အမ်ိဳးသားေရးဝါဒကို ပစ္ပယ္မွာလား။ အမ်ိဳးသားေရးဝါဒကို တိုင္းျပည္မွာရွင္သန္ခြင့္ေပးမွာလား (ခ) (ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၂၀) 28.6.2019)
ၿငိမ္း- စစ္အစိုးရလက္ထက္တုန္းကလည္းပဲ မတရားတဲ့ ပုဒ္မေတြတပ္ၿပီးေတာ့ အဖမ္းခံခဲ့ရတယ္။ အခု တရားဥပေဒစိုးမုိးေရးကို ေၾကြးေၾကာ္ၿပီး တက္လာတဲ့အစုိးရ၊ လူထုကေရြးေကာက္တင္ေျမႇာက္ထားတဲ့အစိုးရ လက္ထက္မွာလည္းပဲ ပုဒ္မ ၁၂၄ လို ပုဒ္မမ်ိဳး အတပ္ခံရတယ္။ ဒီႏွစ္ခုက ဘယ္လုိမ်ားျခားနားပါသလဲဘုရား။
ဆရာေတာ္- ဘာကြာသြားသလဲဆိုေတာ့ စစ္ဖိနပ္နဲ႔ ေဒါက္ဖိနပ္ကြာသြားတာေပါ့။ စစ္ဖိနပ္ကေတာ့ ခပ္ၾကမ္းၾကမ္းေပါ့။ ေဒါက္ဖိနပ္ကေတာ့ ခပ္စူးစူးေပါ့။ ဒီအရသာပဲ ကြာတာပါပဲ။
ေျပာခ်င္တာကေတာ့ ဆုိင္းဘုတ္လွလွတပ္ၿပီးေတာ့ ဆုိင္းဘုတ္နဲ႔ ဆန္႔က်င္တဲ့ ေၾကာက္စရာ စီမံကိန္းႀကီးေတြ ေဖာ္ေဆာင္ေနတဲ့ အဖြဲ႕အစည္းႀကီးေတြကို ႏုိင္ငံေရးအဖြဲ႕အစည္းလို႔ ေခၚတာေပါ့။ ဥပမာ – အမ်ိဳးသားေရး မ်က္ႏွာဖံုးတပ္ထားၿပီး အမ်ိဳးသားေရးနဲ႔ ဆန္႔က်င္ဘက္ေတြ လုပ္တာမ်ဳိး။ ဒီမိုကေရစီလို႔ ေခါင္းစဥ္တပ္ထားေပမယ့္ ဒီမိုကေရစီနဲ႔ ဆန္႔က်င္ဘက္ေတြ လုပ္ေနၾကတာမ်ဳိးကုိ ေျပာခ်င္တာ။
ၿငိမ္း- အရွင္ဘုရားကိစၥကုိ လူေတြအာ႐ံုစိုက္ေနခ်ိန္ မွာပဲ (၇-၆-၂ဝ၁၉)က ျပည္ေထာင္စုလႊတ္ေတာ္မွာ ကေလးသူငယ္အခြင့္အေရးဆုိင္ရာ ဥပေဒၾကမ္းကုိ မဲခြဲ အတည္ျပဳခဲ့တယ္ဘုရား။ ဒီဥပေဒမွာက ေမြးစား ခြင့္ျပဳတဲ့ကေလးေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးစရာေတြ၊ အျငင္းပြားစရာေတြ ေတာ္ေတာ္ေလး ပါေနပါတယ္ဘုရား။ ႏုိင္ငံေရးမွာ တိုက္ဆိုင္တာမရွိဘူး ဆိုေတာ့ အရွင္ဘုရားကို ဖမ္းမယ္ ဆီးမယ္ သတင္းလႊင့္ အာ႐ံုစိုက္ေအာင္လုပ္ၿပီးဒီဥပေဒ အေပၚက်ေရာက္လာမယ့္ ဖိအားေတြ ေလ်ာ့သြားတာမ်ိဳး လုပ္တာလည္း ျဖစ္ႏုိင္တယ္ဆိုတဲ့ သံုးသပ္ခ်က္ေတြလည္း ရွိပါတယ္ဘုရား။ ဒီအေပၚမွာ ဘာမ်ားေျပာခ်င္ပါသလဲ ဘုရား။
ဆရာေတာ္- ဟိုအရင္တုန္းကလည္း အဲဒီလိုပဲ တစ္ဖက္ကို အေယာင္ျပၿပီး တစ္ဖက္ကေန ေၾကာက္စရာ စီမံကိန္းႀကီးေတြကို လုပ္ခဲ့ၾကတာေလ။ အခုလည္း အဲဒီအတုိင္းပါပဲ။ ႏုိင္ငံေရးမွာ တိုက္ဆိုင္တာ မရွိဘူးဆိုတဲ့ဟာ ထင္ရွားသြားတာေပါ့။
