သတင်း

ပြည့်ဝရွာမှ ဦးဝီရသူတရားပွဲနှင့် တရုတ်နယ်စပ်ကအပြန်

———–
ပဂျီသစ်
————-

စာရေးဆရာတစ်ဦးက ပြောဖူးသည်။ စာဖတ် အားများလာရင် စာရေးချင်စိတ်ဖြစ်ပေါ်လာပြီး စာရေးတဲ့ဘက်သို့ အားသန်လာသည်ဟု ဆိုခဲ့ဖူး သည်။

စာရေးသူက စာရေးစာဖတ် ဝါသနာပါပြီး စာရေးဖို့စိတ်ကူးတိုင်း စိတ်ကူးတိုင်း တစ်ခါမျှ အထမမြောက်ခဲ့ပေ။ စာရေးဖို့ကြုံလာတာကတော့ ၂ဝ၁၆ ခု သြဂုတ်လ ၁၅ ရက်နေ့မှာ တနင်္သာရီ တိုင်း မြိတ်မြို့မှာနေတဲ့ ယောက်ဖဖြစ်သူ ကို ဗိုလ်ဌေးမှ ဖုန်းဖြင့် အသိပေးပြောကြားလာတာ ကတော့ သစ်လွင်ရေ၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့မှာ အညာဒေသက ပြည့်ဝရွာမှာ ငါတို့ အမေက ကထိန်ခင်းမယ်၊ မင်း အမြဲပြောဖူးတဲ့ ဆရာတော်ဦးဝီရသူတရားပွဲလည်း ရှိတယ်။ မင်း လိုက်ဖြစ်အောင်လိုက်ခဲ့ စေချင်တယ်လို့ ဆိုလာ တော့ စာရေးသူလည်း ခေတ္တ တွေဝေသွားတယ်။ ဦးဝီ ရသူရဲ့တရားကိုလည်း အရမ်းသွားချင်တယ်၊ ပေါ်ဆန်းစပါးတွေလည်း ရိတ်သိမ်းဖို့ အချိန် တန်နေပြီလို့ စဉ်းစားနေတုန်း ယောက်ဖဖြစ်သူက ထပ်မေးလာ ပြန်ပါတယ်။ မင်းလိုက်ဖြစ်တယ် မို့လား။ စာရေးသူလည်း ဘာမှ ထပ်မစဉ်းစား တော့ဘဲ ဟုတ်ကဲ့၊ ကျွန်တော် လိုက်ဖြစ် တယ်ဗျာလို့ ကတိပေးလိုက်ပါတယ်။

ပြည့်ဝရွာဟာ မကွေးတိုင်းဒေသ ကြီး ရေစကြိုမြို့နယ်ထဲက ကျေးရွာ တစ်ရွာဖြစ်ပါတယ်။ ယခင်က ‘ဗျည်းဘ’ ရွာလို့ခေါ်ကြောင်း လေ့လာသိရှိရပါ တယ်။ ဘာသာခြား လူမျိုးခြား တစ်ဦး တစ်ယောက်မျှပင်မရှိပါ။ ရိုးသားပွင့်လင်း ပြီး ဧည့်သည်တွေရဲ့အပေါ်မှာ အင်မတန် မှ ဧည့်ဝတ်တရားကျေပွန်ပြီး ချစ်စရာ ကောင်းတဲ့ အညာဒေသရဲ့ ဗုဒ္ဓဘာသာ ရွာလေးတစ်ရွာဖြစ်ပါတယ်။

၂ဝ၁၆ ခု မတ်လတုန်းကလည်း ယောက်ဖ၏ညီဖြစ်သူ ကိုငြိမ်း + မခင် မာချိုတို့ရဲ့ ရှင်အပါး ၁ဝဝ အလှူပွဲကြီး ကို ဖိတ်လို့ ပထမဦးဆုံးအကြိမ် ရောက် ခဲ့ဖူးပါတယ်။ အခုလည်း ယောက်ဖဖြစ် သူရဲ့အမေ ဒေါ်မြမေရဲ့ ကထိန်ခင်းတဲ့ အလှူထက် ဦးဝီရသူတရားပွဲကို ပို၍ စိတ်ဝင်စားခြင်းကြောင့် စာရေးသူဟာ ပြည့်ဝရွာကို ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။

၁၃၇၈ ခု တန်ဆောင်မုန်းလဆန်း ၁၂ ရက် နေ့လယ် ၁၂ နာရီ ၃ဝ မိနစ် ခန့်မှာ အမေဒေါ်မြမေရဲ့ ကထိန်အလှူ အပြီးမှာ စာရေးသူဟာ ပြည့်ဝရွာက မောင်ဌေးလွင်နဲ့ ဘုန်းကြီးကျောင်းက ငှားထားတဲ့ စားပွဲခုံတွေကို သွားပြန်ပို့ရ ပါတယ်။ ပြည့်ဝရွာ ဘုန်းတော်ကြီး ကျောင်းရဲ့ရှေ့မှာ မန္တလေး(မစိုးရိမ်)က ပြည့်ဝရွာသား ဆရာတော်အရှင်သူရိယာ ဘိဝံသ ဦးစီးပြီးတော့ ရွာသားတွေနဲ့ ဦးဝီရသူဟောမယ့်တရားမဏ္ဍပ်ကို ပြု လုပ်နေတာတွေ့၍ စာရေးသူနဲ့ မောင် ဌေးလွင်တို့ပါ ဝိုင်းဝန်းကူညီလုပ်ဆောင် ပေးခဲ့ပါတယ်။

