သတင္း

ဦးဝီရသူ မီဒီယာမ်ားကုိ အယုံအၾကည္မရွိ၍ သပိတ္ေမွာက္ေၾကာင္း မိန္႔ဆုိ

(ဖုန္းကုိင္တဲ့ တပည့္ေလးတစ္ပါးနဲ႔ ေတြ႕သြားတာပါ။ ဒီလႈိင္းဝင္းကုိ ပုဂၢဳိလ္ေရးအရ ခင္မင္ရင္းႏွီးမႈ ရွိေသာ္လည္း သတင္းဌာနအေနျဖင့္ ဦးပဥၥင္းတစ္ပါးကုိပဲ ပစ္မွတ္ထားၿပီး အၿမဲလုိလုိ တုိက္ခုိက္ေနတာေၾကာင့္ တပည့္ေလးတစ္ပါးနဲ႔ပဲ ေပးေျပာလုိက္တာပါ။

ဒါကုိပဲ ဦးပဥၥင္းကေျပာသလုိ ေရးသြားတာျဖစ္ပါတယ္။ ဒီလႈိင္းဝင္းကုိလည္း ဒီေန႔ေန႔လည္ပဲ ေခၚယူ ေျပာျပလုိက္ပါၿပီ။ တပည့္တစ္ပါးေျပာတာကုိ ဦးဝီရသူေျပာတာလုိ႔ ေခါင္းစဥ္တပ္ၿပီးေရးသားတာဟာ မသင့္ေတာ္တဲ့အေၾကာင္း ျပန္လည္ ျပင္ဆင္ ေပးသင့္ေၾကာင္း ေခၚေျပာတာပါ။

သူကေတာ့ ျပင္ဆင္ေပးႏုိင္ပါတယ္။ တုိက္အေနနဲ႔ေတာ့ မသိရေသးပါလုိ႔ ေျပာသြားပါတယ္။ ဝီရသူကို မုန္းတီးေနတဲ့ သတင္းသမားေတြကုိေျပာခ်င္ပါတယ္။ ေဘာင္ထဲကပဲ ေရးသားၾကပါဗ်ာ။ နည္းနည္းေလးမွားရင္ နည္းနည္းေလးကားသြားႏုိင္လုိ႔ပါ။
တစ္ခါမွားတာနဲ႔ ငါမစားသာခဲ့ ဘဝမ်ဳိး မေရာက္ေစခ်င္လုိ႔ပါ။

ရြာျပင္ထုတ္ခံရသူႀကီး
ဝီရသူ(မစုိးရိမ္)
9.3.2018
PM 4:50

“ဦးဝီရသူ မီဒီယာမ်ားကုိ အယုံအၾကည္မရွိ၍ သပိတ္ေမွာက္ေၾကာင္း မိန္႔ဆုိ”

By ဒီလွိုင္းဝင္း 8 March 2018
မန္တေလးျမိဳ႕ မစိုးရိမ္တိုက္သစ္ ဓမၼသဟာယေက်ာင္းမွ အမ်ိဳးသားေရးဆရာေတာ္ ဦးဝိစိတၱာဘိဝံသ (ဦးဝီရသူ) က မီဒီယာမ်ားကို အယုံအျကည္ မရွိ၍ သပိတ္ေမွာက္ေၾကာင္း မိန္႔ဆိုလိုက္သည္။

ဦးဝီရသူ က “က်ဳပ္အေနနဲ႔ မီဒီယာေတြကို သပိတ္ေမွာက္ ထားပါတယ္။ ျပည္တြင္းကေရာ ျပည္ပက မီဒီယာေတြ အားလုံးကို အယုံအၾကည္မရွိလို႔ သပိတ္ေမွာက္ ထားပါတယ္။ ဒါေၾကာင့္ ဘာမွ မေျဖနိုင္ပါဘူး”ဟု မိန္႔ၾကားသည္။

ဦးဝီရသူ ကို နိုင္ငံေတာ္ သံဃ မဟာနာယက အဖြဲ႕(မဟန)က တရားေဟာေျပာခြင့္ တနွစ္ ပိတ္ပင္ထားမွုသည္ လာမည့္ မတ္လ ၉ ရက္တြင္ သက္တမ္း ကုန္ဆုံးေတာ့မည္ ျဖစ္၍ ထိုအျေကာင္းအရာနွင့္ ပတ္သက္ျပီး ဧရာဝတီက ဖုန္းျဖင့္ ေလွ်ာက္ထား ေမးျမန္းရာတြင္ ျပန္လည္ ေျဖၾကားျခင္း ျဖစ္သည္။