အဲဒီေတာ့ အစိုးရသစ္ေျပာင္းၿပီးခ်ိန္ကစလို႔ ျပည္သူေတြအတြက္ တန္ဖိုးႀကီးတဲ့ ဥပေဒေတြ၊ အေရးႀကီးတဲ့ဥပေဒေတြ တစ္ခုၿပီးတစ္ခုဖ်က္ခဲ့တယ္။ ျပည္သူေတြအတြက္ အႏၱရာယ္ႀကီးတဲ့ ဥပေဒေတြကေတာ့ တစ္ခုၿပီးတစ္ခု ေပၚလာေနတယ္။ ျပည္သူက ေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ အစိုးရဟာ ဘယ္သူ႔အတြက္ အလုပ္လုပ္ေပးေနသလဲဆိုတာ ေသခ်ာစဥ္းစားဖို႔ လိုသလို အစိုးရေနာက္ကြယ္မွာ ဘယ္သူေတြ ရွိေနသလဲဆိုတာကိုလည္းပဲ ေသခ်ာေဖာ္ထုတ္ဖို႔ လိုမယ္လုိ႔ ယူဆတယ္။
အဲဒီလိုမွမဟုတ္ဘူးဆိုရင္ေတာ့ ျမန္မာျပည္က သူမ်ားလက္ေအာက္ က်ေရာက္သြားသလိုမ်ိဳး ဆိုးဝါးသြားႏိုင္တယ္လို႔ ဦးဇင္းက ယူဆတယ္။
ၿငိမ္း- တပည့္ေတာ္သိခ်င္တာက အမ်ိဳးသားေရး အလုပ္ေတြကို ဘယ္အခ်ိန္အထိဆက္လုပ္ေနဦးမွာ ပါလဲ။
ဆရာေတာ္- ဦးဇင္းအေနနဲ႔ စစ္အစိုးရလက္ထက္က ေထာင္ထဲမွာ ၈ ႏွစ္ေက်ာ္ေနခဲ့ရတယ္။ အဲဒီတုန္းက ငါဟာ အမ်ိဳးသားေရးဘက္မွာ တာဝန္ေက်ခဲ့ၿပီ။ ငါ ႏုိင္ငံေရးဘက္ကို ျပန္လွည့္ေတာ့မယ္ဆိုၿပီး ကိုယ့္ကိုကိုယ္ ဆံုးျဖတ္ခဲ့တယ္။
ဒါေပမယ့္ တုိင္းျပည္အႏၲရာယ္က်ေရာက္လာတယ္လို႔ယူဆလာတဲ့အတြက္ အမ်ိဳးသားေရးကို ျပန္ေဆာင္ရြက္ဖို႔ ျဖစ္လာတယ္။ အမ်ိဳးသားေရး အျမင္ရွိေနတဲ့သူကေတာ့ ေနာက္ဆံုးထြက္သက္ထိကို အမ်ိဳးသားေရး လုပ္သြားမယ့္ သေဘာပါပဲ။ ဒီအမ်ိဳးသားေရးေဆာင္ရြက္သူေတြအေနနဲ႔ ကိုယ္က နားခ်င္ေပမယ့္ စိတ္ကအနားေပးႏုိင္လိမ့္မယ္လို႔ မထင္ဘူး။
ၿငိမ္း- ဒီလိုတိမ္းေရွာင္ေနရတဲ့အခ်ိန္မွာ ဘာေတြဆက္လုပ္ခ်င္ပါသလဲဘုရား။
ဆရာေတာ္- ဦးဇင္းက သိပ္မၾကာေသးခင္ ရက္ပုိင္းတုန္းက မဟန ဆရာေတာ္ႀကီးေတြဆီ စာတင္ခဲ့တယ္။ ဓမၼစက္နဲ႔ ကိုင္တြယ္ဖို႔၊ ဓမၼစက္နဲ႔ ၾသဝါဒေပးဖို႔ အျမန္ဆံုးအေၾကာင္းၾကားေပးဖို႔ ပန္ၾကားထားတယ္။ အခုလည္းပဲ အျမန္ဆံုးေခၚယူဆံုးမ ၾသဝါဒေပးၾကဖို႔အတြက္ မဟနဆရာေတာ္ႀကီးေတြကို ထပ္မံေလွ်ာက္ထားပါတယ္။
ဆရာေတာ္ႀကီးေတြက ေခၚယူၿပီး ဓမၼစက္နဲ႔ အေရးယူရာမွာ ၾသဝါဒေပး႐ံုဆိုရင္လည္း ၿပီးျပတ္သြားတာေပါ့။ ၾသဝါဒေပး႐ံုသာမက အာဏာစက္ နဲ႔ မျဖစ္မေန အေရးယူမွာဆိုရင္လည္း ရင္ဆုိင္သြားမယ္။ ေျဖရွင္းစရာေတြ ေျဖရွင္းၿပီးရင္ ဒီလိုႀကီးေတာ့ ေရွာင္မေနပါဘူး။
