ေရႊဝါနစၥတန္
သံမဏိသမီးေတာ္ ဆာဟာရဝတီသို႔ ေျပာင္းေရႊလာၿပီးေနာက္ပုိင္းတြင္ ဗိုလ္ကညြတ္ကြင္းႏွင့္ ဗိုလ္ပုသိမ္တုိ႔မွာ စကားမေျပာ မ်က္ႏွာခ်င္းမဆုိင္ၾကေတာ့ဘဲ အိမ္နီးနားခ်င္းမ်ားျဖစ္လ်က္ ဗိုလ္ပုသိမ္အိမ္ေရွ႕မွာ ဗိုလ္ကညြတ္ကြင္း ျဖတ္၍ပင္ မသြားေတာ့သလို ဗိုလ္ကညြတ္ကြင္းအိမ္ေရွ႕မွလည္း ဗိုလ္ပုသိမ္ျဖတ္၍မသြားၾကေတာ့သည္အထိ ျဖစ္သြားၾက၏။
ဗိုလ္ပုသိမ္ေခတ္တြင္လည္း ေရႊဝါျပည္သည္ ေရွ႕သို႔မတိုး ဒံုရင္းမွ ဒုံရင္းသာျဖစ္ေသာ္လည္း သူ႔ေခတ္တြင္ ေျပာစရာအခ်ဳိ႕ က်န္ရစ္ခဲ့သည္။ ဗိုလ္ေက်ာက္ဆည္လက္ထက္က အိမ္အက်ယ္ခ်ဳပ္ထားခဲ့ေသာ သံမဏိသမီးေတာ္ႏွင့္ ေထာင္တြင္းမွ ႏိုင္ငံေရးအက်ဥ္းသားမ်ားႏွင့္ ေက်ာင္းသားေခါင္းေဆာင္မ်ားကို လႊတ္ေပးခဲ့သည္။ သတင္းမီဒီယာမ်ားကို အထုိက္အေလွ်ာက္ လြတ္လပ္ခြင့္ စတင္ေပးခဲ့သည္။ ဗိုလ္ပုသိမ္တုိ႔ေခတ္မတုိင္ခင္ ဗိုလ္ေက်ာက္ဆည္တုိ႔ေခတ္တြင္ လက္ကိုင္ဖုန္းတစ္လံုးအတြက္ ဆင္းကဒ္တစ္ခုကို က်ပ္ သိန္းငါးဆယ္အထိ ေပးခဲ့ရဖူးသည္။ ဗိုလ္ေက်ာက္ဆည္တုိ႔ေခတ္ေႏွာင္းတြင္ ဆင္းကဒ္တစ္ခုမွာ က်ပ္သိန္း ႏွစ္ဆယ္ ေနာက္အခါ ဆယ္သိန္းက်ပ္အထိ ရွိခဲ့သည္။ ဗိုလ္ပုသိမ္ေခတ္ေရာက္ေသာအခါ ဆင္းကဒ္တစ္ကဒ္ကို သိန္းခ်ီးေပးရေသာအေျခအေနမွ ျမန္မာက်ပ္ေငြ (၁၅၀၀)က်ပ္ထိ ေရာက္သြားခဲ့၏။ ဗိုလ္ေက်ာက္ဆည္တုိ႔ေခတ္က ေမာ္ေတာ္ကားတစ္စီးလွ်င္ သိန္းေထာင္ခ်ီ ရာခ်ီေပးမွ စီးႏိုင္ေသာအေျခအေနမွ ကားတစ္စီးလွ်င္ က်ပ္ သိန္းတစ္ရာက်ပ္ဝန္းက်င္ျဖင့္ စီးလာႏိုင္ၾကသည္။ ဗိုလ္ပုသိမ္တုိ႔ေခတ္ကုန္ဆံုးခါနီးတြင္ ကုန္ေစ်းႏႈန္းျမင့္တက္လာၿပီး အေမရိကန္တစ္ေဒၚလာလွ်င္ (၁၁၀၀)က်ပ္ႏွင့္ ေရႊေစ်းမွာ တစ္က်ပ္သားလွ်င္ ခုနစ္သိန္းျဖစ္လာခဲ့ေလသည္။
————————