မန္တေလးျမိဳ႕ စာေရးဆရာ၊ သတင္းစာဆရာ သိုက္ထြန္းသက္က “အခုလို ဦးဝီရသူရဲ့အေျဖမွာပါတဲ့ သတင္းမီဒီယာ ေတြအေပၚ ယုံျကည္မွုမရွိဘူး ဆိုတာက သူ႕ရဲ႕ သေဘာထား ျဖစ္တယ္၊ မီဒီယာ အေနနဲ႔ကေတာ့ ဒါကိုပဲ ျပည္သူ သိေအာင္ ခ်ျပေပးဖို႔ပဲ လိုပါတယ္”ဟု ေျပာသည္။

သတင္း မီဒီယာ သမားဆိုသည္ ျပည္သူ လက္ခံသူ ျဖစ္ျဖစ္၊ လက္မခံသူ ျဖစ္ပါေစ၊ အစိုးရ ျဖစ္ျဖစ္၊ အတိုက္အခံ ျဖစ္ပါေစ သက္ဆိုင္သူမ်ားကို ေမးျမန္း ေရးသား ေဖာ္ျပရမည္ ျဖစ္သည္ဟုလည္း ၎င္းက ေျပာဆိုသည္။

ဦးဝီရသူသည္ ဘာသာ တခုနွင့္တခုျကား အမုန္းတရားပြားမ်ားျပီး ဘာသာေရး အဓိကရုဏ္း ျဖစ္ေစနိုင္သည့္ ေဟာေျပာမႈမ်ား၊ အမုန္းတရား ႀကီးထြားေစရန္ လႈံ႕ေဆာ္ ေဟာေျပာမွုမ်ား၊ တရား ဥပေဒ စိုးမိုးေရးကို အဟန႔္အတားျဖစ္ေစသည့္ ေဟာေျပာမွုမ်ားနွင့္ နိုင္ငံေရးပါတီမ်ားၾကားတြင္ ဘက္လိုက္ေဝဖန္ေဟာ ျေပာမွုမ်ားကို ေဒသ အႏွံ႔အျပား၌ ႀကိမ္ဖန္မ်ားစြာ ျပုလုပ္ေနျခင္း မ်ားေၾကာင့္ဟုဆိုျပီး နိုင္ငံေတာ္ သံဃ မဟာနာယက အဖြဲ့(မဟန)က တရားေဟာေျပာခြင့္ ပိတ္ပင္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ျပီးခဲ့သည့္ ေဖေဖာ္ဝါရီ လကုန္ပိုင္းကလည္း ဦးဝီရသူ ၏ လူမွုကြန္ရက္ စာမ်က္နွာ facebook ကို အမုန္းတရား လႈံ႔ေဆာ္ သည္ဟု ဆိုကာ ျဖုတ္ခ် ခံခဲ့ရေသးသည္။

ဦးဝီရသူကို ၂၀၁၇ ခုနွစ္ မတ္လ ၉ ရက္ေန့က ျပုလုပ္သည့္ သတ္တမအႀကိမ္ နိုင္ငံေတာ္ သံဃ မဟာနာယက အဖြဲ႕ ၄၇ ပါးစုံညီ စတုတၳ အထူးအစည္းအေဝးတြင္ နိုင္ငံေတာ္ သံဃ မဟာနာယက အဖြဲ႕က ထုတ္ျပန္ ထားသည့္ ညြွန္ၾကား လြွာ အမွတ္ (၈၃)၊ (၉၀)၊ (၉၃)နွင့္ (၉၄)တို႔ကို ေဖာက္ဖ်က္ က်ဴးလြန္ေနျခင္းမ်ားေၾကာင့္ ၂၀၁၇ မတ္လ ၁၀ ရက္မွ ၂၀၁၈ မတ္လ ၉ ရက္အထိ တရားေဟာေျပာခြင့္ တနွစ္ပိတ္ပင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဦးဝီရသူအား ျမန္မာနိုင္ငံအတြင္း တရားေဟာျေပာခြင့္ တနွစ္ ပိတ္ပင္လိုက္ျခင္းနွင့္ ပတ္သက္ျပီး နိုင္ငံေတာ္ သံဃ မဟာနာယက အဖြဲ႕က ၂၀၁၇ ခုနွစ္ မတ္လ ၁၀ ရက္ေန့ ရက္စြဲျဖင့္ ထုတ္ျပန္ ေၾကညာခဲ့ျခင္း ျဖစ္သည္။