ဆရာတော် အရှင်သူရိယာဘိဝံသ ဟာ ပြည့်ဝရွာသားဖြစ်ပြီး ဆရာတော် ဦးဝီရသူရဲ့တပည့်လို့ သိရတော့ စာရေး သူလည်း ဆရာတော်အရှင်အရိယာဘိ ဝံသအထံ ချဉ်းကပ်သွားပြီး အရှင်ဘုရား၊ တပည့်တော် ဧရာဝတီတိုင်း ကျုံမငေး မြို့က လာခဲ့တာပါဘုရား၊ ညကျရင် တပည့်တော်ကို ဆရာတော်ဦးဝီရသူနဲ့ တွေ့ဆုံဂါရဝပြုခွင့် ပေးပါဘုရားလို့ လျှောက်လိုက်ရာ ဆရာတော်အရှင်သူ ရိယာဘိဝံသမှ ဒကာကြီး၊ လာသာလာ ခဲ့ပါ၊ ဦးဇင်း ကူညီပေးမယ်လို့ မိန့်ကြား ပါသည်။

ညနေ ၆ နာရီ ၃ဝ မိနစ်တွင် ပြည့်ဝရွာသား ဦးရွှေမိုးနဲ့အတူ တရားပွဲ ကျင်းပမည့် ပြည့်ဝရွာဘုန်းတော်ကြီး ကျောင်းကို ရောက်ရှိခဲ့ရာ ဦးစွာ ဘုရား ရှင်ကို ကန်တော့ပြီး ထို့နောက် ဆရာ တော်ဦးဝီရသူနဲ့ သံဃာတော်များကို ကန် တော့ကာ သံဃာတော်တွေနဲ့ မလှမ်းမ ကမ်းမှာ စာရေးသူတို့ ထိုင်နေလိုက်ပါ တယ်။ ဆရာတော်ဦးဝီရသူနဲ့ တွေ့ဆုံ မိတ်ဆက်ပေးမည်လို့ ပြောထားတဲ့ ဆ ရာတော် ဦးသူရိယာဘိဝံသကို အကဲ ခတ်ကြည့်ရာ အင်မတန်မှ အလုပ်တွေ ရှုပ်နေတာကို တွေ့ရှိရပါတယ်။ ဆရာ တော်ဦးသူရိယာဝံသရဲ့ အကူအညီကို ရယူရမှာ အားနာတာနဲ့ ကိုယ့်အစီအစဉ် နဲ့ကိုယ်ပဲ ဆရာတော်ဦးဝီရသူကို တွေ့ ဆုံဂါရဝပြုဖို့ အတွေးတစ်ခုဝင်လာပါ တယ်။

စာရေးသူလည်း ကဲ ဦးရွှေမိုးရေ၊ မထူးတော့ဘူး၊ ဆရာတော်ဦးဝီရသူကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ သွားဂါရဝပြု မိတ်ဆက်မယ်ဆိုပြီး ဆရာတော်ဦးဝီရ သူအထံ ချဉ်းကပ်သွားပြီး ကန်တော့ ကာ အရှင်ဘုရား တပည့်တော် ကျုံမ ငေးက လာခဲ့တာပါဘုရား၊ ပြည့်ဝရွာမှာ တပည့်တော်ယောက်ဖရဲ့အမေက က ထိန်ခင်းမယ်၊ ညဘက်မှာ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲလည်းရှိတယ်လို့ ဖုန်း ဖြင့်အကြောင်းကြား၍ တပည့်တော် လည်း ကထိန်အလှူထက် ဆရာတော် ရဲ့ တရားတော်ကို ပို၍စိတ်ဝင်စားခြင်း ကြောင့် အရောက်လာခဲ့တာပါဘုရား။ ဆရာတော်မှ ‘ဒကာကြီးက ဒီကနေ တရားပွဲပြီးရင် ပြန်မှာလား’ဟု မိန့်ရာ ‘တပည့်တော် မပြန်ဖြစ်သေးဘူးဘုရား၊ လားရှိုးအထက်ဘက် ချင်းရွှေဟော်မြို့ အထိ ခရီးဆက်မယ်ဘုရား၊ တရုတ် နိုင်ငံဘက်မှာ သားတစ်ယောက် အလုပ် သွားလုပ်နေတယ်၊ သူနဲ့တွေ့ပြီးမှ တပည့် တော် ကျုံမငေးကိုပြန်မယ်ဘုရား။ တ ပည့်တော်က စာဖတ်ဝါသနာပါတယ် ဘုရား။ အထူးသဖြင့် အမျိုးသားရေးစာ အုပ်၊ သာကီသွေး၊ အောင်ဇေယျတု ဂျာနယ်တွေ မလွတ်တမ်းဖတ်တယ်ဘု ရား။ အရှင်ဘုရားနဲ့ပတ်သက်တဲ့ တစ် ကမ္ဘာလုံးနဲ့ တစ်ယောက်စာအုပ်လည်း တပည့်တော် ဝယ်ဖတ်ပြီးပါပြီဘုရား’ ဟု ပြန်လျှောက်လိုက်ပါတယ်။

