ေဉယ်ဓမ္ေတာရသုိ႔ … (၂)
တေပါင္းလဆန္း ၁၃ရက္ (14.3.2022)ရက္ေန႔၊ ဘုရားဝတ္တက္ၿပီး ည ၁၀း၀၀နာရီမွာ အိပ္ရာဝင္ပါတယ္။
တပည့္ေလးႏွစ္ပါးက အခန္းအျပင္ဘက္၊ စာေရးသူက အခန္းထဲမွာ အိပ္ပါတယ္။
တပည့္ေလးႏွစ္ပါးက စာေရးသူထက္ ႏွစ္ရက္ေစာၿပီး ေရာက္ေနတာပါ။
တေပါင္းလဆန္း ၁၂ရက္မွာ ခ်စ္ရင္ခတ္ အမွတ္တံဆိပ္ ေရႊမ်က္စဥ္းလွဴဖုိ႔အတြက္ ႀကဳိတင္ေရာက္ရွိေနျခင္း ျဖစ္ပါတယ္။
တပည့္ေလးမ်ားေျပာစကားအရ တေပါင္းလဆန္း ၁၂ရက္ေန႔မွာ ေရာက္ရွိလာတဲ့ ပရိသတ္က ေသာင္းေက်ာ္ရွိၿပီး ယူလာတဲ့ မ်က္စဥ္းဘူး တစ္ေထာင္ ခဏေလးနဲ႔ ကုန္သြားတယ္လုိ႔ ဆိုပါတယ္။
ကားတစ္စင္းလွ်င္ တစ္ဘူးႏႈန္း လွဴလွ်င္ေတာင္ မေလာက္ႏိုင္ဟု ဆိုပါတယ္။
မ်က္စဥ္းဘူးလွဴအၿပီးမွာ မင္းဘိသိက္ခံ နတ္တလူသာသနာျပဳစခန္းသို႔ ျပန္ၾကြကာ စာေရးသူကို ေစာင့္ေနၾကသူမ်ား ျဖစ္ပါတယ္။ စာေရးသူႏွင့္အတူ ေဉယ်ဓမ္သို႔ လုိက္ပါလာၿပီး သာသနဝုၯိေက်ာင္းမွာ အတူတည္းခိုၾကတာျဖစ္ပါတယ္။
စာေရးသူတို႔အိပ္ရာဝင္ၿပီးေနာက္ ည ၁၂း၀၀နာရီမွာ တစ္ေရးႏိုးပါတယ္။ ေတာေတာင္ထဲမွာ အိပ္ရတာဆိုေတာ့ အေအးမိမွာစုိးတာနဲ႔ ခန္းစည္းေတြ လုိက္ခ်ထားလို႔ ပူအိုက္ၿပီး တစ္ေရးႏိုးလာျခင္းျဖစ္ပါတယ္။
အခန္းထဲမွာ ခ်ိတ္ဆြဲထားတဲ့ နံရံကပ္နာရီက ၁၅မိနစ္တစ္ခါ အသံျမည္ပါတယ္။ မစိုးရိမ္တုိက္သစ္က နာရီစင္အသံႏွင့္ သံစဥ္တူပါတယ္။
၁၅မိနစ္တစ္ခါ အသံျမည္လို႔ ၁၅မိနစ္တစ္ခါ ႏိုးပါတယ္။ ႏုိးတဲ့အခါတိုင္း ဆရာေတာ္ႀကီးကို ေမတၱာပို႔ၿပီး ျပန္အိပ္ပါတယ္။
ေမတၱာပို႔လုိက္ ျပန္အိပ္လုိက္ နာရီသံၾကားလုိက္ ျပန္ႏိုးလုိက္နဲ႔ ပြဲဦးထြက္တစ္ညတာမွာ ႏိုးႏိုးၾကားၾကား ေမတၱာတရားနဲ႔ အိပ္စက္ရပါတယ္။
ထူးျခားတာတစ္ခုက ၃း၀၀နာရီေက်ာ္ေလာက္မွာ အခန္းတံခါးႀကီးက ပြင့္ထြက္သြားတာပါပဲ။
ေလာ့ခ်ထားပါလ်က္ ပြင့္ထြက္လာတာျဖစ္လုိ႔ အသံက်ယ္တာေၾကာင့္ လန္႔ႏိုးသြားပါတယ္။
စာေရးသူက မနက္တုိင္း ၄း၀၀နာရီဆုိလွ်င္ အိပ္ရာထေနက်ပါ။ ၃း၀၀နာရီမွာ တံခါးပြင့္တာေၾကာင့္ လန္႔ႏိုးေသာ္လည္း ျပန္အိပ္ခ်င္ေနဆဲပါပဲ။ ၄း၀၀နာရီမွထမယ္ဆိုၿပီး ျပန္အိပ္ေပမယ့္ အိပ္မေပ်ာ္ေတာ့ပါဘူး။
ဆရာေတာ္ႀကီးထံပဲ စိတ္ေစာေနပါေတာ့တယ္။
အေစာႀကီးထေစခ်င္လို႔ ႏႈိးတာမ်ား ျဖစ္ေနမလား။
ဆရာေတာ္ႀကီးၾကြလာတာ ျမင္ေစခ်င္လုိ႔ ႏႈိးတာမ်ား ျဖစ္ေနမလား။
