပ္စဥ္ကလည္း သံဃာရည္မွန္း လွဴဒါန္းခဲ့ပါ သည္။ နာယကဘဝ စာေျဖသံဃာမ်ားအား ဆြမ္းကပ္သည့္အခါ၌လည္း "သံဃႆ ေဒမ" ပါပင္။ စာသင္သား အခ်င္းခ်င္းျဖစ္ေသာ္လည္း စိတ္ထားတတ္၍ ျမတ္ခဲ့ပါသည္။ နာယက စာခ်ဘဝ တပည့္ေတြကို ေကၽြးေမြးျခင္းျဖစ္ေသာ္လည္း စိတ္ထားတတ္၍ ျမတ္ခဲ့ျခင္းပင္။ သံဃာရည္မွန္း လွဴဒါန္းရျခင္း၏ အက်ဳိးေက်းဇူးမ်ား ကလည္း တစ္ပံုတစ္ပင္ႀကီးေပတည္း။ သို႔တိုင္ေစ ဤေနရာ၌ မ်ားစြာမေျပာလိုေတာ့ေပ။
စာေရးသူ အၿမဲရြတ္ဆိုပူေဇာ္ေလ့ရွိေသာ ဂါထာသံုးခု ရွိပါသည္။ သရဏဂံုသံုးပါး ဂါထာမ်ားပင္ ျဖစ္ပါသည္။ သို႔ေသာ္ မူရင္းအတုိင္း ရြတ္ဆိုျခင္းမဟုတ္ပါ။ ဟိအကၡရာ(ဟိဝိဘတ္)ကို မိအကၡရာ (မိဝိဘတ္)သုိ႔ ေျပာင္းလဲ၍ ရြတ္ဆိုခဲ့ျခင္း ျဖစ္ပါသည္။ ဖားနတ္သားေလးက တရားနာပရိတ္သတ္ကို ျမတ္စြာဘုရားေရွ႕ေတာ္ေမွာက္မွာ တုိက္တြန္းခဲ့ေသာ ဂါထာသံုးပါးကို ဝိဘတ္ေျပာင္း၍ ရြတ္ဆိုပူေဇာ္ေန သည္မွာ ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ခဲ့ေပၿပီ။ ၎အနက္ တတိယဂါထာမွာ သံဃာေတာ္ထံ ဆည္းကပ္ၾကေလာ့ဟူေသာ ဂါထာျဖစ္ပါသည္။ ၎ကို သံဃာေတာ္အား ဆည္းကပ္ပါ၏ဘုရားဟု ဝန္ခံေဆာက္တည္ျခင္း ျဖစ္ပါသည္။
ယတၱ စ ဒိႏၷမဟပၹလမာဟု၊
စတူသု သုစီသု ပုရိသယုေဂသု။
အ႒ စ ပုဂၢလာ ဓမၼဒသာ ေတ၊
သံဃမိမံ သရဏတၳ မုေပမိ။
အဓိပၸါယ္မွာ အရိယာသံဃာေတာ္သည္ ျဖဴစင္၏။ အရိယာသံဃာေတာ္သည္ တရားသိ၏။ အရိယာသံဃာေတာ္အား လွဴဒါန္းလွ်င္ အက်ဳိးႀကီး၏။ အရိယာသံဃာေတာ္အား ကိုးကြယ္ပါ၏။ ဆည္းကပ္ပါ၏။ ဟူ၍ ျဖစ္ပါသည္။
ဒိႏၷမဟပၹလ - အလွဴအက်ဳိးမ်ား၏ စကားေလးကို အၾကည္ညဳိဆံုးပင္။ စာေရးသူကပ္လွဴေသာ သံဃာသည္ စာသင္သားသံဃာမ်ား ျဖစ္ပါသည္။ သမၼဳတိသံဃာပင္ျဖစ္လင့္ကစား အရိယာသံဃာအလား ရည္မွန္းႏိုင္လွ်င္ ရည္မွန္းႏိုင္သည့္အေလ်ာက္ အက်ဳိးမ်ားပံုကို ကိုယ္ေတြ႔ခံစားခဲ့ရပါသည္။ တစ္ခုမွ် ျမြက္ဆိုျပရေသာ္ "ေရာက္ေလရာအရပ္မွာ မငတ္ပါ"ဟုသာ ေျပာဆိုရပါမည္။ စာေရးသူ အိုးဘိုမွာေနရစဥ္ မိသားစုႏွင့္ နီးေန၍ ရိကၡာျပည့္စံုသည္မွာ စာမဖြဲ႔ေလာက္ပါ။ အိုးဘိုမွ ျမစ္ဆံုေျပာင္းရသည့္အခါ မိမိကိုယ္ကိုယ္ ယံုၾကည္၍ ရိကၡာအားလံုး ထားခဲ့ပါသည္။ ျမစ္ဆံုမွာ အံ့ၾသရေလာက္ေအာင္ပင္ မိတ္ေဆြေကာင္းမ်ားႏွင့္ ေတြ႔ခဲ့ရပါသည္။ အသိမိတ္ေဆြမဟုတ္သည့္ မျမင္ဖူး မေတြ႔ဖူးခဲ့ေသာ အစိမ္းသက္သက္ မိတ္ေဆြမ်ား ဝိုင္းဝန္းေထာက္ပံ့မႈေၾကာင့္ ရွင္သီဝလိအလား ေပါမ်ားခဲ့ပါသည္။ အိုးဘိုမွာ ျပည့္စံုသည္ထက္ အဆေပါင္း ရာေထာင္မက ေပါလွ်ံေနပါသည္။ လတ္လတ္ဆတ္ဆတ္ ပူပူေႏြးေႏြး ေကာင္းေကာင္းမြန္မြန္ ျပည့္ျပည့္စံုစံု ေပါမ်ားေလာက္ေအာင္ စားေသာက္ႏိုင္ခဲ့ပါသည္။ အက်ဥ္းသားဘဝႏွင့္ပင္ မတူပါ။ ေတာရမေထရ္တစ္ပါးအလား ေပါမ်ားျခင္း ျဖစ္ပါသည္။ ရံဖန္ရံခါ ဇိမ္က်စြာ ေနခဲ့ရသည့္အခါမ်ဳိးလည္း ရွိခဲ့ပါသည္။ သံဃာ့ေက်းဇူးပင္တည္း။
ယခုအခါ မေရရာေသာဘဝမွာေနရ၍ ဆြမ္းကြမ္းခက္ခဲမည္အထင္ျဖင့္ ေတြးေတာစိတ္ေစာေနသည့္ တပည့္ ဒကာ ဒကာမမ်ားလည္း ရွိေပမည္။ ထိုသို႔မဟုတ္ပါ။ သဟာယထက္သာသည္ဟူ၍သာ ေျပာခ်င္ပါသည္။ အားလံုးက ဂရုစိုက္ၾကပါသည္။ ဘုရားတရားလုပ္၍ မရွားပါးျခင္းလည္း ျဖစ္ပါမည္။ အဓိကမွာ သံဃာ့ေက်းဇူးပင္ ျဖစ္ပါသည္။
သံဃာရည္မွန္း လွဴဒါန္းျခင္းက စည္းစိမ္ၾကြယ္ဝခ်မ္းသာရသည့္ အက်ဳိးတစ္ခုသာ ေပးစြမ္းႏိုင္သည္ မဟုတ္ပါ။ ပညာေရးလည္း ေအာင္ျမင္ေစပါသည္။ မ်ားစြာအေထာက္အကူျပဳပါသည္။ ေလာကီေလာကုတၱရာအက်ဳိး မေပးစြမ္းႏိုင္ေသာအရာ မရွိပါ။ လိုရာကိုသာ စိတ္ညြတ္တတ္ဖုိ႔ လိုပါသည္။ ဣစၧာသယ လိုတရ ၿပီးျပည့္စံုသည့္အက်ဳိးတရားကို ေပးစြမ္းႏိုင္သည္မွာ သံဃဒါနပင္ ျဖစ္ပါသည္။
ေနာင္တစ္ခ်ိန္တြင္ ေရရာေသာဘဝတစ္ခုသို႔ ေရာက္ရွိႏိုင္ေပေသးသည္။ ထိုအခါ၌လည္း စိတ္ပူစရာမလိုအပ္ပါ။ ထားစရာမရွိေလာက္ေအာင္ ေပါမ်ားျပည့္လွ်ံေပလိမ့္မည္ဟု ယုံၾကည္ထားပါသည္။ သံဃာ့ေက်းဇူးကား ဆပ္၍မကုန္ႏိုင္ပါေပ။
ဓမၼမိတ္ေဆြအားလံုး သံဃာရည္မွန္း လွဴဒါန္းႏိုင္ၾကပါေစ။
သံဃဒါနအက်ဳိးေက်းဇူးကို လက္ေတြ႔ခံစားႏိုင္ၾကပါေစ။
ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
7.3.2020
“သံဃာ့ကျေးဇူး ခံစားဖူးစေ”