ဆရာတော်မှ ‘ဒကာကြီးက ကျုံ မငေးမြို့ပေါ်ကလား’။ ‘မဟုတ်ပါဘုရား၊ တောရွာဘက်ကပါဘုရား’။ အခြားဧည့် သည်တွေ ရောက်လာတာနဲ့ စာရေးသူ လည်း အလိုက်သိစွာ ဧည့်သည်တွေ ကို နေရာပေးလိုက်ပါတယ်။

ဆရာတော်ရဲ့တရားပွဲဟာ ည ၇ နာရီမှာ ကြေညာထားပေမယ့် ည ၇ နာရီ ၃ဝ မိနစ်မှာ တရားပွဲစပါတယ်။ ပရိသတ်ကို ငါးပါးသီလပေးပြီး ဆရာ တော်မှ မင်္ဂလာပါလို့ မိတ်ဆက်ပါတယ်။ တရားနာပရိသတ်ကြီးက ဘာမှပြန်မဖြေ၊ ဆရာတော်က ရှက်ပြုံးပြုံးကာ ကိုယ့်ကို နှုတ်ဆက်တဲ့သူကို ကိုယ်က ပြန်မဖြေ ရင် တစ်ဖက်လူက ဘယ်လိုနေမလဲ၊ အရှက်ခွဲသလိုမျိုးဖြစ်နေပါ့မယ်ဘုရား။ အင်း အခုလည်း ပြည့်ဝရွာသူရွာသား တွေက ဦးဇင်းကို အရှက်ခွဲနေပြီလို့မိန့်မှ တရားနာပရိသတ်က သဘောပေါက် ကာ အားနာနာနဲ့ ရယ်သံများကြားရသ လို စာရေးသူလည်း အားနာနာနဲ့ပဲ ရယ် မောမိပါသေးတယ်။

စာရေးသူဟာ ဦးဝီရသူတရားပွဲကို ၂ ကြိမ်မြောက်နာရခြင်းဖြစ်ပါတယ်။ ပထမအကြိမ်က ၂ဝ၁၃ ခုနှစ်တုန်းက စာရေးသူတို့ ကျုံမငေးမြို့ကိုြ<ွကရောက် ဟောကြားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆရာတော်ဟောကြားခဲ့တဲ့ တရားတော် ကတော့ ‘ဆွေမျိုးဆိုတာ များလေကောင်း လေ’တရားတော်ဖြစ်ပါတယ်။ ဆရာ တော်ဟာ တရားဟောတဲ့အခါ တရား တော်ရဲ့ခေါင်းစဉ်ကို အမြဲတမ်း တပ် ဟောလေ့ရှိပါတယ်။

ဒုတိယအကြိမ်မြောက် ပြည့်ဝရွာ ရဲ့ ဆရာတော်တရားပွဲမှာ တရားတော် ရဲ့ခေါင်းစဉ်ကို ဘယ်လိုတပ်မယ်ဆိုတာ ကို စာရေးသူဟာ စာရွက်နဲ့ ဘောပင်ကို ကိုင်ပြီး ရေးဖို့ပြင်နေတုန်း ဆရာတော် က တရားတော်ရဲ့ခေါင်းစဉ်ကို ဖြည်းညင်း စွာဖြင့် သမ္မာဒိဋ္ဌိတရားတော် ၁ဝ ပါး ဖြစ်ပါတယ်။

နံပါတ်(၁)က အလှူဒါနပြုရခြင်း အကျိုးကို ယုံကြည်ရမယ်။
နံပါတ်(၂) ပူဇော်ရခြင်းအကျိုးကို ယုံကြည်ရမယ်။
နံပါတ်(၃) ဧည့်ခံရခြင်းအကျိုးကို ယုံကြည်ရမယ်။
နံပါတ်(၄) ကံ ကံ၏အကျိုးကို ယုံ ကြည်ရမယ်။
နံပါတ်(၅) အတိတ်ဘဝရှိတာကို ယုံကြည်ရမယ်။
နံပါတ်(၆) တမလွန်ဘဝကို ယုံ ကြည်ရမယ်။
နံပါတ်(၇) မိခင်ကျေးဇူးကို ယုံကြည် ရမယ်။
နံပါတ်(၈) ဖခင်၏ကျေးဇူးကို ယုံ ကြည်ရမယ်။
နံပါတ်(၉) သတ္တဝါတွေဆိုတာ အ မှန်တကယ်ရှိတယ်ဆိုတာကို ယုံကြည် ရမယ်။

