ေက်ာက္ေခ်ာရြာ က်ဴရွင္ေက်ာင္းသုိ႔ တစ္ေခါက္
27.6.2018 ရက္ေန႔၊ ညေန ၅း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရႊစာရံအုပ္စု၊ ေက်ာက္ေခ်ာေက်းရြာသို႔ ေရာက္ရွိခဲ့ပါတယ္။
မန္း မေဟာ္သဓာ အမ်ဳိးသားေရးအခမဲ့ကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရး ဗဟုိေကာ္မတီက ဦးစီးတည္ေထာင္ဖြင့္လွစ္ထားတဲ့ ပညာဒါန က်ဴရွင္ေက်ာင္း လက္ရွိအေျခအေနသိရွိရေအာင္ သြားေရာက္ခဲ့တာပါ။
(၉)တန္း (၁၀)တန္း ေက်ာင္းသူေက်ာင္းသားမ်ား စိတ္ဝင္တစား ပညာသင္ယူေနတာ ေတြ႔ရပါတယ္။ ဆရာ ဆရာမမ်ားလည္း ပရဟိတသမားမ်ားပီပီ ေစတနာထားၿပီး သင္ၾကားေပးေနတာေတြ႔ရပါတယ္။
24.6.2018 ေန႔ကမွ ဖြင့္လွစ္ခဲ့တာပါ။ 25.6.2018 ေန႔ေရာက္မွ စတင္သင္ၾကားေပးတာပါ။ ေက်ာင္းသူေက်ာင္းသားမ်ား မိဘျပည္သူမ်ား ကံေကာင္းၾကပါတယ္။
စာသင္ခံုလည္း အဆင့္ျမင့္ျမင့္၊ ဆရာ ဆရာမေတြကလည္း အဆင့္ျမင့္ျမင့္ ဘာေငြေၾကးမွလည္း မေပးရ၊ ဗလာစာအုပ္ေတြလည္း လွဴဒါန္း၊ ဆရာကိုင္စာအုပ္ေတြလည္း လွဴဒါန္း၊ သင္ျပေပးေနခ်ိန္မွာ ႀကီးၾကပ္တဲ့ ဂိုက္ဆရာ ဆရာမေတြလည္း အျပည့္အဝရွိ၊ ညဂိုက္တန္းလည္း ဖြင့္လွစ္ေပးဦးမွာ ဒါေၾကာင့္ အားလံုးကံေကာင္းၾကပါတယ္။
ေက်ာက္ေခ်ာေက်းရြာ ပညာဒါနက်ဴရွင္ေက်ာင္း အႀကီးအကဲမ်ားကေတာ့ ဆရာေတာ္ဦးဝီရသူ (နာယက)၊ ဆရေတာ္ဦးဣႏၵက (ေက်ာင္းအုပ္)၊ ဆရာႀကီးဦးမ်ဳိးခ်စ္ (ဥကၠ႒)၊ ဆရာမႀကီး ေဒၚေဌးေဌးျမင့္ (ေက်ာင္းအုပ္)တုိ႔ ျဖစ္ပါတယ္။
ဖြင့္လွစ္ကာစျဖစ္လုိ႔ လုိအပ္ခ်က္မ်ားကို နည္းနည္းခ်င္း ျဖည္ဆည္းေပးသြားမွာပါ။
“ကျောက်ချောရွာ ကျူရှင်ကျောင်းသို့ တစ်ခေါက်”
27.6.2018 ရက်နေ့၊ ညနေ ၅း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။
မန်း မဟော်သဓာ အမျိုးသားရေးအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက ဦးစီးတည်ထောင်ဖွင့်လှစ်ထားတဲ့ ပညာဒါန ကျူရှင်ကျောင်း လက်ရှိအခြေအနေသိရှိရအောင် သွားရောက်ခဲ့တာပါ။
(၉)တန်း (၁၀)တန်း ကျောင်းသူကျောင်းသားများ စိတ်ဝင်တစား ပညာသင်ယူနေတာ တွေ့ရပါတယ်။ ဆရာ ဆရာမများလည်း ပရဟိတသမားများပီပီ စေတနာထားပြီး သင်ကြားပေးနေတာတွေ့ရပါတယ်။ 24.6.2018 နေ့ကမှ ဖွင့်လှစ်ခဲ့တာပါ။ 25.6.2018 နေ့ရောက်မှ စတင်သင်ကြားပေးတာပါ။
ကျောင်းသူကျောင်းသားများ မိဘပြည်သူများ ကံကောင်းကြပါတယ်။ စာသင်ခုံလည်း အဆင့်မြင့်မြင့်၊ ဆရာ ဆရာမတွေကလည်း အဆင့်မြင့်မြင့် ဘာငွေကြေးမှလည်း မပေးရ၊ ဗလာစာအုပ်တွေလည်း လှူဒါန်း၊ ဆရာကိုင်စာအုပ်တွေလည်း လှူဒါန်း၊ သင်ပြပေးနေချိန်မှာ ကြီးကြပ်တဲ့ ဂိုက်ဆရာ ဆရာမတွေလည်း အပြည့်အဝရှိ၊ ညဂိုက်တန်းလည်း ဖွင့်လှစ်ပေးဦးမှာ ဒါကြောင့် အားလုံးကံကောင်းကြပါတယ်။
ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်း အကြီးအကဲများကတော့ ဆရာတော်ဦးဝီရသူ (နာယက)၊ ဆရတော်ဦးဣန္ဒက (ကျောင်းအုပ်)၊ ဆရာကြီးဦးမျိုးချစ် (ဥက္ကဋ္ဌ)၊ ဆရာမကြီး ဒေါ်ဌေးဌေးမြင့် (ကျောင်းအုပ်)တို့ ဖြစ်ပါတယ်။
ဖွင့်လှစ်ကာစဖြစ်လို့ လိုအပ်ချက်များကို နည်းနည်းချင်း ဖြည်ဆည်းပေးသွားမှာပါ။