သတင်း

ရေတာရှည် သြဝါဒ




“ရေတာရှည် သြဝါဒ”

နတ္တော်လပြည့်ကျော် ၉ ရက် (31.12.2018)ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမတ်ကြီးခုံရွာ၊ ရှမ်းကျောင်းဓမ္မစကူးလ်နှင့် သာသနာ့ဥယျာဉ်ပညာဒါနကျောင်းမှာ ဟောကြားပါတယ်။

ရှမ်းကျောင်းဆရာတော်လေး အရှင်ဣန္ဒက ပင့်လျှောက်လို့ ရောက်ရှိသွားတာပါ။
ဟိုအရင်တုန်းကလည်း နှစ်စဉ်နှစ်တိုင်းလိုလို တရားပွဲကျင်းပခဲ့လို့ ဟောကြာဖူးပါတယ်။
အခုလည်း ကြုံတုန်းသြဝါဒပေးခြင်းပါ။

ရှမ်းကျောင်းမှာ ၈-၉-၁၀ တန်း ကျောင်းသူကျောင်းသား (၁၈၀)ကျော် ရှိပါတယ်။ ဘုရားကို မမေ့ဖို့၊ တရားမမဲ့ဖို့၊ သံဃာမပြစ်မှားဖို့ ဟောကြားခဲ့ပါတယ်။ ဘုရားမေ့ခြင်း အပြစ်များ၊ တရားမဲ့ခြင်းအပြစ်များ၊ သံဃာပြစ်မှားခြင်းအပြစ်များကို ထောက်ပြဟောကြားခဲ့တာပါ။ စည်းကမ်းလိုက်နာဖို့၊ အဆုံးအမနာခံဖို့၊ စာကြိုးစားဖို့၊ လိမ္မာယဉ်ကျေးအောင် ပြုပြင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။