သတင္း

ေနရာစုံက ထပြက္ေနေသာ ျမန္မာ့ႏုိင္ငံေရးအခင္းအက်င္း

(၁)
ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေရြးေကာက္ပြဲေတြက အသြင္အမ်ဳိးမ်ဳိးျဖစ္ေနသည္။ စနစ္တက် ညႊန္ၾကားမႈမရွိ ေသာေၾကာင့္ အၿပီးသတ္ေရြးခ်ယ္ရမည့္ေန႔လည္း မသိရ။ ေရြးခ်ယ္ခံရသူေတြ မည္သည့္အခ်ိန္မွာ စတင္ တာဝန္ယူရမည္လည္း မသိရျဖစ္ေနသည္။ တုိင္းေဒသႀကီးအခ်င္းခ်င္းလည္း မတူညီ၊ ျပည္နယ္ေဒသေတြ မွာလည္း မတူညီ။ ဖြဲ႕စည္းပုံပ်က္သကဲ့သုိ႔ ရွိေန၏။ ဘာေၾကာင့္ က်င္းပသည္ကုိလည္း မသိရေပ။ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးသက္တမ္းသည္ ငါးႏွစ္ျဖစ္၏။ အစုိးရတစ္ခုသက္တမ္းႏွင့္တူညီ၏။ ၂၀၁၅ ေရြးေကာက္ပြဲၿပီးခ်ိန္ အာဏာမလြဲေျပာင္းမီ ယခင္အစုိးရလက္ထက္တုန္းက ေရြးေကာက္ပြဲက်င္းပၿပီးသား ျဖစ္၏။ ယခုျပန္လည္က်င္းပျခင္းေၾကာင့္ ၂၀၁၅ ခုႏွစ္၌ အေရြးခံထားရေသာ အုပ္ခ်ဳပ္ေရးမွဴးမ်ား နစ္နာခဲ့ရ၏။ ဤသည္မွာ ဥပေဒကုိ မေလးစား မလုိက္နာျခင္း၏ ျပယုဂ္ပင္။ သက္တမ္းငါးႏွစ္မျပည့္ေသးဘဲ ျပန္က်င္းပျခင္းသည္ ေရြးခ်ယ္ခံထားရသူမ်ားကုိ နစ္နာေစသလုိ ေရြးေကာက္တင္ေျမွာက္ခဲ့ၾကသည့္ ျပည္သူမ်ားကုိ မထီမဲ့ျမင္ျပဳရာလည္း ေရာက္ေပသည္။
ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ေရြးေကာက္ပြဲအသံမ်ား ကလည္း ဆူညံေန၏။ အထူးသျဖင့္ မေလ်ာ္ၾသဇာသုံး၍ ဝင္ေရာက္စြက္ဖက္မႈမ်ား၊ အထက္ဖိအားဒဏ္ မခံႏုိင္၍ မတရားဆုံးျဖတ္မႈမ်ား၊ ကုိယ့္လူ ကုိယ့္ပါတီဝင္ အသာရေအာင္ လွည့္ကြက္ဖန္တီးမႈမ်ားေၾကာင့္ ရပ္ေက်းျပည္သူမ်ား မေက်မနပ္ျဖစ္ၾကရသည့္အသံမ်ားက ပုိမ်ားေပသည္။ မေလ်ာ္ၾသဇာသုံးသူမ်ားမွာ လႊတ္ေတာ္အသီးသီးမွ ကုိယ္စားလွယ္မ်ားႏွင့္ ဝန္ႀကီးခ်ဳပ္ အဆင့္ထိ အာဏာပုိင္မ်ားျဖစ္ေလသည္။ အာဏာရပါတီေခါင္းေဆာင္အသီးသီးကလည္း ဖိအားေပးျခင္း၊ မတရားဝင္ေရာက္စြက္ဖက္ျခင္းမ်ား ျပဳလုပ္ေနၾက၏။ ထုိ႔ေၾကာင့္ ရပ္ေက်းေရြးေကာက္ပြဲမက်င္းပမီ အေျခခံ အဖြဲ႕အစည္းမ်ား ဖြဲ႕စည္းရုံျဖင့္ပင္ ရုန္းရင္းဆန္ခတ္ျဖစ္၍ ပြဲရပ္သြားရသည္က မ်ားေပသည္။ ရပ္ေက်းေရြး ေကာက္ပြဲေလးတစ္ခု က်င္းပသည္ပင္ ဤမွ်အထိ ဘက္လုိက္ေနၾကလွ်င္ အေထြေထြေရြးေကာက္ပြဲႀကီး ဆုိလွ်င္ မေတြးဝံ့စရာပင္။

(၂)

၂၀၁၈ႏွစ္ဆန္းမွာပင္ ဧရာဝတီတုိင္းဝန္ႀကီးခ်ဳပ္ ဦးမန္းေဂ်ာ္နီ ႏုတ္ထြက္သြားခဲ့၏။ သူႏွင့္အတူ စုိက္ပ်ဳိးေရး ဝန္ႀကီးဦးဘဟိန္းလည္း ႏုတ္ထြက္စာတင္သြား၏။ ပဲခူးတုိင္း မေကြးတုိင္းတုိ႔မွ တုိင္းအဆင့္ဝန္ႀကီး စုစုေပါင္း ငါးဦးဟု သိရ၏။ ႏုတ္ထြက္ရျခင္းအေၾကာင္းမ်ားကုိ ၾကားရသည္မွာလည္း မွတ္သားစရာ။ တစ္ေယာက္တစ္ ေပါက္ျဖစ္ေန၏။ ဝန္ႀကီးခ်ဳပ္မန္းေဂ်ာ္နီအစား ေနာက္တစ္ပါးေရြးခ်ယ္ဖုိ႔လုိလာ၍ ဧရာဝတီတုိင္းေဒသႀကီး လႊတ္ေတာ္ကုိ အေရးေပၚေခၚယူရ၏။ လႊတ္ေတာ္ကုိ အေရးေပၚေခၚယူခဲ့ေသာ္လည္း ဝန္ႀကီးခ်ဳပ္ကုိ မတင္ေျမွာက္ႏုိင္ခဲ့ဘဲ ျပန္လည္က်င္းပဖုိ႔ ရက္ေရႊ႕လုိက္ရ၏။ ဇန္နဝါရီ ၁၅ရက္ေန႔က က်င္းပေသာ အေရးေပၚအစည္းအေဝးကုိ ဇန္နဝါရီ ၁၈ ရက္ေန႔သုိ႔ ေရႊ႕ပစ္လုိက္ရျခင္းျဖစ္၏။ NLD ပါတီႏွင့္ NLD အစုိးရ သည္ တုိင္းျပည္ကိုအုပ္ခ်ဳပ္ရာ၌ မူဝါဒႏွင့္လုပ္ငန္းစဥ္ခ်မွတ္ထားၿပီးမွ လုပ္ေဆာင္ျခင္းမဟုတ္ဘဲ သူတစ္လူ ငါတစ္မင္း လုပ္ေဆာင္ေနသကဲ့သုိ႔ ျဖစ္ေန၏။ ဝန္ႀကီးခ်ဳပ္တစ္ပါးကုိ ျဖဳတ္ခ်ေတာ့မည္ဆုိလွ်င္ ဝန္ႀကီးခ်ဳပ္ အသစ္ကုိ အရင္ေရြးခ်ယ္လ်ာထားရေပမည္။ ယခုမူ အေရးေပၚလႊတ္ေတာ္ေခၚသည့္ေန႔အထိပင္ ဝန္ႀကီးခ်ဳပ္ အသစ္မည္သူမည္ဝါမွန္း မသိရေသးသည့္ ျပည္သူမ်ားဘဝ သနားစရာအတိ ျဖစ္ခဲ့၏။ အစစအရာရာ အဆင္သင့္မရွိသည့္ အဆင့္မွာသာ ရွိေသးေၾကာင္း အေရးေပၚလႊတ္ေတာ္ရက္ေရႊ႕ေျပာင္း ျခင္းက သက္ေသျပလ်က္ ရွိေနေပသည္။

(၃)

