သတင်း
“ဟင်းရွက်စုဆရာတော်ကြီးမွေးနေ့ပွဲ”
====================
1.4.2018 မနက် (၉း၀၀)နာရီ၊ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဟင်းရွက်စုရွာမှာ ကျင်းပပါတယ်။ ဟင်းရွက်စုဆရာတော်ကြီး သက်တော်(၈၀)ပြည့်မွေးနေ့ပါ။
ဟင်းရွက်စုဆရာတော်ကြီး ဘဒ္ဒန္တသောဘိတမထေရ်ကြီးက မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးများရဲ့ တပည့်ကြီးဖြစ်ပါတယ်။ လက်ရှိ မစိုးရိမ်တိုက်သစ်၊ ဓမ္မပါလကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မသီလိတာဘိဝံသ မထေရ်က ဟင်းရွက်စုဆရာတော်ကြီးရဲ့ တပည့်ရင်းဖြစ်ပါတယ်။
ဟင်းရွက်စုရွာမှာ နှစ်စဉ်နှစ်တိုင်း ပဋ္ဌာန်းပွဲကျင်းပတဲ့အခါ မစိုးရိမ်တိုက်သစ်နာယကများ နာယကလောင်းများ စာချ စာသင် သံဃာတော်များကို ပင့်ဖိတ်လေ့ရှိပါတယ်။ စာရေးသူလည်း ဟင်းရွက်စုရွာသို့ အကြိမ်ကြိမ်အခါခါ ရောက်ရှိခဲ့ဖူးပါတယ်။
မဲဇာလွန်တောရမှအပြန် တစ်ခါမှ မရောက်ဖြစ်တာနဲ့ ဆရာတော်ကြီးမွေးနေ့ပွဲကို အားခဲပြီး သွားလိုက်ပါတယ်။ ဆရာတော်ကြီးအား စာစောင်များ စာအုပ်များ လှူဒါန်းခဲ့ပါတယ်။ ဟင်းရွက်စုရွာဆိုတာ ဧရာဝတီမြစ်အနောက်ဖက်မှာ ရှိပါတယ်။ စက်လှေနဲ့သွားရပါတယ်။
ဟိုဘက်ကမ်းရောက်တဲ့အခါ သုံးဘီဆိုင်ကယ်စီးရပါတယ်။ အခမ်းအနားအပြီး ပြန်လာခဲ့ပါတယ်။ ဟင်းရွက်စုဆရာတော်ကြီး သက်ရှည် ကျန်းမာ ဘေးရန်ကွာ၍ သာသနာအကျိုး ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေဘုရား…။