သတင်း
“၂၀၁၈ အဋ္ဌာရသမဓမ္မသဘင်/ အရမပူရ-ထုံးဘို”
ကဆုန်လပြည့်၊ (29.4.2018)ရက်နေ့၊ ည 8:00 နာရီ၊ အမရပူရမြို့နယ်၊ ထုံးဘိုကျေးရွာ၊ အောင်မင်္ဂလာကျောင်းတိုက်၊ အလှူဒါယကာ ဦးချမ်းသာ(ခ)ဦးဖိုးချစ်+အလှူဒါယိကာမ ဒေါ်ယဉ်မွန်၊ သား မောင်ဇော်ဖြိုးလင်း၊ မောင်မင်းနိုင်သွေး မိသားစု ရှင်ပြုနားသ အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။
အောင်မင်္ဂလာကျောင်းဆရာတော် ဦးဥတ္တရာဇီဝ က ထက်မြတ်သလို အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်ပါတယ်။ သူ့ကျောင်းဝင်းထဲ ငှက်ဆိုးတွေကို အဝင်မခံပါဘူး။ အရပ်ဝတ်နဲ့လာမှ ဝင်ခွင့်ပေးပါတယ်။ အဋ္ဌာရသမ(၁၈)ကြိမ်မြောက် ဓမ္မသဘင်ဖြစ်ပေမယ့် မန္တလေးအတွက်တော့ ဒုတိယပွဲပါ။ ဒါကြောင့် မျိုးချစ်မောင်မယ်တွေ စုံစုံလင်လင်လာကြပါတယ်။ မန်း မဟော်သဓာရှိရာ ကျောက်ချောရွာသူရွာသားတွေ ရန်အောင်မြင်ဝတ်အသင်းသူတွေလည်း လာရောက်နာယူကြပါတယ်။
မိုးကြီးလေကြီးလည်းကျပါတယ်။ မီးလည်း ပျက်ပါတယ်။ ခဏနားပြီး ပြန်ဟောပါတယ်။ ဓမ္မာရုံထဲမှာဟောတာဖြစ်လို့ မိုးလေလုံပါတယ်။
အမျိုးသားရေးကို သေးသိမ်အောင် လုပ်နေကြသူတွေရှိလို့ အမျိုးသားရေးတရားတော် ဟောကြားခဲ့ပါတယ်။ အမျိုးသားရေးဆိုတာ ယဉ်ကျေးမှုကိုထိန်းသိမ်းတာပါ။ Living together စနစ်ဟာ မြန်မာယဉ်ကျေးမှု မဟုတ်ပါဘူး။
မိန်းကလေးရော ယောက်ျားလေးပါ နစ်နာစေတဲ့ လူနေမှုစနစ်တစ်ခုပါ။ မိန်းကလေးက ၃၆၆ (ကာမဖြားယောင်း)မှုနဲ့ တရားစွဲရင် ယောက်ျားလေးဘက်က နစ်နာပြီး ယောက်ျားလေးက ထားရစ်ခဲ့ရင် မိန်းကလေးဘက်က နစ်နာပါတယ်။