ေကာင္းမႈေတာ္ေစတီအေရးက ႏုိင္ငံေရးဆန္လာသည္။ လႊတ္ေတာ္ထဲအဆုိျပဳသည္အထိ ေရာက္ရွိလာ သည္။ အဆုိျပဳသူ ေမးခြန္းေမးသူက NLD ကုိယ္စားလွယ္ျဖစ္သည္။ ၄င္းက ေကာင္းမႈေတာ္ေစတီေတာ္ႀကီး ကုိ ေရွးပုံစံအတုိင္း ထုံးသကၤန္းသာ ကပ္လုိ၍ လႊတ္ေတာ္ထဲအထိ ပင့္ေဆာင္လာျခင္းျဖစ္သည္။ ယခု လက္ရွိတြင္ ေကာင္းမႈေတာ္ေစတီသည္ ေရႊသကၤန္း(ေရႊေဆး)ေရာင္ျဖစ္ေနသည္။ လႊတ္ေတာ္ထဲ ပင့္ေဆာင္လာသူ NLD ကုိယ္စားလွယ္ အေၾကာင္း ျပသည္က သုံးႏွစ္တစ္ႀကိမ္ေရႊသကၤန္း(ေရႊေဆး) ကပ္လွဴေနရျခင္းေၾကာင့္ ေငြေၾကးအကုန္အက်မ်ား ေၾကာင္းႏွင့္ အလုပ္ပုိမ်ားလာေၾကာင္း၊ ထုံးသကၤန္းသာ ကပ္လွဴမည္ဆုိလွ်င္ ေငြလည္းအကုန္အက်မမ်ား၊ အလုပ္လည္းသက္သာမည္ျဖစ္ေၾကာင္းပင္။ ေကာင္းမႈ ေတာ္ေစတီအေရးသည္ သာသနာေရးကုသုိလ္ေရးျဖစ္၏။ ႏုိင္ငံေရးမဟုတ္။ ထုိ႔ေၾကာင့္ သံဃနာယကအဖြဲ႕၊ သာသနာေရး၊ ေဂါပကအဖြဲ႕၊ ၾသဝါဒါစရိယ ဆရာေတာ္ႀကီးမ်ားမွာသာ တာဝန္ရွိေပသည္။ ထုံးသကၤန္း ကပ္လုိလွ်င္ ထုိဌာနမ်ား ထုိအဖြဲ႕မ်ားႏွင့္ပူးေပါင္း ေဆာင္ရြက္ေပမည္။ ယခုမူ လႊတ္ေတာ္ထဲအထိ ပင့္ေဆာင္ကာ ႏုိင္ငံေရးအသြင္ဖန္တီးလာသည္ကုိ ေတြ႕ရ၏။ အႏုိင္က်င့္ျခင္းတစ္မ်ဳိးပင္။
ေဂါပကႏွင့္ သံဃနာယကအဖြဲ႕၊ ၾသဝါဒစရိယဆရာေတာ္မ်ားက ထုံးသကၤန္းကပ္မည္ကုိ သေဘာတူၿပီးသား ျဖစ္၏။ လက္ရွိေရႊသကၤန္းမ်ား အေရာင္မွိန္သြားလွ်င္ ထုံးသကၤန္းကပ္မည္ဟု ကတိေပးထား၏။ ထုိသုိ႔ ကတိေပးထားပါလ်က္ အတင္းအၾကပ္ဖိအားေပးေနျခင္းျဖစ္၏။ ထုိ႔အျပင္ လူထုသေဘာထားေကာက္ယူ ျခင္းဟုဆုိကာ လက္မွတ္မ်ားေကာက္ခံေနမႈကုိ အရွိန္အဟုန္ျဖင့္ လုပ္ေဆာင္လာသည္ကုိ ေတြ႕ရ၏။ ထပ္မံအႏုိင္က်င့္ျခင္းပင္။ ၂၀၁၆ ခုႏွစ္တုန္းကလည္း စစ္ကုိင္းၿမဳိ႕နယ္ NLD ပါတီဝင္မ်ားက ေရႊသကၤန္း ကပ္လွဴေရး လူထုသေဘာထားလက္မွတ္ေကာက္ခံျခင္းမ်ား ျပဳလုပ္ခဲ့ေသးသည္ဆုိ၏။
NLD ပါတီဝင္ေတြ ႏုိင္ငံေရးမလုပ္တတ္ၾကေပ။ ေကာင္းမႈေတာ္ေစတီထုံးသကၤန္းကပ္လွဴမည့္အေရးကုိ လူထုလက္မွတ္ေကာက္ျခင္း၊ လႊတ္ေတာ္ထဲသုိ႔ ဆြဲသြင္းျခင္းမ်ားျဖင့္ မရေသးလွ်င္ ကမၻာ့ကုလသမဂၢအဖြဲ႕ ႀကီးသုိ႔ တုိင္ၾကားမည့္အဆင့္ထိပင္ ျပဳလုပ္ၾကေတာ့မည္ေလာ မေျပာသာေပ။

ေကာင္းမႈေတာ္ေစတီႀကီးကုိ သာလြန္မင္းတရားႀကီး တည္ထားခဲ့၏။ ေခတ္အဆက္ဆက္ ထုံးသကၤန္း ျဖစ္၏။ နယကလက္ထက္ေထာက္လွန္းေရးတုိ႔ ေရႊသကၤန္းကပ္လွဴသြားျခင္းျဖစ္၏။ ယၾတာဟုယူဆၾက၏။ တစ္ခုၾကားရသည္မွာ ေရႊသကၤန္းကပ္လွဴၿပီးသည့္ေနာက္ပုိင္း ႏုိင္ငံျခားသားခရီးသည္မ်ား အလာက်ဲသြား သည္ဆုိ၏။ ႏုိင္ငံတကာမွမွတ္တမ္းမ်ား၌ ထုံးသကၤန္းသာရွိသျဖင့္ ေရႊေရာင္ေျပာင္းသြားေသာေၾကာင့္ မလာၾကေတာ့ျခင္း ျဖစ္သည္ဆုိ၏။ ဤသုိ႔ဆုိလွ်င္ ႏုိင္ငံျခားေငြဝင္ေရးအရပင္ျဖစ္ေစ၊ ဘုရားမွာ လူစည္ကား ေရးအရပင္ျဖစ္ေစ၊ ေရွးေဟာင္းအေမြအႏွစ္ကုိ ထိန္းသိမ္းေရးအရပင္ျဖစ္ေစ ထုံးသကၤန္းသည္သာ အသင့္ေတာ္ဆုံးျဖစ္ေပသည္။ သုိ႔ေသာ္ သာသနာေရး၊ သံဃနာယက၊ ေဂါပက၊ ၾသဝါဒါစရိယ ဆရာေတာ္ ႀကီးမ်ားႏွင့္ ညွိႏႈိင္းေဆာင္ရြက္သြားရမည္သာျဖစ္ေပသည္။

(၄)

ကရင္နီအမ်ဳိးသားတုိးတက္ေရးပါတီ (KNPP)ႏွင့္ ျမန္မာ့တပ္မေတာ္တုိ႔ ထိပ္တုိက္ေတြ႕ၾကသည့္သတင္း ကလည္း ႀကီးမားလာသည္။ ကယားျပည္နယ္တစ္ခုလုံးသုိ႔ ကူးစက္ေတာ့မည့္အေျခအေနထိ ေရာက္လာ ခဲ့သည္။ ဒီဇင္ဘာလ ၁၉ရက္ေန႔တြင္ လြဳိက္ေကာ္ၿမဳိ႕မွာ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ KNPP တပ္ဖြဲ႕ဝင္မ်ားက တပ္မေတာ္ယာဥ္တန္းကုိ တားဆီးခဲ့ျခင္းေၾကာင့္ တုိက္ပြဲျဖစ္ကာ KNPP တပ္ဖြဲ႕ဝင္ သုံးဦးႏွင့္ အရပ္သား တစ္ဦးေသဆုံးခဲ့ရသည္မွ စတင္ျခင္းျဖစ္၏။ KNPP ဘက္မွ ေျပာသည္က တပ္မေတာ္ရိကၡာတင္ယာဥ္တန္း က သစ္ေတြတင္ေဆာင္လာ၍ တားဆီးစစ္ေဆးသည္ဟု ဆုိသည္။ တပ္မေတာ္ဘက္ကလည္း ယာဥ္တန္းကုိ တားဆီးသူမ်ားအား ေခၚေဆာင္သြားရာမွ ပစ္ခတ္မႈျဖစ္ပြားျခင္းျဖစ္သည္ဟု ဆုိသည္။ အဆုိပါ ေလးဦးေသဆုံးမႈေၾကာင့္ ဆႏၵျပသည့္အေပၚ ၿငိမ္းစုစည္းမတင္ဘဲ ဆႏၵျပျခင္းေၾကာင့္ ကယားျပည္နယ္ အစုိးရက ေခါင္းေဆာင္မ်ားကုိ ဖမ္းဆီးအေရးယူလုိက္သည္။ ခြင့္ျပဳခ်က္မယူဘဲ ဆႏၵျပမႈျဖင့္ ေခါင္းေဆာင္ ငါးဦးကုိ ေထာင္ဒဏ္ ရက္ ၂၀ ခ်မွတ္လုိက္သည္။ သုံးဦးကုိ အမႈဖြင့္အေရးယူရာ၌ အာမခံေပးေသာ္လည္း မယူသျဖင့္ လြဳိက္ေကာ္ေထာင္အခ်ဳပ္သုိ႔ ပုိ႔ေဆာင္ထားလုိက္သည္။ ၄င္းကုိ မေက်နပ္၍ ထပ္မံဆႏၵျပၾက ျပန္သည္။ ျပည္နယ္ဝန္ႀကီးခ်ဳပ္ရုံးေရွ႕မွာ အင္ႏွင့္အားႏွင့္ျပျခင္းျဖစ္၏။ ဝန္ႀကီးခ်ဳပ္ကေခၚယူ ေဆြးေႏြးေသာ္ လည္း အဆင္မေျပခဲ့ေပ။ အခင္းျဖစ္ကာစ၌ KNPP ႏွင့္ ျမန္မာ့တပ္မေတာ္ႏွစ္ဘက္လုံးက ျပည္နယ္အစုိးရ ရွိသည္ဟုပင္မထင္ၾကေၾကာင္း၊ မည္သူမွ် လာေရာက္တုိင္ၾကားမႈမရွိေသာေၾကာင့္ ေျဖရွင္း၍မရေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ကဆုိသည္။
KNPP အေရးႏွင့္ပတ္သက္၍ စည္းလုံးညီညြတ္ေသာ တုိင္းရင္းသားလူမ်ဳိးမ်ားမဟာမိတ္(UNA)က ျပည္သူမ်ားအေပၚ စိတ္ေစတနာေကာင္းျဖင့္ ဆုံးျဖတ္မႈျပဳလုပ္ရန္ အစုိးရကုိ တုိက္တြန္းခဲ့သည္။ ၄င္းမဟာမိတ္အဖြဲ႕၌ SNLD၊ ANP၊ KNP အပါဝင္ မြန္၊ ရုိမီ၊ ကုိးကန္႔၊ ကခ်င္၊ ရွမ္းနီ၊ ဗႏု၊ ခ်င္း၊ ခမီး၊ ၿမဳိ- တုိင္းရင္းသားမ်ားပါတီတုိ႔ ပါဝင္ေပသည္။

