မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းနာယက၊ ဝံသာႏုဓမၼကထိမ အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစိုးရိမ္) ေမြးေန႔အထိမ္းအမွတ္အျဖစ္ ေငြပေဒသာပင္ လွဴဒါန္းပြဲကို မႏၲေလးၿမဳိ႕၊ မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါလွဴဒါန္းပြဲကို ဇြန္လ ၂၆ရက္ေန႔၊ မြန္းလြဲ ၂း၀၀နာရီတြင္ က်င္းပျခင္းျဖစ္ကာ မန္းမေဟာ္သဓာ ဗဟိုေကာ္မတီနာယကဆရာေတာ္ႀကီး ဘဒၵႏၲကုသလ(ပါဠိပါရဂူ)ႏွင့္ မစိုးရိမ္တုိက္သစ္၊ ဓမၼဝိမုတၱိရသေက်ာင္းနာယကဆရာေတာ္ ဘဒၵႏၲသူရိယာဘိဝံသ အမွဴးျပဳေသာ သံဃာေတာ္မ်ား၊ မန္းမေဟာ္သဓာဗဟိုေကာ္မတီဝင္မ်ား၊ မ်ဳိးခ်စ္ျပည္သူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။
စုေပါင္းလွဴဒါန္းၾကေသာ အလွဴေငြစုစုေပါင္းမွာ ၁၂,၂၁၄,၀၀၀ (တစ္ရာ့ ႏွစ္ဆယ့္ ႏွစ္သိန္း တစ္ေသာင္း ေလးေထာင္ကပ္)ျဖစ္ကာ ေမြးေန႔ရွင္ဆရာေတာ္၏ ပရဟိတ၊ ပညာဒါနႏွင့္ အမ်ဳိးဘာသာ သာသနာေရးဆုိင္ရာ အက်ဳိးျပဳလုပ္ငန္းမ်ား စဥ္ဆက္မျပတ္ ဆက္လက္လည္ပတ္ေစႏိုင္ရန္ ရည္ရြယ္၍ စုေပါင္းလွဴဒါန္းၾကျခင္းျဖစ္ေၾကာင္း၊ ၎ေငြမ်ားကို ဆရာေတာ္ဦးဝီရသူကိုယ္စား ဘုရားႀကီးတုိက္ ေဇယ်ာေရႊေျမေက်ာင္းဆရာေတာ္ႀကီး ဘဒၵႏၲကုသလ မဟာေထရ္ႀကီးက လက္ခံထားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအလွဴေငြမ်ားကို ျပည္တြင္းျပည္ပမွ သံဃာေတာ္မ်ားႏွင့္ ျပည္သူမ်ားက ေမြးေန႔လက္ေဆာင္အျဖစ္ စုေပါင္းလွဴဒါန္းၾကျခင္းျဖစ္ေၾကာင္း၊ ဆရာေတာ္ဦးဝီရသူ၏ ဘဏ္စာအုပ္ႏွစ္အုပ္ ၁၇၀သိန္းက်ပ္ အသိမ္းခံရသည့္သတင္းကိုအေၾကာင္းျပဳ၍ “တစ္ေသာင္းအားျဖင့္ ကုစားမည္”ေခါင္းစဥ္ျဖင့္ အလွဴခံခဲ့ျခင္းျဖစ္ေၾကာင္း၊ ေငြတစ္ေသာင္းက်ပ္မွ ဆယ္သိန္းက်ပ္အထိ အလွဴရွင္အသီးသီးမွ လွဴဒါန္းခဲ့ၾကေၾကာင္း သိရွိရသည္။
တစ္ေသာင္းအားျဖင့္ ကုစားမည္ အစီအစဥ္ျဖင့္ ဦးေဆာင္လွဴဒါန္းေကာက္ခံခဲ့ၾကသည့္ ဌာနအသီးသီးမွ ရရွိေငြမ်ားမွာ
၁။ တစ္ေခတ္ဗန္ေမာ္ဆရေတာ္ အရွင္ပ႑ိတ ၇,၈၂၅,၀၀၀
၂။ ေတာင္သာေလးဆရာေတာ္ အရွင္အဂၢဓဇ ၇၀၅,၀၀၀
၃။ အရွင္အရိယဝံသ(ေပါက္ကိုယ္ေတာ္) ၇၅၅,၀၀၀
၄။ ဦးတိုးေအာင္ (မုိက္မယ္တုိးႀကီး) ၃၂၀,၀၀၀
၅။ ဦးေအာင္ကိုဝင္း(လူပ်ံေက်ာ္) ၂,၆၀၉,၀၀၀
ျဖစ္ေၾကာင္း သတင္းရရွိသည္။
အလွဴရွင္မ်ားအားလံုး က်န္းမာေအာင္ျမင္ ေပ်ာ္ရႊင္ခ်မ္းျမ ေဘးမခဘဲ လုိရာဆႏၵ ျပည့္ဝၾကပါေစေသာ္…ဝ္။
(အလွဴရွင္မ်ား စာရင္းအေသးစိတ္ကို ထပ္မံေၾကညာသြားပါမည္။)
သတင္းႏွင့္ ဓာတ္ပုံ – ၉၆၉
“ မွေးနေ့အထိမ်းအမှတ် ပဒေသာပင်စိုက်ထူ”
