“NLDကိုမဲပေးပါ …လွပ်လပ်မှချမ်းသာနိုင်ပါမယ် ဒါကြောင့်ဦးဇင်းကတိုက်တွန်းပါတယ် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ကို မဲပေးကြပါ” NLDပါတီအာဏာမရခင်က ဆရာတော်လေးဦးဝီရသူမှ မဲဆွယ်စည်းရုံးနေသော စကားလေးဖြစ်ပါသည်။
လူသားတိုင်း လူသားတိုင်းမှာ ရည်မှန်းချက်ကိုယ်စီရှိကြလေ၏။ ထိုသူများထဲတွင် မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျောင်းစာချနာယက ၊အမျိုးသားရေးဓမ္မကထိကဆရာတော်ဦးဝိစိတ္တာဘိဝံသ(၀ီရသူ-မစိုးရိမ်)သည်လည်းအပါအ၀င်ဖြစ်၏။
လူအယောက်တစ်ရာတွင် အယောက်ကိုးဆယ်သည် မိမိတို့ချမ်းသာဖို့၊ရာထူးအာဏာရဖို့၊လုပ်ကြသည်သာဖြစ်၏။ ဆရာတော်သည်ကားထူးခြား၏။ ထိုရာထူး၊အာဏာရမည့်အလုပ်မျိုးကိုစိတ်မ၀င်စားပေ။ လူမုန်းများသော၊ရာထူးအာဏာနေရာမရသော “အမျိုးသားရေး”အလုပ်ကိုသာစိတ်ဝင်စား၏။
မိမိတို့တိုင်းရင်းသားများကို အခြားဘာသာဝင်များက စော်ကားနေသည်ကိုမခံနိုင်ပေ။ မိမိတို့နိုင်ငံ၊အမျိုးဘာသာ သာသနာကို ကမ္ဘာတည်သ၍ တည်စေချင်၏။ ထို့ကြောင့်ဆရာတော်က…အမျိုးသားရေးလမ်းကြောင်းပေါ်လျှောက်ရန်ဆုံးဖြတ်လိုက်တော့၏။ ထိုဆုံးဖြတ်ချက်အတိုင်း အစိုးရအဆက်ဆက်တွင် အမျိုးသားရေးလမ်းကြောင်းပေါ်သို့ ရဲရဲကြီးလျှောက်ခဲ့၏။
အမျိုးသားရေးလမ်းလျှောက်ရင်း..ထောင်နန်းလည်းစံခဲ့ရ၏။ အချို့နိုင်ငံရေးသမားများသည် ထောင်ကထွက်သောအခါ အမတ်၊၀န်ကြီးဘာညာ ဖြစ်ကုန်တော့၏။
ပြည်သူ့ဘက်က အမြဲရပ်တည်ပါတယ်ဆိုသော အချို့နိုင်ငံရေးဘုန်းကြီးများကလည်း ယနေ့အချိန်တွင်တော့ ပြည်သူဘက်က ရပ်မတည်ကြတော့ပေ။
မင်းအကိုးအကွယ်ခံ မင်းဆရာအဖြစ်ခံယူသွားတော့၏။ ဆရာတော်ဦးဝီရသူကတော့ ထောင်ကထွက်တော့လည်း အမျိုးသားရေးလမ်းပေါ်သာဆက်လျှောက်နေခဲ့၏။
တချိန်က မဲဆွယ်ပေးခဲ့သော်လည်း မင်းအကိုးအကွယ်ခံမဖြစ်ပဲ မင်းအပါယ်ခံဘ၀သို့ရောက်နေရ၏။ ရန်သူတော်ကြီးတစ်ယောက်ပမာ အငြိုးထားခံနေရ၏။
တရားပွဲတွေအပိတ်ခံရ၏။ တချိန်ကဆရာတော်ဦးဝီရသူနှင့်လက်တွဲခဲ့သော ရွှေည၀ါဆရာတော်သည် တရားပွဲတစ်ခု၌ ဦးဝီရသူကို အမျိုးသားရေးသူရဲကောင်းအဖြစ်ချီးမွမ်းခဲ့၏။
သို့သော်..အခုအချိန်တွင်တော့..အမျိုးသားရေးလမ်းစဉ်သည် အစွန်းရောက်လမ်းစဉ်ဟု ပြောနေ၏။ ထိုနိုင်ငံရေးသမားတို့သည် ပြည်သူ့ဘက်ကတော့ရပ်တည်၏။
သို့သော်..သူတို့ကိုထောက်ခံသော ပြည်သူတွေကိုသာဖြစ်၏။ မထောက်ခံတဲ့ပြည်သူကတော့…လမ်းကြောင်းမပြောင်းပဲ အားနည်းသူပြည်သူဘက်ကရပ်တည်သောသူက ဆရာတော်ဦးဝီရသူသာဖြစ်၏။
ရွှေဝါရောင်အရေးအခင်း၊လက်ပံတောင်းတောင်၊သန္တိသုခ၊အစရှိသောအရေးအခင်းများ၌ ပြည်သူဘက်ကသာ ရပ်တညမခဲ့၏။