တရားေဟာေျပာခြင့္ ပိတ္ပင္ထားမွု သက္တမ္း ကုန္ဆုံးခ်ိန္ သက္တမ္းတိုးရန္နွင့္ ခြင့္ျပုျခင္း ရွိ မရွိ ဆိုသည္ကို မဟန အေနျဖင့္ ထုတ္ျပန္ေပးျခင္း မရွိေသးေပ။

ထိုသို႔ တရား ေဟာေျပာခြင့္ ပိတ္ပင္ခံရသည့္ ကာလအတြင္း၌ ဦးဝီရသူသည္ ပါးစပ္ကို တိတ္ျဖင့္ပိတ္၍ စင္ေပၚတြင္ ထိုင္ကာ တရားေခြဖြင့္ျပီး ဝစီပိတ္ တရားပြဲမ်ား ျပုလုပ္ခဲ့သလို ဘာသာေရးနွင့္ မသက္ဆိုင္သည့္ တရားေဟာေျပာမွု အျဖစ္ ရန္ကုန္ျမိဳ႕ မဟာဗႏၶဳလ ပန္းျခံေရွ႕၌ ျပုလုပ္သည့္ ရခိုင္ ရိုဟင္ဂ်ာ ကယ္တင္ေရး တပ္မေတာ္ (ARSA) အၾကမ္း ဖက္ လုပ္ရပ္ ရွုတ္ခ်ပြဲတြင္ ပါဝင္ေဟာေျပာျခင္းမ်ား ျပုလုပ္သည္ကိုလည္း ေတြ႕ရွိရသည္။

ဦးဝီရသူ နွင့္ ပတ္သက္ျပီး Myanmar Now သတင္းေအဂ်င္စီ အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္းက Ba Kaung အမည္ျဖင့္ လူမွုကြန္ရက္ စာမ်က္နွာ facebook တြင္ ပုတ္ခတ္ ေရးသားသည္ဟူေသာ အေၾကာင္း ျပခ်က္ျဖင့္ ဦးေက်ာ္မ်ိဳးေရႊဆိုသူက အမႈဖြင့္ တိုင္ၾကား၍ ဖမ္းဆီးခံရျပီး တရားရင္ဆိုင္ရမႈ ယမန္နွစ္ ေဖေဖာ္ဝါရီလ အတြင္းက ျဖစ္ပြားခဲ့သည္။

Ba Kaung လူမွု ကြန္ရက္ စာမ်က္နွာတြင္ “ဝီရသူ ပါရာဇိက က်ျပီး ရဟန္းဘဝ နိ႒ိတံသြားျပီ ျဖစ္ေၾကာင္း သိရပါတယ္။ ပါရာဇိက အခုမွ က်တာေတာ့ မဟုတ္ေလာက္ပါဘူး” ဟူေသာ စသည့္ ေရးသားခ်က္မ်ားအေပၚ မေက်နပ္သျဖင့္ တိုင္ၾကားျခင္း ျဖစ္ေၾကာင္း သိရသည္။

၂၀၁၃ ခုနွစ္ ဇူလိုင္ ၁ ရက္ေန့ ရက္စြဲျဖင့္ ထုတ္ေဝေသာ တိုင္းမဂၢဇင္း (Time magazine) မ်က္နွာဖုံးတြင္လည္း ဦးဝီရသူ ၏ ဓာတ္ပုံနွင့္တကြ The Face of Buddhist Terror ဟု ေရးသားထားေသာ Hannah Beech ၏ “Then Buddhists Go Bad” ေဆာင္းပါးကို ေဖာ္ျပခဲ့ဖူးသည္။
https://burma.irrawaddy.com/news/religion/2018/03/08/153655.html

 

“ဦးဝီရသူ မီဒီယာများကို အယုံအကြည်မရှိ၍ သပိတ်မှောက်ကြောင်း မိန့်ဆို”

