သတင်း
၂။ မိဘများက သဘောတူခြင်း၊
“ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်း ဆရာ ဆရာမများအစည်းအဝေး”
တော်သလင်းလဆန်း ၈ ရက် (17.9.2018)ရက်နေ့၊ ည ၆း၃၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာကျောင်းဝင်းအတွင်းရှိ ပညာဒါနကျူရှင်ကျောင်းဆောင်မှာ ကျင်းပပါတယ်။
မန်းမဟော်သဓာပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်၊ ကျူရှင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်နှင့် ဘာသာပြ ဆရာ ဆရာမများ၊ ဂိုက်ဆရာ ဆရာမများ တက်ရောက်ကြပါတယ်။
ညဘက်ဂိုက်တန်းခေါ်ဖို့အတွက် အကြိုဆွေးနွေးကြတာပါ။ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပါမယ်။ ကျောင်းသားများစာရင်းကောက်ယူခြင်း၊ မိဘများသဘောထားတောင်းခံခြင်း၊ မိဘများတာယူမှုရှိမရှိ စုံစမ်းခြင်းများ ပြုလုပ်ပြီးမှ ညဂိုက်တန်းလက်ခံပါမယ်။
၁။ ညဂိုက်တန်းတက်လိုသည့် ကျောင်းသားကျောင်းသူစာရင်း၊
၂။ မိဘများက သဘောတူခြင်း၊
၃။ မိဘအုပ်ထိန်းသူများ ကြိုပို့တာဝန်ယူခြင်း၊
ဒီအချက်သုံးချက်ပြည့်စုံမှ ညဂိုက်တန်းတက်ခွင့်ရပါမယ်။
ဝေးလံတဲ့ ကျေးရွာများမှ တက်လိုသူများစာရင်းကို သီခြားကောက်ပြီး ကြိုပို့ယာဉ်ကိစ္စ ဆောင်ရွက်ပေးပါမယ်။