သတင်း

ဂျော့ဆိုးရို့စ်ဆိုတာ ပြဿနာကောင်ပါ(၁)

နည်းတဲ့အကောင်ကြီးမဟုတ်ဘူး ကမ္ဘာ့ပြဿနာကောင်ကြီး။ နိုင်ငံတစ်ခုတည်းကိုသာ ကိုင်လှုပ်နိုင်တာမဟုတ်ဘူး အာစီယံကိုပါ ကိုင်လှုပ်နိုင်ခဲ့တဲ့သူ။ ၈၈ အရေးအခင်းလည်း သူ့ပယောဂပါတယ်။ ၉၇ အာဆီယံအကြပ်အတည်းလည်း သူ့လက်ချက်ပဲ။
နောက်ဆုံး သြဂုတ်လ အကြမ်းဖက်မှုကြီးတောင် သူ့လက်ရာမကင်းဘူးလို့ ဝေဖန်ထားတဲ့ဆောင်းပါးပါ။

ဒီထဲမှာ NLD အစိုးရတက်လာတော့ သူ့ရည်ရွယ်ချက် အောင်မြင်ပြီလို့ ဂျော့ဆိုးရို့စ်ကြီး ကြုံးဝါးထားတာ ပါပါတယ်။ ဒါဆိုရင် NLD အစိုးရနှင့် ဂျော့ဆိုးရို့စ်ဘယ်လိုပတ်သက်တယ်ဆိုတာ ထင်ရှားပါပြီ။ အဲဒီဂျော့ဆိုးရို့စ်ကြီး ရခိုင်ကိုသွားသေးတယ်နော်၊ မှတ်မိကြလား။

အဲ့ဒီဂျော့ဆိုးရို့စ်ကြီးနဲ့ ဘယ်သူတွေတွေ့ဆုံတယ်ဆိုတာရော မှတ်မိကြလား။ ပရိသတ်ကြီး စာဖတ်အားနည်းမှန်းသိလို့ ဆောင်းပါးတစ်ပုဒ်တည်းကိုပဲ နှစ်ပိုင်းခွဲပြီး တင်ပေးပါ့မယ်။ ဒါက ပထမပိုင်းပါ။ 20.11.2017 ရက်နေ့ထုတ် The Voice Daily ပါ ဆရာချစ်ဝင်းမောင်ရဲ့ ဆောင်းပါးဖြစ်ပါတယ်။