စာရေးသူ မစိုးရိမ်တိုက်သစ်သို့ ရောက်ရှိသည့်အချိန်ကား ၁၃၅၃(၁၉၉၁)ခုနှစ် ဖြစ်သည်။ သိမ်ကျောင်းမှာ နေထိုင်ခွင့်ရ၏။ သိမ်ကျောင်း၌ သံဃာ ၂၃ပါး ရှိသည်။ မူလတန်းမှ စာသင်တန်း စာချတန်းအထိ အတန်းစုံ စာသင်သားများဖြစ်ကြ၏။
မစိုးရိမ်တိုက်သစ်၏မူကား ကိုယ်ထူကိုယ်ထမူ ဖြစ်၏။ ကိုယ့်ဝမ်းကိုယ်ကျောင်းရ၏။
နေစရာပေးထားသည်။ ပညာသင်ကြားပေးသည်။ ကျောင်းစည်းကမ်းများ ချမှတ်ပေးထားသည်။ ဆွမ်းကွမ်းကိစ္စကိုမူ ကိုယ့်နည်းကိုယ့်ဟန် ဖြေရှင်းရ၏။ ဘုန်းကံကြီးသူများ ဆွမ်းချိုင့်ဆွဲခွင့်ရှိသည်။ ဆွမ်းခံကြွလိုသူများ ဆွမ်းခံစားခွင့်ရှိသည်။ ဆွမ်းချိုင့်ဆွဲသူက အလွန်တရာ နည်းပါး၏။ ဆွမ်းခံကြွကြသူချည်းသာ ဖြစ်ပါသည်။ သို့ဖြစ်၍ စာသင်သံဃာများ ဝမ်းရေးဖြေရှင်းရာ၌ အချို့ လ္ဘက်ရည်ဆိုင်မှာ အရုဏ်တက်ကြရ၏။ အချို့ ဆွမ်းခံပြန်မှ မနက်စာ အဆာပြေ ဘုဉ်းပေးကြရ၏။ ပုံမှန်စာသင်ချိန်များ၌ အရေးမကြီးသော်လည်း စာမေးပွဲကာလ၌မူ ဆွမ်းခံကြွရခြင်းက ကြီးလေးသည့် တာဝန်ကြီးတစ်ရပ် ဖြစ်နေတတ်ပေသည်။ စာသာကျက်ချင်သည် ဆွမ်းခံမကြွချင် ဆိုသည့် စာသမားများ ဘဝက ဆွမ်းခံကြွရခြင်းသည် အခက်အခဲကြီးတစ်ခု ဖြစ်နေလေတော့၏။ ပို၍ဆိုးသည်မှာ စာဖြေချိန်ကာလ၌ ဆွမ်းခက်ခဲခြင်းဖြစ်၏။ လ္ဘက်ရည်ဆိုင်သွားချိန်မရှိ၍ အရုဏ်ဆွမ်းချိန်မှာ ဆွမ်းမစားရဘဲ စာကျက်နေကြ သည့် စာသင်သားများက သနားစရာ။ အစိုးရက နေ့ဆွမ်းကပ်သော်လည်း သံဃာအင်အားနှင့် ဝေယျာ ဝစ္စများ မမျှတသဖြင့် အသုတ်လိုက်ခွဲ၍ ဆွမ်းကပ်လှူကြသောကြောင့် ဆွမ်းစားဖို့ စောင့်မျှော်နေကြရ၏။ အစာမရှိ၍ စာထဲစိတ်မရောက်၊ ဆွမ်းစားချိန်မလွတ်အောင် သတိထားနေရ၍ စာကျက်လည်း မထိရောက်နှင့် မန္တလေးစာသင်သားသံဃာ များကို များစွာ စာနာမိခဲ့ပေသည်။ စာရေးသူက အစိုးရစာမေးပွဲဖြေချိန်တွင် ဝင်ရောက်မဖြေဖြစ်သေးပါ။ သကျသီဟစာသင်တန်း ဖြေရမည့်အချိန်ကလည်း ကဆုန်နယုန် ဖြစ်၍ စာမေးပွဲလည်း မနီးသေးပါ။ ထို့ကြောင့် စာသင်သားများလိုအပ်ချက်ကို စာနာမှုအပြည့်ဖြင့် ဖြည့်ဆည်းပေးခွင့် ရခဲ့ပါသည်။ မနက်အစော ဆွမ်းထချက်သည်။ ငါးပိကြော် ငရုပ်သီးကြော် မြေပဲဆံကြော် စသည့် အကြော်အလှော်များ မှာယူထားသည်။ ဘယာကြော် ဘူးသီးကြော်များ နေ့စဉ်ဝယ်သည်။ ကိုယ်တိုင်ချက် ကိုယ်တိုင်ခူးခပ်၊ ကိုယ်တိုင် နယ်ဖတ်၍ ဆွမ်းတစ်ဝိုင်း ဇလုံကြီးတစ်လုံးချ၍ ကပ်လှူလိုက်လေသည်။ အချိန်နှမြောသော စာသင်သားများ အားပါးတရ ဘုဉ်းပေးကြ၏။ ကိုရင်တွေလည်း ပါသည်။ ပဉ္စင်းငယ်တွေလည်း ပါသည်။ ပဉ္စင်းပျိုတွေလည်း ပါသည်။ စာရေးသူထက် သိက္ခာကြီးမားသည့် ထေရ်ကြီးဝါကြီးတွေလည်း ပါသည်။ အချို့ နေ့ဆွမ်းသွားမစားတော့ဘဲ အရုဏ်ဆွမ်းအဝစားကာ စာဖြေသွားကြသည်များပင် ရှိလေသည်။ စာရေးသူနှင့် ဆက်ဆံရေးအဆင်မပြေလည်သည့် စာသင်သားများပင် အားပါးတရဘုဉ်းပေးကြသည်ကို တွေ့ရပါသည်။ ယခုပြန်တွေးလျှင်ပင် ကြည်နူးမဆုံး ဖြစ်နေသေးတော့၏။ စာဂါနုဿတိဟုပင် ဆိုရမည်။
သကျသီဟစာသင်တန်းအောင်ပြီး၍ ယာနကျောင်းသို့ ပြောင်းရွှေ့နေထိုင်သည့်အခါ၌လည်း စာမေးပွဲကာလမှာ ဤကဲ့သို့ပင် ဆွမ်းကပ်လှူဒါန်းခဲ့ပါသည်။ ဘုန်းရှင်ကံရှင် စာသင်သားများက ဆန်အိတ် ဆီပုံး ဟင်းလျာနှင့် အလှူငွေများ ထည့်ဝင်ကြသောကြောင့် အရုဏ်ဆွမ်းအဖြစ် အဆာပြေကပ်လှူရုံတင် မဟုတ်တော့ဘဲ ဆွမ်းဟင်းပြည့်စုံစွာ နေ့ဆွမ်းကပ်နိုင်သည်အထိ အလှူအောင်မြင်ခဲ့ပေသည်။
၁၃၆၁(၁၉၉၉)ခုနှစ်၌ သဟာယကျောင်းနာယကဆရာတော်ဖြစ်သော်လည်း စာရေးသူမှာ ဒါယကာ ဒါယိကာမအင်အား မရှိသောကြောင့် စာမေးပွဲကာလ၌ တပည့်သံဃာများအား စာသင်သားဘဝမှစ၍ အနှစ်နှစ် အလလ မရောင်းရက်ဘဲ စုဆောင်းထားသည့် သင်္ကန်း (၃၇)စုံ ရောင်းချ၍ တပည့်များအား ဆွမ်းကျွေးခဲ့ခြင်းဖြစ်လေသည်။ မနက်အစော အဆာပြေ အရုဏ်ဆွမ်းအပြင် နေ့ဆွမ်းကို ဆွမ်းဟင်း ပြည့်စုံစွာ ကပ်လှူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
၂၀၀၃ ခုနှစ် အိုးဘိုတောရမှာ ဝါဆိုရသောအခါ စာဖြေသံဃာများ ဆွမ်းကိစ္စအတွက် လုပ်ပေးချင်သော်လည်း လုံးဝ မတတ်နိုင်ခဲ့ပါ။ စာရေးသူပိုင်ဆိုင်မှုများ သိမ်းဆည်းခံရခြင်း၊ ငွေကြွေးအလွဲသုံးစား အလုပ်ခံရခြင်းကြောင့် မျက်စိမှိတ်၍သာ နေလိုက်ရလေတော့၏။
