သတင္း

ႏိုင္ငံေရးသမားဆိုတာ ဒီလိုပါပဲ

ႏုိင္ငံတကာလက္ခုပ္ၾသဘာေတြ ရခ်င္ေတာ့ ႏိုင္ငံတကာကိုမ်က္ႏွာလုပ္၊ ျပည္သူေတြရဲ႕ဆႏၵမဲေတြရခ်င္ေတာ့ ျပည္သူေတြကိုမ်က္ႏွာလုပ္၊ ရာထူးေတြ အာဏာေတြတည္ၿမဲေရးအတြက္ ဟိုလူကိုမ်က္ႏွာခ်ဳိေသြး၊ ဒီလူကိုမ်က္ႏွာခ်ဳိေသြးနဲ႔ ေနာက္ဆံုးေတာ့ တုိင္းျပည္ဟာ ေျမြေပြးခါးပိုက္ပိုက္ထားလုိက္ရသလိုပါပဲ။ သံေဝဂယူၾကပါ။ ဟိုဟာမႀကီးအပါအဝင္ သူေတာ္ေကာင္းအေပါင္းတုိ႔…။

ဝီရသူ (မစိုးရိမ္)

18.5.2018

————————————

အစၥလာမ္သည္ ဂ်ာမနီ၏ အစိတ္အပိုင္းမဟုတ္ဟု ျပည္ထဲေရးဝန္ႀကီးသစ္ ေျပာၾကား

18-Mar-2018 tagged as ဝန္ႀကီး ျပည္ထဲေရး ဂ်ာမနီ အစၥလာမ္

ဘာလင္၊ မတ္ ၁၇

ဂ်ာမနီအဓိပတိ မာကယ္လ္၏ သေဘာထားတင္းမာေသာ ျပည္ထဲေရးဝန္ႀကီးသစ္က အစၥလာမ္သည္ “ဂ်ာမနီ၏ အစိတ္အပိုင္းမဟုတ္”ဟု မတ္လ ၁၆ ရက္ေန႔တြင္ ပံုႏွိပ္ေဖာ္ျပေသာ အင္တာဗ်ဴးတစ္ခုတြင္ မွတ္ခ်က္ေပးခဲ့ရာ မာကယ္လ္၏ စတုတၳသက္တမ္းစတင္စ ႏွစ္ရက္သာ ရွိေသးခ်ိန္တြင္ပင္ ႏိုင္ငံေရးမုန္တိုင္းတစ္ခုကို အစပ်ိဳးလိုက္ၿပီျဖစ္သည္ဟု AFP သတင္းဌာနက သံုးသပ္ေဖာ္ျပသည္။

ဥေရာပ၏ နံပါတ္တစ္ စီးပြားေရးအင္အားႀကီး ဂ်ာမနီသို႔ မြတ္ဆလင္ ေ႐ႊ႕ေျပာင္းမ်ားႏွင့္ ခိုလံႈရန္ဝင္ေရာက္လာသူမ်ား အလံုးအရင္းႏွင့္ ဝင္ေရာက္လာျခင္းေၾကာင့္ ယခုအခါ အစၥလာမ္ဘာသာသည္ ႏိုင္ငံ၏ တစ္စိတ္တစ္ေဒသျဖစ္လာၿပီလားဆိုေသာေမးခြန္းကို အေရာင္းရဆံုး ေန႔စဥ္ထုတ္ Bild သတင္းစာက ေမးျမန္းခဲ့ရာ ျပည္ထဲေရးဝန္ႀကီးသစ္ ဟို႔စ္ဆီးဟိုဖားက “မဟုတ္ပါဘူး”ဟု တံု႔ျပန္ခဲ့သည္။

“အစၥလာမ္ဟာ ဂ်ာမနီရဲ႕အစိတ္အပိုင္း မဟုတ္ပါဘူး။ ခရစ္ယာန္ဘာသာကပဲ တနဂၤေႏြ အလုပ္ပိတ္အနားယူတာ၊ ခ်ာ့ခ်္အားလပ္ရက္နဲ႔ အီစတာ၊ ပန္တီကို႔စ္၊ ခရစၥမတ္တို႔လို ပြဲေတာ္ေတြအပါအဝင္ ဂ်ာမနီကို ပံုေဖာ္ခဲ့တာျဖစ္ပါတယ္”ဟု ေျဖၾကားခဲ့သည္။

