၂၀၂၃ ခုနှစ် စာဖြေသံဃာ – ဆွမ်းအလှူရှင်များ
၂၀၂၃ ခုနှစ် စာဖြေသံဃာ – ဆွမ်းအလှူရှင်များ
မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၌ နှစ်စဉ်ကျင်းပသော စာဖြေသံဃာအရုဏ်ဆွမ်း ဆက်ကပ်ပွဲကို ၁၃၈၄ခု တန်ခူးလ္ဆန်း ၁ ရက်မှ ၁၄ရက်(၂၁.၃.၂၀၂၃မှ ၃.၄.၂၀၂၃) အထိ ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ကုသိုလ်ရှင်များ၏ အလှူငွေမှာ ၁၂,၃၃၅,၀၀၀ (တစ်ရာ့နှစ်ဆယ့်သုံးသိန်းသုံးသောင်းငါးထောင်) ဖြစ်ပြီး အသုံးပြုငွေမှာ ၁၀,၈၈၁,၉၀၀(တစ်ရာ့ရှစ်သိန်းရှစ်သောင်းတစ်ထောင်ကိုးရာ) ကျပ်ဖြစ်ပါသည်။
သို့ဖြစ်၍ ၁,၄၅၃,၁၀၀ (တစ်ဆယ့်လေးသိန်းငါးသောင်းသုံးထောင့်တစ်ရာ)ကျပ် ပိုပါသည်။
၎င်းပိုငွေကို စာဖြေသံဃာအရုဏ်ဆွမ်း ခေါင်းစဉ်ဖြင့် ဖွင့်လှစ်ထားသော ဘဏ်စာအုပ်ထဲသို့ ထည့်ထားလိုက်ပါသည်။
၎င်းဘဏ်စာအုပ်ထဲတွင် ရှိရင်းစွဲ သိန်းငါးဆယ်ကျော်နှင့် ဆိုလျှင် ၆၆ သိန်းကျော် ရှိနေပြီဖြစ်ပါသည်။
နေ့စဉ်ကုန်ကျငွေများသည် သုံးသိန်းကျော်မှ တစ်ဆယ့်ခုနှစ်သိန်းကျော်အထိရှိပါသည်။
ဆွမ်းကပ်စရိတ်နှင့် အလှူရှင်များစာရင်းကို တင်ပြပေးလိုက်ပါသည်။
ဝေယျာဝစ္စ(လုပ်အားဒါန) ကုသိုလ်ရှင် ၄၇ဦးအား လက်ဆောင်ပစ္စည်းဝယ်ပေးသည့် ကုန်ကျငွေ ၈၆၆,၆၀၀ (ရှစ်သိန်းခြောက်သောင်းခြောက်ထောင့်ခြောက်ရာ) ကျပ်ကို စာရေးသူ၏ နဝကမ္မအလှူငွေများမှ လှူဒါန်းလိုက်ပါသည်။
နေ့စဉ် လှူဒါန်းငွေ | |||
စဉ် | ရက်စွဲ | အကြောင်းအရာ | သင့်ငွေ |
၁ | 21.2.2023 | မုန့်ဟင်းငါး | ၁,၇၃၄,၀၀၀ |
၂ | 22.3.2023 | မုန့်တီ | ၁,၀၄၈,၈၀၀ |
၃ | 23.3.2023 | ထမင်းဆီဆမ်း | ၉၀၁,၆၅၀ |
၎ | 24.3.2023 | ကြာဆံကြော် | ၇၆၇,၅၅၀ |
၅ | 25.3.2023 | နို့စိမ်းခေါက်ဆွဲ | ၉၇၀,၃၀၀ |
၆ | 26.3.2023 | လက်ဖက်ရည်+ပေါင်မုန့်ကြော် | ၇၈၇,၄၅၀ |
၇ | 28.3.2023 | ကြက်ဥထမင်းကြော် | ၉၀၂,၃၀၀ |
၈ | 29.3.2023 | မုန့်တီ | ၇၁၉,၀၅၀ |
၉ | 30.3.2023 | မုန့်ဟင်းငါး | ၆၈၆,၆၀၀ |
၁၀ | 31.3.2023 | လက်ဖက်ရည်+ပေါင်မုန့်ကြော် | ၅၇၈,၅၀၀ |
၁၁ | 1.4.2023 | ထမင်းဆီဆမ်း | ၇၄၀,၇၀၀ |
၁၂ | 2.4.2023 | ကြာဆံကြော် | ၆၇၇,၂၀၀ |
၁၃ | 3.4.2023 | မုန့်တီ | ၃၆၇,၈၀၀ |
စုစုပေါင်း | ၁၀,၈၈၁,၉၀၀ | ||
ပထမရက်၌ သံဃာ တစ်ထောင်နီးပါး ဘုဉ်းပေးပြီး နောက်ဆုံးရက်၌ သံဃာ သုံးရာကျော်သာ ဘုဉ်းပေးပါသည်။
သံဃာတော်များ၊ အလှူရှင်များ၊ ဝေယျာဝစ္စကုသိုလ်ရှင်များ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေသော်—–ဝ်