သတင္း

၂၀၁၈ သတၱမ ဓမၼသဘင္(မင္းကင္းေက်ာက္တန္းရြာ)”

တန္ခူးလဆန္း(၉)ရက္ 25.3.2018 ရက္ေန႔ ည ၈း၀၀ နာရီမွာ ေဟာၾကားပါတယ္။ စစ္ကုိင္းတုိင္း မင္းကင္းၿမဳိ႕နယ္ ေက်ာက္တန္းေက်းရြာမွာ ေဟာၾကားတာပါ။ MRTV-4 ဆရာေတာ္ အရွင္ကဥၥေနာဘာသ ဇာတိရြာျဖစ္ပါတယ္။ 23ရက္ေန႔မွ 28 ရက္ေန႔အထိ ၆ ညတုိင္တုိင္ က်င္းပတဲ့ဓမၼသဘင္ပါ။

စာေရးသူက သုံးရက္ေျမာက္မွာ ေဟာၾကားရတာပါ။ ေရႊရတုတိပိဋကဆရာေတာ္၊ MRTV-4 ဆရာေတာ္၊ ေဒါက္တာအရွင္ေသာပါကဆရာေတာ္၊ စာေရးသူနဲ႔ ဟိတဓရဆရာေတာ္၊ ျမနန္းဆရာေတာ္တုိ႔ပဲ ျဖစ္ပါတယ္။ ဆရာေတာ္မ်ား မေဟာၾကားမီ ဆရာေမာင္ေသြးခၽြန္၊ ဆရာဦးေအးပုိင္၊ ဆရာသူရိန္စုိး၊ ဆရာမုိးေအာင္လင္းႏုိင္၊ ဆရာၿငိမ္းခ်မ္းသာတုိ႔လည္း အမ်ဳိးသားေရးအေတြးအျမင္မ်ား ေဟာေျပာၾကပါတယ္။

ေန႔စဥ္ ရြာသူရြာသားမ်ားအား စတုဒီသာေကၽြးေမြးၾကပါတယ္။ ေရလမ္းခရီး ျဖစ္သျဖင့္ စက္ေလွမ်ားနဲ႔ လာေရာက္တရားနာယူၾကပါတယ္။ စာေရးသူက ေရဝတီ ဝိမာနဝတၳဳကုိ မေသမီ ငရဲလားသည့္ ေရဝတီသူေ႒းမယားေခါင္းစဥ္ျဖင့္ ေဟာၾကားခဲ့တာပါ။
အင္မတန္ေခါင္တဲ့ေနရာ ေဝးလံတဲ့ေနရာမွာ က်င္းပတာျဖစ္လုိ႔ ႀကဳိဆုိသူေတြေရာ နာယူသူေတြေရာ အင္မတန္စည္ကားတဲ့ တရားပြဲႀကီးပါ။

 

“၂၀၁၈ သတ္တမ ဓမ္မသဘင်(မင်းကင်းကျောက်တန်းရွာ)”

တန်ခူးလဆန်း(၉)ရက် 25.3.2018 ရက်နေ့ ည ၈း၀၀ နာရီမှာ ဟောကြားပါတယ်။ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာမှာ ဟောကြားတာပါ။ MRTV-4 ဆရာတော် အရှင်ကဉ္စနောဘာသ ဇာတိရွာဖြစ်ပါတယ်။ 23ရက်နေ့မှ 28 ရက်နေ့အထိ ၆ ညတိုင်တိုင် ကျင်းပတဲ့ဓမ္မသဘင်ပါ။

စာရေးသူက သုံးရက်မြောက်မှာ ဟောကြားရတာပါ။ ရွှေရတုတိပိဋကဆရာတော်၊ MRTV-4 ဆရာတော်၊ ဒေါက်တာအရှင်သောပါကဆရာတော်၊ စာရေးသူနဲ့ ဟိတဓရဆရာတော်၊ မြနန်းဆရာတော်တို့ပဲ ဖြစ်ပါတယ်။ ဆရာတော်များ မဟောကြားမီ ဆရာမောင်သွေးချွန်၊ ဆရာဦးအေးပိုင်၊ ဆရာသူရိန်စိုး၊ ဆရာမိုးအောင်လင်းနိုင်၊ ဆရာငြိမ်းချမ်းသာတို့လည်း အမျိုးသားရေးအတွေးအမြင်များ ဟောပြောကြပါတယ်။

နေ့စဉ် ရွာသူရွာသားများအား စတုဒီသာကျွေးမွေးကြပါတယ်။ ရေလမ်းခရီး ဖြစ်သဖြင့် စက်လှေများနဲ့ လာရောက်တရားနာယူကြပါတယ်။ စာရေးသူက ရေဝတီ ဝိမာနဝတ္ထုကို မသေမီ ငရဲလားသည့် ရေဝတီသူေဋ္ဌးမယားခေါင်းစဉ်ဖြင့် ဟောကြားခဲ့တာပါ။
အင်မတန်ခေါင်တဲ့နေရာ ဝေးလံတဲ့နေရာမှာ ကျင်းပတာဖြစ်လို့ ကြိုဆိုသူတွေရော နာယူသူတွေရော အင်မတန်စည်ကားတဲ့ တရားပွဲကြီးပါ။