“က်ဳပ္တို႔အၾကားမွာ ေနထိုင္ေနတဲ့ မြတ္ဆလင္ေတြဟာ သေဘာသဘာဝအရေတာ့ ဂ်ာမနီရဲ႕ အစိတ္အပိုင္းလို႔ ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလိုေျပာလို႔ က်ဳပ္တို႔ေတြက အယူမွားၿပီး လိုက္ေလ်ာလက္ခံေပးရမယ္၊ က်ဳပ္တို႔ရဲ႕ ႐ိုးရာနဲ႔ ဓေလ့ထံုးစံေတြကို စြန္႔လႊတ္ရမယ္လို႔ေတာ့ ဆိုလိုရာမေရာက္ပါဘူး”ဟု ဆီးဟိုဖားက ေျပာၾကားခဲ့သည္။

ဂ်ာမနီတြင္ မြတ္ဆလင္ဦးေရ ခန္႔မွန္းေျခ ၄ သန္းခြဲ မွ်ရွိေနၿပီး ယင္းတို႔အနက္မွ ၁ ဒသမ ၈ သန္းမွာ ႏိုင္ငံသားမ်ားျဖစ္သည္။

အမ်ားစုမွာ ၁၉၆၀ ျပည့္လြန္ႏွစ္မ်ားႏွင့္ ၇၀ ျပည့္လြန္ႏွစ္မ်ားက ေခၚယူခဲ့ေသာ ဧည့္လုပ္သားဟု ထင္ရွားသည့္ တူရကီမ်ိဳးႏြယ္ဝင္မ်ားမွ ဆင္းသက္လာၾကသူမ်ား ျဖစ္သည္။

၂၀၁၅ ခုႏွစ္တြင္ စစ္ပြဲဒဏ္ခံ မြတ္ဆလင္လူမ်ားစုႏိုင္ငံမ်ားျဖစ္ေသာ ဆီးရီးယားႏွင့္ အာဖဂန္နစၥတန္တို႔မွ ခိုလံႈရန္ ဝင္ေရာက္လာသူ တစ္သန္းေက်ာ္ေရာက္ရွိလာခ်ိန္တြင္ ဂ်ာမနီမွ မြတ္ဆလင္လူဦးေရ သိသိသာသာတိုးပြားလာခဲ့သည္။

မာကယ္လ္သည္ လက္ဝဲ-လက္ယာ မဟာၫြန္႔ေပါင္းအစိုးရသစ္ ဖြဲ႔စည္းႏိုင္ခဲ့ၿပီး စတုတၳသက္တမ္း စတင္ထမ္းေဆာင္မႈ ၄၈ နာရီသာရွိေသးခ်ိန္တြင္ ဆီးဟိုဖား၏ အျငင္းပြားဖြယ္မွတ္ခ်က္ေပၚထြက္လာခဲ့ျခင္း ျဖစ္သည္။

မဟာၫြန္႔ေပါင္း (Grand Coalition) ဆိုသည္မွာ ဝါဒေရးရာ ကြဲလြဲမႈရွိသည့္ပါတီမ်ား စုေပါင္း၍ ဖြဲ႔စည္းထားေသာ ၫြန္႔ေပါင္းအစိုးရကို ဆိုလိုသည္။ မာကယ္လ္၏ ဗဟိုလက္ယာယိမ္း CDU/CSU ႏွင့္ ဗဟိုလက္ဝဲယိမ္း ဆိုရွယ္ဒီမိုကရက္မ်ား ၫြန္႔ေပါင္းဖြဲ႔လိုက္ျခင္းျဖစ္သည္။

ဆီးဟိုဖားသည္ မာကယ္လ္၏ ခရစ္ယာန္ဒီမိုကရက္တစ္ယူနီယံ (CDU) ပါတီ၏ ဘာေဗးရီးယားျပည္နယ္ ညီအစ္မပါတီ ခရစ္ယာန္ဆိုရွယ္ယူနီယံ (CSU) ၏ ေခါင္းေဆာင္ျဖစ္ၿပီး မာကယ္လ္အစိုးရအဖြဲ႔တြင္ ပထမဆံုးအႀကိမ္ ပါဝင္လာသူျဖစ္သည္။