နံပါတ်(၁ဝ) သဗ္ဗေညုတÓာဏ် တော်ကို ယုံကြည်ရမယ်ဆိုပြီး အမှတ် စဉ်(၁)မှ အမှတ်စဉ်(၁ဝ)ထိ တစ်ခုချင်းစီ ကို သာမန်လူတိုင်း နားလည်သဘော ပေါက်လွယ်အောင် အသေးစိတ် ရှင်း လင်းဟောကြားတော်မူခဲ့ပါတယ်။ ဆရာ တော်ဟောကြားသော တရားတော်တွေ ဟာ အစ အလယ် အဆုံး အားလုံးဟာ အဓိပ္ပါယ်တွေပြည့်ဝပြီး မှတ်သားစရာ များလည်း ပြည့်နှက်နေပါတယ်။ စာ ရှည်သွားမှာစိုးလို့ ဆရာတော်ဟောကြား ခဲ့တဲ့ တရားတော်တွေထဲက မှတ်သား စရာတစ်ခုကို ထုတ်နုတ်တင်ပြပေးပါ မည်။

အိုင်အက်စ် အစွန်းရောက်အဖွဲ့ထဲ ရောက်နေတဲ့ လူငယ်လေးတစ်ယောက် ရဲ့ မိခင်ဟာ သူ့ရဲ့သားက ဘာသာမတူ တဲ့သူတွေရဲ့အသက်တွေကို ရက်ရက် စက်စက် သတ်ဖြတ်နေတာကို ဆက် မလုပ်ဖို့၊ မိခင်ထံကိုပြန်လာဖို့ လူကြုံနဲ့ သူ့သားဆီကို စာရေးပို့လိုက်ပါတယ်။ ထိုစာက သူ့သားဆီကိုမရောက်ဘဲ အိုင် အက်စ်အဖွဲ့ရဲ့ခေါင်းဆောင်လက်ထဲကို ရောက်သွားခဲ့တယ်။ အိုင်အက်စ်ခေါင်း ဆောင်ဟာ သူ့အမေကို လူလွှတ်ခေါ် ခိုင်းပြီး လူငယ်လေးရဲ့အမေကို လူငယ် လေးကိုယ်တိုင် ပြန်သတ်ဖို့ အမိန့်ပေး တယ်။ ပေးတဲ့အမိန့်အတိုင်းပဲ လူငယ် လေးဟာ အမေဖြစ်သူရဲ့ အနောက် ဘက်ကနေပြီး သေနတ်နဲ့ နောက်စေ့ ကို တေ့ပြီးပစ်လိုက်တာ သေနတ်ကျည် ဆန်ဟာ နောက်စေ့ကိုဖောက်ပြီး နဖူး ကနေ ပြန်ထွက်သွားတယ်။ ကိုယ့်ကို မွေးထုတ်ထားတဲ့ မိခင်ရင်းကိုတောင် အခုလို လွယ်လင့်တကူ ရက်ရက်စက် စက် သတ်ရဲဖြတ်ရဲသေးတယ်ဆိုတော့ ဘာသာမတူတဲ့လူသားတွေရဲ့အပေါ်မှာ လူမျိုးသုဉ်းသတ်ဖြတ်တာလောက်က တော့ အိုင်အက်စ်အဖွဲ့အတွက် ငှက် ပျောသီးအခွံခွာရသလောက် ခက်ခဲမှာ မဟုတ်ပါဘူး။

ဆရာတော်ရဲ့တရားပွဲကို ည ၉ နာရီခွဲမှာ နိဂုံးချုပ်ပါတယ်။ တရားပွဲဟာ အထူးစည်ကားပြီး ပရိသတ် ၃ဝဝဝ ကျော်လောက်ရှိမည်ဟု ထင်ပါသည်။ စာရေးသူတို့ ကျုံမငေးမြို့မှာဆိုရင် ဆရာ တော်ရဲ့တရားပွဲပြီးလို့ မနက်မိုးလင်းလင်း ချင်း အခွေကို လွယ်လင့်တကူ ဝယ်ယူ လို့ရတယ်။ ပြည့်ဝရွာက မြို့နဲ့အလှမ်းဝေး တော့ အခွေကိစ္စကို လေ့လာဖို့ တောင်း မရဖြစ်နေပါတယ်။

