သတင္း

၂၀၁၈ ဆဝီသတိမ ဓမၼသဘင္ (ပြင့္ျဖဴ-သံကိုင္းရြာ)

မေကြးတုိင္း၊ ပြင့္ျဖဴၿမဳိ႕နယ္၊ သံကိုင္းေက်းရြာ၊ ကထိန္အလွဴေတာ္အႀကဳိ ဓမၼသဘင္။
၂၀၁၈ ခုႏွစ္ရဲ႕ (၂၆)ပြဲေျမာက္ ဓမၼသဘင္ပါ။ ကထိန္အႀကဳိတရားပြဲေလးပါ။

သံကိုင္းရြာေလးက အိမ္ေျခနညး္နည္းေလးပါ။ ရြာနီးနားဝန္းက်င္မွ လာေရာက္နာယူၾကလုိ႔ ပရိသတ္ေတြ မ်ားျပားခဲ့တာပါ။ တရားပြဲအသြား လမ္းမွာ က်န္းမာေရးစိတ္မခ်ရလုိ႔ ျမင္းၿခံ သဲျဖဴေက်ာင္း ဆရာေတာ္ဦးဇာဂရထံ ခဏနားကာ ေဆးဝင္ထုိးခဲ့ပါေသးတယ္။ ဒါေတာင္ ခရီးပန္းၿပီး အျပင္းဖ်ားလို႔ ကားေပၚမွာ ေရခဲအဝတ္ေတြ အုပ္ခဲ့ရပါေသးတယ္။ တရားပြဲေရာက္ေတာ့ ေပ်ာက္သြားပါၿပီ။

ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ားကလည္း ၾကြေရာက္အားေပးစကား ေျပာၾကပါတယ္။ ေဝးလံေခါင္ဖ်ားတဲ့ ရြာသားေတြမို႔ အတၱဟိတ ပရဟိတ ဥဘယဟိတ ဥဘယ အဟိတ ပုဂၢဳိလ္ေလးမ်ဳိး ေဟာၾကားခဲ့ပါတယ္။ တရားပြဲကုသုိလ္ရွင္မ်ားကေတာ့ ရန္ကုန္ၿမဳိ႕၊ ဒဂုံၿမဳိ႕သစ္၊ ဦးေက်ာ္ႏိုင္+ေဒၚျမင့္ျမင့္စိန္၊ သား ေမာင္သီဟ မိသားစုျဖစ္ပါတယ္။

အျပန္လမ္းမွာ အဖ်ားျပန္တက္လို႔ ကားရပ္ၿပီး ႏွိပ္နယ္ေပးၾက ေဆးလူးေပးၾကနဲ႔ အမွတ္တရေလးပါပဲ။ ည ပုဂံ ဦးပဏ္ေက်ာင္းမွာ အိပ္စက္ၾကပါတယ္။

“၂၀၁၈ ဆဝီသတိမ ဓမ္မသဘင် (ပွင့်ဖြူ-သံကိုင်းရွာ)”

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာ၊ ကထိန်အလှူတော်အကြို ဓမ္မသဘင်။ ၂၀၁၈ ခုနှစ်ရဲ့ (၂၆)ပွဲမြောက် ဓမ္မသဘင်ပါ။ ကထိန်အကြိုတရားပွဲလေးပါ။

သံကိုင်းရွာလေးက အိမ်ခြေနည်းနည်းလေးပါ။ ရွာနီးနားဝန်းကျင်မှ လာရောက်နာယူကြလို့ ပရိသတ်တွေ များပြားခဲ့တာပါ။ တရားပွဲအသွား လမ်းမှာ ကျန်းမာရေးစိတ်မချရလို့ မြင်းခြံ သဲဖြူကျောင်း ဆရာတော်ဦးဇာဂရထံ ခဏနားကာ ဆေးဝင်ထိုးခဲ့ပါသေးတယ်။ ဒါတောင် ခရီးပန်းပြီး အပြင်းဖျားလို့ ကားပေါ်မှာ ရေခဲအဝတ်တွေ အုပ်ခဲ့ရပါသေးတယ်။ တရားပွဲရောက်တော့ ပျောက်သွားပါပြီ။

ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကလည်း ကြွရောက်အားပေးစကား ပြောကြပါတယ်။ ေဝေးလံခေါင်ဖျားတဲ့ ရွာသားတွေမို့ အတ္တဟိတ ပရဟိတ ဥဘယဟိတ ဥဘယ အဟိတ ပုဂ္ဂိုလ်လေးမျိုး ဟောကြားခဲ့ပါတယ်။ တရားပွဲကုသိုလ်ရှင်များကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်၊ ဦးကျော်နိုင်+ဒေါ်မြင့်မြင့်စိန်၊ သား မောင်သီဟ မိသားစုဖြစ်ပါတယ်။

အပြန်လမ်းမှာ အဖျားပြန်တက်လို့ ကားရပ်ပြီး နှိပ်နယ်ပေးကြ ဆေးလူးပေးကြနဲ့ အမှတ်တရလေးပါပဲ။ ည ပုဂံ ဦးပဏ်ကျောင်းမှာ အိပ်စက်ကြပါတယ်။