သံမဏိသမီးေတာ္၏ အုပ္ခ်ဳပ္ေရးယႏၲရားႀကီးထဲတြင္ ျပည္နယ္ႏွင့္တုိင္း ဝန္ႀကီးခ်ဳပ္တစ္ဒါဇင္ေက်ာ္ရွိသည့္အနက္ ကြီးဖားႏွင့္ ကြီးေဖာင္းအမည္ရွိေသာ ဝန္ႀကီးခ်ဳပ္ႏွစ္ဦးသည္ ေရွ႕ကရွိခဲ့ဖူးေသာ ဗိုလ္ေက်ာက္ဆည္ကဲ့သို႔ လက္သံေျပာင္း၍ နာမည္အထြက္ဆံုုးပုဂၢဳိလ္ႏွစ္ဦးျဖစ္သည္။ ဝန္ႀကီးခ်ဳပ္ကြီးဖားသည္ ဗိုလ္ေက်ာက္ဆည္ႏွင့္ ဗိုလ္ေက်ာက္တန္းတုိ႔လက္ထက္က ေရႊဝါျပည္ေထာင္ထဲတြင္ ႏွစ္ေပါင္းအတန္ၾကာေအာင္ ေနခဲ့ဖူး၏။ ေထာင္ထဲတြင္ ကြီးဖားသည္ သံမဏိသမီးေတာ္၏ လက္ရံုးတစ္ဆူျဖစ္လာမည့္ ဗိုလ္မိတၳီလာႏွင့္ ဆရာတပည့္ျဖစ္သြားခဲ့၏။
ေထာင္မွလြတ္ေသာ္ ဗိုလ္မိတၳီလာတန္ခုိးျဖင့္ ပင္နီပါတီတြင္ ရာထူးႀကီးႀကီးရ၏။ ဗိုလ္မိတၳီလာ၏ေထာက္ခံမႈျဖင့္ ရန္ႏိုင္ေဒသဝန္ႀကီးခ်ဳပ္ျဖစ္လာ၏။ ကြီးဖားသည္ ေထာင္ထြက္ျဖစ္ေသာ္လည္း ရုပ္ရည္ရူပကာရွိသူျဖစ္ၿပီး ေရႊဝါျပည္၏ ဓာတ္ရွင္မင္းသားတစ္ဦးႏွင့္ပင္ ခပ္ဆင္ဆင္ျဖစ္၏။ ေရႊဝါလူမ်ဳိးမ်ားထဲတြင္ အေတာ္အရပ္အေမာင္းေကာင္းသူျဖစ္၏။ ပင္နီတုိက္ပံု ေန႔စဥ္ဝတ္၏။ ဆြစ္ဇာလန္ျပည္ထုတ္နာရီကိုႀကိဳက္၏။ ဂ်ာမနီျပည္ထုတ္ မာစီးဒီးကားကိုလည္း အလြန္ႀကဳိက္သူျဖစ္၏။ ေထာင္ထြက္ျဖစ္ေသာ္လည္း ကြီးဖားတုိ႔ဇနီးေမာင္ႏွံတြင္ စိန္ေရႊရတနာဆုိင္ (၁၀)ဆုိင္နီးပါးမွ် ရွိၿပီး အလြန္ခ်မ္းသာၾကြယ္သည္ဟု ဆိုၾက၏။ အစုိးရေခါင္းေဆာင္မ်ား၏ ပုိင္ဆုိင္မႈမ်ားကို ေၾကညာခုိင္းစဥ္က ကြီးဖားက သူ႔ပိုင္ဆုိင္မႈမ်ားကို ထုတ္မေျပာခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာလုိက္လွ်င္ ထုတ္ၾကြားသည္ဟု ထင္မည္စုိးရိမ္ေၾကာင္း ေျပာခဲ့ဖူးသည္။ ထုိစကားကိုၾကည့္လွ်င္ ကြီးဖားသည္ ေရႊဝါျပည္အစုိးရအဖြဲ႔တြင္ အခ်မ္းသာဆံုးပုဂၢဳိလ္ ျဖစ္တန္ရာ၏။