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိမ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်) မွေးနေ့အထိမ်းအမှတ်အဖြစ် ငွေပဒေသာပင် လှူဒါန်းပွဲကို မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲကို ဇွန်လ ၂၆ရက်နေ့၊ မွန်းလွဲ ၂း၀၀နာရီတွင် ကျင်းပခြင်းဖြစ်ကာ မန်းမဟော်သဓာ ဗဟိုကော်မတီနာယကဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)နှင့် မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိမုတ္တိရသကျောင်းနာယကဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ အမှူးပြုသော သံဃာတော်များ၊ မန်းမဟော်သဓာဗဟိုကော်မတီဝင်များ၊ မျိုးချစ်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
စုပေါင်းလှူဒါန်းကြသော အလှူငွေစုစုပေါင်းမှာ ၁၂,၂၁၄,၀၀၀ (တစ်ရာ့ နှစ်ဆယ့် နှစ်သိန်း တစ်သောင်း လေးထောင်ကပ်)ဖြစ်ကာ မွေးနေ့ရှင်ဆရာတော်၏ ပရဟိတ၊ ပညာဒါနနှင့် အမျိုးဘာသာ သာသနာရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်လည်ပတ်စေနိုင်ရန် ရည်ရွယ်၍ စုပေါင်းလှူဒါန်းကြခြင်းဖြစ်ကြောင်း၊ ၎င်းငွေများကို ဆရာတော်ဦးဝီရသူကိုယ်စား ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ မဟာထေရ်ကြီးက လက်ခံထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအလှူငွေများကို ပြည်တွင်းပြည်ပမှ သံဃာတော်များနှင့် ပြည်သူများက မွေးနေ့လက်ဆောင်အဖြစ် စုပေါင်းလှူဒါန်းကြခြင်းဖြစ်ကြောင်း၊ ဆရာတော်ဦးဝီရသူ၏ ဘဏ်စာအုပ်နှစ်အုပ် ၁၇၀သိန်းကျပ် အသိမ်းခံရသည့်သတင်းကိုအကြောင်းပြု၍ “တစ်သောင်းအားဖြင့် ကုစားမည်”ခေါင်းစဉ်ဖြင့် အလှူခံခဲ့ခြင်းဖြစ်ကြောင်း၊ ငွေတစ်သောင်းကျပ်မှ ဆယ်သိန်းကျပ်အထိ အလှူရှင်အသီးသီးမှ လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
တစ်သောင်းအားဖြင့် ကုစားမည် အစီအစဉ်ဖြင့် ဦးဆောင်လှူဒါန်းကောက်ခံခဲ့ကြသည့် ဌာနအသီးသီးမှ ရရှိငွေများမှာ
၁။ တစ်ခေတ်ဗန်မော်ဆရတော် အရှင်ပဏ္ဍိတ ၇,၈၂၅,၀၀၀
၂။ တောင်သာလေးဆရာတော် အရှင်အဂ္ဂဓဇ ၇၀၅,၀၀၀
၃။ အရှင်အရိယဝံသ(ပေါက်ကိုယ်တော်) ၇၅၅,၀၀၀
၄။ ဦးတိုးအောင် (မိုက်မယ်တိုးကြီး) ၃၂၀,၀၀၀
၅။ ဦးအောင်ကိုဝင်း(လူပျံကျော်) ၂,၆၀၉,၀၀၀
ဖြစ်ကြောင်း သတင်းရရှိသည်။
အလှူရှင်များအားလုံး ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေသော်…ဝ်။
(အလှူရှင်များ စာရင်းအသေးစိတ်ကို ထပ်မံကြေညာသွားပါမည်။)
သတင်းနှင့် ဓာတ်ပုံ – ၉၆၉