ဆေးကျောင်းသားများ နှင် ပညာသင်စရိတ်
ဆေးကျောင်းသားများ နှင် ပညာသင်စရိတ်
ဆရာဝန်လောင်းများကို ပညာသင်စရိတ် ထောက်ပံ့လာခဲ့တာ ၂၀၁၂ခုနှစ် ကထည်းပါ။
ဆရာဝန်ဘွဲ့ရသွားကြသူများ ရှိသလို ဘွဲ့ရခါနီး ဆေးကျောင်းသားတွေလည်း ရှိပါတယ်။
နောက်ဆုံးကျန်နေတဲ့ ဆေးကျောင်းသား ရှစ်ဦးထဲမှာ ၄ဦးကို စာရေးသူက တိုက်ရိုက်ထောက်ပံ့ထားပြီး ကျန် ၄ ဦးကို အလှူရှင် အသီးသီးက ထောက်ပံ့ပေးထားတာပါ။
ပညာသင်စရိတ် လိုအပ်သူများရဲ့ အမှတ်စရင်းကို လိုင်းပေါ်တင်ပြီး အလှူခံခဲ့၇ာမှ လစဉ် ထောက်ပံ့မယ့်သူ ၄ ဦးပေါ်လာတာပါ။
ကြားခံ အကျိုးဆောင် ကိုယ်စားလှယ်ကြီးကတော့ ဦးတွတ်(ကိုတွတ်) ဖြစ်ပါတယ်။
ကိုတွတ်ထံ အလှူရှင်တွေက ငွေပို့၊ ကိုတွတ်က လက်ခံပြီး ကျောင်းသားတွေထံ ပြန်လွဲပါတယ်။
ငွေလက်ခံရရှိကြောင်း အကြောင်းကြားစာလေးတောင် ပြန်မပိုကြတဲ့သူတွေကို တစ်လစာ ဖိုင်းချဖူးပါတယ်။
အဲဒီနောက်ပိုင်းတော့ ပြန်စာလေးတွေ မှန်သွားကြတယ်ပေါ့ ။
အခုနောက်ဆုံး ရှစ်ဦးထဲမှာ ပေါက်မြို့နယ်သား တစ်ဦးက မေလမှစပြီး ကျောင်းပြန်တက်နေပါပြီ ။
နောက်တစ်ဦးက ကန့်ဘလူမြို့နယ်ကပါ ၂၀၂၃ ဇွန်မှာ စတက်ပါတော့မယ်။
ကျန် ၆ ဦးကတော့ ခုထိ မဆက်သွယ်သေးပါဘူး။
အချို့အိမ်ထောင်ကျလို့ ကျောင်းမတက်တာတွေ ရှိသလို၊ အချို့ အိမ်ထောင်ကျလျက် ကျောင်းပြန်တက်တာတွေလည်း ရှိပါတယ်။
CDM လုပ်လို့ ကျောင်းမတက်ကြတော့တာလားတော့ မသိပါ၊ ၆ ဦးက ခုထိ ဆက်သွယ်မလုပ်ကြတော့ပါ၊
စာရေးသူ ပညာဒါနအဖြစ် ၂၀၁၂ ခုနှစ်မှစပြီး ထောက်ပံ့တာ ငွေမနည်းလှပါ ။
အခုတော့ စာရေးသူတည်ထောင်ထားတဲ့ ပညာရေး အကယ်ဒမီ ကျောင်းသား ကျောင်းသူတွေက ထူးချွန်သူတွေကိုပဲ ရွေးချယ်ထောက်ပံ့ပါတော့မယ်။
လောလောဆယ် ဆေးဝါးတက္ကသိုလ်တက်နေတဲ့ သမီးငယ်လေး ၁ဦး၊ သူနာပြု တက္ကသိုလ်တက်နေတဲ့ သမီးငယ်လေး ၁ဦးကို ထောက်ပံ့နေပါပြီ။
လိမ္မာဖို့၊ ကြိုးစားဖို့၊ မပျက်စီးအောင် ထိန်းသိမ်းဖို့တော့ လစဉ် ဆုံးမပေးပါတယ်။
ထောက်ပံ့မဲ့ ဆေးကျောင်းသားတွေ ဆက်သွယ်လာရင်လည်း ဆက်လက်ထောက်ပံ့သွားမှာပါ၊
နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူတွေဖြစ်နေလိုပါ၊ ကျောင်းသား ကျောင်းသူတွေ အခတ်အခဲမရှိ ပညာသင်ယူနိုင်ကြပါစေ…………။
ဦးပဉ္ဇင်း
ဝီရသူ(မစိုးရိမ်)
၁.၁.၂၀၂၃