(၅)

ကယားျပည္နယ္အေရးႏွင့္အတူ ရခုိင္ျပည္နယ္အေရးကလည္း ေပၚလာျပန္သည္။ ဇန္နဝါရီ ၁၆ရက္ေန႔ ညဦးပုိင္းတြင္ ျဖစ္ေပၚခဲ့ေသာ ေျမာက္ဦးၿမဳိ႕အေရးျဖစ္၏။ လူခုနစ္ဦးေသဆုံးကာ တစ္ဆယ့္ႏွစ္ဦးအထိ ဒဏ္ရာရခဲ့သည့္ အေရးအခင္းႀကီးျဖစ္၏။ ေျမာက္ဦးၿမဳိ႕ နန္းေတာ္ရာကုန္းေပၚတြင္ က်င္းပမည့္ ရခုိင္ဘုရင့္ ႏုိင္ငံေတာ္ အခ်ဳပ္အျခာအာဏာက်ဆုံးျခင္း အထိမ္းအမွတ္စာေပေဟာေျပာပြဲကုိ တားျမစ္ရာမွ ျပႆနာစတင္ျခင္းျဖစ္၏။ ၿမဳိ႕နယ္ေထြအုပ္ကလည္း မက်င္းပဖုိ႔ တားျမစ္သည္။ ေရွးေဟာင္းယဥ္ေက်းမႈ ဌာနကလည္း ၄င္းပုိင္နက္နန္းေတာ္ရာကုန္းေျမမွာ မက်င္းပဖုိ႔ ကန္႔ကြက္သည္။ ညေန ေျခာက္နာရီခန္႔မွာ မက်င္းပျဖစ္ေတာ့ေၾကာင္း ထုတ္ျပန္လုိက္လွ်င္ အလုိလုိၿပီးသြားမည့္ပြဲျဖစ္ေသာ္လည္း က်င္းပျဖစ္သလုိလုိ ေနလုိက္၍ ပရိသတ္မ်ားျပားလာရာမွ လူစုလူေဝးအင္အားျဖင့္ ခရုိင္အုပ္ခ်ဳပ္ေရးမွဴးရုံးထဲထိ ဝင္ေရာက္ တုိက္ခုိက္သည္အထိ ပြဲဆူသြားျခင္းျဖစ္၏။ ဆုိင္ကယ္ေတြဖ်က္၊ ကားမွန္ရုိက္ခြဲ၊ ခဲေတြပစ္ေပါက္ရုံတင္ မဟုတ္ဘဲ ရဲေတြထံ ေသနတ္ဝင္လုသည့္အဆင့္ထိ ေသြးဆူသြားခဲ့၏။ ရဲတပ္ဖြဲ႕က မုိးေပၚေထာင္ေဖာက္ ေျခာက္လွန္႔ရုံေလာက္ျပဳလုပ္ခဲ့ၿပီး မရသည့္အဆုံးမွ ပစတ္ခတ္ရပါသည္ဟု ဆုိလာ၏။ ေျမာက္ဦးျပည္သူ တုိ႔ကလည္း ရခုိင္ျပည္လြတ္ေျမာက္ေရး ဒုိ႔အေရး ရခုိင္ျပည္အခ်ဳပ္အျခာ အာဏာရရွိေရး ဒုိ႔အေရးဟု ေၾကြးေၾကာ္သံမ်ားျဖင့္ ခ်ီတက္တုိက္ခုိက္ၾကျခင္းျဖစ္၏။ ညႀကီးမုိးခ်ဳပ္မွာ ျဖစ္ပြားခဲ့သည့္ျပႆနာပင္။ ေနာက္ဆုံးသတင္းအရ သုံးဆယ္ေက်ာ္ဒဏ္ရာရသည္ဟု ဆုိပါသည္။ ရဲတပ္ဖြဲ႕ဝင္ ၂၀ လည္း ဒဏ္ရာရသည္ဟု ဆုိပါသည္။

ေျမာက္ဦးျဖစ္စဥ္ေၾကာင့္ ဇန္နဝါရီလ ၁၆ရက္ေန႔မွာပင္ စာေရးဆရာေဝဟင္ေအာင္ကုိ ဖမ္းဆီးခဲ့ၿပီး ေဒါက္တာေအးေမာင္ကုိ ၁၈ ရက္ေန႔မွာ ဖမ္းဆီးခဲ့၏။ ထုိသုိ႔ဖမ္းဆီးႏုိင္ဖုိ႔အတြက္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးဝင္းျမင့္ထံ ခြင့္ေတာင္းၿပီးမွ ဖမ္းဆီးျခင္းျဖစ္သည္ဟုဆုိပါသည္။ ႏွစ္ဦးလုံးကုိ ပုဒ္မ၁၇(၁)၊ ၅၀၅(ခ)၊ ၁၂၂တုိ႔ျဖင့္ စြဲဆုိရန္ စီစဥ္ထားၿပီး ေလာေလာဆယ္၌ မတရားအသင္းႏွင့္ ဆက္သြယ္မႈပုဒ္မ ၁၇(၁)ျဖင့္ ဖမ္းဆီးကာ စစ္ေတြေထာင္သုိ႔ ပုိ႔ေဆာင္ထားေၾကာင္း သိရေပသည္။
ေဒါက္တာေအးေမာင္ႏွင့္ လူငယ္စာေရးဆရာ ေဝဟင္ေအာင္တုိ႔က ဇန္နဝါရီလ ၁၅ရက္ေန႔၌ ရေသ့ေတာင္ၿမဳိ႕မွာ ေဟာေျပာခဲ့ေသး၏။ ထုိေဟာေျပာခ်က္မ်ားေၾကာင့္ ေျမာက္ဦးၿမဳိ႕ ေဟာေျပာပြဲကုိ ပိတ္ပင္ခဲ့ဟန္ရွိ၏။ ရေသ့ေတာင္ ေဟာေျပာပြဲ၌ ဆရာေဝဟင္ေအာင္က ရခုိင္ျပည္နယ္ အခ်ဳပ္အျခာ အာဏာ ျပန္လည္ရရွိေရးႏွင့္ ပတ္သက္၍ ယခုလုိ ေဟာၾကားခဲ့၏။

