“ဥပုသ်နေ့တစ်နေ့တာ (၃)”
ကဆုန်လဆုတ်(၁၅)ရက်၊ (14.5.2018)ရက်နေ့၊ ည (၆း၀၀)နာရီကျော်မှာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီးရှိ ဓမ္မစေတီကျောင်းတိုက်သို့ ရောက်ရှိခဲ့ပါတယ်။ ဓမ္မစေတီကျောင်းတိုက်မှာ ပုထိုးတော်ကြီးပညာဒါနစာသင်ကျောင်း ဖွင့်လှစ်ထားလို့ပါ။
စစ်ကိုင်းမြို့ သဒ္ဓမ္မပါလဆရာတော်လေး အရှင်ကောဝိဒ၊ မန္တလေးမြို့ ဓမ္မိကာရာမတိုက် စေတနာပန်းခင်းဆရာတော်လေး အရှင်ကုမုဒတို့ လိုက်ပါကြပါတယ်။
စေတနာပန်းခင်းဆရာတော်လေး အရှင်ကုမုဒက စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ်မှ နာဂသမီးငယ်လေးတွေကို ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသို့ လိုက်ပို့တာပါ။ နာဂသမီးငယ်လေးတွေက ချစ်စရာလေးတွေပါ။
ပုထိုးတော်ကြီးစာသင်ကျောင်းမှာ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ (၆၀)မှ (၈၀)အထိ ရှိပါတယ်။ ဆရာ ဆရာမ (၃၀)နီးပါးရှိပြီး နေ့ရောညပါ စာသင်ပေးနေကြပါတယ်။
ကျောင်းအုပ်ဆရာတော်နှင့် လက်ထောက်ဆရာတော်တို့က အနီးကပ်ကြီးကြပ်လျက်ရှိပြီး ဓမ္မစေတီဆရာတော်နှင့် ခန်းနေဆရာတော်တို့က စားနပ်ရိက္ခာများ ထောက်ပံ့ကြပါတယ်။
တနင်္ဂနွေနေ့တိုင်း ပုထိုးတော်ကြီးမှာ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်အဖြစ် အမှိုက်ကောက်ခြင်း၊ မြက်နှုတ်ခြင်း သန့်ရှင်းရေးများ လုပ်ကြပါတယ်။ ပုထိုးတော်ကြီးစာသင်ကျောင်းနှင့်ပတ်သက်၍ ကုသိုလ်ရှင်များ ဆက်သွယ်နိုင်ပါတယ်။
ဦးသောဘိတ(သောကြာကြယ်) – 09454611969
ဦးသုမနာလင်္ကာရ – 09797107964 / 09422212933
ဦးဥက္ကဋ္ဌ – 09781513980 / 0947234939
ဝီရသူ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်) https://eng.wirathu.com/
ဝီရသူ ဝက်ဘ်ဆိုဒ် (မြန်မာ) = https://www.wirathu.com/
ဝီရသူ ဘလော့ = https://wirathu.blogspot.com/