မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ ခရေမြိုင်ကျေးရွာသို့ ရောက်ပါတယ်။ ခရေမြိုင်ဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တောင်ပိုင်းမှ နတလ(တိုင်းရင်းသား)ရွာလေးပါ။
၂၀၀၇ ခုနှစ်မှာ တည်ထောင်တာပါ။ တည်ထောင်ကာစမှာ ၁၀၇ အိမ်ရှိပါတယ်။ ဌာနေရခိုင်တိုင်းရင်းသားများ၊ ရန်ကုန်မှရောက်လာသော ဗမာများ၊ ဘင်္ဂလားမှရောက်လာသော ပြည်တော်ပြန် ဆွေမျိုးများနှင့်ရခိုင်များ စုံလင်ပါတယ်။ လောလောဆယ် အစိုးရက ဆောက်ပေးထားတဲ့ အိမ်ပေါင်း ၂၁၄ အိမ်ရှိပါတယ်။ ၈ အိမ်က အိမ်အလွတ်ပါ။ အိမ်ထောင်စုပေါင်း ၂၀၆ စုပဲ ရှိပါတယ်။
၂၀၀၇ ခုနှစ် စတင်တည်ထောင်စဉ်က ဗမာအိမ်ကများပေမယ့် ရန်ကုန်ပြန်ပြေးကြတာကြောင့် ဗမာ ၃ အိမ်ပဲ ကျန်ပါတော့တယ်။ ဗမာသုံးအိမ်က အင်းစိန်သူ အင်းစိန်သားများဖြစ်ပြီး ရခိုင်မှာနေတာ ဆယ်နှစ်ကျော်ပြီလို့ ဆိုပါတယ်။ တစ်အိမ်ထောင်လျှင် လယ်သုံးဧကစီ ပေးပေမယ့် စာရင်းသာရှိပြီး လယ်က လက်ထဲရောက်မလာပါဘူး။ အခုချိန်ထိ ကိုယ့်လယ်က ဘယ်နေရာမှန်းမသိလို့ မစိုက်ပျိုးဘဲ နေကြရတဲ့ မိသားစုက များပါတယ်။
စိုက်ပျိုးလို့ရတဲ့ လယ်မြေတွေကလည်း အန္တရာယ်များပြားပါတယ်။ စပါးစိုက်ထားရင် ဘင်္ဂလီတွေက စပါးတွေလာရိတ်ပြီး နွားကျွေးပစ်ပါတယ်။ လူကိုယ်တိုင်လာမရိတ်ဘဲ စိုက်ခင်းထဲ နွားတွေလွှတ်ပြီး နွားကျွေးပစ်ပါတယ်။ လယ်တွေကို မြေသြဇာကျွေးထားရင် မြေသြဇာတွေ ရေထဲမျောသွားအောင် ရေမြောင်းတွေဖောက်ချပစ်ပါတယ်။
စိုက်ခင်းတွေကို လယ်ထွန်စက်နဲ့ကြိတ်ပြီး ဖျက်ဆီးတာမျိုးလည်း လုပ်ကြပါတယ်။ ဖျက်ဆီးပစ်တဲ့ ကုလားတွေက ဒူချီးယားတန်းကျေးရွာက ဘင်္ဂလီတွေပါ။ ဒူချီးယားတန်းဆိုတာ ၂၀၁၄ ခုနှစ်က ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို သတ်ဖြတ်ပြီး တစ်စီအမဲဖြတ်ကာ အလောင်းဖျောက်ဖျက်ပစ်ကြတဲ့ ဘင်္ဂလီရွာကြီးပါ။