ေရွ႕ဘဝအဆက္ဆက္ ျပဳခဲ့ေသာေကာင္းမႈကုသိုလ္ေၾကာင့္ ကြီးဖားသည္ ေထာင္ထြက္ပင္ျဖစ္လ်က္ ခ်မ္းသာၾကြယ္ဝ၍ ျပည့္စံုကုံလုံကာ ဆယ္ဘဝတုိင္ သံုးမကုန္ႏိုင္သည့္ ေဇာတိကဝန္ႀကီးခ်ဳပ္ဘဝကို ရခဲ့ျခင္းဟု ဆုိၾက၏။ ဤမွ်ခ်မ္းသာၾကြယ္ဝၿပီးပါလ်က္ ကြီးဖားအဘယ္ေၾကာင့္ ေရႊြဝါျပည္တြင္ ဝန္ႀကီးခ်ဳပ္တာဝန္ကုိ ထမ္းေဆာင္ေနရသနည္းဆိုသည္မွာ လူအမ်ားစိတ္ဝတ္စားစရာျဖစ္လာ၏။ အမွန္တကယ္မွာ ကြီးဖားသည္ အနာဂတ္ေရႊဝါျပည္၏ နံပါတ္တစ္သမၼတႀကီးျဖစ္လာရန္ ရည္မွန္းထား၏။ သံမဏိသမီးေတာ္ေခတ္လြန္လွ်င္ ကီြးဖားေခတ္ေရာက္ရမည္ဟု သႏၷိ႒ာန္ျပဳထားသူျဖစ္၏။
————————
ေရႊဝါျပည္ေတာင္ပိုင္းရွိ သုဝဏၰဘူမိတုိင္းတြင္ ဒႆဂီရိကၽြန္းဟူ၍ရွိ၏။ ျမစ္ကူးတံတားအသစ္တည္ေဆာက္ၿပီးခ်ိန္တြင္ ေဒသခံတုိင္းရင္းသားမ်ားက တံတားအမည္ကို သူတို႔ဇာတိကၽြန္းအမည္ျဖစ္ေသာ ဒႆဂီရိတံတားဟု အမည္ေပးခ်င္သည္။ သုိ႔ေသာ္ သုဝဏၰဘူမိတုိင္းဝန္ႀကီးခ်ဳပ္မွ အလြန္ဖားခ်င္ေသာေၾကာင့္ ထိုတံတားအမည္ကို ဗိုလ္ခ်ဳပ္သံမဏိတံတားဟု ေပး၏။ ထုိမွစ၍ တံတားနာမည္ျပႆနာေပၚေပါက္လာကာ ေဒသခံတုိင္းရင္းသားမ်ား၏ရင္ထဲတြင္ လူမ်ားစုသန္မာလူမ်ဳိးတုိ႔မွ အႏိုင္က်င့္ခဲ့ျခင္းဟု မွတ္ယူၿပီး အၿငဳိးအေတးျဖစ္ကုန္ၾက၏။
တစ္ဖန္ ေငြေတာင္ျပည္၏ဝန္ႀကီးခ်ဳပ္ျဖစ္သူ ကီြးေဖာင္းသည္ မၾကာခဏ ေဖာင္းတတ္၏။ ကီြးေဖာင္းသည္ ေငြေတာင္ျပည္ၿမဳိ႕ေတာ္တြင္ ေဒသခံမ်ားကန္႔ကြက္သည့္ၾကားမွ ဗိုလ္ခ်ဳပ္သံမဏိေၾကးရုပ္ကို မရမက စုိက္ထူးရန္ႀကဳိးပမ္းခဲ့၏။
တုိင္းရင္းသားအားလံုး၏ရင္ထဲတြင္ မူလက ဗိုလ္ခ်ဳပ္သံမဏိအား ၾကည္ညဳိေလးစားရင္းစြဲရွိခဲ့ၾကေသာ္လည္း အလြန္အကၽြံေဖာ္လံဖားေသာလုပ္ရပ္မ်ားေၾကာင့္ အထင္အျမင္လြဲမွားမႈမ်ား ျဖစ္လာကာ စိတ္ဝမ္းကြဲလာၾကသည္။ ေဖာ္လံဖားမ်ားႏွင့္ တုိ႔မီးရႈိမီးအခြင့္အေရးသမားမ်ားေပါင္းစပ္မိသြားေသာအခါ ဗိုလ္ခ်ဳပ္သံမဏိရုပ္တု ဆန္႔က်င္ကန္႔ကြက္မႈမ်ား တုိင္းရင္းသားေဒသအခ်ဳိ႕တြင္ ေပၚေပါက္လာေတာ့၏။ ေရႊဝါျပည္၏ ကုန္ေစ်းႏႈန္းမ်ားလည္း မုိးသို႔တုိင္ ထုိးတက္လာ၏။ ေဒၚလာေစ်းမွာ (၁၄၀၀)ေက်ာ္ ေရာက္လာ၏။ ေရႊေစ်းမွာ တစ္က်ပ္သားလွ်င္ (၉၅၀၀၀၀)က်ပ္ဝန္က်င္ ေရာက္လာ၏။