“ရခုိင္ျပည္နယ္အခ်ဳပ္အျခာအာဏာ က်ဆုံးသြားသည္မွာ ႏွစ္ေပါင္း ၂၃၃ႏွစ္ရွိခဲ့ၿပီး လူမ်ဳိးဆက္ ငါးဆက္ခန္႔ ကင္းကြာခဲ့ေၾကာင္း၊ ႏုိင္ငံေရးတြင္ လက္ဝါးျဖန္႔ေတာင္း၍ မရေသာေၾကာင့္ လက္ညွဳိးေကြးၿပီး ေတာင္းသည့္ အဖြဲ႕ေပၚေပါက္လာရျခင္းျဖစ္ေၾကာင္း၊ ယခုအခ်ိန္တြင္ ထြန္းျမတ္ႏုိင္ဦးေဆာင္ေသာ AA တပ္မေတာ္သည္ လည္း ရခုိင္ႏုိင္ငံေတာ္ႏွင့္ အခ်ဳပ္အျခာ ျပန္လည္ရရွိေရး၊ ဗမာ့ကၽြန္အျဖစ္မွ လြတ္ေျမာက္ေရးအတြက္ လက္နက္ကုိင္ တုိက္ပြဲဝင္လ်က္ရွိေၾကာင္း၊ ရေသ့ေတာင္ၿမဳိ႕နယ္သူ၊ ၿမဳိ႕နယ္သားမ်ားအေနျဖင့္လည္း ဗမာ့ကၽြန္အျဖစ္မွ လြတ္ေျမာက္ရန္ အားလုံးတြင္ တာဝန္ရွိေၾကာင္း၊ ယခုအခ်ိန္သည္ ႏုိင္ငံေရးအက်ပ္ အတည္း ျဖစ္ေနသည့္ အခ်ိန္ကာလျဖစ္ေန၍ မိမိတုိ႔အတြက္ အခြင့္အေရးသာေနေသာ အခ်ိန္ျဖစ္ေၾကာင္း၊ ဗမာ့ကၽြန္ဘဝမွ လြတ္ေျမာက္ႏုိင္ေရးႏွင့္ လြတ္လပ္ေရး ရရွိေရးအတြက္ ေတာ္လွန္တုိက္ခုိက္ရန္ အခ်ိန္ေကာင္းျဖစ္ေၾကာင္း အားလုံး ပါဝင္ၾကရန္လုိအပ္ေၾကာင္း”
ေဒါက္တာေအးေမာင္က “ဗမာမ်ားအေနျဖင့္ ရခုိင္လူမ်ဳိးမ်ားကုိ ဗမာ့ကၽြန္အျဖစ္ေလာက္သာ ထားရွိၿပီး တန္းတူအခြင့္အေရး မေပးေၾကာင္း၊ အခ်ဳပ္အျခာအာဏာ ရရွိေရးအတြက္ နည္းလမ္းႏွစ္ခုသာ ရွိေၾကာင္း၊ လက္နက္ကုိင္ေတာ္လွန္ေရးနည္းႏွင့္ ေဆာင္ရြက္ေနသည့္ ပုဂၢဳိလ္မ်ားရွိေၾကာင္း၊ မိမိမွာ ေနာက္တစ္နည္း ျဖစ္ေသာ လူထုဗဟုိျပဳႏုိင္ငံေရးနည္းျဖင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ လက္ရွိ ႏုိင္ငံေရးအားနည္းခ်က္ကုိ အခြင့္ေကာင္းယူ၍ ပန္းတုိင္ေရာက္ေအာင္ ေဆာင္ရြက္သြားၾကရန္ တုိက္တြန္းလုိေၾကာင္း၊ ေနာက္ႏွစ္မ်ား စြာ ေရာက္တုိင္းမွာ အခ်ဳပ္အျခာအာဏာျပန္လည္ရယူလုိေရး စိတ္ဓာတ္ေမြးရန္၊ လက္နက္ကုိင္ေတာ္လွန္ ေရးႏွင့္ လူထုဗဟုိျပဳႏုိင္ငံေရးအားလုံး၏ ပန္းတုိင္သည္ အခ်ဳပ္အျခာအာဏာကုိ ျပန္လည္ရယူႏုိင္ေရးသာ ျဖစ္ေၾကာင္း၊ လူထုကုိ စည္းရုံးျခင္း၊ လက္နက္ကုိင္ေတာ္လွန္ျခင္းတုိ႔ ျပဳလုပ္ၿပီး အာဏာရယူရန္ နည္းမ်ဳိးစုံ ျဖင့္ အမ်ဳိးသားလြတ္ေျမာက္ေရးတုိက္ပြဲကုိ ဆင္ႏႊဲၿပီး ရည္မွန္းခ်က္ပန္းတုိင္သုိ႔ သြားေနျခင္းျဖစ္ေၾကာင္း၊ ယခုလုိေဟာေျပာပြဲမ်ား က်င္းပျခင္းျဖင့္ တစ္မ်ဳိးသားလုံး ထားရွိသင့္သည့္ ရည္မွန္ခ်က္ပန္းတုိင္ကုိ သိရွိၿပီး အမ်ဳိးသားေရးတစ္ရပ္အေနျဖင့္ ပါဝင္ကူညီေဆာင္ရြက္ရန္ လုိအပ္ေၾကာင္း”
ဇန္နဝါရီလ ၁၇ ရက္ေန႔ကထုတ္ျပန္ ျပန္ၾကားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္ပါ ေဒါက္တာေအးေမာင္ႏွင့္ ဆရာေဝဟင္ေအာင္တုိ႔၏ ရေသ့ေတာင္ေဟာေျပာခ်က္မ်ားသည္ ရခုိင္တစ္ျပည္လုံး အုံၾကြသြားႏုိင္ေပသည္။ ထုိ႔ေၾကာင့္ ေျမာက္ဦးၿမဳိ႕တြင္ ဆက္လက္ေဟာေျပာမည့္ အစီအစဥ္ကုိ ပိတ္ပင္ခဲ့ျခင္းျဖစ္ေပမည္။ ေျမာက္ဦးအဓိကရုဏ္းျဖစ္ပြားသည္ျဖစ္ေစ မျဖစ္ပြားလွ်င္ျဖစ္ေစ ၄င္းတုိ႔ႏွစ္ဦး၏ ေဟာေျပာခ်က္သည္ အဆုိပါပုဒ္မမ်ားႏွင့္ ၿငိစြန္းသည္သာ ျဖစ္ေပသည္။

ေဒါက္တာေအးေမာင္တုိ႔ ဂယက္သည္ အင္မတန္ႀကီးမားသြားၿပီး ရခုိင္တစ္ျပည္နယ္လုံး ဆူပူအုံၾကြရန္ လႈံ႔ေဆာ္သူမ်ားရွိလာသည္အထိ ျဖစ္ပြားခဲ့ေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕မ်ား ခ်ထားမႈျမန္ဆန္ျခင္း၊ ရခုိင္အမ်ဳိးသားပါတီ(ANP)ပါတီ၏ ကုိင္တြယ္ပုံ ျငင္သာျခင္းတုိ႔ေၾကာင့္ ထပ္မံျဖစ္ပြားမႈမ်ဳိး မရွိေတာ့ေပ။

ရခုိင္ျပည္သူမ်ားကလည္း ေဒါက္တာေအးေမာင္တုိ႔ဘက္မွ မေက်မနပ္ျဖစ္ကာ ေျမာက္ဦးကိစၥႏွင့္ပတ္သက္ ၿပီး လြတ္လပ္ၿပီးသမာသမတ္ရွိသည့္ ျပင္ပပုဂၢဳိလ္မ်ားပါဝင္သည့္ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္တစ္ရပ္ ဖြဲ႕စည္းအေျဖထုတ္ဖုိ႔ေတာင္းဆုိလာၾက၏။ ရခုိင္ျပည္နယ္အစုိးရကလည္း ပြဲက်င္းပေရးေကာ္မတီတစ္ရပ္ လုံးကုိ တရားစြဲဆုိသြားမည္ဟု အခုိင္အမာေျပာလသည္ကုိ ေတြ႕ရသလုိ စစ္ေတြေဆးရုံတက္ေနသည့္ ဒဏ္ရာရသူရွစ္ဦးကုိ ေဆးရုံအထိ လာေရာက္ ဖမ္းဆီးသြားသည္ကုိလည္း ေတြ႕ရ၏။ အစိုးရက ေသဆုံးသူ ခုနစ္ဦးအတြက္ ငါးသိန္းက်ပ္စီ၊ ဒဏ္ရာရသူမ်ားအတြက္ သုံးသိန္းက်ပ္စီထုတ္ေပးေသာ္လည္း ရခုိင္ျပည္သူ မ်ားက မယူၾကေပ။ ရခုိင္ျပည္သူမ်ားက ရဲတပ္ဖြဲ႕၏ ႏွိမ္နင္းမႈကုိ စုံခုံဖြဲ႕၍ စစ္ေဆးေပးရန္ ေတာင္းဆုိေနၾက သလုိ ေဆးရုံတက္ေနသူမ်ားကုိ ေဆးရုံအထိ လာဖမ္းၾကသည္ကုိလည္း မေက်နပ္ၾကေပ။

ေဒါက္တာေအးေမာင္သည္ ANP ပါတီဥကၠ႒အျဖစ္မွ ႏႈတ္ထြက္စာတင္ထားေသာ္လည္း ပါတီက ႏုတ္ထြက္ခြင့္မျပဳေသးေပ။ လက္ရွိတြင္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္တစ္ဦးျဖစ္ေန၏။ ၄င္းတုိ႔၏ ေဟာေျပာခ်က္အရ မိန္းမသား(မုဆုိးမ)အုပ္ခ်ဳပ္ေနသျဖင့္ ႏုိင္ငံေရးအက်ပ္အတည္းကုိ အခြင့္ေကာင္းယူ ကာ ရခုိင္ျပည္နယ္ခြဲထြက္ေရး ႀကံစည္ခဲ့ၾကပုံ ေပၚေပသည္။ အစုိးရကုိင္တြယ္ပုံကလည္း မေကာင္း၊ ၄င္းတုိ႔ ျပဳမူပုံကလည္း မဟန္ျဖစ္ေနသျဖင့္ တုိင္းရင္းသားတုိ႔ေတာင္းဆုိေနေသာ ဖက္ဒရယ္ျပည္ေထာင္စုကုိ သံသယျဖစ္ဖြယ္ရွိလာေပသည္။ တုိင္းရင္းသားမ်ား၌ ဗမာ မုန္းတီးေရးဝါဒ လႊမ္းမုိးလ်က္ရွိရာ ဖက္ဒရယ္ကုိ အေၾကာင္းျပ၍ ျပည္နယ္အသီးသီး ခြဲထြက္မည့္အႀကံမ်ား ရွိေနၾကပုံေပၚ၏။
တုိင္းျပည္သည္ကား မုဆုိးမတုိင္းျပည္ျဖစ္ေနသည္ကား အမွန္ပင္။

