သတင်း

“ရေဘေးကူညီရေး အလှူတော်(၁)”

ရှားတုံးအိုင်ရွာ

“ရေဘေးကူညီရေး အလှူတော်(၁)”

ရှားတုံးအိုင်ရွာ

———————————————-

      ဒီလ စက်တင်ဘာ ၂၄ရက်နဲ့ ၂၅ရက်နေ့တုန်းက တပ်ကုန်း၊ ရမည်းသင်း၊ နေပြည်တော်သို့ ရောက်ခဲ့ပါတယ်။

      ရေဘေးအကူအညီ ခရီးစဉ်ပေါ့။

      ၂၄ရက်နေ့မနက် ၉း၀၀ နာရီလောက်မှာ တပ်ကုန်းမြို့နယ်၊ ရှားတုံးအိုင်ရွာကို ရောက်ခဲ့ပါတယ်။

      ရှားတုံးအိုင်ဆိုတာ နာမည်ကျော် မန်ကျည်းပင်အုပ်စုထဲက တစ်ခုပေါ့။

      ပေါက်ကိုယ်တော်က တစ်အိမ်ထောင် တစ်သိန်းကျပ်စီလှူပြီး အင်္ကျီအသစ်တွေ လှူဒါန်းဝေငှ၊စာရေးသူက နတ်မျက်စဉ်းတွေ ပေးဝေပြီး သြဝါဒပေး – နေ့ဆွမ်းစားပြီး ပြန်လာခဲ့ကြပါတယ်။

      ရွာအပျက်အစီးတွေက အများကြီး ၊ ရွာထဲလှည့်ကြည့်မယ်ဆိုရင် လမ်းလျှောက်ကြည့်ရမှာဖြစ်လို့ ဗွက်တောထဲနင်းရမှာ အသေအချာပါပဲ။ ရှားတုံးအိုင်ဆရာတော်ကိုယ်တိုင် မျက်နာကျက် ထပ်ခိုးပေါ် တက်ပုန်းနေရတာလို့ ဆိုပါတယ်။

      တော်သေးတာပေါ့ ရန်သူတော် မိုးရေတပ်ဖွဲ့က ထပ်ခိုးပေါ်ထိ တက်မကြည့်လို့။

      တက်သာကြည့်ရင် ဆရာတော်လဲ နှာခေါင်းဖော်ပြီး နေရမဲ့ ပုံစံပါပဲ။

      ရွာထဲမှာ အဖိုးအဖွား မောင်နှမ နှစ်ယောက်ရှိတယ်။ တစ်အိမ်စီနေကြတာ။

      ရေတက်လာတော့ အဖွားက ခုတင်ပေါ် စားပွဲဆင့်၊ စားပွဲပေါ်ထိုင်ခုံဆင့်ပြီး နှာခေါင်းလေးဖော်ပြီး နေရတာ တစ်ညလုံးတဲ့။

      တကယ်လို့သာ နှာခေါင်းဖော်လောက်အောင် နေရာလပ်မကျန်ရင် အဖွားလဲ ရေနစ်သေပြီပေါ့။

      အဖိုးကတော့ သစ်ပင်ပေါ် တက်နေလို့ လွတ်သွားပါတယ်။ အဖွားလို ရေထဲတစ်ညလုံး စိမ်ပြီး မနေရပေမဲ့ သစ်ပင်ပေါ်မှာ တစ်ညလုံး နေရတဲ့ ဒုက္ခ စဉ်းစားသာကြည့်။ လေတိုက်လေအေးလေ။ ညဥ့်နက်လေ ကြောက်လေ။ ခြင်ကိုက်လေ ဒုက္ခရောက်လေမို့ အသက်ရှင်ဆယ်ကျော် အဖိုးအဖွားရဲ့ တစ်ညတာ ရေဘေးဒုက္ခကို ခံစားတင်ပြလိုက်ရတော့တယ်။

      သတ္တဝါဟူသမျှ ဘေးမခ ချမ်းမြသာယာကြပါစေ……….။