မေလ ၄ ရက်နေ့ မနက်ခင်းမှာပဲ ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်မှာ လှူဒါန်းပြီးတော့ လောင်းဒုံရွာသို့ ရောက်ရှိကြပါတယ်။ လောင်းဒုံရွာမှာ အိမ်ခြေ ၉၆ အိမ်လူဦးရေ ၄၃၂ ဦးရှိပါတယ်။ လောင်းဒုံရွာဟာ နတလ(တိုင်းရင်းသား)ရွာဖြစ်ပြီး အစိုးရဆောက်ပေးထားတာ အိမ်ခြေ ၁၀၅ ခုရှိပေမယ့် အိမ်ထောင်စု ၉၆ ခုသာ ကျန်တော့တာပါ။
ရွာတည်စတုန်းက ၃၃ အိမ်နဲ့ စတည်ခဲ့ပြီး၊ တစ်အိမ်လျှင် လယ်နှစ်ဧကစီ ရရှိခဲ့ပေမယ့် အခုအခါမှာတော့ ဘင်္ဂလီတွေနှောက်ယှက်တာခံရလို့ လယ်ပိုင်ပြီး လယ်မကိုင်ရတဲ့ ဘ၀မျိုးရောက်ရှိကာ ငုတ်တုတ်ထိုင် လက်မှိုင်ချနေကြရတော့တာပါ။ အရင်တုန်းက ဘင်္ဂလီရွာဘေးက ရခိုင်လယ်တွေမှာ ဘင်္ဂလီအလုပ်သမားတွေငှားပြီး စိုက်ပျိုးကြပါတယ်။ ထိုက်သလောက်အလုပ်ဖြစ်ပေမယ့် အခုအခါမှာတော့ ဘင်္ဂလီအလုပ်သမားတွေကို လုံးဝငှားလို့မရတော့ပါဘူး။ ဒါကြောင့်လည်း လယ်ပိုင်ပေမယ့် လယ်မကိုင်ရတော့ပါဘူး။
အဲဒီလယ်တွေမှာ စိုက်ပျိုးနိုင်ဖို့အတွက် လုံခြုံရေးတပ်တွေ ချပေးထားရင်တောင် သီနှံထွက်မှာမဟုတ်ပါဘူးတဲ့။ သီးနှံပေါ်ချိန်ဆို ရာချီထောင်ချီရှိတဲ့ နွားအုပ်ကြီးတွေ လယ်ထဲမောင်းသွင်းပစ်ကြလို့ပါတဲ့။ ညအချိန်မှာလည်း လူအင်အားအလုံးအရင်းနဲ့ ခိုးရိတ်သွားကြလို့ပါတဲ့။
လောင်းဒုံအုပ်စုမှာပဲ မရမ္မာကြီးလူမျိုးတွေနေထိုင်တဲ့ရွာလေးတစ်ရွာရှိပါတယ်။ ရွာအမည်က မော်ကီတောင် ပါ။ အိမ်ခြေ ၁၅ အိမ်ပဲရှိပါတယ်။ ဘင်္ဂလီရွာကြီးတွေကြား ညပ်နေတဲ့ရွာလေးပါ။ သူတို့တတွေ တွေ့ကြုံနေရတာက ဘဝလုံခြုံရေးအန္တရာယ်ပါ။ ကျောင်းသူ ကျောင်းသားတွေ ကျောင်းသွားရင် ဘင်္ဂလီရွာတွေထဲဖြတ်သွားရလို့ စိတ်ပူရ။ မိန်းကလေးတွေ အဓမ္မအကျင့်ခံရမှာကို တွေးပူရ။ တစ်ရွာလုံးလည်း ရွာထဲမှာ မအိပ်ရဲလို့ ကြိမ်ချောင်းရွာဘုန်းကြီးကျောင်းကိုသွားအိပ်ရနဲ့ အတော်ကြီးကို ဒုက္ခရောက်နေရတဲ့ ရွာကလေးပါ။
ကိုယ့်မြေကိုယ့်ရေမှာပဲ မျက်စိသူငယ် နားသူငယ်နဲ့ မျက်နှာငယ်နေရတဲ့ တိုင်းရင်းသူတွေရဲ့ ဘဝပါ။ လောင်းဒုံရွာမှာ အိမ်အလွတ် ၉ လုံးရှိတယ်။ အိမ်ဆောက်မယ်ဆို ဆောက်စရာမြေလည်းရှိတယ်။ ဒါကြောင့် တစ်ရွာလုံး ပြောင်းလာချင်နေကြတာပါ။
ဒါပေမဲ့ အစိုးရက ပြောင်းခွင့်မပြုတော့ အခက်တွေ့နေပါတယ်။
လုံခြုံရေးလည်း ချမပေး၊ ပြောင်းရွှေ့ခွင့်လည်း မပေးဆိုတော့ ကုလားလာသတ်ရင် လည်စင်းခံလိုက်ရုံသာ ရှိတော့မပေါ့။
ဒါဆို တစ်အိမ်ချင်းပြောင်းလာပါ။ မိန်းကလေးရှိတဲ့အိမ်တွေ ကျောင်းသူ ကျောင်းသားရှိတဲ့အိမ်တွေ အရင်ပြောင်းလာပါ။ နောက်မှ ကျန်အိမ်တွေ ပြောင်းလာပါလို့ အကြံပြုလိုက်ရပါတယ်။