၂၀၁၂ ခုနှစ် မြစ်ဆုံတောရမှ ပြန်ကြွလာသည့်အခါ မစိုးရိမ်တိုက်သစ် ခေတ်မီတိုးတက်လာသည်ကို တွေ့ရပေသည်။ ၎င်းအနက် ထူးခြားသည့် လုပ်ငန်းစဉ်တစ်ရပ်မှာ စာဖြေသံဃာအားလုံးကို ဆွမ်းကျွေးသည့်လုပ်ငန်းပင် ဖြစ်လေသည်။ အတိုင်းမသိ ဝမ်းသာမိ၏။ အတန်းငယ်ရော အတန်းကြီးပါ သံဃာကုန် ရက်ရှည်ဆွမ်းကျွေးခြင်းဖြစ်၏။ ထိုအစီအစဉ်ကို မည်သူက ဦးဆောင်သည် မည်သည့်နှစ်မှ စတင်သည် မသိရသော်လည်း မဟာအောင်မြေ ကျောက်ဝိုင်းမိသားစုက ပဒေသာပင် စိုက်ထူလှူဒါန်းကာ နှစ်စဉ်နှစ်တိုင်း လုပ်အားဒါနပါမကျန် သာဟတ္ထိကဒါနမြောက် ဆက်ကပ်လှူဒါန်းနေသည်ကို တွေ့ရှိရပေသည်။
ဤသို့ဖြင့် နေ့ဆွမ်းအတွက် စိတ်အေးရပြီဖြစ်သော်လည်း အရုဏ်ဆွမ်းအတွက်မူ အနည်းငယ်မျှ ပူပင်နေရသည့် စာသင်သားများ ရှိပေသည်။ အထူးသဖြင့် စာဆိုမှစာ ဆိုသည့် စာသမားသံဃာများ လ္ဘက်ရည်ဆိုင်သွားချိန် မပေးနိုင်ပါ။ ၎င်းတို့အတွက် စာရေးသူကပင် တာဝန်ယူ ဖြေရှင်းလိုက်ပါသည်။ အရုဏ်ဆွမ်းရှိသည့် ကျောင်းဆောင်အချို့မှတစ်ပါး အခြားကျောင်းဆောင်များရှိ စာသင်သားများကို စာရင်းကောက်ယူကာ နေ့စဉ် လ္ဘက်ရည် မုန့်တီ မုန့်ဟင်းငါး ဆန္ဒရှိရာကို အော်ဒါမှာပေးထားပါသည်။ ကျောင်းဆောင်အလိုက် စာရင်းဇယားနှင့် လာပို့ကြသည်များကို အသင့်ဘုဉ်းပေးရ၍ အရုဏ်ဆွမ်းအတွက် လည်း အဆင်ပြေကြပေသည်။
နှစ်စဉ်နှစ်တိုင်း စာဖြေသံဃာအရုဏ်ဆွမ်းအတွက် သိန်းသုံးလေးဆယ် အကုန်အကျခံ လှူဒါန်းနိုင်ခဲ့သော်လည်း စာရေးသူ၏အလှူ လူမမြင် ဖြစ်ခဲ့ရပါသည်။ မှတ်တမ်းလည်း မကျန်ခဲ့ပါ။ တပည့် ဒါယကာ ဒါယိကာမများလည်း ကုသိုလ်ပွားခွင့် မရလိုက်ပါ။ မှတ်တမ်းမတင် လူမမြင်သော်လည်း ဝမ်းရေးအတွက် စိတ်အေးရလျှင် ကျေနပ်ပြီဟု မိမိကိုယ်ကိုယ် ဖြေသိမ့်ခဲ့သော်လည်း အဆင်မပြေမှုများကို တွေ့လာခဲ့ရပြန်ပါသည်။ ၎င်းကား စာဖြေသံဃာခွဲတမ်းကို စာမဖြေရသေးသူများက စားပစ်ခြင်းမျိုး ကြုံရခြင်း၊ အချို့စာသင်သားများက အာဟာရမလိုချင် ငွေကြေးသာလိုချင်သည်ဟု ဆန္ဒပြုလာခြင်းမျိုး ကြုံရခြင်းတို့ကြောင့် သဟာယကျောင်းရှေ့ ဆွမ်းကပ်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ရပါတော့၏။ ပိုမိုကောင်းမွန်အောင် ကပ်လှူနိုင်ခြင်း၊ မှတ်တမ်းတင်နိုင်ခြင်း၊ မုဒိတာပွားခွင့်ရခြင်း၊ အလှူရှင်များ ပေါ်ပေါက်လာခြင်းတို့က သံဃာပေးသည့် ဆုလာဘ်များပင် ဖြစ်ပေသည်။
