မန္းမေဟာ္သဓာသတင္း

ေက်ာက္ေခ်ာရြာက်ဴရွင္ေက်ာင္းအတြက္ ႀကဳိတင္ျပင္ဆင္ေနပံု

နယုုန္လျပည့္ေက်ာ္ (၆)ရက္၊ 4.6.2018 ညေန ၄း၃၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေက်ာက္ေခ်ာေက်းရြာသို႔ ေရာက္ရွိခဲ့ပါတယ္။

က်ဴရွင္ေက်ာင္းအတြက္ စာသင္ခံုမ်ားျပဳလုပ္ၿပီးပါၿပီ။ ဆက္လက္ေဆးသုတ္ေနၾကပါတယ္။ မန္းမေဟာ္သဓာ အခမဲ့အမ်ဳိးသားေရးကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီးဝင္းအတြင္းမွာ ေျမညႇိေနပါၿပီ။ သရက္၊ ပိန္းႏၷဲ၊ သံပုရာ၊ ငွက္ေပ်ာ စတဲ့သီပင္းစားပင္မ်ားလည္း စိုက္ပ်ဳိးၿပီးပါၿပီ။

နယုန္လျပည့္ေန႔တုန္းက မ်ဳိးခ်စ္သမဂၢ(မႏၲေလး)ႏွင့္ ေက်ာက္ဆည္ မဘသ အဖြဲ႔ သစ္ပင္စုိက္ပ်ဳိးေရးအဖြဲ႔တုိ႔ ဦးစီးစုိက္ပ်ဳိးၾကတာပါ။ မၾကာခင္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ ၉ တန္း ၁၀ တန္း က်ဴရွင္ေက်ာင္းမ်ား စတင္ဖြင့္လွစ္ပါေတာ့မယ္။
၁၀ တန္း Repeaterတန္းမ်ား လာေရာက္စာရင္းေပးသြင္းေနၾကပါၿပီ။ ဆရာ ဆရာမမ်ားလည္း ျပည့္စံုေနပါၿပီ။ က်ဴရွင္ေက်ာင္းေဆာင္လည္း ၿပီးစီးပါေတာ့မယ္။

မေဟာ္သဓာအတြက္ စာသင္ေက်ာင္းေဆာင္ ေလးထပ္ေဆာင္ႀကီးလည္း မၾကာမီ စတင္ေဆာက္လုပ္ပါေတာ့မယ္။ ဝန္ႀကီးခ်ဳပ္အမိန္႔ က်သည္ျဖစ္ေစ မက်သည္ျဖစ္ေစ အေဆာက္အဦးေဆာက္လုပ္ခြင့္ရွိေသာ ေျမအမ်ဳိးအစားျဖစ္ေသာေၾကာင့္လည္းေကာင္း၊
သပိတ္စခန္း သူပုန္စခန္းမဟုတ္ဘဲ တုိင္းျပည္အနာဂတ္ မ်ဳိးဆက္ေလးမ်ားရဲ႕ မီခိုအားထားရာ ပညာသင္ေက်ာင္းႀကီးေဆာက္လုပ္မွာျဖစ္ေသာေၾကာင့္လည္းေကာင္း၊ ဒုစရိုက္လုပ္ငန္းမဟုတ္ဘဲ ပညာပါရမီကုသုိလ္လုပ္ငန္းျဖစ္ေသာေၾကာင့္လည္းေကာင္း၊ ေထာက္ခံစာအဆင့္ဆင့္ ရရွိထားၿပီးျဖစ္ေသာေၾကာင့္လည္းေကာင္း၊ ဝန္ႀကီးခ်ဳပ္ထံလည္း ႏွစ္ကာလ ၾကာျမင့္စြာ အႀကိမ္ႀကိမ္တင္ျပထားၿပီးျဖစ္ေသာေၾကာင့္လည္းေကာင္း မန္း မေဟာ္သဓာေက်ာင္းေတာ္ႀကီးကို လာမည့္ေဘး ေျပးေတြ႔ကာ စတင္ေဆာက္လုပ္ေတာ့မည္ျဖစ္ေၾကာင္း သတင္းေကာင္းပါးအပ္ပါတယ္။

 

“ကျောက်ချောရွာကျူရှင်ကျောင်းအတွက် ကြိုတင်ပြင်ဆင်နေပုံ”

နယုုန်လပြည့်ကျော် (၆)ရက်၊ 4.6.2018 ညနေ ၄း၃၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။

ကျူရှင်ကျောင်းအတွက် စာသင်ခုံများပြုလုပ်ပြီးပါပြီ။ ဆက်လက်ဆေးသုတ်နေကြပါတယ်။ မန်းမဟော်သဓာ အခမဲ့အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးဝင်းအတွင်းမှာ မြေညှိနေပါပြီ။ သရက်၊ ပိန်းန္နဲ၊ သံပုရာ၊ ငှက်ပျော စတဲ့သီပင်းစားပင်များလည်း စိုက်ပျိုးပြီးပါပြီ။

နယုန်လပြည့်နေ့တုန်းက မျိုးချစ်သမဂ္ဂ(မန္တလေး)နှင့် ကျောက်ဆည် မဘသ အဖွဲ့ သစ်ပင်စိုက်ပျိုးရေးအဖွဲ့တို့ ဦးစီးစိုက်ပျိုးကြတာပါ။ မကြာခင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၉ တန်း ၁၀ တန်း ကျူရှင်ကျောင်းများ စတင်ဖွင့်လှစ်ပါတော့မယ်။
၁၀ တန်း Repeaterတန်းများ လာရောက်စာရင်းပေးသွင်းနေကြပါပြီ။ ဆရာ ဆရာမများလည်း ပြည့်စုံနေပါပြီ။ ကျူရှင်ကျောင်းဆောင်လည်း ပြီးစီးပါတော့မယ်။

မဟော်သဓာအတွက် စာသင်ကျောင်းဆောင် လေးထပ်ဆောင်ကြီးလည်း မကြာမီ စတင်ဆောက်လုပ်ပါတော့မယ်။ ဝန်ကြီးချုပ်အမိန့် ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ အဆောက်အဦးဆောက်လုပ်ခွင့်ရှိသော မြေအမျိုးအစားဖြစ်သောကြောင့်လည်းကောင်း၊ သပိတ်စခန်း သူပုန်စခန်းမဟုတ်ဘဲ တိုင်းပြည်အနာဂတ် မျိုးဆက်လေးများရဲ့ မီခိုအားထားရာ ပညာသင်ကျောင်းကြီးဆောက်လုပ်မှာဖြစ်သောကြောင့်လည်းကောင်း၊ ဒုစရိုက်လုပ်ငန်းမဟုတ်ဘဲ ပညာပါရမီကုသိုလ်လုပ်ငန်းဖြစ်သောကြောင့်လည်းကောင်း၊ ထောက်ခံစာအဆင့်ဆင့် ရရှိထားပြီးဖြစ်သောကြောင့်လည်းကောင်း၊ ဝန်ကြီးချုပ်ထံလည်း နှစ်ကာလ ကြာမြင့်စွာ အကြိမ်ကြိမ်တင်ပြထားပြီးဖြစ်သောကြောင့်လည်းကောင်း မန်း မဟော်သဓာကျောင်းတော်ကြီးကို လာမည့်ဘေး ပြေးတွေ့ကာ စတင်ဆောက်လုပ်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။