အေတြးဝင္လာတာနဲ႔ ခန္းစည္းကိုဖယ္ၿပီး အျပင္ဘက္ကို ၾကည့္လုိက္ပါတယ္။ ေက်ာင္းဝင္းတစ္ခုလံုး လင္းထိန္ေနတာ ေတြ႔လုိက္ရပါတယ္။
ေစာေစာထေစခ်င္လုိ႔ ႏႈိးတာပဲျဖစ္မယ္ဟု ႏွလံုးသြင္းကာ အိပ္ရာထၿပီး ဘုရားဝတ္တက္လုိက္ပါတယ္။
တပည့္ေလးေတြလည္း ႏိုးေနၾကပါၿပီ။
ဘုရားဝတ္တက္အၿပီးမွာ ေက်ာင္းေအာက္ဆင္းၿပီး မဟာသမယပရိတ္ေတာ္မ်ား ရြတ္ဖတ္ပူေဇာ္ပါတယ္။
နတ္ေဒဝါေတြကို တုိင္တည္ၿပီး ရြတ္ဖတ္ကာ အမွ်ေဝ ေမတၱာပို႔ခဲ့ပါတယ္။
ပရိတ္ရြတ္အၿပီး အခ်ိန္ရေသးတာနဲ႔ တရားထုိင္ပါတယ္။
ဆရာေတာ္ႀကီး ဖူးေျမာ္ပူေဇာ္ရာ ရုပ္ပြားေတာ္ေရွ႕မွာ တရားထုိင္ျခင္းျဖစ္ပါတယ္။
ေတာအရိပ္ေတာင္အရိပ္နဲ႔ ေမတၱာအရိပ္တုိ႔ ေပါင္းဆံုမိတဲ့အတြက္ေၾကာင့္ တရားထုိင္ရတာ အင္မတန္ေကာင္းပါတယ္။
ဦးပဥၥင္း ရြတ္ဖတ္ပူေဇာ္ ပြားမ်ားအားထုတ္အပ္ေသာ ေဉယ်ဓမ္တရားမ်ားကို ပရိသတ္ႀကီးအား အမွ်ေပးေဝပါတယ္။
ကုသုိလ္ …..
အမွ် ….
အမွ် ….
အမွ် …
ယူေတာ္မူၾကပါကုန္ေလာ့ ….. ။
ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
18.3.2022
————————–
ဉေယျဓမ်တောရသို့ … (၂)
တပေါင်းလဆန်း ၁၃ရက် (14.3.2022)ရက်နေ့၊ ဘုရားဝတ်တက်ပြီး ည ၁၀း၀၀နာရီမှာ အိပ်ရာဝင်ပါတယ်။
တပည့်လေးနှစ်ပါးက အခန်းအပြင်ဘက်၊ စာရေးသူက အခန်းထဲမှာ အိပ်ပါတယ်။
တပည့်လေးနှစ်ပါးက စာရေးသူထက် နှစ်ရက်စောပြီး ရောက်နေတာပါ။
တပေါင်းလဆန်း ၁၂ရက်မှာ ချစ်ရင်ခတ် အမှတ်တံဆိပ် ရွှေမျက်စဉ်းလှူဖို့အတွက် ကြိုတင်ရောက်ရှိနေခြင်း ဖြစ်ပါတယ်။
တပည့်လေးများပြောစကားအရ တပေါင်းလဆန်း ၁၂ရက်နေ့မှာ ရောက်ရှိလာတဲ့ ပရိသတ်က သောင်းကျော်ရှိပြီး ယူလာတဲ့ မျက်စဉ်းဘူး တစ်ထောင် ခဏလေးနဲ့ ကုန်သွားတယ်လို့ ဆိုပါတယ်။
ကားတစ်စင်းလျှင် တစ်ဘူးနှုန်း လှူလျှင်တောင် မလောက်နိုင်ဟု ဆိုပါတယ်။
မျက်စဉ်းဘူးလှူအပြီးမှာ မင်းဘိသိက်ခံ နတ်တလူသာသနာပြုစခန်းသို့ ပြန်ကြွကာ စာရေးသူကို စောင့်နေကြသူများ ဖြစ်ပါတယ်။ စာရေးသူနှင့်အတူ ဉေယျဓမ်သို့ လိုက်ပါလာပြီး သာသနဝုဍ္ဎိကျောင်းမှာ အတူတည်းခိုကြတာဖြစ်ပါတယ်။
စာရေးသူတို့အိပ်ရာဝင်ပြီးနောက် ည ၁၂း၀၀နာရီမှာ တစ်ရေးနိုးပါတယ်။ တောတောင်ထဲမှာ အိပ်ရတာဆိုတော့ အအေးမိမှာစိုးတာနဲ့ ခန်းစည်းတွေ လိုက်ချထားလို့ ပူအိုက်ပြီး တစ်ရေးနိုးလာခြင်းဖြစ်ပါတယ်။