အထက္ပါအျဖစ္အပ်က္မ်ားက အာရွတုိက္ေတာင္ပိုင္း ဘဂၤလားပင္လယ္ေအာ္အနီးတြင္ တည္ရွိခဲ့ဖူးေသာ ေရႊဝါျပည္ဟူေသာ ႏိုင္ငံမွ ေဖာ္လံဖားမ်ား၏ ျပႆနာမ်ားပင္ျဖစ္၏။
ေအဒီ (၂၁) ရာစုအကုန္တြင္ ၎ေရႊဝါျပည္သုိ႔ အေနာက္ဖက္အရပ္မွ သန္းေပါင္းမ်ားစြာေသာ မုဆိတ္လူမ်ဳိးမ်ား နယ္ခ်ဲ႕ဝင္ေရာက္လာၾက၏။ ႏွစ္အတန္ၾကာေသာ္ ေရႊဝါေဒသခံလူမ်ဳိးမ်ားက လူဦးေရ (၁၀)ရာခုိင္ႏႈန္းသာရွိေသာ လူနည္းစုတုိင္းရင္းသားမ်ားဘဝ ေရာက္သြားၾကၿပီး မုဆိတ္မ်ားက လူဦးေရ (၉၀)ရာခုိင္ႏႈန္းရွိေသာ လူအမ်ားစုႏိုင္ငံသားမ်ားျဖစ္သြားၾကကုန္၏။ ထုိေနာက္ တစ္ခါက ေရႊဝါျပည္ေထာင္စုႏုိင္ငံေတာ္၏ အမည္ေနရာတြင္ ေရႊဝါနစၥတန္ႏုိင္ငံဟူ၍ ေျပာင္းလဲသြားေတာ့၏။
ေထာင္ဘီလူးဘဦး
28.7.2018
သူရိယေနဝန္း
“ရွှေဝါနစ္စတန်”
သံမဏိသမီးတော် ဆာဟာရဝတီသို့ ပြောင်းရွှေလာပြီးနောက်ပိုင်းတွင် ဗိုလ်ကညွတ်ကွင်းနှင့် ဗိုလ်ပုသိမ်တို့မှာ စကားမပြော မျက်နှာချင်းမဆိုင်ကြတော့ဘဲ အိမ်နီးနားချင်းများဖြစ်လျက် ဗိုလ်ပုသိမ်အိမ်ရှေ့မှာ ဗိုလ်ကညွတ်ကွင်း ဖြတ်၍ပင် မသွားတော့သလို ဗိုလ်ကညွတ်ကွင်းအိမ်ရှေ့မှလည်း ဗိုလ်ပုသိမ်ဖြတ်၍မသွားကြတော့သည်အထိ ဖြစ်သွားကြ၏။
ဗိုလ်ပုသိမ်ခေတ်တွင်လည်း ရွှေဝါပြည်သည် ရှေ့သို့မတိုး ဒုံရင်းမှ ဒုံရင်းသာဖြစ်သော်လည်း သူ့ခေတ်တွင် ပြောစရာအချို့ ကျန်ရစ်ခဲ့သည်။ ဗိုလ်ကျောက်ဆည်လက်ထက်က အိမ်အကျယ်ချုပ်ထားခဲ့သော သံမဏိသမီးတော်နှင့် ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများနှင့် ကျောင်းသားခေါင်းဆောင်များကို လွှတ်ပေးခဲ့သည်။ သတင်းမီဒီယာများကို အထိုက်အလျှောက် လွတ်လပ်ခွင့် စတင်ပေးခဲ့သည်။ ဗိုလ်ပုသိမ်တို့ခေတ်မတိုင်ခင် ဗိုလ်ကျောက်ဆည်တို့ခေတ်တွင် လက်ကိုင်ဖုန်းတစ်လုံးအတွက် ဆင်းကဒ်တစ်ခုကို ကျပ် သိန်းငါးဆယ်အထိ ပေးခဲ့ရဖူးသည်။ ဗိုလ်ကျောက်ဆည်တို့ခေတ်နှောင်းတွင် ဆင်းကဒ်တစ်ခုမှာ ကျပ်သိန်း နှစ်ဆယ် နောက်အခါ ဆယ်သိန်းကျပ်အထိ ရှိခဲ့သည်။ ဗိုလ်ပုသိမ်ခေတ်ရောက်သောအခါ ဆင်းကဒ်တစ်ကဒ်ကို သိန်းချီးပေးရသောအခြေအနေမှ မြန်မာကျပ်ငွေ (၁၅၀၀)ကျပ်ထိ ရောက်သွားခဲ့၏။ ဗိုလ်ကျောက်ဆည်တို့ခေတ်က မော်တော်ကားတစ်စီးလျှင် သိန်းထောင်ချီ ရာချီပေးမှ စီးနိုင်သောအခြေအနေမှ ကားတစ်စီးလျှင် ကျပ် သိန်းတစ်ရာကျပ်ဝန်းကျင်ဖြင့် စီးလာနိုင်ကြသည်။ ဗိုလ်ပုသိမ်တို့ခေတ်ကုန်ဆုံးခါနီးတွင် ကုန်ဈေးနှုန်းမြင့်တက်လာပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၁၁၀၀)ကျပ်နှင့် ရွှေဈေးမှာ တစ်ကျပ်သားလျှင် ခုနစ်သိန်းဖြစ်လာခဲ့လေသည်။
————————
သံမဏိသမီးတော်၏ အုပ်ချုပ်ရေးယန္တရားကြီးထဲတွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်တစ်ဒါဇင်ကျော်ရှိသည့်အနက် ကွီးဖားနှင့် ကွီးဖောင်းအမည်ရှိသော ဝန်ကြီးချုပ်နှစ်ဦးသည် ရှေ့ကရှိခဲ့ဖူးသော ဗိုလ်ကျောက်ဆည်ကဲ့သို့ လက်သံပြောင်း၍ နာမည်အထွက်ဆုံးပုဂ္ဂိုလ်နှစ်ဦးဖြစ်သည်။ ဝန်ကြီးချုပ်ကွီးဖားသည် ဗိုလ်ကျောက်ဆည်နှင့် ဗိုလ်ကျောက်တန်းတို့လက်ထက်က ရွှေဝါပြည်ထောင်ထဲတွင် နှစ်ပေါင်းအတန်ကြာအောင် နေခဲ့ဖူး၏။ ထောင်ထဲတွင် ကွီးဖားသည် သံမဏိသမီးတော်၏ လက်ရုံးတစ်ဆူဖြစ်လာမည့် ဗိုလ်မိတ္ထီလာနှင့် ဆရာတပည့်ဖြစ်သွားခဲ့၏။
ထောင်မှလွတ်သော် ဗိုလ်မိတ္ထီလာတန်ခိုးဖြင့် ပင်နီပါတီတွင် ရာထူးကြီးကြီးရ၏။ ဗိုလ်မိတ္ထီလာ၏ထောက်ခံမှုဖြင့် ရန်နိုင်ဒေသဝန်ကြီးချုပ်ဖြစ်လာ၏။ ကွီးဖားသည် ထောင်ထွက်ဖြစ်သော်လည်း ရုပ်ရည်ရူပကာရှိသူဖြစ်ပြီး ရွှေဝါပြည်၏ ဓာတ်ရှင်မင်းသားတစ်ဦးနှင့်ပင် ခပ်ဆင်ဆင်ဖြစ်၏။ ရွှေဝါလူမျိုးများထဲတွင် အတော်အရပ်အမောင်းကောင်းသူဖြစ်၏။ ပင်နီတိုက်ပုံ နေ့စဉ်ဝတ်၏။ ဆွစ်ဇာလန်ပြည်ထုတ်နာရီကိုကြိုက်၏။ ဂျာမနီပြည်ထုတ် မာစီးဒီးကားကိုလည်း အလွန်ကြိုက်သူဖြစ်၏။ ထောင်ထွက်ဖြစ်သော်လည်း ကွီးဖားတို့ဇနီးမောင်နှံတွင် စိန်ရွှေရတနာဆိုင် (၁၀)ဆိုင်နီးပါးမျှ ရှိပြီး အလွန်ချမ်းသာကြွယ်သည်ဟု ဆိုကြ၏။ အစိုးရခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကို ကြေညာခိုင်းစဉ်က ကွီးဖားက သူ့ပိုင်ဆိုင်မှုများကို ထုတ်မပြောချင်ကြောင်း ထုတ်ဖော်ပြောလိုက်လျှင် ထုတ်ကြွားသည်ဟု ထင်မည်စိုးရိမ်ကြောင်း ပြောခဲ့ဖူးသည်။ ထိုစကားကိုကြည့်လျှင် ကွီးဖားသည် ရွှေဝါပြည်အစိုးရအဖွဲ့တွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တန်ရာ၏။
ရှေ့ဘဝအဆက်ဆက် ပြုခဲ့သောကောင်းမှုကုသိုလ်ကြောင့် ကွီးဖားသည် ထောင်ထွက်ပင်ဖြစ်လျက် ချမ်းသာကြွယ်ဝ၍ ပြည့်စုံကုံလုံကာ ဆယ်ဘဝတိုင် သုံးမကုန်နိုင်သည့် ဇောတိကဝန်ကြီးချုပ်ဘဝကို ရခဲ့ခြင်းဟု ဆိုကြ၏။ ဤမျှချမ်းသာကြွယ်ဝပြီးပါလျက် ကွီးဖားအဘယ်ကြောင့် ရွှွေဝါပြည်တွင် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေရသနည်းဆိုသည်မှာ လူအများစိတ်ဝတ်စားစရာဖြစ်လာ၏။ အမှန်တကယ်မှာ ကွီးဖားသည် အနာဂတ်ရွှေဝါပြည်၏ နံပါတ်တစ်သမ္မတကြီးဖြစ်လာရန် ရည်မှန်းထား၏။ သံမဏိသမီးတော်ခေတ်လွန်လျှင် ကွီးဖားခေတ်ရောက်ရမည်ဟု သန္နိဋ္ဌာန်ပြုထားသူဖြစ်၏။
————————
ရွှေဝါပြည်တောင်ပိုင်းရှိ သုဝဏ္ဏဘူမိတိုင်းတွင် ဒဿဂီရိကျွန်းဟူ၍ရှိ၏။ မြစ်ကူးတံတားအသစ်တည်ဆောက်ပြီးချိန်တွင် ဒေသခံတိုင်းရင်းသားများက တံတားအမည်ကို သူတို့ဇာတိကျွန်းအမည်ဖြစ်သော ဒဿဂီရိတံတားဟု အမည်ပေးချင်သည်။ သို့သော် သုဝဏ္ဏဘူမိတိုင်းဝန်ကြီးချုပ်မှ အလွန်ဖားချင်သောကြောင့် ထိုတံတားအမည်ကို ဗိုလ်ချုပ်သံမဏိတံတားဟု ပေး၏။ ထိုမှစ၍ တံတားနာမည်ပြဿနာပေါ်ပေါက်လာကာ ဒေသခံတိုင်းရင်းသားများ၏ရင်ထဲတွင် လူများစုသန်မာလူမျိုးတို့မှ အနိုင်ကျင့်ခဲ့ခြင်းဟု မှတ်ယူပြီး အငြိုးအတေးဖြစ်ကုန်ကြ၏။