ၿငိမ္း- ဦးဝီရသူနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ႏွစ္ဦးၾကားမွာ တိုက္႐ိုက္ ဘာျပႆနာမွေတာ့ မရွိဘူး။ ဒါေပမယ့္ ဆန္႔က်င္ဘက္အျမင္ေတြရွိေနၾကတယ္ ဆုိတဲ့ ေဝဖန္ခ်က္ေတြလည္း ရွိေနပါတယ္ဘုရား။ အဲဒီအေပၚမွာေရာ ဘာမ်ားေျပာခ်င္ပါသလဲဘုရား။
ဆရာေတာ္- အဲဒါ မွ်တတဲ့ ေဝဖန္ခ်က္လို႔ေျပာရမွာေပါ့။ သူတို႔က အမ်ိဳးသားေရသမားေတြကို အေႏွာင့္ အယွက္အျဖစ္နဲ႔ ႐ႈျမင္ေနၾကတာကိုး။ အမ်ိဳးသားေရးဝါဒကို ဒီမိုကေရစီရဲ႕ ၿခိမ္းေျခာက္မႈတစ္ခု စိန္ေခၚမႈတစ္ခုအျဖစ္နဲ႔ သူတို႔ကခံယူထားတာကိုး။ အဲဒီေတာ့ သူတို႔အယူအဆေတြ ေျပာင္းရမွာေပါ့။
အမ်ိဳးသားေရးဝါဒဆိုတာ တုိင္းျပည္တစ္ျပည္မွာ တကယ့္အေျခခံအုတ္ျမစ္ျဖစ္တယ္။ အသက္ေသြးေၾကာ ျဖစ္တယ္။ အမ်ိဳးသားေရးဝါဒသာမရွိရင္ ဗီယက္နမ္က အေမရိကန္ကို ဘယ္လိုအႏုိင္ယူႏုိင္မလဲ။ ဒီအမ်ိဳးသားေရးဝါဒသာမရွိရင္ ျမန္မာႏုိင္ငံက ဘယ္နည္းနဲ႔မွ လြတ္လပ္ေရး မရႏုိင္ေသးဘူး။ အဲဒီေတာ့ အမ်ိဳးသားေရးဝါဒကို ပစ္ပယ္မွာလား။ အမ်ိဳးသားေရးဝါဒကို တိုင္းျပည္မွာ ရွင္သန္ခြင့္ ေပးမွာလား။ ဒါ အစိုးရဘက္ကစဥ္းစားရမွာေပါ့။
ဦးဇင္းတို႔က်ေတာ့လည္း တကယ္တမ္းက်ေတာ့ အမုန္းမခံခ်င္ပါဘူး။ အဆဲလည္း မခံခ်င္ပါဘူး။ အရွင္ဆႏၵာဓိကတို႔လိုေပါ့၊ အားလံုးရဲ႕ ၾကည္ညိဳ ေလးစားမႈကို ခံယူခ်င္ပါတယ္။ ဒါေပမယ့္ တုိင္းျပည္ အႏၲရာယ္ႀကီးေနတာေတြကို ျမင္တယ္၊ ျမင္လ်က္နဲ႔ ဦးဇင္းတို႔က မေျပာဘူး၊ မေရးဘူး၊ မေဝဖန္ဘူးဆိုရင္ ဦးဇင္းတို႔က သမုိင္းကို သစၥာေဖာက္ရာ ေရာက္သြားမွာေပါ့။
ျပည္သူေတြက မသိနားမလည္ဘဲနဲ႔ အႏၲရာယ္ႀကီးတာေတြကို လက္ခံေနမယ္ဆိုရင္ ‘အဲဒါ မီး၊ သြားမကိုင္နဲ႔၊ ေသတတ္တယ္’ဆိုတာမ်ိဳးေလာက္ေတာ့ ဦးဇင္းတို႔က ေျပာရမယ့္တာဝန္ရွိတယ္။ အဲဒီအတြက္ အမုန္းခံ အမိုက္ခံၿပီး ေျပာေနတာ။ ဦးဇင္းကလည္း ထိပ္တိုက္ မေတြ႕ခ်င္ပါဘူး။
(ဆက္လက္ေဖာ္ျပပါမည္)
“အမျိုးသားရေးဝါဒကို ပစ်ပယ်မှာလား။ အမျိုးသားရေးဝါဒကို တိုင်းပြည်မှာရှင်သန်ခွင့်ပေးမှာလား” (ခ)