နှစ်စဉ်နှစ်တိုင်း စာဖြေသံဃာအရုဏ်ဆွမ်းအဖြစ် သဟာယကျောင်းရှေ့မှာ ခုံခင်းဆက်ကပ်ခဲ့ရာ ယခုနှစ်ဆိုလျှင် ()ကြိမ်မြောက်ရှိပါပြီး။ စာမဖြေရသေးသည့် သံဃာများ၊ စာမေးပွဲနားရက်ဖြစ်၍ စာမဖြေရသော သံဃာများမှတစ်ပါး နေ့စဉ်စာဖြေသံဃာများအား တစ်နေ့တစ်မျိုး မရိုးအောင် ချက်ပြုတ်ဆက်ကပ်ကြခြင်း ဖြစ်ပါသည်။ အလှူရှင်များကလည်း နယ်စုံ မြို့စုံမှ လာရောက်ကြခြင်းဖြစ်ပါသည်။ မန္တလေး ဝန်းကျင်တင်မဟုတ်ဘဲ ကချင်ပြည်နယ် မိုးညှင်း နမ့်မွန်းရွာ၊ ပဲခူးတိုင်း ကြို့ပင်ကောက်၊ ရန်ကုန်၊ မော်လမြိုင်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်၊ ရှမ်းတောင် စုံလင်စွာ လာရောက်လှူဒါန်းကြသည့်အပြင် ပြည်တွင်းပြည်ပမှ အလှူငွေ လှူဒါန်းကြသူများလည်း ရှိပါသည်။ မကွေးတိုင်း မင်းဘူးမြို့မှလည်း စားသုံးဆီသန့်များ လိုသလောက် ပေးပို့လှူဒါန်းသည်လည်း ရှိပါသည်။ ၉၆၉ဝိုင်းတော်သားများ၊ ရွှေသဟာ ဓမ္မမိတ်ဆွေများလည်း ရက်ရှည်ဝေယျာဝစ္စကုသိုလ်အဖြစ် လုပ်အားဒါနပြုကြသည်မှာ ပျော်တပြုံးပြုံး မော်မဆုံးဆိုသလိုပင် ပီတိကုသိုလ် ယူနေကြပေသည်။
ယခုနှစ် စာရေးသူ ရွှေသဟာမှာ နေစရာမဲ့ခဲ့ပါသည်။ မရေရာသည့် ဘဝတစ်ခုကို အချိန်ကာလနှင့် ရာသီဥတုကြည့်ရှု၍ မီးစင်ကြည့်ကနေရ၍ တပည့်များနှင့် အတူမနေရသော်လည်း တပည့် ဒါယကာ ဒါယိကာမများက အလှူပျက်မခံကြဘဲ ဆထက်ထမ်းပိုး တိုး၍တိုး၍ပင် စေတနာထက်သန် နေကြသည်ကို တွေ့ရပေသည်။ ခါတိုင်းနှစ်များ၌ အိတ်စိုက် ဒိုင်စိုက် အကုန်အကျရှိခဲ့သော်လည်း ယခုနှစ်၌မူ နေ့စဉ်အလှူရှင်များ ပေါ်ပေါက်လာသဖြင့် အိတ်စိုက်စရာလည်း မလို၊ သပိတ်နှိုက်စရာလည်း မလိုအပ်တော့ပေ။ သံဃာ့ကျေးဇူးပင်တည်း။