အခန်းထဲမှာ ချိတ်ဆွဲထားတဲ့ နံရံကပ်နာရီက ၁၅မိနစ်တစ်ခါ အသံမြည်ပါတယ်။ မစိုးရိမ်တိုက်သစ်က နာရီစင်အသံနှင့် သံစဉ်တူပါတယ်။
၁၅မိနစ်တစ်ခါ အသံမြည်လို့ ၁၅မိနစ်တစ်ခါ နိုးပါတယ်။ နိုးတဲ့အခါတိုင်း ဆရာတော်ကြီးကို မေတ္တာပို့ပြီး ပြန်အိပ်ပါတယ်။
မေတ္တာပို့လိုက် ပြန်အိပ်လိုက် နာရီသံကြားလိုက် ပြန်နိုးလိုက်နဲ့ ပွဲဦးထွက်တစ်ညတာမှာ နိုးနိုးကြားကြား မေတ္တာတရားနဲ့ အိပ်စက်ရပါတယ်။
ထူးခြားတာတစ်ခုက ၃း၀၀နာရီကျော်လောက်မှာ အခန်းတံခါးကြီးက ပွင့်ထွက်သွားတာပါပဲ။
လော့ချထားပါလျက် ပွင့်ထွက်လာတာဖြစ်လို့ အသံကျယ်တာကြောင့် လန့်နိုးသွားပါတယ်။
စာရေးသူက မနက်တိုင်း ၄း၀၀နာရီဆိုလျှင် အိပ်ရာထနေကျပါ။ ၃း၀၀နာရီမှာ တံခါးပွင့်တာကြောင့် လန့်နိုးသော်လည်း ပြန်အိပ်ချင်နေဆဲပါပဲ။ ၄း၀၀နာရီမှထမယ်ဆိုပြီး ပြန်အိပ်ပေမယ့် အိပ်မပျော်တော့ပါဘူး။
ဆရာတော်ကြီးထံပဲ စိတ်စောနေပါတော့တယ်။
အစောကြီးထစေချင်လို့ နှိုးတာများ ဖြစ်နေမလား။
ဆရာတော်ကြီးကြွလာတာ မြင်စေချင်လို့ နှိုးတာများ ဖြစ်နေမလား။
အတွေးဝင်လာတာနဲ့ ခန်းစည်းကိုဖယ်ပြီး အပြင်ဘက်ကို ကြည့်လိုက်ပါတယ်။ ကျောင်းဝင်းတစ်ခုလုံး လင်းထိန်နေတာ တွေ့လိုက်ရပါတယ်။
စောစောထစေချင်လို့ နှိုးတာပဲဖြစ်မယ်ဟု နှလုံးသွင်းကာ အိပ်ရာထပြီး ဘုရားဝတ်တက်လိုက်ပါတယ်။
တပည့်လေးတွေလည်း နိုးနေကြပါပြီ။
ဘုရားဝတ်တက်အပြီးမှာ ကျောင်းအောက်ဆင်းပြီး မဟာသမယပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပါတယ်။
နတ်ဒေဝါတွေကို တိုင်တည်ပြီး ရွတ်ဖတ်ကာ အမျှဝေ မေတ္တာပို့ခဲ့ပါတယ်။
ပရိတ်ရွတ်အပြီး အချိန်ရသေးတာနဲ့ တရားထိုင်ပါတယ်။
ဆရာတော်ကြီး ဖူးမြော်ပူဇော်ရာ ရုပ်ပွားတော်ရှေ့မှာ တရားထိုင်ခြင်းဖြစ်ပါတယ်။
တောအရိပ်တောင်အရိပ်နဲ့ မေတ္တာအရိပ်တို့ ပေါင်းဆုံမိတဲ့အတွက်ကြောင့် တရားထိုင်ရတာ အင်မတန်ကောင်းပါတယ်။
ဦးပဉ္စင်း ရွတ်ဖတ်ပူဇော် ပွားများအားထုတ်အပ်သော ဉေယျဓမ်တရားများကို ပရိသတ်ကြီးအား အမျှပေးဝေပါတယ်။
ကုသိုလ် …..
အမျှ ….
အမျှ ….
အမျှ …
ယူတော်မူကြပါကုန်လော့ ….. ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
18.3.2022