(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၀) 28.6.2019)
ငြိမ်း- စစ်အစိုးရလက်ထက်တုန်းကလည်းပဲ မတရားတဲ့ ပုဒ်မတွေတပ်ပြီးတော့ အဖမ်းခံခဲ့ရတယ်။ အခု တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်ပြီး တက်လာတဲ့အစိုးရ၊ လူထုကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ လက်ထက်မှာလည်းပဲ ပုဒ်မ ၁၂၄ လို ပုဒ်မမျိုး အတပ်ခံရတယ်။ ဒီနှစ်ခုက ဘယ်လိုများခြားနားပါသလဲဘုရား။
ဆရာတော်- ဘာကွာသွားသလဲဆိုတော့ စစ်ဖိနပ်နဲ့ ဒေါက်ဖိနပ်ကွာသွားတာပေါ့။ စစ်ဖိနပ်ကတော့ ခပ်ကြမ်းကြမ်းပေါ့။ ဒေါက်ဖိနပ်ကတော့ ခပ်စူးစူးပေါ့။ ဒီအရသာပဲ ကွာတာပါပဲ။
ပြောချင်တာကတော့ ဆိုင်းဘုတ်လှလှတပ်ပြီးတော့ ဆိုင်းဘုတ်နဲ့ ဆန့်ကျင်တဲ့ ကြောက်စရာ စီမံကိန်းကြီးတွေ ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးတွေကို နိုင်ငံရေးအဖွဲ့အစည်းလို့ ခေါ်တာပေါ့။ ဥပမာ – အမျိုးသားရေး မျက်နှာဖုံးတပ်ထားပြီး အမျိုးသားရေးနဲ့ ဆန့်ကျင်ဘက်တွေ လုပ်တာမျိုး။ ဒီမိုကရေစီလို့ ခေါင်းစဉ်တပ်ထားပေမယ့် ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်တွေ လုပ်နေကြတာမျိုးကို ပြောချင်တာ။
ငြိမ်း- အရှင်ဘုရားကိစ္စကို လူတွေအာရုံစိုက်နေချိန် မှာပဲ (၇-၆-၂ဝ၁၉)က ပြည်ထောင်စုလွှတ်တော်မှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို မဲခွဲ အတည်ပြုခဲ့တယ်ဘုရား။ ဒီဥပဒေမှာက မွေးစား ခွင့်ပြုတဲ့ကလေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေ၊ အငြင်းပွားစရာတွေ တော်တော်လေး ပါနေပါတယ်ဘုရား။ နိုင်ငံရေးမှာ တိုက်ဆိုင်တာမရှိဘူး ဆိုတော့ အရှင်ဘုရားကို ဖမ်းမယ် ဆီးမယ် သတင်းလွှင့် အာရုံစိုက်အောင်လုပ်ပြီးဒီဥပဒေ အပေါ်ကျရောက်လာမယ့် ဖိအားတွေ လျော့သွားတာမျိုး လုပ်တာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်ဘုရား။ ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ ဘုရား။
ဆရာတော်- ဟိုအရင်တုန်းကလည်း အဲဒီလိုပဲ တစ်ဖက်ကို အယောင်ပြပြီး တစ်ဖက်ကနေ ကြောက်စရာ စီမံကိန်းကြီးတွေကို လုပ်ခဲ့ကြတာလေ။ အခုလည်း အဲဒီအတိုင်းပါပဲ။ နိုင်ငံရေးမှာ တိုက်ဆိုင်တာ မရှိဘူးဆိုတဲ့ဟာ ထင်ရှားသွားတာပေါ့။