လောင်းဒုံအုပ်စုထဲက ဂြစ်ချောင်းရွာက မြိုတိုင်းရင်းသားကျေးရွာပါ။ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြတဲ့ ဌာနေတိုင်းရင်းသားတွေဖြစ်ပြီး အိမ်ခြေ ၄၃ ခုရှိပါတယ်။ ၂၀၁၂ ခု မောင်းတော အရေးအခင်းနှင့် ၂၀၁၆ ကျီးကန်းပြင် အရေးအခင်းတို့ကြောင့် ဘဝရပ်တည်မှု ခက်ခဲခဲ့ရပုံတွေကို မြိုတိုင်းရင်းသားတစ်ဦးက လျှောက်ထားလာပါတယ်။
လောင်းဒုံ၊ ဖော်ကီတောင်၊ ဂြစ်ချောင်း သုံးရွာလုံးဟာ မိသားစုတွေလို ချစ်ခင်စည်းလုံးကြတာကိုတွေ့ရပါတယ်။ သူတို့အားလုံးအတွက် ရေတို၊ ရေရှည်စီမံကိန်းတွေကို ရှင်းပြပြီး နှစ်သိမ့်ပေးခဲ့ပါတယ်။ လောင်းဒုံ အိမ်ခြေ ၉၆ ခုမှာ ၆၂ အိမ်က ဘင်္ဂလားဒေ့ရှ်မှ ပြန်လာခဲ့ရသည့် ပြည်တော်ပြန်ဆွေမျိုးများဖြစ်ပြီး အစိုးရနှင့် WFP ထောက်ပံ့မှုနှင့် ရပ်တည်နေကြရတာပါ။ လယ်မရှိ ယာမရှိ လယ်မဲ့ယာမဲ့တွေပဲဖြစ်ပါတယ်။
၂၀၀၆ ခုနှစ် နတလရွာတည်စဉ်က အိမ်ခြေ ၆၀ ဟာ ရန်ကုန်သူ ရန်ကုန်သားတွေပါ။ အခုတော့ အိမ်ခြေ ၂၀ပဲ ရှိပါတော့တယ်။
လက်ကြောတင်းတင်းလုပ်ကိုင်စားသောက်သူများဖြစ်တဲ့အပြင် အရေးအခင်းဖြစ်တာတောင် ပြန်မပြေးဘဲ အန္တရာယ်ကြားမှာ ဆက်လက်ရပ်တည်နေသူများ ဖြစ်ပါတယ်။
သူတို့ကျတော့ လယ်တွေလည်း ပစ်ထားရ။ အခြားထောက်ပံ့မှုတွေလည်း မရဘဲ ဆင်းရဲချို့တဲ့နေကြရပါတယ်။ အခြားအဖွဲ့အစည်းတွေက သူတို့ကို မထောက်ပံ့လို့ တင်ပြနေကြတာပါ။ အထောက်အပံ့ မရတဲ့ ၃၅ အိမ်အတွက် အစီစဉ်တစ်ခု ရေးဆွဲခဲ့ရပါတယ်။ မိသားစုရွာလိုဖြစ်နေတဲ့ ရွာပေါင်းသုံးရွာအတွက် သာရေးနာရေး အစည်းအဝေး အခမ်းအနားတွေ ကျင်းပဖို့ ဓမ္မာရုံတစ်ခုတောင်းဆိုလာပါတယ်။
အကျယ်ပေ၄၀×ပေ၃၀အမြင့် ၁၀ ပေ ဘုရားဆောင်ပါ ဓမ္မာရုံဆောက်ပေးမည့်အကြောင်း တွက်ချက်ရင်း ကတိပေးခဲ့ပါတယ်။
စာရေးသူတို့အဖွဲ့က လုပ်ပိုင်ခွင့်မရှိဘဲ လှူပိုင်ခွင့်ပဲရှိတဲ့အဖွဲ့ဖြစ်လို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ထောက်ပံ့လှူဒါန်းနေမည့်အကြောင်းပြောကာ ကူညီမစမည့်သူပေါများအောင် သတိရတိုင်း နမောတဿ ရွတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျောင်းထိုင်ဦးဇင်းကြီးအား စာရေးသူက ငွေတစ်သိန်းကျပ် လှူခဲ့ပါတယ်။
အားလုံးအတွက် တစ်အိမ်ထောင်လျှင် ဆန်တစ်အိပ်စီနှင့် ငါးခြောက်တစ်ပိဿာခွဲစီ လှူဒါန်းခဲ့ပါတယ်။ အမျိုးသမီးကြီးတစ်ဦး ကျန်းမာရေးမကောင်းလို့ ငွေသုံးသောင်းကျပ် ထောက်ပံ့ခဲ့ပါတယ်။ အဲဒီနောက် ကလေးတွေကို မုန့်ဝေပေးကြပါတယ်။ ရန်ကုန်၊ တာမွေမြို့နယ်၊ မိုင်ကိတ်မိသားစု လှူလိုက်တဲ့ မုန့်ကျွတ်၊ သကြားလုံးနှင့်၊ အအေးဘူးတွေ ဝေပေးရတာ ပျော်စရာအတော်ကောင်းပါတယ်။
ကလေးတွေကို လှူပေမယ့် လူကြီးတွေပါ တန်းစီပြီး ဝင်တိုးနေလို့ တဝါးဝါး တဟားဟားနဲ့ ပွဲကျကုန်ပါတော့တယ်။ ဆန်နဲ့ ငါးခြောက်ကတော့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်မိသားစုရဲ့ အလှူဒါနပါ။