၁၆-၉-၂ဝ၁၆ ရက်နေ့မှာ လား ရှိုးအထက်ဘက်သို့ ခရီးဆက်ရန် ပြည့် ဝရွာမှ ဦးငြိမ်းကိုယ်တိုင် သူ့ကားဖြင့် စာ ရေးသူတို့အဖွဲ့ကို ဂွေးဂုဏ်ရွာကားဂိတ် သို့ ပို့ဆောင်ပေးခဲ့ပါသည်။ မကွေးမြို့ မှလာသောကားဟာ ဂွေးဂုဏ်ရွာကား ဂိတ်သို့ ညနေ ၃ နာရီမှာ ရောက်ရှိခဲ့ ပြီး ထိုကားဖြင့် ခရီးဆက်ခဲ့ရာ ၁၇-၉-၂ဝ၁၆ ရက်နေ့ မနက် ၆ နာရီမှာ လားရှိုးမြို့သို့ ရောက်ရှိခဲ့ပြီး လားရှိုးမြို့ မှ မနက် ၈ နာရီမှာ ဆက်လက်ခရီး ဆက်ခဲ့ရာ မြန်မာတရုတ်နယ်စပ်မြို့ငယ် လေးဖြစ်တဲ့ ချင်းရွှေဟော်မြို့ကို နေ့ လယ် ၁၂ နာရီခန့်မှာ ရောက်ရှိခဲ့ပါ တယ်။

စာရေးသူဟာ ချင်းရွှေဟော်မြို့မှ တရုတ်နိုင်ငံဘက်ကမ်းမှာ သွားရောက် အလုပ်လုပ်နေသော သားဖြစ်သူကို ဖုန်း ဖြင့်ချိတ်ဆက်ခေါ်ယူကာ ချင်းရွှေဟော် မြို့မှာ လာရောက်တွေ့ဆုံစေခဲ့ပြီး ချင်း ရွှေဟော်မြို့မှာပဲ ညအိပ်အနားယူခဲ့ပါ တယ်။

၁၈-၆-၂ဝ၁၆ ရက်နေ့ မနက် ၇ နာရီခန့်မှာ ချင်းရွှေဟော်မြို့မှာ အ ခြေချနေထိုင်ပြီး တက္ကစီမောင်းနေသော ပြည့်ဝရွာသား ကိုဇော်မျိုးမှ စာရေးသူ တို့ကို လားရှိုးမြို့ကို လိုက်ပို့ပေးပါသည်။ ကားပေါ်မှာ စာရေးသူရဲ့အနားမှာ တရုတ် နိုင်ငံဘက်ကမ်းမှ အလုပ်လုပ်ပြီး ပြန် လာသော လူငယ်တစ်ဦးလည်း လိုက်ပါ လာပြီး ထိုလူငယ်လေးက ကားဆရာ ကိုဇော်မျိုးရဲ့ သူငယ်ချင်းဖြစ်တယ်လို့ ထိုလူငယ်လေးရဲ့ ပြောကြားမှုအရ သိရ ပါတယ်။ စာရေးသူလည်း ထိုလူငယ် လေးကို မိတ်ဆွေဖွဲ့ချင်တာနဲ့ ‘နာမည် ဘယ်လိုခေါ်သလဲညီလေး’လို့ မေး လိုက်ပါတယ်။

‘ဖြိုးဝေဟိန်းလို့ခေါ်ပါတယ်’
စာရေးသူလည်း ဖြိုးဝေဟိန်းကို အမျိုးသားရေးနဲ့ဆိုင်တဲ့ စကားတွေကို စကြည့်ရာ သဘောကျပုံမရသည့်အပြင် မဘသအဖွဲ့မရှိသင့်တဲ့အကြောင်းနဲ့ ဦးဝီ ရသူကို ဦးဝင်းခိုင်ဦးလို လူနာမည်ကို သုံးပြီး အဲဒီဘုန်းကြီးက အစွန်းရောက် ဘုန်းကြီးဖြစ်ပြီး တရားတော်နဲ့ မဆိုင် တာတွေ ဟောနေကြောင်း၊ သူ့ကြောင့် မလေးမှာသွားလုပ်တဲ့ မြန်မာတွေ အ သတ်ခံရတာလို့ မဆီမဆိုင်တာတွေ ဆွဲ ထည့်ပြီး စွပ်စွဲပြောဆိုနေတော့ စာရေး သူလည်း ‘ဒီမှာငါ့ညီ၊ ပုဂ္ဂိုလ်တစ်ဦးအ ကြောင်းကို ပြောမယ် ဝေဖန်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့အကြောင်းစုံကို သေသေ ချာချာ အသေးစိတ် စူးစမ်းလေ့လာဖို့ လိုတယ်။ အဖွဲ့အစည်းတစ်ခုကိုလည်း ပြောမယ်၊ ဝေဖန်မယ် ရေးမယ်ဆိုရင် လည်း အဲဒီအဖွဲ့အစည်းရဲ့ မူဝါဒ ရပ် တည်ချက် သဘောထား ဆောင်ရွက် ခဲ့သမျှ ဆောင်ရွက်ချက်တွေကို သေ သေချာချာ အသေးစိတ်လေ့လာဆန်း စစ်ဖို့လိုတယ် ညီလေး၊ ဒါမှ ညီလေးအ နေနဲ့ မှန်မှန်ကန်ကန် ဝေဖန်ပြောဆိုနိုင် မှာဖြစ်ပါတယ်’။