အဲဒီတော့ အစိုးရသစ်ပြောင်းပြီးချိန်ကစလို့ ပြည်သူတွေအတွက် တန်ဖိုးကြီးတဲ့ ဥပဒေတွေ၊ အရေးကြီးတဲ့ဥပဒေတွေ တစ်ခုပြီးတစ်ခုဖျက်ခဲ့တယ်။ ပြည်သူတွေအတွက် အန္တရာယ်ကြီးတဲ့ ဥပဒေတွေကတော့ တစ်ခုပြီးတစ်ခု ပေါ်လာနေတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဟာ ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေသလဲဆိုတာ သေချာစဉ်းစားဖို့ လိုသလို အစိုးရနောက်ကွယ်မှာ ဘယ်သူတွေ ရှိနေသလဲဆိုတာကိုလည်းပဲ သေချာဖော်ထုတ်ဖို့ လိုမယ်လို့ ယူဆတယ်။
အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ မြန်မာပြည်က သူများလက်အောက် ကျရောက်သွားသလိုမျိုး ဆိုးဝါးသွားနိုင်တယ်လို့ ဦးဇင်းက ယူဆတယ်။
ငြိမ်း- တပည့်တော်သိချင်တာက အမျိုးသားရေး အလုပ်တွေကို ဘယ်အချိန်အထိဆက်လုပ်နေဦးမှာ ပါလဲ။
ဆရာတော်- ဦးဇင်းအနေနဲ့ စစ်အစိုးရလက်ထက်က ထောင်ထဲမှာ ၈ နှစ်ကျော်နေခဲ့ရတယ်။ အဲဒီတုန်
းက ငါဟာ အမျိုးသားရေးဘက်မှာ တာဝန်ကျေခဲ့ပြီ။ ငါ နိုင်ငံရေးဘက်ကို ပြန်လှည့်တော့မယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဆုံးဖြတ်ခဲ့တယ်။
ဒါပေမယ့် တိုင်းပြည်အန္တရာယ်ကျရောက်လာတယ်လို့ယူဆလာတဲ့အတွက် အမျိုးသားရေးကို ပြန်ဆောင်ရွက်ဖို့ ဖြစ်လာတယ်။ အမျိုးသားရေး အမြင်ရှိနေတဲ့သူကတော့ နောက်ဆုံးထွက်သက်ထိကို အမျိုးသားရေး လုပ်သွားမယ့် သဘောပါပဲ။ ဒီအမျိုးသားရေးဆောင်ရွက်သူတွေအနေနဲ့ ကိုယ်က နားချင်ပေမယ့် စိတ်ကအနားပေးနိုင်လိမ့်မယ်လို့ မထင်ဘူး။
ငြိမ်း- ဒီလိုတိမ်းရှောင်နေရတဲ့အချိန်မှာ ဘာတွေဆက်လုပ်ချင်ပါသလဲဘုရား။
ဆရာတော်- ဦးဇင်းက သိပ်မကြာသေးခင် ရက်ပိုင်းတုန်းက မဟန ဆရာတော်ကြီးတွေဆီ စာတင်ခဲ့တယ်။ ဓမ္မစက်နဲ့ ကိုင်တွယ်ဖို့၊ ဓမ္မစက်နဲ့ သြဝါဒပေးဖို့ အမြန်ဆုံးအကြောင်းကြားပေးဖို့ ပန်ကြားထားတယ်။ အခုလည်းပဲ အမြန်ဆုံးခေါ်ယူဆုံးမ သြဝါဒပေးကြဖို့အတွက် မဟနဆရာတော်ကြီးတွေကို ထပ်မံလျှောက်ထားပါတယ်။
