မေလ ၄ ရက်နေ့ မနက်ပိုင်းမှာ လောင်းဒုံရွာသူရွာသားတွေနဲ့ တွေ့ဆုံအားပေးအပြီးမှာ ကြိမ်ချောင်းရွာသို့ သွားကြပါတယ်။ ကြိမ်ချောင်းရွာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းစားဖို့ပြင်ဆင်ပါတယ်။ ကြိမ်ချောင်းရွာ ဘုန်းကြီးကျောင်းကာ ကျောင်းဝင်းကျယ်သော်လည်း မဖွံ့ဖြိုးပါ။ ဘင်္ဂလီအိမ်ခြေ ထောင်ကျော်ရှိတဲ့ရွာကြီးမှာ တိုင်းရင်းသားက အနည်းငယ်ပဲရှိတာမို့ လာဘ်လာဘရှားပါးပုံရပါတယ်။
နေ့ဆွမ်းကို နယ်ခြားစောင့်တပ်က ကပ်ပါတယ်။ ဆိုင်ထမင်း ဆိုင်ဟင်းပါ။ ကုလားရွာကြီးမှာ ဈေးရောင်းရတာဆိုပေမယ့် ဝက်သားဟင်းတော့ရသေးတာတွေ့ရပါတယ်။ ကုလားကြားမှာ ဝက်သားရောင်းရဲ တဲ့ ရခိုင်တွေရဲ့သတ္တိ မချီးကျူးဘဲ မနေနိုင်ပါ။
နေ့ဆွမ်းစားပြီးတော့ မြောက်ပိုင်းကို ခရီးဆက်ဖို့ ပြင်ဆင်ကြပေမယ့် ရှေ့မဆက်ဖြစ်တော့ပါဘူး။ အတူပါလာတဲ့ ဒေသခံဌာနေသတင်းထောက်က စာရေးသူတို့အဖွဲ့ကိုပဲ မသင်္ကာတဲ့ပုံစံမျိုး အွန်လိုင်းမှာရေးတင်ထားတာတွေ ကြောင့်ပါ။ အလိုတော်ပြည့်ဆရာတော်လေး ဦးမဏိသာရလည်း အတော်ကြီး စိတ်ဆိုးနေပါတယ်။
ကျီးကန်းပြင်ဌာနချုပ်မှာ ကွပ်ကဲရေးမှူးကြီးနှင့် ဝင်တွေ့တုန်းက သတင်းသမားတွေ ဝင်ခွင့်မရတာဟာ ဌာနချုပ်က ဝင်ခွင့်မပေးလို့ပါ။ စာရေးသူနှင့် မသက်ဆိုင်ပါဘူး။ တံခါးပိတ်ဆွေးနွေးတာလည်း မဟုတ်ပါဘူး။ ဌာနေတိုင်းရင်းသား သံဃာများနှင့် အမျိုးသားများပါပါတယ်။ လျှို့ဝှက်စရာလည်း မရှိပါဘူး။ ကျဆုံးရဲတပ်ဖွဲ့ဝင် တွေရဲ့ မိသားစုနဲ့ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ဖို့ ဆွေးနွေးတာပါ။
ဒါကိုပဲ သတင်းသမားတွေကို ဝင်ခွင့်မပေးတာ မရိုးသားဘူး။ ခါတိုင်းလာလှူရင် ပွင့်လင်းလွတ်လပ်တယ်။ အခုဟာက ထူးဆန်းနေတယ်ဆိုပြီး ရေးတင်လိုက်ကြတာပါ။ ဓာတ်ပုံကိုလည်း လုံခြုံရေးတပ်သားတစ်ဦးက ကားပေါ်မှာ စာရေးသူဘေးနားမှာ လက်နက်ကိုင်စောင့်ကြပ်နေတဲ့ပုံကို အသုံးပြုလိုက်လို့ အမဲနှင့်အရဲတွေ မေတ္တာဝိုင်းပို့တာ ခံကြရတော့တာပါ။
ပိုဆိုးတာက ခရီးစဉ်တစ်လျှောက် ပုံတွေပို့ ပို့စ်တွေတင်နေတဲ့ ပြဿနာပါ။ ခရီးစဉ်အပြန်မှ တင်ကြဖို့ သတိပေးထားပေမယ့် ဌာနေသတင်းထောက်က မလိုက်နာပါဘူး။ R.S.O တွေက ကြိုသိသွားပြီး ခြုံခိုတိုက်ခိုက်နိုင်တာကြောင့် တောင်ပြိုလက်ဝဲကို မသွားဖြစ်တော့ပါဘူး။ နန်းရာကိုင်း မြို့ရွာလည်း မရောက်ဖြစ်တော့ပါဘူး။ ဘင်္ဂလားနယ်စပ်ဂိတ်လည်း မပြဖြစ်တော့ပါဘူး။
ဗမာမုန်းတီးမှုကြီးစိုးနေတဲ့ ရခိုင်တွေအားလုံး အကြမ်းဖက်ဘေးမှ ကင်းဝေးကြပါစေ။ အခက်အခဲ အကြပ်အတည်းဘဝမှ လွတ်မြောက်ကြပါစေလို့ပဲ ဆုတောင်းပေးနေမိတော့တာပါ။
ဝီရသူ(မစိုးရိမ်)
18.6.2017
PM 11:55