တန္ခူးလဆန္း ၁၂ရက္၊ 28.3.2018 ရက္ေန႔ ည ၈း၀၀ နာရီ မႏၲေလး ျပည္ႀကီးတံခြန္ၿမဳိ႕နယ္၊ ရတနာပုံၿမဳိ႕သစ္၊ ဆ/ရပ္ကြက္ ၅၃×၅၄လမ္းၾကား ေအးေမတၱာလမ္း၊ အမက ၁၈ ေက်ာင္းဝင္း ေဘာလုံးကြင္းအတြင္းမွာ က်င္းပပါတယ္။ ငါးရက္တာ တရားပြဲျဖစ္ၿပီး 24 ရက္ေန႔မွ 28 ရက္ေန႔အထိ ဓမၼကထိကဆရာေတာ္ငါးပါး ေဟာၾကားၾကတာပါ။
စာေရးသူကေတာ့ ပထမဦးဆုံး စိတၱသုခပတၱျမားေက်ာင္းမွာ ခဏနားပါတယ္။ တရားပြဲကုသိုလ္ရွင္ ကုိႏုိင္ႏုိင္ေအာင္မိသားစုႏွင့္ ေတြ႕ဆုံပါတယ္။ ႀကဳိဆုိေရးအဖြဲ႕ေတြကုိလည္း ေသာ့ခ်ိတ္ေလးေတြ လက္ေဆာင္ေပးပါတယ္။ စိတၱသုခပတၱျမားဆရာေတာ္ေလးႏွင့္ တရားပြဲကုသုိလ္ရွင္ ကုိႏုိင္ႏုိင္ေအာင္တုိ႔ကုိ စာအုပ္ စာေစာင္မ်ားႏွင့္ ေသာ့ခ်ိတ္မ်ား လက္ေဆာင္ေပးပါတယ္။
ရွစ္နာရီထုိးမွ တရားပြဲကုိသြားပါတယ္။
တရားနာပရိသတ္ကေတာ့ ေၾကာက္ေနပုံရပါတယ္။ ေမးေျဖတာေတြ တရားေထာက္တာေတြ သိပ္မလုပ္ရဲၾကပါဘူး။
အနည္းအက်ဥ္းပဲ ေျဖၾက ေထာက္ၾကပါတယ္။ ပုိဆုိးတာက ကင္မရာတကားကားနဲ႔ တရားပြဲကုသိုလ္ရွင္ေတြကုိ ေရွ႕တည့္တည့္မွခ်ိန္ၿပီး ဇိမ္စြဲဓာတ္ပုံရုိက္ၾကတာပါပဲ။ အျခားပရိသတ္ေတြလည္း အဲဒီလုိ ဓာတ္ပုံအရုိက္ခံၾကရပါတယ္။ ဓမၼကထိကထက္ ပရိသတ္ေတြကုိပဲေရြးခ်ယ္ဓာတ္ပုံရုိက္ေနလုိ႔ ပရိသတ္က ေၾကာက္လန္႔ၿပီး မေျဖရဲ မေထာက္ရဲၾကေတာ့တာပါ။ အဲဒါေတြကေတာ့ မႏၲေလးမွ သတင္းေထာက္ေတြပါပဲ။
သတင္းလာယူတာ ေက်းဇူးတင္ပါတယ္ဗ်ာ။ ကင္မရာႀကီးတကားကားနဲ႔ေတာ့ တရားနာပရိသတ္ကုိ မေျခာက္လွန္႔ပါနဲ႔လုိ႔ပဲ ေမတၱာရပ္ခံပါရေစ။ မဂၢင္ရွစ္ပါးႏွင့္ ေလာကဓံတရားေတာ္ ေဟာၾကားခဲ့ပါတယ္။ မဂၢင္ရွစ္ပါးႏွင့္ ေလာကဓံတရားေတာ္ – လာဘ္ေပါမ်ားတာ လာဘပါ၊ ရွားက အလာဘ။
– စီးပြားတက္တာ လာဘပါ၊ ပ်က္က အလာဘ။
– ေျခြရံမ်ားတာ ယသပါ၊ ပါးက အယသ။
– ခ်ီးမြမ္းၾကတာ ပသံသာ၊ ကဲ့ရဲ႕ေတာ့ နိႏၵာ။
– ခ်ီးက်ဴးၾကတာ ပသံသာ၊ ရႈတ္ခ်ေတာ့ နိႏၵာ။
– ခ်မ္းသာၾကတာ သုခပါ၊ ဆင္းရဲက ဒုကၡ။
ေလာကထဲမွာေနသူဟာ၊ ေလာကဓံနဲ႔ ႀကဳံရမွာ
ေလာကဓံနဲ႔ ႀကဳံတဲ့အခါ၊ ခံႏုိင္ရည္သာ အဓိကပါ
မဂၢင္ရွစ္ျဖာ ပြားမ်ားပါ၊ ေလာကဓံကုိ ခံႏုိင္မွာ။
“၂၀၁၈ အဋ္ဌမဓမ္မသဘင် (ပြည်ကြီးတံခွန် ဆ/ရပ်ကွက်)”