(၆)

မေကြးေက်ာင္းဆရာေတာ္ ဦးပါေမာကၡ ႏုိင္ငံေတာ္အၾကည္ညဳိပ်က္ေစမႈပုဒ္မ ၅၀၅(ခ)ျဖင့္ တရားစြဲဆုိခံထားရ၏။ လက္ရွိတြင္ ၄င္းကုိ အင္းစိန္ေထာင္၌ သကၤန္းခၽြတ္ လူဝတ္လဲကာ ဖမ္းဆီးထား၏။ ဇန္နဝါရီလ ၁၇ ရက္ေန႔က ဦးပါေမာကၡ၏ေရွ႕ေန ဦးေအာင္သူရိန္ထြန္းက တရားရုံး၌ သကၤန္းဝတ္ခြင့္ ေတာင္းဆုိေလွ်ာက္ထားရာ တရားသူႀကီးက ပယ္ခ်ခဲ့ေပသည္။ ေရွ႕ေနဦးေအာင္သူရိန္ထြန္းက ၂၀၁၃ ခုႏွစ္ ႏုိင္ငံေတာ္သံဃမဟာနာယက ၄၇ပါးစုံညီ ဒုတိယအစည္းအေဝးဆုံးျဖတ္ခ်က္ ပုဒ္မ ၁၁(ဃ)အရ အမႈရင္ဆုိင္စဥ္မွာ သကၤန္းဝတ္ခြင့္ရွိျခင္း၊ ၁၈၉၄ခုႏွစ္ အက်ဥ္းေထာင္အက္ဥပေဒႏွင့္ အက်ဥ္းေထာင္လက္ စြဲဥပေဒ ၁၀၄၆တုိ႔အရ သကၤန္းဝတ္ခြင့္ျပဳထားျခင္းတုိ႔ကုိ ေထာက္၍ သကၤန္းဝတ္ခြင့္ေတာင္းဆုိျခင္းျဖစ္၏။ တရားသူႀကီးက ပယ္ခ်လုိက္သျဖင့္ Rule Of Law ဥပေဒအခြင့္အေရးဘယ္မလဲဟု ေမးခြန္းျပန္ထုတ္ခဲ့၏။
ထုိ႔အျပင္ ပုဒ္မ ၅၀၅(ခ)သည္ ရဲအေရးမပုိင္သျဖင့္ တရားရုံးသုိ႔ ဦးတုိက္ေလွ်ာက္ထားရသည့္ပုဒ္မျဖစ္ရာ ဦးတုိက္ေလွ်ာက္ထားသူကုိယ္တုိင္က သူ႔လက္မွတ္မဟုတ္ပါဘူးဟု ထြက္ဆုိထားသည္ကုိ ေထာက္၍ စြဲခ်က္အတည္မျဖစ္ေၾကာင္း သိသာထင္ရွားသည္ဟု ဦးေအာင္သူရိန္ထြန္းက ဆုိျခင္းျဖစ္၏။
ျပည္သူေရြးေကာက္တင္ေျမွာက္ထားသည့္ ျပည္သူ႔အစုိးရ၊ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏သမီး ေဒၚေအာင္ဆန္းစု ၾကည္ဦးေဆာင္သည့္ အရပ္သားဒီမုိကေရစီအစုိးရလက္ထက္မွာမွ တရားဥပေဒစုိးမုိးမႈမရွိလွ်င္ မည္သည့္ အစုိးရလက္ထက္မွာမွ ရွိေတာ့မည္မဟုတ္ေပ။ ထုိ႔ေၾကာင့္ ရဟန္းသံဃာမ်ားကုိ သကၤန္းခၽြတ္ေလာက္သည့္ အျပစ္မရွိဘဲ လူဝတ္လဲေထာင္ခ်သည့္ စနစ္ႀကီးကုိ ျပဳျပင္သင့္လွေပသည္။ အဂၤလိပ္လက္ထက္၊ ဦးႏုလက္ထက္၊ မဆလလက္ထက္တုိ႔၌ပင္ ေထာင္ထဲ၌ ရဟန္းဝတ္ျဖင့္ ေနခြင့္ရွိေသးလွ်င္ ေဒၚစုလက္ထက္ ၌ ပုိ၍ပင္ ရွိသင့္သည္မဟုတ္ေလာ……..။

မ်ဳိးခ်စ္သူ(၉၇)

 

“နေရာစုံက ထပွက်နေသော မြန်မာ့နိုင်ငံရေးအခင်းအကျင်း”

(၁)
ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွေက အသွင်အမျိုးမျိုးဖြစ်နေသည်။ စနစ်တကျ ညွှန်ကြားမှုမရှိ သောကြောင့် အပြီးသတ်ရွေးချယ်ရမည့်နေ့လည်း မသိရ။ ရွေးချယ်ခံရသူတွေ မည်သည့်အချိန်မှာ စတင် တာဝန်ယူရမည်လည်း မသိရဖြစ်နေသည်။ တိုင်းဒေသကြီးအချင်းချင်းလည်း မတူညီ၊ ပြည်နယ်ဒေသတွေ မှာလည်း မတူညီ။ ဖွဲ့စည်းပုံပျက်သကဲ့သို့ ရှိနေ၏။ ဘာကြောင့် ကျင်းပသည်ကိုလည်း မသိရပေ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးသက်တမ်းသည် ငါးနှစ်ဖြစ်၏။ အစိုးရတစ်ခုသက်တမ်းနှင့်တူညီ၏။ ၂၀၁၅ ရွေးကောက်ပွဲပြီးချိန် အာဏာမလွဲပြောင်းမီ ယခင်အစိုးရလက်ထက်တုန်းက ရွေးကောက်ပွဲကျင်းပပြီးသား ဖြစ်၏။ ယခုပြန်လည်ကျင်းပခြင်းကြောင့် ၂၀၁၅ ခုနှစ်၌ အရွေးခံထားရသော အုပ်ချုပ်ရေးမှူးများ နစ်နာခဲ့ရ၏။ ဤသည်မှာ ဥပဒေကို မလေးစား မလိုက်နာခြင်း၏ ပြယုဂ်ပင်။ သက်တမ်းငါးနှစ်မပြည့်သေးဘဲ ပြန်ကျင်းပခြင်းသည် ရွေးချယ်ခံထားရသူများကို နစ်နာစေသလို ရွေးကောက်တင်မြှောက်ခဲ့ကြသည့် ပြည်သူများကို မထီမဲ့မြင်ပြုရာလည်း ရောက်ပေသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအသံများ ကလည်း ဆူညံနေ၏။ အထူးသဖြင့် မလျော်သြဇာသုံး၍ ဝင်ရောက်စွက်ဖက်မှုများ၊ အထက်ဖိအားဒဏ် မခံနိုင်၍ မတရားဆုံးဖြတ်မှုများ၊ ကိုယ့်လူ ကိုယ့်ပါတီဝင် အသာရအောင် လှည့်ကွက်ဖန်တီးမှုများကြောင့် ရပ်ကျေးပြည်သူများ မကျေမနပ်ဖြစ်ကြရသည့်အသံများက ပိုများပေသည်။ မလျော်သြဇာသုံးသူများမှာ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးချုပ် အဆင့်ထိ အာဏာပိုင်များဖြစ်လေသည်။ အာဏာရပါတီခေါင်းဆောင်အသီးသီးကလည်း ဖိအားပေးခြင်း၊ မတရားဝင်ရောက်စွက်ဖက်ခြင်းများ ပြုလုပ်နေကြ၏။ ထို့ကြောင့် ရပ်ကျေးရွေးကောက်ပွဲမကျင်းပမီ အခြေခံ အဖွဲ့အစည်းများ ဖွဲ့စည်းရုံဖြင့်ပင် ရုန်းရင်းဆန်ခတ်ဖြစ်၍ ပွဲရပ်သွားရသည်က များပေသည်။ ရပ်ကျေးရွေး ကောက်ပွဲလေးတစ်ခု ကျင်းပသည်ပင် ဤမျှအထိ ဘက်လိုက်နေကြလျှင် အထွေထွေရွေးကောက်ပွဲကြီး ဆိုလျှင် မတွေးဝံ့စရာပင်။

(၂)