၂၀၁၂ ခုနှစ် ဇွန်လ ရှစ်ရက်နေ့ မောင်တောအကြမ်းဖက်ဘေးကြီး ဖြစ်ပွားပြီးတဲ့နောက်ပိုင်း အခုအချိန်ထိ ဒူချီးယားတန်းကျေးရွာမှ ဘင်္ဂလီများက တိုင်းရင်းသားလယ်များကို ဖျက်ဆီးနေကြဆဲပါပဲ။ ကြုံရာကျပန်း လုပ်ကိုင်စားသောက်ရင်း ချို့ချို့ငဲ့ငဲ့နဲ့ ရပ်တည်နေရတဲ့ တိုင်းရင်းသားတွေပါ။ မူလရွာတည်သူများလည်း အထောက်အပံ့မရ၊ ဘင်္ဂလာပြန်များလည်း အထောက်အပံ့မရလို့ အမှီအခိုကင်းမဲ့ နေသူတွေဖြစ်ပါတယ်။
တစ်ရွာလုံးနီးပါး ကိုယ့်လယ်ကလည်း ဘယ်ကနေရာမှာရှိမှန်းမသိ။ တောင်ယာသွားလုပ်တော့လည်း သစ်တောက တားဆီးကြတာကြောင့် မြို့ထဲသွားပြီး ရခိုင်တိုင်းရင်းသားအချင်းချင်းထံပဲ စာရင်းငှားလုပ်ကြရပါ တယ်။ ခရေမြိုင်ကျေးရွာက အိမ်ခြေများသလို လိုအပ်ချက်လည်း များပါတယ်။ အိမ်ကတွေယိုင်၊ မိုးကမလုံ၊ ထရံတွေကပျက်စီးနေလို့ အိမ်တွေပြင်ပေးဖို့ တောင်းဆိုနေကြပါတယ်။ စားရေး ဝတ်ရေးအဆင်မပြေတဲ့အပြင် နေထိုင်စရာကလည်း အခက်အခဲဖြစ်နေတာကြောင့် အင်မတန်ငြိုငြင် ပင်ပန်းနေကြရပါတယ်။
လျှပ်စစ်မီးမရလို့ မီးစက်ချပေးထားပေမယ့် မီးစက်ကပျက် ဆီဖိုးလည်း မတတ်နိုင်လို့ တစ်ရွာလုံး အမှောင်ကျနေတဲ့ ရွာလေးပါ။
ဘုန်းကြီးကျောင်းသွားတဲ့လမ်းကလည်း မိုးတွင်းဆို ဗွက်ပေါက်နေလို့ ဘယ်လိုမှ သွားမဖြစ်ပါဘူး။ အစိုးရကလည်း တိုင်းရင်းသားတွေအတွက်ဆို ဘတ်ဂျက်အမြဲပြတ်နေတတ်ပြီး သူ့အမျိုးတွေအတွက်ကျ အတော်စေတနာကောင်းသူဖြစ်လေတော့ ရခိုင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို အစိုးရတစ်သက် မျှော်လင့်လို့ မရနိုင်တော့ဘူးလို့ စိတ်မသက်မသာနဲ့ပဲ အားပေးခဲ့ရပါတယ်။ ကိုယ့်လက်ကိုယ် သတ်သတ်မှတ်မှတ် စိုက်ပျိုးနိုင်အောင် အလိုတော်ပြည့်ဆရာတော် ဦးမဏိက မြေစာရင်းနှင့် ပူးပေါင်းလုပ်ဆောင်ပေးဖို့ တာဝန်ယူသွားပါတယ်။
ရန်ကုန်တိုင်း မဘသမှ ဆရာတော်ဦးကလျာဏက သရဏဂုံသုံးပါး တရားတော်များ ဟောကြားအားပေးတော်မူ ပါတယ်။
ခရေမြိုင်ရွာက အမျိုးတွေရဲ့ လိုအပ်ချက်ဘယ်သူဖြည့်ဆည်းပေးနိုင်မလဲ? ခရေမြိုင်ရွာကြီး ဘယ်လောက်အထိ ကြံ့ကြံ့ခိုင်နိုင်မလဲ? မတွေးဝံ့စရာပါပဲ။