အခုခေတ် လုပ်နေကြသော ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုသည်မှာ အချို့နိုင်ရေးသမားများက အခုမှကြားဘူးကြ၏။ ဆရာတော်က ဟို..ယခင်ကတည်းက ဘာသာပေါင်းစု့ချစ်ကြည်ရေးကို လုပ်ဆောင်ခဲ့သူဖြစ်၏။
အချို့ကလည်း ဆရာတော်ကို ကုလားမုန်းဘုန်းကြီးဟု သမုတ်ကြ၏။ ဆရာတော်က ကုလားတိုင်းကိုမုန်းတီးသုမဟုတ်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို စော်ကားသော ကုလားများကိုသာ မုန်းတီးသူဖြစ်ပါသည်။
ပုထုဇဉ်မှန်သမျှ ကိုယ်ချစ်တဲ့လူကိုထိရင် မခံမရပ်နိုင်ဖြစ်ကြသည်မှာ သဘာဝဖြစ်၏။ သာဓကပြပါမည်။ ရိုးရိုးပုထုဇဉ်လူသား မိန်းမတစ်ယောက်ကို ဝေဖန်လို့ သံဃာတွေကိုဆဲနေကြသေးရင် ကိုယ့်ဘာသာ သာသနာ ၊ ကိုယ့်လူမျိုးတွေကို စော်ကားနေတဲ့လူတွေကို မုန်းတာဟာ သဘာဝကျမည်ထင်ပါသည်။ ဤသည်ကို ပုထုဇဉ်သဘာဝဟုပြောခဲ့ခြင်းဖြစ်ပါသည်။
အချို့ကလည်း…လူသားအားလုံးကို ချစ်ခင်ရမည်ဟူသော မြတ်စွာဘုရား၏ စကားဖြင့်ဆရာတော်ကို ဝေဖန်ကြ၏။ ဘုရားသားတော်တစ်ပါးဖြစ်နေပြီး အမုန်းတရားတွေဟောနေတယ်ဟု ဝေဖန်ကြ၏။ ထိုသူများက အမုန်းတရားနှင့် အမှန်တရားမခွဲခြားတတ်သူများဖြစ်ပါသည်။ ဘုရားရှင်သည် ဒေ၀ဒတ်၏ယုတ်မာမှုတွေကို အများသိအောင် ဟောကြား၏ ။
ဘာလို့ဟောကြားသနည်း…
အများသူငါ မလုပ်မိအောင် ၊ သံဝေဂရအောင် ၊ သင်္ခန်းစာယူနိုင်အောင် ဟောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆရာတော်ဦးဝီရသူသည်လည်း ကုလားယုတ်များ၏ ယုတ်မာပုံတွေကို ဒေတာနှင့်တကွ အများသူငါ ရှောင်ကြဉ်နိုင်အောင် ဟောကြားနေခြင်းဖြစ်ပါသည်။ ဆရာတော်၏ဟောပြောမှုတွင် ကုလားတွေကိုသတ်ကြပါ ဘာညာစသော မုန်းတီးရေးစကါးးများမပါပေ။
ဥပမာဆိုရသော်…
ရွာထဲက ဦးနီအိမ်၌ ခွေးကြီးသည် တွေ့သမျှလူကိုကိုတ်နေ၏။ ထိုခွေးအကြောင်းကိုသိသော လူတစ်ယောက်က ဦးနီအိမ်၌ခွေးကြီးသည် အလွန်းဆိုးကြောင်း၊ဦးနီအိမ်ဘက်သွားလျှင်သတိထားဖို့လိုကြောင်း အခြားသူများကို သတိပေး၏။
ထိုသူကို အမုန်းစကားပြောသူဟု ဆိုနိုင်ပါမည်လော…
ခွေးတွေကိုမုန်းတီးနေသူဟု ဆိုနိုင်ပါမည်လော..
စဉ်းစားကြပါကုန်လော့…
ထို့အတူဆရာတော်သည်လည်း အများသိအောင် သတိပေးခြင်းသာဖြစ်ပါသည်။ နောက်ဆုံးပြောချင်သည်မှာ ရာထူးအာဏာကြောင့် အခြားသူတွေ ဘယ်လိုအရောင်ပြောင်းပြောင်း ၊လမ်းကြောင်းပြောင်းပြောင်း ဆရာတော်ကတော့ လမ်းကြောင်းမပြောင်းပဲ ဘယ်အစိုးရတက်တက် အမျိုးသားရေးလမ်းကြောင်းပေါ်မှာသာ ဆက်လျှောက် နေပါလိမ့်မည်ဟု…
အမုန်းခံသမားကြီး..၀ီရသူ၏ တပည့်..
အရှင်သုဇာတ(မစိုးရိမ်)