၂၀၁၈နှစ်ဆန်းမှာပင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ နုတ်ထွက်သွားခဲ့၏။ သူနှင့်အတူ စိုက်ပျိုးရေး ဝန်ကြီးဦးဘဟိန်းလည်း နုတ်ထွက်စာတင်သွား၏။ ပဲခူးတိုင်း မကွေးတိုင်းတို့မှ တိုင်းအဆင့်ဝန်ကြီး စုစုပေါင်း ငါးဦးဟု သိရ၏။ နုတ်ထွက်ရခြင်းအကြောင်းများကို ကြားရသည်မှာလည်း မှတ်သားစရာ။ တစ်ယောက်တစ် ပေါက်ဖြစ်နေ၏။ ဝန်ကြီးချုပ်မန်းဂျော်နီအစား နောက်တစ်ပါးရွေးချယ်ဖို့လိုလာ၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကို အရေးပေါ်ခေါ်ယူရ၏။ လွှတ်တော်ကို အရေးပေါ်ခေါ်ယူခဲ့သော်လည်း ဝန်ကြီးချုပ်ကို မတင်မြှောက်နိုင်ခဲ့ဘဲ ပြန်လည်ကျင်းပဖို့ ရက်ရွှေ့လိုက်ရ၏။ ဇန်နဝါရီ ၁၅ရက်နေ့က ကျင်းပသော အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်နေ့သို့ ရွှေ့ပစ်လိုက်ရခြင်းဖြစ်၏။ NLD ပါတီနှင့် NLD အစိုးရ သည် တိုင်းပြည်ကိုအုပ်ချုပ်ရာ၌ မူဝါဒနှင့်လုပ်ငန်းစဉ်ချမှတ်ထားပြီးမှ လုပ်ဆောင်ခြင်းမဟုတ်ဘဲ သူတစ်လူ ငါတစ်မင်း လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေ၏။ ဝန်ကြီးချုပ်တစ်ပါးကို ဖြုတ်ချတော့မည်ဆိုလျှင် ဝန်ကြီးချုပ် အသစ်ကို အရင်ရွေးချယ်လျာထားရပေမည်။ ယခုမူ အရေးပေါ်လွှတ်တော်ခေါ်သည့်နေ့အထိပင် ဝန်ကြီးချုပ် အသစ်မည်သူမည်ဝါမှန်း မသိရသေးသည့် ပြည်သူများဘဝ သနားစရာအတိ ဖြစ်ခဲ့၏။ အစစအရာရာ အဆင်သင့်မရှိသည့် အဆင့်မှာသာ ရှိသေးကြောင်း အရေးပေါ်လွှတ်တော်ရက်ရွှေ့ပြောင်း ခြင်းက သက်သေပြလျက် ရှိနေပေသည်။

(၃)

ကောင်းမှုတော်စေတီအရေးက နိုင်ငံရေးဆန်လာသည်။ လွှတ်တော်ထဲအဆိုပြုသည်အထိ ရောက်ရှိလာ သည်။ အဆိုပြုသူ မေးခွန်းမေးသူက NLD ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းက ကောင်းမှုတော်စေတီတော်ကြီး ကို ရှေးပုံစံအတိုင်း ထုံးသင်္ကန်းသာ ကပ်လို၍ လွှတ်တော်ထဲအထိ ပင့်ဆောင်လာခြင်းဖြစ်သည်။ ယခု လက်ရှိတွင် ကောင်းမှုတော်စေတီသည် ရွှေသင်္ကန်း(ရွှေဆေး)ရောင်ဖြစ်နေသည်။ လွှတ်တော်ထဲ ပင့်ဆောင်လာသူ NLD ကိုယ်စားလှယ် အကြောင်း ပြသည်က သုံးနှစ်တစ်ကြိမ်ရွှေသင်္ကန်း(ရွှေဆေး) ကပ်လှူနေရခြင်းကြောင့် ငွေကြေးအကုန်အကျများ ကြောင်းနှင့် အလုပ်ပိုများလာကြောင်း၊ ထုံးသင်္ကန်းသာ ကပ်လှူမည်ဆိုလျှင် ငွေလည်းအကုန်အကျမများ၊ အလုပ်လည်းသက်သာမည်ဖြစ်ကြောင်းပင်။ ကောင်းမှု တော်စေတီအရေးသည် သာသနာရေးကုသိုလ်ရေးဖြစ်၏။ နိုင်ငံရေးမဟုတ်။ ထို့ကြောင့် သံဃနာယကအဖွဲ့၊ သာသနာရေး၊ ဂေါပကအဖွဲ့၊ သြဝါဒါစရိယ ဆရာတော်ကြီးများမှာသာ တာဝန်ရှိပေသည်။ ထုံးသင်္ကန်း ကပ်လိုလျှင် ထိုဌာနများ ထိုအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်ပေမည်။ ယခုမူ လွှတ်တော်ထဲအထိ ပင့်ဆောင်ကာ နိုင်ငံရေးအသွင်ဖန်တီးလာသည်ကို တွေ့ရ၏။ အနိုင်ကျင့်ခြင်းတစ်မျိုးပင်။
ဂေါပကနှင့် သံဃနာယကအဖွဲ့၊ သြဝါဒစရိယဆရာတော်များက ထုံးသင်္ကန်းကပ်မည်ကို သဘောတူပြီးသား ဖြစ်၏။ လက်ရှိရွှေသင်္ကန်းများ အရောင်မှိန်သွားလျှင် ထုံးသင်္ကန်းကပ်မည်ဟု ကတိပေးထား၏။ ထိုသို့ ကတိပေးထားပါလျက် အတင်းအကြပ်ဖိအားပေးနေခြင်းဖြစ်၏။ ထို့အပြင် လူထုသဘောထားကောက်ယူ ခြင်းဟုဆိုကာ လက်မှတ်များကောက်ခံနေမှုကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာသည်ကို တွေ့ရ၏။ ထပ်မံအနိုင်ကျင့်ခြင်းပင်။ ၂၀၁၆ ခုနှစ်တုန်းကလည်း စစ်ကိုင်းမြို့နယ် NLD ပါတီဝင်များက ရွှေသင်္ကန်း ကပ်လှူရေး လူထုသဘောထားလက်မှတ်ကောက်ခံခြင်းများ ပြုလုပ်ခဲ့သေးသည်ဆို၏။
NLD ပါတီဝင်တွေ နိုင်ငံရေးမလုပ်တတ်ကြပေ။ ကောင်းမှုတော်စေတီထုံးသင်္ကန်းကပ်လှူမည့်အရေးကို လူထုလက်မှတ်ကောက်ခြင်း၊ လွှတ်တော်ထဲသို့ ဆွဲသွင်းခြင်းများဖြင့် မရသေးလျှင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးသို့ တိုင်ကြားမည့်အဆင့်ထိပင် ပြုလုပ်ကြတော့မည်လော မပြောသာပေ။

ကောင်းမှုတော်စေတီကြီးကို သာလွန်မင်းတရားကြီး တည်ထားခဲ့၏။ ခေတ်အဆက်ဆက် ထုံးသင်္ကန်း ဖြစ်၏။ နယကလက်ထက်ထောက်လှန်းရေးတို့ ရွှေသင်္ကန်းကပ်လှူသွားခြင်းဖြစ်၏။ ယတြာဟုယူဆကြ၏။ တစ်ခုကြားရသည်မှာ ရွှေသင်္ကန်းကပ်လှူပြီးသည့်နောက်ပိုင်း နိုင်ငံခြားသားခရီးသည်များ အလာကျဲသွား သည်ဆို၏။ နိုင်ငံတကာမှမှတ်တမ်းများ၌ ထုံးသင်္ကန်းသာရှိသဖြင့် ရွှေရောင်ပြောင်းသွားသောကြောင့် မလာကြတော့ခြင်း ဖြစ်သည်ဆို၏။ ဤသို့ဆိုလျှင် နိုင်ငံခြားငွေဝင်ရေးအရပင်ဖြစ်စေ၊ ဘုရားမှာ လူစည်ကား ရေးအရပင်ဖြစ်စေ၊ ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းရေးအရပင်ဖြစ်စေ ထုံးသင်္ကန်းသည်သာ အသင့်တော်ဆုံးဖြစ်ပေသည်။ သို့သော် သာသနာရေး၊ သံဃနာယက၊ ဂေါပက၊ သြဝါဒါစရိယ ဆရာတော် ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်သာဖြစ်ပေသည်။

