သတင္း

၂၀၁၈ ဗာဝီသတိမ ဓမၼသဘင္ – ေခ်ာင္းဦး/ရွမ္းထူး

ဒုတိယဝါဆိုလဆန္း ၁၂ ရက္၊ 24.5.2018 ရက္ေန႔၊ စစ္ကိုင္းတုိင္း၊ မုံရြာခရိုင္၊ ေခ်ာင္းဦးၿမဳိ႕နယ္၊ ရွမ္းထူးေက်းရြာ သီရိမဂၤလာကမၻာေအးေက်ာင္းတုိက္ အဘယမုျဒာထုိင္ေတာ္မူဗုဒၶရုပ္ပြားေတာ္ျမတ္ႀကီး အေနကဇာတင္ပြဲအႀကဳိ ဓမၼသဘင္။

တပည့္ အရွင္ဇဝန၊ တပည့္ အရွင္သာသန၊ တပည့္ လူျပန္ေတာ္ ေရဝတတုိ႔ ဦးစီးတဲ့ တရားပြဲပါ။ ေက်ာင္းထုိင္ဆရာေတာ္ေလး အရွင္ပညာသီရိဦးစီးပူေဇာ္တဲ့ ရုပ္ပြားေတာ္ျမတ္ႀကီးက အင္မတန္သပၸါယ္ပါတယ္။

ရြာသူရြာသားေတြ အထူးကံေကာင္းပါတယ္။ တရားပြဲကေတာ့ ထုံစံအတုိင္းေပါ့ဗ်ာ။ အနီအေၾကာင္ေတြ ကဂ်ီကေဂ်ာင္လုပ္လုိ႔ ဗီႏိုင္းေတြလည္း ဓားနဲ႔အခြဲခံရ၊ ရြာသူရြာသားေတြလည္း ဗုံးခြဲခံရမယ္လို႔ ၿခိမ္းေျခာက္ခံရ၊ ပြဲစီစဥ္သူေတြလည္း ဖိအားေပး ၿခိမ္းေျခာက္ခံရနဲ႔ အႏၲရာယ္ၾကားက တရားပြဲပါပဲ။

မုိးေအးေအးေလးနဲ႔မုိ႔ ေဟာလုိ႔ေတာ့ေကာင္းပါတယ္ဗ်ာ။

အတၱဟိတ

ပရဟိတ

အတၱဟိတ ပရဟိတ

ဘာဟိတမွမဟုတ္

ပုဂၢဳိလ္ေလးမ်ဳိး ေဟာၾကားခဲ့ပါတယ္။

ေလာကအလင္း၊ ပုထုိးေတာ္ႀကီး ဘက၊ မန္းမေဟာ္သဓာပညာဒါန စာသင္ေက်ာင္းမ်ားႏွင့္အတူ နဂါးနီစုဘူးအေၾကာင္းပါ ထည့္သြင္းေဟာၾကားခဲ့ပါတယ္။

မင္းကြန္းပုထုိးေတာ္ႀကီး ဘကအတြက္ ဆန္အိတ္လွဴတာေတာင္ ခုိးေၾကာင္ခုိးဝွက္ လွဴၾကရွာပါတယ္။

အနီအေၾကာင္ေတြကို ေၾကာက္လုိ႔တဲ့ဗ်ာ။

ေၾကာက္ေၾကာက္နဲ႔ လွဴဒါန္းတာေတာင္မွ တင္း (၄၀) ရရွိခဲ့ပါတယ္ဗ်ာ။

ပုထုိးေတာ္ႀကီး ဘကေက်ာင္း ညတြင္းခ်င္းပဲ တန္းလွဴလုိက္ပါတယ္။

ဆင္းရဲသားျပည္သူေတြစားမယ့္ ထမင္းလုတ္ကို ပုတ္ခ်ေသာ အနီအေၾကာင္မ်ား ရာထူးအာဏာ ထာဝရတည္ၿမဲႏိုင္ပါေစဗ်ာ။

ဝီရသူ (မစိုးရိမ္)

27.7.2018

“၂၀၁၈ ဗာဝီသတိမ ဓမ္မသဘင် – ချောင်းဦး/ရှမ်းထူး”

ဒုတိယဝါဆိုလဆန်း ၁၂ ရက်၊ 24.5.2018 ရက်နေ့၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာ သီရိမင်္ဂလာကမ္ဘာအေးကျောင်းတိုက် အဘယမုဒြာထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်ပွဲအကြို ဓမ္မသဘင်။

တပည့် အရှင်ဇဝန၊ တပည့် အရှင်သာသန၊ တပည့် လူပြန်တော် ရေဝတတို့ ဦးစီးတဲ့ တရားပွဲပါ။ ကျောင်းထိုင်ဆရာတော်လေး အရှင်ပညာသီရိဦးစီးပူဇော်တဲ့ ရုပ်ပွားတော်မြတ်ကြီးက အင်မတန်သပ္ပါယ်ပါတယ်။ ရွာသူရွာသားတွေ အထူးကံကောင်းပါတယ်။

တရားပွဲကတော့ ထုံစံအတိုင်းပေါ့ဗျာ။ အနီအကြောင်တွေ ကဂျီကဂျောင်လုပ်လို့ ဗီနိုင်းတွေလည်း ဓားနဲ့အခွဲခံရ၊ ရွာသူရွာသားတွေလည်း ဗုံးခွဲခံရမယ်လို့ ခြိမ်းခြောက်ခံရ၊ ပွဲစီစဉ်သူတွေလည်း ဖိအားပေး ခြိမ်းခြောက်ခံရနဲ့ အန္တရာယ်ကြားက တရားပွဲပါပဲ။
မိုးအေးအေးလေးနဲ့မို့ ဟောလို့တော့ကောင်းပါတယ်ဗျာ။

အတ္တဟိတ
ပရဟိတ
အတ္တဟိတ ပရဟိတ
ဘာဟိတမှမဟုတ်
ပုဂ္ဂိုလ်လေးမျိုး ဟောကြားခဲ့ပါတယ်။

လောကအလင်း၊ ပုထိုးတော်ကြီး ဘက၊ မန်းမဟော်သဓာပညာဒါန စာသင်ကျောင်းများနှင့်အတူ နဂါးနီစုဘူးအကြောင်းပါ ထည့်သွင်းဟောကြားခဲ့ပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ဘကအတွက် ဆန်အိတ်လှူတာတောင် ခိုးကြောင်ခိုးဝှက် လှူကြရှာပါတယ်။

အနီအကြောင်တွေကို ကြောက်လို့တဲ့ဗျာ။ ကြောက်ကြောက်နဲ့ လှူဒါန်းတာတောင်မှ တင်း (၄၀) ရရှိခဲ့ပါတယ်ဗျာ။ ပုထိုးတော်ကြီး ဘကကျောင်း ညတွင်းချင်းပဲ တန်းလှူလိုက်ပါတယ်။ ဆင်းရဲသားပြည်သူတွေစားမယ့် ထမင်းလုတ်ကို ပုတ်ချသော အနီအကြောင်များ ရာထူးအာဏာ ထာဝရတည်မြဲနိုင်ပါစေဗျာ။

ဝီရသူ (မစိုးရိမ်)
27.7.2018