“ကျောက်ချောရွာကျူရှင်ကျောင်း ရပ်မိရပ်ဖများ အစည်းအဝေး”
ဒုတိယဝါဆိုလဆန်း ၈ ရက်၊ 20.7.2018 ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်း ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။
ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကျေးရွာအာဏာပိုင်များ၊ ပရဟိတအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြပါတယ်။အစည်းအဝေးကျင်းပရခြင်းရည်ရွယ်ချက်ကတော့ ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်းစောင့်ရှောက်ရေးအတွက်ပါပဲ။
မိဘဆရာအသင်းလို ဂေါပကလို စောင့်ရှောက်ရေးကော်မတီတစ်ရပ် လိုအပ်နေလို့ပါပဲ။
လောလောဆယ်မှာ ညကျောင်းမခေါ်သေးပါဘူး။ မနက်ပိုင်းနှင့် ညနေပိုင်းမှာ ကိုးတန်း ဆယ်တန်း အားလုံး သင်ပေးနေပြီး အစိုးရစာသင်ကျောင်းတက်ချိန်များတွင် ဆယ်တန်း Repeater များကို သင်ကြားပေးလျက်ရှိပါတယ်။
သင်ကြားရေးဆရာတော် (၃)ပါး၊ ဆရာ ဆရာမ (၁၂)ဦး၊ ဂိုက်ဆရာ ဆရာမ (၁၂)ဦး၊ ရုံးဝန်ထမ်းဆရာမ (၁)ဦး၊ စုစုပေါင်း (၂၈)ဦးဖြင့် ကြပ်မတ်သင်ကြားပေးလျက်ရှိပါတယ်။
ကျောင်းသူကျောင်းသားများ အိမ်နှင့်ကျောင်းကြား မလစ်လပ်စေရေး ကျောင်းသူကျောင်းသားများ လုံခြုံရေးနှင့် ဆရာ ဆရာမများ စိတ်ချမ်းသာစေရေးအတွက် ကော်မတီတစ်ရပ် လိုအပ်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာ ကျောက်ချော၊ ကျွဲနဖား၊ ရန်အောင်မြင် စတဲ့ ကျေးရွာသူကျေးရွာသားများပဲ တက်ရောက်နိုင်ပါသေးတယ်။ ရွှေစာရံအုပ်စုအတွင်းရှိ အခြားကျေးရွာများကို ထပ်မံဖိတ်ကြားကာ အစည်းအဝေးတစ်ရပ် ပြန်လည်ကျင်းပပြီး ကော်မတီဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မိဘပြည်သူများကို တင်ပြစရာရှိက လျှောက်ထားနိုင်ကြောင်း ခွင့်ပေးတဲ့အခါ မိဘပြည်သူများက အားလုံးပြည့်စုံနေလို့ ဘာမှတင်ပြစရာကိုမရှိတော့ပါဘူးဟု လျှောက်ထားကြပါတယ်။
ကျောက်ချောရွာ ကလေးငယ်များ ကံကောင်းကြပါတယ်။
ကျူရှင်ဆိုပေမယ့် ကိုယ်ပိုင်အထက်တန်းကျောင်းလို အထက်တန်းဘော်ဒါတွေလို စနစ်တကျသင်ပေးနေတဲ့ အဆင့်မြင့်ကျောင်းတော်ကြီး ဖြစ်နေလို့ပါပဲ။