(ဖုန်းကိုင်တဲ့ တပည့်လေးတစ်ပါးနဲ့ တွေ့သွားတာပါ။ ဒီလှိုင်းဝင်းကို ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှု ရှိသော်လည်း သတင်းဌာနအနေဖြင့် ဦးပဉ္စင်းတစ်ပါးကိုပဲ ပစ်မှတ်ထားပြီး အမြဲလိုလို တိုက်ခိုက်နေတာကြောင့် တပည့်လေးတစ်ပါးနဲ့ပဲ ပေးပြောလိုက်တာပါ။

ဒါကိုပဲ ဦးပဉ္စင်းကပြောသလို ရေးသွားတာဖြစ်ပါတယ်။ ဒီလှိုင်းဝင်းကိုလည်း ဒီနေ့နေ့လည်ပဲ ခေါ်ယူ ပြောပြလိုက်ပါပြီ။ တပည့်တစ်ပါးပြောတာကို ဦးဝီရသူပြောတာလို့ ခေါင်းစဉ်တပ်ပြီးရေးသားတာဟာ မသင့်တော်တဲ့အကြောင်း ပြန်လည် ပြင်ဆင် ပေးသင့်ကြောင်း ခေါ်ပြောတာပါ။

သူကတော့ ပြင်ဆင်ပေးနိုင်ပါတယ်။ တိုက်အနေနဲ့တော့ မသိရသေးပါလို့ ပြောသွားပါတယ်။ ဝီရသူကို မုန်းတီးနေတဲ့ သတင်းသမားတွေကိုပြောချင်ပါတယ်။ ဘောင်ထဲကပဲ ရေးသားကြပါဗျာ။ နည်းနည်းလေးမှားရင် နည်းနည်းလေးကားသွားနိုင်လို့ပါ။
တစ်ခါမှားတာနဲ့ ငါမစားသာခဲ့ ဘဝမျိုး မရောက်စေချင်လို့ပါ။

ရွာပြင်ထုတ်ခံရသူကြီး
ဝီရသူ(မစိုးရိမ်)
9.3.2018
PM 4:50

“ဦးဝီရသူ မီဒီယာများကို အယုံအကြည်မရှိ၍ သပိတ်မှောက်ကြောင်း မိန့်ဆို”

By ဒီလှိုင်းဝင်း 8 March 2018
မန်တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှ အမျိုးသားရေးဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) က မီဒီယာများကို အယုံအကြည် မရှိ၍ သပိတ်မှောက်ကြောင်း မိန့်ဆိုလိုက်သည်။

ဦးဝီရသူ က “ကျုပ်အနေနဲ့ မီဒီယာတွေကို သပိတ်မှောက် ထားပါတယ်။ ပြည်တွင်းကရော ပြည်ပက မီဒီယာတွေ အားလုံးကို အယုံအကြည်မရှိလို့ သပိတ်မှောက် ထားပါတယ်။ ဒါကြောင့် ဘာမှ မဖြေနိုင်ပါဘူး”ဟု မိန့်ကြားသည်။

ဦးဝီရသူ ကို နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန)က တရားဟောပြောခွင့် တနှစ် ပိတ်ပင်ထားမှုသည် လာမည့် မတ်လ ၉ ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်၍ ထိုအြကောင်းအရာနှင့် ပတ်သက်ပြီး ဧရာဝတီက ဖုန်းဖြင့် လျှောက်ထား မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

မန်တလေးမြို့ စာရေးဆရာ၊ သတင်းစာဆရာ သိုက်ထွန်းသက်က “အခုလို ဦးဝီရသူရဲ့အဖြေမှာပါတဲ့ သတင်းမီဒီယာ တွေအပေါ် ယုံကြည်မှုမရှိဘူး ဆိုတာက သူ့ရဲ့ သဘောထား ဖြစ်တယ်၊ မီဒီယာ အနေနဲ့ကတော့ ဒါကိုပဲ ပြည်သူ သိအောင် ချပြပေးဖို့ပဲ လိုပါတယ်”ဟု ပြောသည်။

သတင်း မီဒီယာ သမားဆိုသည် ပြည်သူ လက်ခံသူ ဖြစ်ဖြစ်၊ လက်မခံသူ ဖြစ်ပါစေ၊ အစိုးရ ဖြစ်ဖြစ်၊ အတိုက်အခံ ဖြစ်ပါစေ သက်ဆိုင်သူများကို မေးမြန်း ရေးသား ဖော်ပြရမည် ဖြစ်သည်ဟုလည်း ၎င်းင်းက ပြောဆိုသည်။