‘အစ်ကိုတို့ ညီလေးတို့က မဘသ အဖွဲ့ကြီးနဲ့ ဦးဝီရသူကို မုန်းရမှာမဟုတ် ဘူး၊ ချစ်ရမှာ။ ကျေးဇူးကန်းရမှာမဟုတ် ဘူး၊ ကျေးဇူးတင်ရမှာ။ အစ်ကိုလေ့လာ သိရှိရသလောက် ဦးဝီရသူဟာ သာမန် ရဟန်းမဟုတ်ဘူး။ ပညာထူးချွန်ထက် မြက်တဲ့ ရဟန်း။ မြန်မာတစ်နိုင်ငံလုံးမှာ ဘိဝံသဘွဲကကို အမှတ်အများဆုံးနဲ့ အ ဆင့်(၁)နဲ့ အောင်တာ။ တိုက်ကျောင်းနဲ့ ကားနဲ့၊ လူလိုပြောမယ်ဆိုရင် ချမ်းသာ တယ်ပေါ့၊ အခြားဘုန်းကြီးတွေလို ပစ္စည်း လေးပါးနဲ့ သာယာနေလို့ရတယ်။ ဆရာ တော်ဟာ ဘုရားသားတော်ပီသခဲ့သူပါ။ ဗုဒ္ဓဘုရားရှင်တောင် နုငယ်စဉ်အခါက တိရစ္ဆာန်ဖြစ်ခဲ့တာတောင် မိမိမျိုးနွယ်စု တွေ မပျောက်ပျက်ရအောင် မိမိအသက် ကို စွန့်လွှတ်ပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့တဲ့ သာဓကတွေ စာပေ တွေ ဇာတ်တော်တွေ မြောက်မြားစွာ ရှိခဲ့တာ။ ညီလေးအနေနဲ့ သေချာလေ့ လာစေချင်တယ်။

စစ်အာဏာရှင်ခေတ်တုန်းကလည်း ဆရာတော်ဟာ အမျိုးသားကာကွယ် ရေး လုံခြုံရေးတရားတွေ မင်းကျင့် တရားနဲ့ပတ်သက်တာတွေ ဒီမိုကရေစီ ရရှိရေးတရားတွေ ဟောခဲ့ ပြောခဲ့ ဝေ ဖန်ထောက်ပြခဲ့လို့ ထောင်ထဲမှာ ၈ နှစ် ကျော် ဖြတ်သန်းခဲ့ရတယ်။ ဒါဟာ အစ် ကိုတို့ ညီလေးတို့ လူမျိုးအတွက် ဘာ သာအတွက် ပေးဆပ်ခဲ့တာပဲမဟုတ် လား။ ဆရာတော်ဟာ ထောင်ထဲက ထွက်လာကတည်းက ဒီကနေ့ထိ အမျိုး သားလုံခြုံရေးတရားတွေ ပြောဆိုဟော ပြောနေတာ မြန်မာတစ်မျိုးသားလုံးအ တွက်ပဲမဟုတ်လား။

မလေးအပါအဝင် နိုင်ငံတကာတွေ မှာ သွားရောက်အလုပ်လုပ်နေတဲ့ မြန် မာတွေနဲ့ ပတ်သက်ပြီးတော့ ၉-၁ဝ-၂ဝ၁၆ နေ့မွှျာင်္ဗ ရဲ့ မေးပါရစေဦး အစီအစဉ်မှာ ဆရာတော်ဦးဝီရသူကို မေးခွန်းထုတ်လို့ ဆရာတော်က အခုလို ဖြေကြားခဲ့တယ်။

ကိုယ့်ပြည်တွင်း လုံခြုံရေးအတွက် မနည်းပဲ ကြိုးစားနေရတယ်။ နိုင်ငံ တကာအရပ်ရပ်ကို ရောက်နေကြတဲ့ ဦးဇင်းတို့ပြည်သူလူထုကိုလည်း ကိုယ် ချင်းစာပါတယ်။ သို့သော် အဲဒီမှာရှိတဲ့ အနည်းငယ်သော ညီအစ်ကို မောင်နှမ တွေကို ငဲ့ညှာပြီးတော့ တစ်မျိုးသား လုံးရဲ့ ကာကွယ်စောင့်ရှောက်မှုကို မလုပ် ဘူးဆိုလို့ရှိရင် တစ်မျိုးသားလုံးအနေနဲ့ ဆုံးရှုံးသွားမှာပါ။ ဒီအတွက် ဦးဇင်းတို့ ကို ခွင့်လွှတ်ပါလို့ပြောချင်ပါတယ်။ နောက်ပြီး နိုင်ငံတကာကို ရောက်နေ တဲ့ ဦးဇင်းတို့လူမျိုးတွေသည် ခွဲထွက် ခွင့်တောင်းဖို့သွားတာလည်း မဟုတ် ပါဘူး၊ လွှမ်းမိုးဖို့သွားကြတာလည်း မဟုတ်ပါဘူး။ တကယ့်ကို ရေကြည်ရာ မြက်နုရာ စီးပွားရေးသွားလုပ်တာဖြစ် တဲ့အတွက်ကြောင့် မိမိကိုယ်ကိုမိမိ ဒေသခံတွေနဲ့ လိုက်လျောညီထွေဖြစ် အောင်နေကြရမယ်။ အဲဒီလိုပဲ မိမိရဲ့ အသက်အန္တရာယ်ကို အမြဲတမ်း သတိ ဝီရိယနဲ့ ကာကွယ်စောင့်ရှောက်ကြရ မယ်။ မိမိရဲ့ဘဝလုံခြုံရေးကို အချိန်နဲ့ တစ်ပြေးညီ သတိကပ်ထားရမယ်။ အဲ ဒီလောက်တော့ ဦးဇင်းအကြံပြုပါရစေ လို့ နိုင်ငံတကာရောက် မြန်မာတွေကို ဆရာတော်ဦးဝီရသူမျွှင်္ဗ မေးပါရ စေဦး အစီအစဉ်မှ မေတ္တာရပ်ခံတင်ပြ ချက်ပဲဖြစ်ပါတယ်။

