သတင်း

နိုင်ငံရေးနိယာမ

နိုင်ငံရေးလောကဓံဆိုတာ ဒီလိုပဲ။
လိုရင်တစ်မျိုး မလိုရင်တစ်မျိုးပါ။
စတာလင် ၊ လီနင် တို့လည်း ရုပ်တုပုံတွေ ဖြုတ်ချခံရတာပဲ။
ဆဒမ်ဟူစိန်ဆိုတာကတော့ ပြောစရာမလိုဘူးပေါ့။
ဒါကြောင့်
နိုင်ငံရေးသရဖူက တဒင်္ဂ
အမျိုးသားရေးသရဖူက ထာဝရ။
ကြိုက်တာရွေးပေါ့နော်။

———————————————————————————

အောက်စဖို့တက္ကသိုလ်ခန်းမ၌ ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ဖြုတ်ချ

By Coconuts Yangon Sep. 29, 2017

[ဓာတ်ပုံ – အောက်စဖို့ဒ်တက္ကသိုလ်၊ စိန့်ဟယုကောလိပ်၌ ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား]

၁၉၆၇ ကျောင်းသူဟောင်းဖြစ်ပြီး လက်ရှိတွင် မြန်မာ့ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို အောက်စဖို့ဒ်တက္ကသိုလ်၊ စိန့်ဟယုကောလိပ်နံရံမှ ဖယ်ရှားလိုက်ပြီဖြစ်သည်။

ပုံတူပန်းချီကားအား ဖယ်ရှားခြင်းကို ယနေ့မနက်အစောပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ကောလိပ်သို့ ကျောင်းသားများရောက်ရှိလာရန် စီစဉ်ထားသည့် ရက်မတိုင်မီ ရက်အနည်းငယ်အလို၌ဖြစ်သည်ဟု စိန့်ယဟုကောလိပ်ထုတ်သတင်းစာ The Swan မှ ဖော်ပြသည်။

ကောလိပ်အဓိကအဆောက်အဦး၏ ဝင်ပေါက်၌ ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားနေရာတွင် ဂျပန်ပန်းချီပညာရှင် ယူရှီဟီရို တာကာဒါ Yoshihiro Takada ရေးဆွဲသော ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားကို လုံခြုံသည့်တစ်နေရာသို့ ရွှေ့ပြောင်းထားလိုက်ပြီဖြစ်ကြောင်း၊ ထိုနေရာ၌ တာကာဒါလက်ရာပန်းချီကားကို အချိန်ကာလတစ်ခုထိ ချိတ်ဆွဲထားမည်ဖြစ်ကြောင်း စိန့်ဟယုကောလိပ် လူမှုဆက်ဆံရေးမန်နေဂျာ ဘင်ဂျမင် ဂျုန်းစ်မှ The Swan သို့ ပြောကြားသည်။

ဗြိတိန်၏ ဒုတိယအကြီးဆုံးကုန်သွယ်ရေးသမဂ္ဂ Unison သည် ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ဝင်ဖြစ်မှုကို ခေတ္တရပ်ဆိုင်းထားသည်။

ဘရစ္စတိုးတက္ကသိုလ်သည် ၁၉၉၈ က ၎င်းမှ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုကို ပြန်လည်ရုတ်သိမ်းရန် စဉ်းစားနေသည်။ လန်ဒန်စီးပွားရေးကျောင်း၏ ကျောင်းသားသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်အားချီးမြှင့်ထားသော ဂုဏ်ထူးဆောင်ဥက္ကဌရာထူးကို ရုတ်သိမ်းမည်ဟု ကတိစကားဆိုခဲ့သည်။

အောက်စဖို့ဒ်စီးတီးမှလည်း ၁၉၉၇ က မြို့မှ သူမအားပေးအပ်ထားသော ဂုဏ်ပြုဆုတံဆိပ်ကို ရုတ်သိမ်းသွားဖွယ်ရှိကြောင်း ညွှန်းဆိုခဲ့သည်။

သို့သော် အောက်စဖို့ဒ်တက္ကသိုလ်မှမူ ၂၀၁၂ က သူမအား ပေးအပ်ထားသော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့အား ပြန်လည်သုံးသပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Oxford University hall takes down portrait of Aung San Suu Kyi

By Coconuts Yangon Sep. 29, 2017

Photo credit: St Hugh’s College, University of Oxford

A portrait of Aung San Suu Kyi has been removed from the wall of Oxford University’s St. Hugh’s College, of which the current State Counsellor of Myanmar is a 1967 alumna.

The portrait’s removal earlier today comes a few days before students are scheduled to arrive at the college, according to St. High’s newspaper The Swan. This has raised questions at the college as to whether the removal was a response to Myanmar’s displacement of over 500,000 Rohingyas from the country over the last month.

Myanmar has been accused by the UN of “ethnic cleansing.”

The portrait of Suu Kyi has been replaced at the entrance to the college’s Main Building by a painting by Japanese artist Yoshihiro Takada.

St. Hugh’s college communications manager Benjamin Jones told The Swan that the Suu Kyi portrait had been moved to a “secure location,” while Takada’s piece is set to be displayed “for a period.”

Suu Kyi’s complicity in the Myanmar military’s alleged human rights abuses has prompted activists around the UK to pressure institutions to review the honors they previously bestowed on the former human rights icon.

Unison, the second-largest trade union in the UK, suspended Suu Kyi’s membership and called on her to “respond to international pressure.”

Bristol University is reviewing an honorary degree it gave her in 1998, and the student union at the London School of Economics has promised to strip her of her honorary presidency.

The city of Oxford has indicated that it may strip Suu Kyi of an award it gave her in 1997.

However, the University of Oxford has refused to review the honorary doctorate it gave her in 2012.

https://coconuts.co/…/oxford-university-hall-takes-portrai…/