(၄)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် မြန်မာ့တပ်မတော်တို့ ထိပ်တိုက်တွေ့ကြသည့်သတင်း ကလည်း ကြီးမားလာသည်။ ကယားပြည်နယ်တစ်ခုလုံးသို့ ကူးစက်တော့မည့်အခြေအနေထိ ရောက်လာ ခဲ့သည်။ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် လွိုက်ကော်မြို့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ KNPP တပ်ဖွဲ့ဝင်များက တပ်မတော်ယာဉ်တန်းကို တားဆီးခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ကာ KNPP တပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သား တစ်ဦးသေဆုံးခဲ့ရသည်မှ စတင်ခြင်းဖြစ်၏။ KNPP ဘက်မှ ပြောသည်က တပ်မတော်ရိက္ခာတင်ယာဉ်တန်း က သစ်တွေတင်ဆောင်လာ၍ တားဆီးစစ်ဆေးသည်ဟု ဆိုသည်။ တပ်မတော်ဘက်ကလည်း ယာဉ်တန်းကို တားဆီးသူများအား ခေါ်ဆောင်သွားရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ လေးဦးသေဆုံးမှုကြောင့် ဆန္ဒပြသည့်အပေါ် ငြိမ်းစုစည်းမတင်ဘဲ ဆန္ဒပြခြင်းကြောင့် ကယားပြည်နယ် အစိုးရက ခေါင်းဆောင်များကို ဖမ်းဆီးအရေးယူလိုက်သည်။ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုဖြင့် ခေါင်းဆောင် ငါးဦးကို ထောင်ဒဏ် ရက် ၂၀ ချမှတ်လိုက်သည်။ သုံးဦးကို အမှုဖွင့်အရေးယူရာ၌ အာမခံပေးသော်လည်း မယူသဖြင့် လွိုက်ကော်ထောင်အချုပ်သို့ ပို့ဆောင်ထားလိုက်သည်။ ၎င်းကို မကျေနပ်၍ ထပ်မံဆန္ဒပြကြ ပြန်သည်။ ပြည်နယ်ဝန်ကြီးချုပ်ရုံးရှေ့မှာ အင်နှင့်အားနှင့်ပြခြင်းဖြစ်၏။ ဝန်ကြီးချုပ်ကခေါ်ယူ ဆွေးနွေးသော် လည်း အဆင်မပြေခဲ့ပေ။ အခင်းဖြစ်ကာစ၌ KNPP နှင့် မြန်မာ့တပ်မတော်နှစ်ဘက်လုံးက ပြည်နယ်အစိုးရ ရှိသည်ဟုပင်မထင်ကြကြောင်း၊ မည်သူမျှ လာရောက်တိုင်ကြားမှုမရှိသောကြောင့် ဖြေရှင်း၍မရကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကဆိုသည်။
KNPP အရေးနှင့်ပတ်သက်၍ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)က ပြည်သူများအပေါ် စိတ်စေတနာကောင်းဖြင့် ဆုံးဖြတ်မှုပြုလုပ်ရန် အစိုးရကို တိုက်တွန်းခဲ့သည်။ ၎င်းမဟာမိတ်အဖွဲ့၌ SNLD၊ ANP၊ KNP အပါဝင် မွန်၊ ရိုမီ၊ ကိုးကန့်၊ ကချင်၊ ရှမ်းနီ၊ ဗနု၊ ချင်း၊ ခမီး၊ မြို- တိုင်းရင်းသားများပါတီတို့ ပါဝင်ပေသည်။

(၅)

ကယားပြည်နယ်အရေးနှင့်အတူ ရခိုင်ပြည်နယ်အရေးကလည်း ပေါ်လာပြန်သည်။ ဇန်နဝါရီ ၁၆ရက်နေ့ ညဦးပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မြောက်ဦးမြို့အရေးဖြစ်၏။ လူခုနစ်ဦးသေဆုံးကာ တစ်ဆယ့်နှစ်ဦးအထိ ဒဏ်ရာရခဲ့သည့် အရေးအခင်းကြီးဖြစ်၏။ မြောက်ဦးမြို့ နန်းတော်ရာကုန်းပေါ်တွင် ကျင်းပမည့် ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်စာပေဟောပြောပွဲကို တားမြစ်ရာမှ ပြဿနာစတင်ခြင်းဖြစ်၏။ မြို့နယ်ထွေအုပ်ကလည်း မကျင်းပဖို့ တားမြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှု ဌာနကလည်း ၎င်းပိုင်နက်နန်းတော်ရာကုန်းမြေမှာ မကျင်းပဖို့ ကန့်ကွက်သည်။ ညနေ ခြောက်နာရီခန့်မှာ မကျင်းပဖြစ်တော့ကြောင်း ထုတ်ပြန်လိုက်လျှင် အလိုလိုပြီးသွားမည့်ပွဲဖြစ်သော်လည်း ကျင်းပဖြစ်သလိုလို နေလိုက်၍ ပရိသတ်များပြားလာရာမှ လူစုလူဝေးအင်အားဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးထဲထိ ဝင်ရောက် တိုက်ခိုက်သည်အထိ ပွဲဆူသွားခြင်းဖြစ်၏။ ဆိုင်ကယ်တွေဖျက်၊ ကားမှန်ရိုက်ခွဲ၊ ခဲတွေပစ်ပေါက်ရုံတင် မဟုတ်ဘဲ ရဲတွေထံ သေနတ်ဝင်လုသည့်အဆင့်ထိ သွေးဆူသွားခဲ့၏။ ရဲတပ်ဖွဲ့က မိုးပေါ်ထောင်ဖောက် ခြောက်လှန့်ရုံလောက်ပြုလုပ်ခဲ့ပြီး မရသည့်အဆုံးမှ ပစတ်ခတ်ရပါသည်ဟု ဆိုလာ၏။ မြောက်ဦးပြည်သူ တို့ကလည်း ရခိုင်ပြည်လွတ်မြောက်ရေး ဒို့အရေး ရခိုင်ပြည်အချုပ်အခြာ အာဏာရရှိရေး ဒို့အရေးဟု ကြွေးကြော်သံများဖြင့် ချီတက်တိုက်ခိုက်ကြခြင်းဖြစ်၏။ ညကြီးမိုးချုပ်မှာ ဖြစ်ပွားခဲ့သည့်ပြဿနာပင်။ နောက်ဆုံးသတင်းအရ သုံးဆယ်ကျော်ဒဏ်ရာရသည်ဟု ဆိုပါသည်။ ရဲတပ်ဖွဲ့ဝင် ၂၀ လည်း ဒဏ်ရာရသည်ဟု ဆိုပါသည်။

မြောက်ဦးဖြစ်စဉ်ကြောင့် ဇန်နဝါရီလ ၁၆ရက်နေ့မှာပင် စာရေးဆရာဝေဟင်အောင်ကို ဖမ်းဆီးခဲ့ပြီး ဒေါက်တာအေးမောင်ကို ၁၈ ရက်နေ့မှာ ဖမ်းဆီးခဲ့၏။ ထိုသို့ဖမ်းဆီးနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံ ခွင့်တောင်းပြီးမှ ဖမ်းဆီးခြင်းဖြစ်သည်ဟုဆိုပါသည်။ နှစ်ဦးလုံးကို ပုဒ်မ၁၇(၁)၊ ၅၀၅(ခ)၊ ၁၂၂တို့ဖြင့် စွဲဆိုရန် စီစဉ်ထားပြီး လောလောဆယ်၌ မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးကာ စစ်တွေထောင်သို့ ပို့ဆောင်ထားကြောင်း သိရပေသည်။
ဒေါက်တာအေးမောင်နှင့် လူငယ်စာရေးဆရာ ဝေဟင်အောင်တို့က ဇန်နဝါရီလ ၁၅ရက်နေ့၌ ရသေ့တောင်မြို့မှာ ဟောပြောခဲ့သေး၏။ ထိုဟောပြောချက်များကြောင့် မြောက်ဦးမြို့ ဟောပြောပွဲကို ပိတ်ပင်ခဲ့ဟန်ရှိ၏။ ရသေ့တောင် ဟောပြောပွဲ၌ ဆရာဝေဟင်အောင်က ရခိုင်ပြည်နယ် အချုပ်အခြာ အာဏာ ပြန်လည်ရရှိရေးနှင့် ပတ်သက်၍ ယခုလို ဟောကြားခဲ့၏။