ဆရာတော်ကြီးတွေက ခေါ်ယူပြီး ဓမ္မစက်နဲ့ အရေးယူရာမှာ သြဝါဒပေးရုံဆိုရင်လည်း ပြီးပြတ်သွားတာပေါ့။ သြဝါဒပေးရုံသာမက အာဏာစက် နဲ့ မဖြစ်မနေ အရေးယူမှာဆိုရင်လည်း ရင်ဆိုင်သွားမယ်။ ဖြေရှင်းစရာတွေ ဖြေရှင်းပြီးရင် ဒီလိုကြီးတော့ ရှောင်မနေပါဘူး။
ငြိမ်း- ဦးဝီရသူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးကြားမှာ တိုက်ရိုက် ဘာပြဿနာမှတော့ မရှိဘူး။ ဒါပေမယ့် ဆန့်ကျင်ဘက်အမြင်တွေရှိနေကြတယ် ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်ဘုရား။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲဘုရား။
ဆရာတော်- အဲဒါ မျှတတဲ့ ဝေဖန်ချက်လို့ပြောရမှာပေါ့။ သူတို့က အမျိုးသားရေသမားတွေကို အနှောင့် အယှက်အဖြစ်နဲ့ ရှုမြင်နေကြတာကိုး။ အမျိုးသားရေးဝါဒကို ဒီမိုကရေစီရဲ့ ခြိမ်းခြောက်မှုတစ်ခု စိန်ခေါ်မှုတစ်ခုအဖြစ်နဲ့ သူတို့ကခံယူထားတာကိုး။ အဲဒီတော့ သူတို့အယူအဆတွေ ပြောင်းရမှာပေါ့။
အမျိုးသားရေးဝါဒဆိုတာ တိုင်းပြည်တစ်ပြည်မှာ တကယ့်အခြေခံအုတ်မြစ်ဖြစ်တယ်။ အသက်သွေးကြော ဖြစ်တယ်။ အမျိုးသားရေးဝါဒသာမရှိရင် ဗီယက်နမ်က အမေရိကန်ကို ဘယ်လိုအနိုင်ယူနိုင်မလဲ။ ဒီအမျိုးသားရေးဝါဒသာမရှိရင် မြန်မာနိုင်ငံက ဘယ်နည်းနဲ့မှ လွတ်လပ်ရေး မရနိုင်သေးဘူး။ အဲဒီတော့ အမျိုးသားရေးဝါဒကို ပစ်ပယ်မှာလား။ အမျိုးသားရေးဝါဒကို တိုင်းပြည်မှာ ရှင်သန်ခွင့် ပေးမှာလား။ ဒါ အစိုးရဘက်ကစဉ်းစားရမှာပေါ့။
ဦးဇင်းတို့ကျတော့လည်း တကယ်တမ်းကျတော့ အမုန်းမခံချင်ပါဘူး။ အဆဲလည်း မခံချင်ပါဘူး။ အရှင်ဆန္ဒာဓိကတို့လိုပေါ့၊ အားလုံးရဲ့ ကြည်ညို လေးစားမှုကို ခံယူချင်ပါတယ်။ ဒါပေမယ့် တိုင်းပြည် အန္တရာယ်ကြီးနေတာတွေကို မြင်တယ်၊ မြင်လျက်နဲ့ ဦးဇင်းတို့က မပြောဘူး၊ မရေးဘူး၊ မဝေဖန်ဘူးဆိုရင် ဦးဇင်းတို့က သမိုင်းကို သစ္စာဖောက်ရာ ရောက်သွားမှာပေါ့။
ပြည်သူတွေက မသိနားမလည်ဘဲနဲ့ အန္တရာယ်ကြီးတာတွေကို လက်ခံနေမယ်ဆိုရင် ‘အဲဒါ မီး၊ သွားမကိုင်နဲ့၊ သေတတ်တယ်’ဆိုတာမျိုးလောက်တော့ ဦးဇင်းတို့က ပြောရမယ့်တာဝန်ရှိတယ်။ အဲဒီအတွက် အမုန်းခံ အမိုက်ခံပြီး ပြောနေတာ။ ဦးဇင်းကလည်း ထိပ်တိုက် မတွေ့ချင်ပါဘူး။
(ဆက်လက်ဖော်ပြပါမည်)