တစ်ဖန် ငွေတောင်ပြည်၏ဝန်ကြီးချုပ်ဖြစ်သူ ကွီးဖောင်းသည် မကြာခဏ ဖောင်းတတ်၏။ ကွီးဖောင်းသည် ငွေတောင်ပြည်မြို့တော်တွင် ဒေသခံများကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ်သံမဏိကြေးရုပ်ကို မရမက စိုက်ထူးရန်ကြိုးပမ်းခဲ့၏။
တိုင်းရင်းသားအားလုံး၏ရင်ထဲတွင် မူလက ဗိုလ်ချုပ်သံမဏိအား ကြည်ညိုလေးစားရင်းစွဲရှိခဲ့ကြသော်လည်း အလွန်အကျွံဖော်လံဖားသောလုပ်ရပ်များကြောင့် အထင်အမြင်လွဲမှားမှုများ ဖြစ်လာကာ စိတ်ဝမ်းကွဲလာကြသည်။ ဖော်လံဖားများနှင့် တို့မီးရှိုမီးအခွင့်အရေးသမားများပေါင်းစပ်မိသွားသောအခါ ဗိုလ်ချုပ်သံမဏိရုပ်တု ဆန့်ကျင်ကန့်ကွက်မှုများ တိုင်းရင်းသားဒေသအချို့တွင် ပေါ်ပေါက်လာတော့၏။ ရွှေဝါပြည်၏ ကုန်ဈေးနှုန်းများလည်း မိုးသို့တိုင် ထိုးတက်လာ၏။ ဒေါ်လာဈေးမှာ (၁၄၀၀)ကျော် ရောက်လာ၏။ ရွှေဈေးမှာ တစ်ကျပ်သားလျှင် (၉၅၀၀၀၀)ကျပ်ဝန်ကျင် ရောက်လာ၏။
အထက်ပါအဖြစ်အပျက်များက အာရှတိုက်တောင်ပိုင်း ဘင်္ဂလားပင်လယ်အော်အနီးတွင် တည်ရှိခဲ့ဖူးသော ရွှေဝါပြည်ဟူသော နိုင်ငံမှ ဖော်လံဖားများ၏ ပြဿနာများပင်ဖြစ်၏။
အေဒီ (၂၁) ရာစုအကုန်တွင် ၎င်းရွှေဝါပြည်သို့ အနောက်ဖက်အရပ်မှ သန်းပေါင်းများစွာသော မုဆိတ်လူမျိုးများ နယ်ချဲ့ဝင်ရောက်လာကြ၏။ နှစ်အတန်ကြာသော် ရွှေဝါဒေသခံလူမျိုးများက လူဦးရေ (၁၀)ရာခိုင်နှုန်းသာရှိသော လူနည်းစုတိုင်းရင်းသားများဘဝ ရောက်သွားကြပြီး မုဆိတ်များက လူဦးရေ (၉၀)ရာခိုင်နှုန်းရှိသော လူအများစုနိုင်ငံသားများဖြစ်သွားကြကုန်၏။ ထိုနောက် တစ်ခါက ရွှေဝါပြည်ထောင်စုနိုင်ငံတော်၏ အမည်နေရာတွင် ရွှေဝါနစ္စတန်နိုင်ငံဟူ၍ ပြောင်းလဲသွားတော့၏။
ထောင်ဘီလူးဘဦး
28.7.2018
သူရိယနေဝန်း