သတင်း

“ အဋ္ဌသာလိနီဓာဝါ ပြန်လည် ပို့ချခြင်း”

“ အဋ္ဌသာလိနီဓာဝါ ပြန်လည် ပို့ချခြင်း”
=========================
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်)သည် စာချတန်း အဋ္ဌသာလိနီဓာဝါ ပြန်လည်ပို့ချနေပြီ ဖြစ်သည်။

နယုန်လဆန်း ၁၁ရက် (9.6.2022) မှ ရက်နေ့ မနက် 9:00 နာရီ၊ ဓမ္မသဟာယကျောင်းဆောင်မှာ ပို့ချခြင်းဖြစ်ပြီး စာလိုက်သံဃာနှင့် ကျောင်းဆောင် မညီမျှသောကြောင့် 10.6.2022 ရက်နေ့၌ သမိဒ္ဓိဆွမ်းစားကျောင်းသို့ ပြောင်းရွှေ့ ပို့ချခြင်း ဖြစ်သည်။

အင်းစိန်တောရမှ ပြန်လာကတည်းက စာသင်တန်း၊ စာချတန်း စာဝါများ ပြန်လည်ပို့ချခဲ့သော်လည်း ကိုဗစ်ကာလဖြစ်၍ သံဃာများပြားစွာ မရှိသေးပေ။ ယခုအခါ၌ကား ပွင့်လင်းရာသီဖြစ်သဖြင့် သံဃာများပြားစွာ စာလိုက်နိုင်ခြင်း ဖြစ်၏။

ဆရာတော်သည် အဋ္ဌသာလိနီဓာဝါ ပို့ချရာ၌ နံပါတ်(၁၀) ပစ္စည်းပြိုင်အတွက် ပဋ္ဌာန်းဓာဝါကိုပါ ပူးတွဲ ပို့ချလေ့ရှိ၏။ ထိုသို့ ပို့ချသည်ကိုပင် စာသင်သံဃာများက အကြိုက်တွေ့ခြင်း ဖြစ်၏။

“ မစိုးရိမ် အမွေ ပေးချင်လို့
ပဋ္ဌာန်းပစ္စည်းပြိုင် ကျွမ်းကျင် စေချင်လို့” ဟု ဆရာတော်က မိန့်ပါသည်။
ပုံမှာ-ယနေ့ (10.6.2022) စာဝါပုံများ ဖြစ်ပါသည်။