ဝီရသူ(မစိုးရိမ်)
4.12.2017
PM 7:28
========================================================
“ရခိုင်အရေးဟာ ဆိုးရိုစ့်လက်ချက်လား”
ချစ်ဝင်းမောင်
ရခိုင်အရေး နိုင်ငံတကာမျက်နှာစာကိုရောက်သွားချိန်မှာ အမျိုးမျိုးသောဝေဖန်ချက်တွေ၊ မှတ်ချက်တွေ၊ ကောက်ချက်ချတာတွေ မီဒီယာအသီးသီးမှာ ပါလာပါတယ်။ အထူးသဖြင့်တော့ အားကောင်းတဲ့ အနောက်မီဒီယာတွေက မြန်မာအစိုးရကို အကျပ်တွေ့စေနိုင်တဲ့ ရှုထောင့်ပေါင်းစုံက တစ်ဖက်သတ်ရေးသားနေကြတာပဲ များပါတယ်။ Genocide တို့၊ Ethnic Cleansing တို့ Human rights abuses စတဲ့ဝေါဟာရတွေက ရေလယ်အထပ်ထပ်သုံး ဝေဖန်နေကြတာများပါတယ်။ မီဒီယာဟာ အမှန်တရားတစ်ခုပေါ်မှာပဲ ရပ်ရတယ်။ ဘက်မလိုက်ရဘူးဆိုပေမယ့် တစ်ဖက်သတ်ဘက်လိုက်သလို ဝေဖန်နေမှုတွေပဲများနေတော့ သူတို့ရေးနေကြတာ အမှန်တွေပဲလားလို့ ထင်လာစရာရှိတယ်။
ဒီလိုအခြေအနေမျိုးမှာ ဒီရခိုင်ပြဿနာဟာ သွေးရိုးသားရိုးမဟုတ်ဘူး။ Geopolitics အရ အရေးပါနေတဲ့ ဒီနေရာ၊ အထူးသဖြင့် ထောင်တက်လာနေတဲ့ တရုတ်ရဲ့သြဇာကို ဟန့်တားဖို့ အမေရိကန်က တမင်အကွက်ဆင်ထားတဲ့ ထောင်ချောက်တစ်ခုပဲလို့ သုံးသပ်ရေးသားလာတဲ့ ဆောင်းပါးတစ်ပုဒ်ကို မကြာခင်က ဖတ်လိုက်ရတယ်။ ရခိုင်ပြဿနာကို နောက်ကွယ်က မီးမွှေးပေးသူက တခြားမဟုတ်ပါဘူးတဲ့။ နာမည်ကျော် အမေရိကန် ဘီလျံနာ သူဌေးကြီး ဂျော့စ်ဆိုးရိုစ့်ပါတဲ့။ ဂျော့ဆိုးရိုစ့်ဟာ မြန်မာနိုင်ငံရေးကို ကြိုးဆွဲနေတာ ကြာပါပြီတဲ့။ လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ်လောက်ကတည်းကပါလို့ ဆောင်းပါးမှာ ရေးသားထားတယ်။ အဲဒီအချိန်ကနေ ခုချိန်ထိ ဆိုးရို့စ်နဲ့ အမေရိကန်အစိုးရရဲ့ NED, USAID စတဲ့ အဖွဲ့အစည်းတွေဟာ မြန်မာ့နိုင်ငံရေးကို သူတို့အလိုကျဖြစ်အောင် နောက်ကွယ်က ကစားနေခဲ့ကြတယ်လို့ ဆိုတယ်။ ဒီဆောင်းပါးပါ အချက်အလက်တွေ ဘယ်လောက်အထိ မှန် မမှန် မပြောနိုင်ပေမယ့် အချက်အလက် အထောက်အထားတွေက အတော်လေးခိုင်လုံနေသလိုရှိတာမို့ ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်။
ဘန်ကောက်အခြေစိုက် ပထဝီနိုင်ငံရေး သုတေသီ ကာတာလူစီရဲ့ အဆိုအရ ဆိုးရို့်စ်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစိုးရမဟုတ်သော National Endorsements for Democracy(NED), USAID အစရှိအဖွဲ့အစည်းတွေဟာ အရှေ့တောင်အာရှမှာ တရုတ်သြဇာဖြန့်က်ြလာတာကို ဟန့်တားဖို့နဲ့ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေအောင် နှစ်ပေါင်းများစွာကတည်းက ကြံစည်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ဆိုတယ်။ ဂျော့ဆိုးရို့စ်ဟာဆိုရင် မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို မတည်မငြိမ်ဖြစ်အောင် နှစ်ပေါင်းများစွာကတည်းက ကြိုးပမ်းခဲ့တဲ့ အထောက်အထားတွေ အများကြီးရှိခဲ့တယ်။ ဆိုးရို့်စ်ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖောင်ဒေးရှင်း (Onpen Society Foundation)ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးခေါင်းစဉ်နဲ့ ၁၉၉၄ ခုနှစ်ကစပြီး Burma Project အမည်နဲ့ နှစ်စဉ်ဒေါ်လာ ၂သန်း ထောက်ပံ့ခဲ့ကြောင်း ၂၀၀၇ ခုနှစ်မှာ Forbe မဂ္ဂဇင်းက ထုတ်ဖော်ခဲ့တယ်။ အဲဒီမဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ငွေစက္ကူဖျက်သိမ်းရာက ဆန္ဒပြမှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၁၉၈၇ ခုနှစ်နဲ့ ၁၉၈၈ ဒီမိုကရေစီရေး လူထုအုံကြွမှုတွေ ပေါ်ထွက်ပြီး မဆလ အစိုးရပြုတ်ကျသွားခဲ့ရတာ ဆိုးရို့စ်ရဲ့ ပယောဂမကင်းဘူးလို့ဆိုတယ်။
၁၉၉၇ ခုနှစ်မှာ အာရှငွေကြေးအကျပ်ရိုက်မှု Asian financial crisis ဖြစ်လာတော့ အားလုံးက ဒါဟာ ဆိုးရို့်စ်လက်ချက်ဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ခဲ့ကြတယ်။ ၁၉၉၇ ခုနှစ် စက်တင်ဘာ ၂၉ရက်မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာက အာရှငွေကြေးအကျပ်အတည်းပေါ်ပေါက်မှုမှာ ဆိုးရို့စ်ပါဝင်ပတ်သက်နေတဲ့ တိကျတဲ့သက်သေအထောက်အထားတွေရှိကြောင်း၊ ဒီကိစ္စဟာ ဆိုးရို့်စ်တစ်ဦးတည်းသာမက နောက်ကွယ်က အမေ၇ိကန်အစိုးရလည်း ပါနေတယ်လို့ဆိုတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံက အာဆီယံအဖွဲ့ထဲ ဝင်ရောက်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပြီး အမေရိကန်က ဒါကိုမလိုလားပါဘူး။ နောက်ပိုင်း မဟာသီယာရဲ့ ထောက်ခံမှုနဲ့ မြန်မာက အာဆီယံအဖွဲ့ဝင် ဖြစ်လာတဲ့အခါ ဆိုးရို့စ်ကို မကျေမချမ်းဖြစ်ခဲ့တယ်လို့ဆိုတယ်။ အမေရိကန်ဟာ အရှေ့တောင်အာရှနိုင်ငံများမှာ အနောက်ကိုလိုနီနယ်ချဲ့ဝါဒ ဆက်လက်ရှင်သန်နေဖို့ ဒေသတွင်းနိုင်ငံရေးကို ဖိအားပေးမှုတွေ၊ ပြဿနာဖန်တီးမှုတွေနဲ့ ဆယ်စုနှစ်များစွာ ကစားနေခဲ့တယ်။ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံလိုက်တဲ့အပေါ်မှာ အမေရိကန်က ဘဝင်မကျဘူး။ အခု ဆီးရိယားလိုမျိုး၊ အီရန်နဲ့မြောက်ကိုရီးယားလိုမျိုး မြန်မာနိုင်ငံကို အထီးကျန်နိုင်ငံအဖြစ် ပိတ်ဆို့အရေးယူမှုတွေ မီဒီယာတိုက်ခိုက်မှုတွေ၊ လျှို့ဝှက်ကြံစည်မှုတွေနဲ့ ဆက်ပြီးချုပ်ကိုင်ထားလိုတယ်လို့ ပထဝီနိုင်ငံရေးသုတေသီ ကာတာလူစီက သုံးသပ်ထားပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)