တန်ခူးလဆန်း ၁၂ရက်၊ 28.3.2018 ရက်နေ့ ည ၈း၀၀ နာရီ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံမြို့သစ်၊ ဆ/ရပ်ကွက် ၅၃×၅၄လမ်းကြား အေးမေတ္တာလမ်း၊ အမက ၁၈ ကျောင်းဝင်း ဘောလုံးကွင်းအတွင်းမှာ ကျင်းပပါတယ်။ ငါးရက်တာ တရားပွဲဖြစ်ပြီး 24 ရက်နေ့မှ 28 ရက်နေ့အထိ ဓမ္မကထိကဆရာတော်ငါးပါး ဟောကြားကြတာပါ။
စာရေးသူကတော့ ပထမဦးဆုံး စိတ္တသုခပတ္တမြားကျောင်းမှာ ခဏနားပါတယ်။ တရားပွဲကုသိုလ်ရှင် ကိုနိုင်နိုင်အောင်မိသားစုနှင့် တွေ့ဆုံပါတယ်။ ကြိုဆိုရေးအဖွဲ့တွေကိုလည်း သော့ချိတ်လေးတွေ လက်ဆောင်ပေးပါတယ်။ စိတ္တသုခပတ္တမြားဆရာတော်လေးနှင့် တရားပွဲကုသိုလ်ရှင် ကိုနိုင်နိုင်အောင်တို့ကို စာအုပ် စာစောင်များနှင့် သော့ချိတ်များ လက်ဆောင်ပေးပါတယ်။
ရှစ်နာရီထိုးမှ တရားပွဲကိုသွားပါတယ်။ တရားနာပရိသတ်ကတော့ ကြောက်နေပုံရပါတယ်။ မေးဖြေတာတွေ တရားထောက်တာတွေ သိပ်မလုပ်ရဲကြပါဘူး။ အနည်းအကျဉ်းပဲ ဖြေကြ ထောက်ကြပါတယ်။ ပိုဆိုးတာက ကင်မရာတကားကားနဲ့ တရားပွဲကုသိုလ်ရှင်တွေကို ရှေ့တည့်တည့်မှချိန်ပြီး ဇိမ်စွဲဓာတ်ပုံရိုက်ကြတာပါပဲ။ အခြားပရိသတ်တွေလည်း အဲဒီလို ဓာတ်ပုံအရိုက်ခံကြရပါတယ်။ ဓမ္မကထိကထက် ပရိသတ်တွေကိုပဲရွေးချယ်ဓာတ်ပုံရိုက်နေလို့ ပရိသတ်က ကြောက်လန့်ပြီး မဖြေရဲ မထောက်ရဲကြတော့တာပါ။
အဲဒါတွေကတော့ မန္တလေးမှ သတင်းထောက်တွေပါပဲ။ သတင်းလာယူတာ ကျေးဇူးတင်ပါတယ်ဗျာ။ ကင်မရာကြီးတကားကားနဲ့တော့ တရားနာပရိသတ်ကို မခြောက်လှန့်ပါနဲ့လို့ပဲ မေတ္တာရပ်ခံပါရစေ။ မဂ္ဂင်ရှစ်ပါးနှင့် လောကဓံတရားတော် ဟောကြားခဲ့ပါတယ်။
မဂ္ဂင်ရှစ်ပါးနှင့် လောကဓံတရားတော်
– လာဘ်ပေါများတာ လာဘပါ၊ ရှားက အလာဘ။
– စီးပွားတက်တာ လာဘပါ၊ ပျက်က အလာဘ။
– ခြွေရံများတာ ယသပါ၊ ပါးက အယသ။
– ချီးမွမ်းကြတာ ပသံသာ၊ ကဲ့ရဲ့တော့ နိန္ဒာ။
– ချီးကျူးကြတာ ပသံသာ၊ ရှုတ်ချတော့ နိန္ဒာ။
– ချမ်းသာကြတာ သုခပါ၊ ဆင်းရဲက ဒုက္ခ။
လောကထဲမှာနေသူဟာ၊ လောကဓံနဲ့ ကြုံရမှာ
လောကဓံနဲ့ ကြုံတဲ့အခါ၊ ခံနိုင်ရည်သာ အဓိကပါ
မဂ္ဂင်ရှစ်ဖြာ ပွားများပါ၊ လောကဓံကို ခံနိုင်မှာ။