‘ဒါလောက်ဆိုရင် ညီလေး ဆရာ တော်ဦးဝီရသူရဲ့အပေါ်မှာ နားလည်ခွင့် လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်’
စာရေးသူ ရှင်းပြတာကို ဖြိုးဝေ ဟိန်းမှ နားလည်သဘောပေါက်ကာ တစ် ဦးနဲ့တစ်ဦး မိတ်ဆွေတွေဖြစ်သွားကြပါ တယ်။ စာရေးသူမှ ပြည့်ဝရွာတရားပွဲ က ရရှိလာသော ဦးဝီရသူ လက်မှတ် ရေးထိုးထားသော မေးပါရစေဦး အာရ် အက်ဖ်အေ စာအုပ်ကို ဖြိုးဝေဟိန်းအား လက်ဆောင်အဖြစ် ယူသွားပါ။ ဒီစာအုပ် ကိုဖတ်လိုက်ရင် ညီလေး ဆရာတော် ဦးဝီရသူအပေါ် ပိုပြီး နားလည်သဘော ပေါက်သွားမှာပါ။

နောက်တစ်ခု မဘသမရှိသင့်ဘူး လို့ ညီလေးပြောခဲ့တာနဲ့ ပတ်သက်လို့ အစ်ကိုသိသလောက် ညီလေးကို ရှင်း ပြမယ်။ မဘသအဖွဲ့ကို ၂ဝ၁၃ ခု ဇွန် လမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဘာသာ ခြားတွေရဲ့ ကူညီထောက်ပံ့မှု ရယူထား တဲ့ မီဒီယာသမားတွေ၊ နိုင်ငံရေးသမား တွေ၊ လူ့အခွင့်အရေးသမားတွေကတော့ မဘသအဖွဲ့ကြီးကို မရှိသင့်ဘူး၊ မလို အပ်ဘူးလို့ ပြောကြ ဝေဖန်ကြ ရေးနေ ကြတာ ညီလေးလည်း သိမှာပေါ့။ အစ် ကို့အမြင်နဲ့ ပြောရရင် မဘသအဖွဲ့ကြီး ဖွဲ့စည်းတာ နောက်တောင်ကျနေသေး တယ်။ မဘသအဖွဲ့ကြီးသာ မရှိခဲ့ရင် တို့နိုင်ငံရဲ့ အမျိုး ဘာသာ သာသနာ ဟာ လက်ရှိအခြေအနေထက် အများ ကြီးဆိုးသွားပြီလို့ ရဲရဲကြီးပြောရဲတယ်။ နိုင်ငံတကာမှာ ဗုဒ္ဓဘာသာနိုင်ငံတွေ လုံးလုံးပျောက်ကုန်တာ တချို့တစ်ဝက် ပျောက်ကုန်တာ ချိနဲ့နဲ့ဖြစ်ကုန်တာဟာ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ကာကွယ် စောင့်ရှောက်ဖို့ မဘသလို အဖွဲ့အစည်း မျိုး မရှိလို့ပဲဖြစ်တယ်။ ဒါကြောင့် မဘ သအဖွဲ့ဟာ (လုံးဝ)ရှိကိုရှိသင့်တယ်၊ (လုံးဝ) မဖြစ်မနေရှိကိုရှိသင့်တယ်။ သ မိုင်းရဲ့လိုအပ်ချက်အရကို ရှိသင့်တယ်။ မြန်မာတစ်မျိုးသားလုံးရဲ့ အရေးအရာ တွေကို ဆောင်ရွက်နေတဲ့ မဘသအဖွဲ့ ကို မလိုအပ်ဘူး၊ မရှိသင့်ဘူးလို့ပြော ခြင်းသည် မိမိလူမျိုး၊ မိမိဘာသာကို မလိုအပ်ဘူး မရှိသင့်ဘူးလို့ ပြောဆိုခြင်း မျိုးသာဖြစ်တယ်။