“ရခိုင်ပြည်နယ်အချုပ်အခြာအာဏာ ကျဆုံးသွားသည်မှာ နှစ်ပေါင်း ၂၃၃နှစ်ရှိခဲ့ပြီး လူမျိုးဆက် ငါးဆက်ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍ မရသောကြောင့် လက်ညှိုးကွေးပြီး တောင်းသည့် အဖွဲ့ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင်ဦးဆောင်သော AA တပ်မတော်သည် လည်း ရခိုင်နိုင်ငံတော်နှင့် အချုပ်အခြာ ပြန်လည်ရရှိရေး၊ ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ရသေ့တောင်မြို့နယ်သူ၊ မြို့နယ်သားများအနေဖြင့်လည်း ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊ ယခုအချိန်သည် နိုင်ငံရေးအကျပ် အတည်း ဖြစ်နေသည့် အချိန်ကာလဖြစ်နေ၍ မိမိတို့အတွက် အခွင့်အရေးသာနေသော အချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရေးနှင့် လွတ်လပ်ရေး ရရှိရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်ကြောင်း အားလုံး ပါဝင်ကြရန်လိုအပ်ကြောင်း”
ဒေါက်တာအေးမောင်က “ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ်လောက်သာ ထားရှိပြီး တန်းတူအခွင့်အရေး မပေးကြောင်း၊ အချုပ်အခြာအာဏာ ရရှိရေးအတွက် နည်းလမ်းနှစ်ခုသာ ရှိကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးနည်းနှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက်တစ်နည်း ဖြစ်သော လူထုဗဟိုပြုနိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ နောက်နှစ်များ စွာ ရောက်တိုင်းမှာ အချုပ်အခြာအာဏာပြန်လည်ရယူလိုရေး စိတ်ဓာတ်မွေးရန်၊ လက်နက်ကိုင်တော်လှန် ရေးနှင့် လူထုဗဟိုပြုနိုင်ငံရေးအားလုံး၏ ပန်းတိုင်သည် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ရေးသာ ဖြစ်ကြောင်း၊ လူထုကို စည်းရုံးခြင်း၊ လက်နက်ကိုင်တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံ ဖြင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲပြီး ရည်မှန်းချက်ပန်းတိုင်သို့ သွားနေခြင်းဖြစ်ကြောင်း၊ ယခုလိုဟောပြောပွဲများ ကျင်းပခြင်းဖြင့် တစ်မျိုးသားလုံး ထားရှိသင့်သည့် ရည်မှန်ချက်ပန်းတိုင်ကို သိရှိပြီး အမျိုးသားရေးတစ်ရပ်အနေဖြင့် ပါဝင်ကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း”
ဇန်နဝါရီလ ၁၇ ရက်နေ့ကထုတ်ပြန် ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ပါ ဒေါက်တာအေးမောင်နှင့် ဆရာဝေဟင်အောင်တို့၏ ရသေ့တောင်ဟောပြောချက်များသည် ရခိုင်တစ်ပြည်လုံး အုံကြွသွားနိုင်ပေသည်။ ထို့ကြောင့် မြောက်ဦးမြို့တွင် ဆက်လက်ဟောပြောမည့် အစီအစဉ်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်ပေမည်။ မြောက်ဦးအဓိကရုဏ်းဖြစ်ပွားသည်ဖြစ်စေ မဖြစ်ပွားလျှင်ဖြစ်စေ ၎င်းတို့နှစ်ဦး၏ ဟောပြောချက်သည် အဆိုပါပုဒ်မများနှင့် ငြိစွန်းသည်သာ ဖြစ်ပေသည်။

ဒေါက်တာအေးမောင်တို့ ဂယက်သည် အင်မတန်ကြီးမားသွားပြီး ရခိုင်တစ်ပြည်နယ်လုံး ဆူပူအုံကြွရန် လှုံ့ဆော်သူများရှိလာသည်အထိ ဖြစ်ပွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များ ချထားမှုမြန်ဆန်ခြင်း၊ ရခိုင်အမျိုးသားပါတီ(ANP)ပါတီ၏ ကိုင်တွယ်ပုံ ငြင်သာခြင်းတို့ကြောင့် ထပ်မံဖြစ်ပွားမှုမျိုး မရှိတော့ပေ။

ရခိုင်ပြည်သူများကလည်း ဒေါက်တာအေးမောင်တို့ဘက်မှ မကျေမနပ်ဖြစ်ကာ မြောက်ဦးကိစ္စနှင့်ပတ်သက် ပြီး လွတ်လပ်ပြီးသမာသမတ်ရှိသည့် ပြင်ပပုဂ္ဂိုလ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းအဖြေထုတ်ဖို့တောင်းဆိုလာကြ၏။ ရခိုင်ပြည်နယ်အစိုးရကလည်း ပွဲကျင်းပရေးကော်မတီတစ်ရပ် လုံးကို တရားစွဲဆိုသွားမည်ဟု အခိုင်အမာပြောလသည်ကို တွေ့ရသလို စစ်တွေဆေးရုံတက်နေသည့် ဒဏ်ရာရသူရှစ်ဦးကို ဆေးရုံအထိ လာရောက် ဖမ်းဆီးသွားသည်ကိုလည်း တွေ့ရ၏။ အစိုးရက သေဆုံးသူ ခုနစ်ဦးအတွက် ငါးသိန်းကျပ်စီ၊ ဒဏ်ရာရသူများအတွက် သုံးသိန်းကျပ်စီထုတ်ပေးသော်လည်း ရခိုင်ပြည်သူ များက မယူကြပေ။ ရခိုင်ပြည်သူများက ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုကို စုံခုံဖွဲ့၍ စစ်ဆေးပေးရန် တောင်းဆိုနေကြ သလို ဆေးရုံတက်နေသူများကို ဆေးရုံအထိ လာဖမ်းကြသည်ကိုလည်း မကျေနပ်ကြပေ။

ဒေါက်တာအေးမောင်သည် ANP ပါတီဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်စာတင်ထားသော်လည်း ပါတီက နုတ်ထွက်ခွင့်မပြုသေးပေ။ လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေ၏။ ၎င်းတို့၏ ဟောပြောချက်အရ မိန်းမသား(မုဆိုးမ)အုပ်ချုပ်နေသဖြင့် နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူ ကာ ရခိုင်ပြည်နယ်ခွဲထွက်ရေး ကြံစည်ခဲ့ကြပုံ ပေါ်ပေသည်။ အစိုးရကိုင်တွယ်ပုံကလည်း မကောင်း၊ ၎င်းတို့ ပြုမူပုံကလည်း မဟန်ဖြစ်နေသဖြင့် တိုင်းရင်းသားတို့တောင်းဆိုနေသော ဖက်ဒရယ်ပြည်ထောင်စုကို သံသယဖြစ်ဖွယ်ရှိလာပေသည်။ တိုင်းရင်းသားများ၌ ဗမာ မုန်းတီးရေးဝါဒ လွှမ်းမိုးလျက်ရှိရာ ဖက်ဒရယ်ကို အကြောင်းပြ၍ ပြည်နယ်အသီးသီး ခွဲထွက်မည့်အကြံများ ရှိနေကြပုံပေါ်၏။
တိုင်းပြည်သည်ကား မုဆိုးမတိုင်းပြည်ဖြစ်နေသည်ကား အမှန်ပင်။

(၆)

မကွေးကျောင်းဆရာတော် ဦးပါမောက္ခ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရ၏။ လက်ရှိတွင် ၎င်းကို အင်းစိန်ထောင်၌ သင်္ကန်းချွတ် လူဝတ်လဲကာ ဖမ်းဆီးထား၏။ ဇန်နဝါရီလ ၁၇ ရက်နေ့က ဦးပါမောက္ခ၏ရှေ့နေ ဦးအောင်သူရိန်ထွန်းက တရားရုံး၌ သင်္ကန်းဝတ်ခွင့် တောင်းဆိုလျှောက်ထားရာ တရားသူကြီးက ပယ်ချခဲ့ပေသည်။ ရှေ့နေဦးအောင်သူရိန်ထွန်းက ၂၀၁၃ ခုနှစ် နိုင်ငံတော်သံဃမဟာနာယက ၄၇ပါးစုံညီ ဒုတိယအစည်းအဝေးဆုံးဖြတ်ချက် ပုဒ်မ ၁၁(ဃ)အရ အမှုရင်ဆိုင်စဉ်မှာ သင်္ကန်းဝတ်ခွင့်ရှိခြင်း၊ ၁၈၉၄ခုနှစ် အကျဉ်းထောင်အက်ဥပဒေနှင့် အကျဉ်းထောင်လက် စွဲဥပဒေ ၁၀၄၆တို့အရ သင်္ကန်းဝတ်ခွင့်ပြုထားခြင်းတို့ကို ထောက်၍ သင်္ကန်းဝတ်ခွင့်တောင်းဆိုခြင်းဖြစ်၏။ တရားသူကြီးက ပယ်ချလိုက်သဖြင့် Rule Of Law ဥပဒေအခွင့်အရေးဘယ်မလဲဟု မေးခွန်းပြန်ထုတ်ခဲ့၏။
ထို့အပြင် ပုဒ်မ ၅၀၅(ခ)သည် ရဲအရေးမပိုင်သဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားရသည့်ပုဒ်မဖြစ်ရာ ဦးတိုက်လျှောက်ထားသူကိုယ်တိုင်က သူ့လက်မှတ်မဟုတ်ပါဘူးဟု ထွက်ဆိုထားသည်ကို ထောက်၍ စွဲချက်အတည်မဖြစ်ကြောင်း သိသာထင်ရှားသည်ဟု ဦးအောင်သူရိန်ထွန်းက ဆိုခြင်းဖြစ်၏။
ပြည်သူရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရ၊ ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်သည့် အရပ်သားဒီမိုကရေစီအစိုးရလက်ထက်မှာမှ တရားဥပဒေစိုးမိုးမှုမရှိလျှင် မည်သည့် အစိုးရလက်ထက်မှာမှ ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် ရဟန်းသံဃာများကို သင်္ကန်းချွတ်လောက်သည့် အပြစ်မရှိဘဲ လူဝတ်လဲထောင်ချသည့် စနစ်ကြီးကို ပြုပြင်သင့်လှပေသည်။ အင်္ဂလိပ်လက်ထက်၊ ဦးနုလက်ထက်၊ မဆလလက်ထက်တို့၌ပင် ထောင်ထဲ၌ ရဟန်းဝတ်ဖြင့် နေခွင့်ရှိသေးလျှင် ဒေါ်စုလက်ထက် ၌ ပို၍ပင် ရှိသင့်သည်မဟုတ်လော……..။

မျိုးချစ်သူ(၉၇)