စာသင်သားဘဝ စာဖြေသံဃာများအား ဆွမ်းကပ်စဉ်ကလည်း သံဃာရည်မှန်း လှူဒါန်းခဲ့ပါ သည်။ နာယကဘဝ စာဖြေသံဃာများအား ဆွမ်းကပ်သည့်အခါ၌လည်း "သံဃဿ ဒေမ" ပါပင်။ စာသင်သား အချင်းချင်းဖြစ်သော်လည်း စိတ်ထားတတ်၍ မြတ်ခဲ့ပါသည်။ နာယက စာချဘဝ တပည့်တွေကို ကျွေးမွေးခြင်းဖြစ်သော်လည်း စိတ်ထားတတ်၍ မြတ်ခဲ့ခြင်းပင်။ သံဃာရည်မှန်း လှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများ ကလည်း တစ်ပုံတစ်ပင်ကြီးပေတည်း။ သို့တိုင်စေ ဤနေရာ၌ များစွာမပြောလိုတော့ပေ။
စာရေးသူ အမြဲရွတ်ဆိုပူဇော်လေ့ရှိသော ဂါထာသုံးခု ရှိပါသည်။ သရဏဂုံသုံးပါး ဂါထာများပင် ဖြစ်ပါသည်။ သို့သော် မူရင်းအတိုင်း ရွတ်ဆိုခြင်းမဟုတ်ပါ။ ဟိအက္ခရာ(ဟိဝိဘတ်)ကို မိအက္ခရာ (မိဝိဘတ်)သို့ ပြောင်းလဲ၍ ရွတ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ဖားနတ်သားလေးက တရားနာပရိတ်သတ်ကို မြတ်စွာဘုရားရှေ့တော်မှောက်မှာ တိုက်တွန်းခဲ့သော ဂါထာသုံးပါးကို ဝိဘတ်ပြောင်း၍ ရွတ်ဆိုပူဇော်နေ သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့ပေပြီ။ ၎င်းအနက် တတိယဂါထာမှာ သံဃာတော်ထံ ဆည်းကပ်ကြလော့ဟူသော ဂါထာဖြစ်ပါသည်။ ၎င်းကို သံဃာတော်အား ဆည်းကပ်ပါ၏ဘုရားဟု ဝန်ခံဆောက်တည်ခြင်း ဖြစ်ပါသည်။
ယတ္တ စ ဒိန္နမဟပ္ဖလမာဟု၊
စတူသု သုစီသု ပုရိသယုဂေသု။
အဋ္ဌ စ ပုဂ္ဂလာ ဓမ္မဒသာ တေ၊
သံဃမိမံ သရဏတ္ထ မုပေမိ။
အဓိပ္ပါယ်မှာ အရိယာသံဃာတော်သည် ဖြူစင်၏။ အရိယာသံဃာတော်သည် တရားသိ၏။ အရိယာသံဃာတော်အား လှူဒါန်းလျှင် အကျိုးကြီး၏။ အရိယာသံဃာတော်အား ကိုးကွယ်ပါ၏။ ဆည်းကပ်ပါ၏။ ဟူ၍ ဖြစ်ပါသည်။
ဒိန္နမဟပ္ဖလ - အလှူအကျိုးများ၏ စကားလေးကို အကြည်ညိုဆုံးပင်။ စာရေးသူကပ်လှူသော သံဃာသည် စာသင်သားသံဃာများ ဖြစ်ပါသည်။ သမ္မုတိသံဃာပင်ဖြစ်လင့်ကစား အရိယာသံဃာအလား ရည်မှန်းနိုင်လျှင် ရည်မှန်းနိုင်သည့်အလျောက် အကျိုးများပုံကို ကိုယ်တွေ့ခံစားခဲ့ရပါသည်။ တစ်ခုမျှ မြွက်ဆိုပြရသော် "ရောက်လေရာအရပ်မှာ မငတ်ပါ"ဟုသာ ပြောဆိုရပါမည်။ စာရေးသူ အိုးဘိုမှာနေရစဉ် မိသားစုနှင့် နီးနေ၍ ရိက္ခာပြည့်စုံသည်မှာ စာမဖွဲ့လောက်ပါ။ အိုးဘိုမှ မြစ်ဆုံပြောင်းရသည့်အခါ မိမိကိုယ်ကိုယ် ယုံကြည်၍ ရိက္ခာအားလုံး ထားခဲ့ပါသည်။ မြစ်ဆုံမှာ အံ့သြရလောက်အောင်ပင် မိတ်ဆွေကောင်းများနှင့် တွေ့ခဲ့ရပါသည်။ အသိမိတ်ဆွေမဟုတ်သည့် မမြင်ဖူး မတွေ့ဖူးခဲ့သော အစိမ်းသက်သက် မိတ်ဆွေများ ဝိုင်းဝန်းထောက်ပံ့မှုကြောင့် ရှင်သီဝလိအလား ပေါများခဲ့ပါသည်။ အိုးဘိုမှာ ပြည့်စုံသည်ထက် အဆပေါင်း ရာထောင်မက ပေါလျှံနေပါသည်။ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ ပေါများလောက်အောင် စားသောက်နိုင်ခဲ့ပါသည်။ အကျဉ်းသားဘဝနှင့်ပင် မတူပါ။ တောရမထေရ်တစ်ပါးအလား ပေါများခြင်း ဖြစ်ပါသည်။ ရံဖန်ရံခါ ဇိမ်ကျစွာ နေခဲ့ရသည့်အခါမျိုးလည်း ရှိခဲ့ပါသည်။ သံဃာ့ကျေးဇူးပင်တည်း။
ယခုအခါ မရေရာသောဘဝမှာနေရ၍ ဆွမ်းကွမ်းခက်ခဲမည်အထင်ဖြင့် တွေးတောစိတ်စောနေသည့် တပည့် ဒကာ ဒကာမများလည်း ရှိပေမည်။ ထိုသို့မဟုတ်ပါ။ သဟာယထက်သာသည်ဟူ၍သာ ပြောချင်ပါသည်။ အားလုံးက ဂရုစိုက်ကြပါသည်။ ဘုရားတရားလုပ်၍ မရှားပါးခြင်းလည်း ဖြစ်ပါမည်။ အဓိကမှာ သံဃာ့ကျေးဇူးပင် ဖြစ်ပါသည်။
သံဃာရည်မှန်း လှူဒါန်းခြင်းက စည်းစိမ်ကြွယ်ဝချမ်းသာရသည့် အကျိုးတစ်ခုသာ ပေးစွမ်းနိုင်သည် မဟုတ်ပါ။ ပညာရေးလည်း အောင်မြင်စေပါသည်။ များစွာအထောက်အကူပြုပါသည်။ လောကီလောကုတ္တရာအကျိုး မပေးစွမ်းနိုင်သောအရာ မရှိပါ။ လိုရာကိုသာ စိတ်ညွတ်တတ်ဖို့ လိုပါသည်။ ဣစ္ဆာသယ လိုတရ ပြီးပြည့်စုံသည့်အကျိုးတရားကို ပေးစွမ်းနိုင်သည်မှာ သံဃဒါနပင် ဖြစ်ပါသည်။
နောင်တစ်ချိန်တွင် ရေရာသောဘဝတစ်ခုသို့ ရောက်ရှိနိုင်ပေသေးသည်။ ထိုအခါ၌လည်း စိတ်ပူစရာမလိုအပ်ပါ။ ထားစရာမရှိလောက်အောင် ပေါများပြည့်လျှံပေလိမ့်မည်ဟု ယုံကြည်ထားပါသည်။ သံဃာ့ကျေးဇူးကား ဆပ်၍မကုန်နိုင်ပါပေ။
ဓမ္မမိတ်ဆွေအားလုံး သံဃာရည်မှန်း လှူဒါန်းနိုင်ကြပါစေ။
သံဃဒါနအကျိုးကျေးဇူးကို လက်တွေ့ခံစားနိုင်ကြပါစေ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
7.3.2020