မဘသ စဖွဲ့စည်းကတည်းက ဒီ ကနေ့အထိ တိုင်းကျိုးပြည်ပြု ဆောင် ရွက်ချက်တွေကို ပြောမယ်ဆိုရင် အများ ကြီးပဲ။ တို့တိုင်းပြည်မှာဖြစ်ခဲ့တဲ့ စစ်ဘေး ရှောင် လူမှုကူညီမှုလုပ်ငန်းတွေ၊ မြေပြို မှု ရေကြီးရေနစ်မြုပ်မှု ကူညီထောက်ပံ့ မှု လေဘေးမီးဘေး စသည့် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်မှုကိစ္စတိုင်းမှာ မဘသအဖွဲ့ မရောက်တဲ့နေရာဒေသ၊ မလှူတဲ့အခါ မရှိခဲ့တာကို ဘယ်နိုင်ငံ ရေးသမား ဘယ်သတင်းမီဒီယာသမား ဘယ်လူ့အခွင့်အရေးသမားကမှ ပြည် သူသိအောင် ရေးသားပြောဆိုခဲ့တာတွေ အသိအမှတ်ပြုတာတွေ ညီလေး ဘယ် တုန်းက ကြားမိမြင်မိ တွေ့မိသလဲ။

မဘသအဖွဲ့ကြီးရဲ့ သမိုင်းတွင် မယ့် တိုင်းကျိုးပြည်ပြု အမျိုးသားရေး ဆောင်ရွက်ချက်တွေကို နိုင်ငံရေးသမား ဆိုသူ မီဒီညာသမားဆိုသူ လူ့အခွင့်အ ရေးသမားဆိုသူတွေဟာ မမြင်ချင်ယောင် မကြားချင်ယောင် မသိချင်ယောင် ထူး ချင်ယောင်ဆောင်နေကြတာပါ ငါ့ညီ ရာ။

အုပ်ချုပ်တဲ့အစိုးရဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဆို ပြီး ညီလေးတို့ အစ်ကိုတို့က မျက်စိမှိတ် နားပိတ်ပြီးတော့ အားလုံး ယုံကြည်နေ လို့မရဘူး၊ ဒီကနေ့ နိုင်ငံတကာကိုကြည့် လိုက်ပါ။ ပြည်သူက ရွေးချယ်တင်မြှောက် လို့ ဝန်ကြီး၊ ဝန်ကြီးချုပ်၊ သမ္မတဖြစ်လာ ပြီးမှ ထောင်နန်းစံသွားတဲ့ ဝန်ကြီး၊ ဝန် ကြီးချုပ်၊ သမ္မတတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ညီလေးတို့ အစ်ကိုတို့က အခုလို ပြည်သူလူထုတွေကို အမြဲတမ်း အမျိုးသားရေးသတိပညာတွေ၊ အမျိုး သားရေး အသိပညာတွေ ပေးဝေနေ တဲ့ မဘသလို အဖွဲ့အစည်းကြီးဟာ တို့ မြန်မာနိုင်ငံမှာ အမြဲတမ်း ထာဝရ ကမ္ဘာ တည်နေသရွေ့ ရှိကိုရှိသင့်တယ် ညီ လေး။

စာရေးသူနဲ့ ဖြိုးဝေဟိန်း နှစ်ဦးသား တစ်လမ်းလုံး စကားတွေကောင်းလာ လိုက်တာ ကားရပ်မှပဲ လားရှိုးမြို့ကို ရောက်မှန်း သိရတော့တယ်။ လက်မှ နာရီကိုကြည့်လိုက်ရာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တောင် ရှိနေပြီ။ နေ့လယ် ၁ နာရီကားနဲ့ ခရီးဆက်ရမှာမို့ ကဲ ညီ လေးနဲ့အစ်ကို ဒီမှာပဲ လမ်းခွဲရတော့မှာ၊ ညီလေးကို အစ်ကို တစ်ခုမှာခဲ့မယ်။ စာများများဖတ်ပါ၊ ပညာနဲ့ပတ်သက်လို့ မြတ်ဗုဒ္ဓက ပညာသမ္မာ အာဘာနတ္ထိတဲ့၊ ပညာနဲ့တူသော အလင်းရောင်သည် မရှိ လို့ မိန့်ကြားခဲ့၍ စာများများဖတ်ပါလို့ မှာကြားပြီး လားရှိုးမြို့မှ နေ့လယ် ၁ နာရီမှာ ထွက်မည့် ကားလက်မှတ်ကို အမြန်သွားဝယ်ခဲ့ပါတယ်။ နေ့လယ် ၁ နာရီမှာ လားရှိုးမြို့မှ ရွှေမန္တလာကား ကြီးမှ စတင်ထွက်ခွာလာရာ စာရေးသူ ရဲ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာတော့ တယ်။
တို့နိုင်ငံသားတွေ တို့လူမျိုးတွေ အမျိုးသားရေးကို သွေးမအေးကြပါနဲ့၊ ပေါ့ပေါ့မတွေးကြပါနဲ့၊ လျှော့မတွက်ကြ ပါနဲ့လို့ စိတ်ထဲကနေ ရေရွတ်ရင်းနေမိ ပါတော့တယ်။

ပဂျီသစ်