ဦးဝီရသူသည် ဘာသာ တခုနှင့်တခုကြား အမုန်းတရားပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော် ဟောပြောမှုများ၊ တရား ဥပဒေ စိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများကြားတွင် ဘက်လိုက်ဝေဖန်ဟော ြပောမှုများကို ဒေသ အနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်း များကြောင့်ဟုဆိုပြီး နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန)က တရားဟောပြောခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း ဦးဝီရသူ ၏ လူမှုကွန်ရက် စာမျက်နှာ facebook ကို အမုန်းတရား လှုံ့ဆော် သည်ဟု ဆိုကာ ဖြုတ်ချ ခံခဲ့ရသေးသည်။

ဦးဝီရသူကို ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က ပြုလုပ်သည့် သတ်တမအကြိမ် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထ အထူးအစည်းအဝေးတွင် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ထုတ်ပြန် ထားသည့် ညွှန်ကြား လွှာ အမှတ် (၈၃)၊ (၉၀)၊ (၉၃)နှင့် (၉၄)တို့ကို ဖောက်ဖျက် ကျူးလွန်နေခြင်းများကြောင့် ၂၀၁၇ မတ်လ ၁၀ ရက်မှ ၂၀၁၈ မတ်လ ၉ ရက်အထိ တရားဟောပြောခွင့် တနှစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဝီရသူအား မြန်မာနိုင်ငံအတွင်း တရားဟောြပောခွင့် တနှစ် ပိတ်ပင်လိုက်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

တရားဟောပြောခွင့် ပိတ်ပင်ထားမှု သက်တမ်း ကုန်ဆုံးချိန် သက်တမ်းတိုးရန်နှင့် ခွင့်ပြုခြင်း ရှိ မရှိ ဆိုသည်ကို မဟန အနေဖြင့် ထုတ်ပြန်ပေးခြင်း မရှိသေးပေ။

ထိုသို့ တရား ဟောပြောခွင့် ပိတ်ပင်ခံရသည့် ကာလအတွင်း၌ ဦးဝီရသူသည် ပါးစပ်ကို တိတ်ဖြင့်ပိတ်၍ စင်ပေါ်တွင် ထိုင်ကာ တရားခွေဖွင့်ပြီး ဝစီပိတ် တရားပွဲများ ပြုလုပ်ခဲ့သလို ဘာသာရေးနှင့် မသက်ဆိုင်သည့် တရားဟောပြောမှု အဖြစ် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ပြုလုပ်သည့် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အကြမ်း ဖက် လုပ်ရပ် ရှုတ်ချပွဲတွင် ပါဝင်ဟောပြောခြင်းများ ပြုလုပ်သည်ကိုလည်း တွေ့ရှိရသည်။

ဦးဝီရသူ နှင့် ပတ်သက်ပြီး Myanmar Now သတင်းအေဂျင်စီ အယ်ဒီတာချုပ် ကိုဆွေဝင်းက Ba Kaung အမည်ဖြင့် လူမှုကွန်ရက် စာမျက်နှာ facebook တွင် ပုတ်ခတ် ရေးသားသည်ဟူသော အကြောင်း ပြချက်ဖြင့် ဦးကျော်မျိုးရွှေဆိုသူက အမှုဖွင့် တိုင်ကြား၍ ဖမ်းဆီးခံရပြီး တရားရင်ဆိုင်ရမှု ယမန်နှစ် ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပွားခဲ့သည်။

Ba Kaung လူမှု ကွန်ရက် စာမျက်နှာတွင် “ဝီရသူ ပါရာဇိက ကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှ ကျတာတော့ မဟုတ်လောက်ပါဘူး” ဟူသော စသည့် ရေးသားချက်များအပေါ် မကျေနပ်သဖြင့် တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသော တိုင်းမဂ္ဂဇင်း (Time magazine) မျက်နှာဖုံးတွင်လည်း ဦးဝီရသူ ၏ ဓာတ်ပုံနှင့်တကွ The Face of Buddhist Terror ဟု ရေးသားထားသော Hannah Beech ၏ “Then Buddhists Go Bad” ဆောင်းပါးကို ဖော်ပြခဲ့ဖူးသည်။
https://burma.irrawaddy.com/news/religion/2018/03/08/153655.html