ဆီးဟိုးဖား၏ ခ်ဲ႕ထြင္ဖြဲ႔စည္းလိုက္ေသာ ျပည္ထဲေရးဝန္ႀကီးဌာနမွာ ျပည္ထဲေရး၊ ေဆာက္လုပ္ေရးႏွင့္ အမိေျမေရးရာ ဝန္ႀကီးဌာနဟူ၍ ျဖစ္လာၿပီး မ်ိဳးခ်စ္စိတ္ဓာတ္ႏွင့္ အမ်ိဳးသားေရးလကၡဏာကို ထိန္းသိမ္းေဖာ္ေဆာင္ေရးအတြက္ အမိေျမေရးရာ ဌာနသစ္ကို တိုးခ်ဲ႕ထည့္သြင္းထားျခင္းျဖစ္သည္။ ယခုေ႐ြးေကာက္ပြဲတြင္ လက္ယာစြန္း ဗီ္ပါတီ အေျခအေနေကာင္းခဲ့ၿပီး မဲ ၁၃ ရာခိုင္ႏႈန္းမွ်ရရွိခဲ့ၿပီး ပင္မပါတီႀကီးမ်ားကို စိန္ေခၚလာႏိုင္ခဲ့ရာ မာကယ္လ္အစိုးရသည္ အမ်ိဳးသားေရးဘက္ကို ျပန္လည္အာ႐ံုစိုက္သည့္အေနႏွင့္ ဝန္ႀကီးဌာနကို တိုးခ်ဲ႕ၿပီး သေဘာထားတင္းမာသူ ဆီးဟိုးဖားကို ဝန္ႀကီးရာထူးခန္႔အပ္ခဲ့ျခင္း ျဖစ္ဖြယ္ရွိသည္။

8.5.2018 The Voice

 

“နိုင်ငံရေးသမားဆိုတာ ဒီလိုပါပဲ”

နိုင်ငံတကာလက်ခုပ်သြဘာတွေ ရချင်တော့ နိုင်ငံတကာကိုမျက်နှာလုပ်၊ ပြည်သူတွေရဲ့ဆန္ဒမဲတွေရချင်တော့ ပြည်သူတွေကိုမျက်နှာလုပ်၊ ရာထူးတွေ အာဏာတွေတည်မြဲရေးအတွက် ဟိုလူကိုမျက်နှာချိုသွေး၊ ဒီလူကိုမျက်နှာချိုသွေးနဲ့ နောက်ဆုံးတော့ တိုင်းပြည်ဟာ မြွေပွေးခါးပိုက်ပိုက်ထားလိုက်ရသလိုပါပဲ။ သံဝေဂယူကြပါ။ ဟိုဟာမကြီးအပါအဝင် သူတော်ကောင်းအပေါင်းတို့…။

ဝီရသူ (မစိုးရိမ်)
18.5.2018

————————————

အစ္စလာမ်သည် ဂျာမနီ၏ အစိတ်အပိုင်းမဟုတ်ဟု ပြည်ထဲရေးဝန်ကြီးသစ် ပြောကြား
18-Mar-2018 tagged as ဝန်ကြီး ပြည်ထဲရေး ဂျာမနီ အစ္စလာမ်

ဘာလင်၊ မတ် ၁၇

ဂျာမနီအဓိပတိ မာကယ်လ်၏ သဘောထားတင်းမာသော ပြည်ထဲရေးဝန်ကြီးသစ်က အစ္စလာမ်သည် “ဂျာမနီ၏ အစိတ်အပိုင်းမဟုတ်”ဟု မတ်လ ၁၆ ရက်နေ့တွင် ပုံနှိပ်ဖော်ပြသော အင်တာဗျူးတစ်ခုတွင် မှတ်ချက်ပေးခဲ့ရာ မာကယ်လ်၏ စတုတ္ထသက်တမ်းစတင်စ နှစ်ရက်သာ ရှိသေးချိန်တွင်ပင် နိုင်ငံရေးမုန်တိုင်းတစ်ခုကို အစပျိုးလိုက်ပြီဖြစ်သည်ဟု AFP သတင်းဌာနက သုံးသပ်ဖော်ပြသည်။

ဥရောပ၏ နံပါတ်တစ် စီးပွားရေးအင်အားကြီး ဂျာမနီသို့ မွတ်ဆလင် ရွှေ့ပြောင်းများနှင့် ခိုလှုံရန်ဝင်ရောက်လာသူများ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းကြောင့် ယခုအခါ အစ္စလာမ်ဘာသာသည် နိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်လာပြီလားဆိုသောမေးခွန်းကို အရောင်းရဆုံး နေ့စဉ်ထုတ် Bild သတင်းစာက မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးသစ် ဟို့စ်ဆီးဟိုဖားက “မဟုတ်ပါဘူး”ဟု တုံ့ပြန်ခဲ့သည်။

“အစ္စလာမ်ဟာ ဂျာမနီရဲ့အစိတ်အပိုင်း မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာကပဲ တနင်္ဂနွေ အလုပ်ပိတ်အနားယူတာ၊ ချာ့ချ်အားလပ်ရက်နဲ့ အီစတာ၊ ပန်တီကို့စ်၊ ခရစ္စမတ်တို့လို ပွဲတော်တွေအပါအဝင် ဂျာမနီကို ပုံဖော်ခဲ့တာဖြစ်ပါတယ်”ဟု ဖြေကြားခဲ့သည်။

“ကျုပ်တို့အကြားမှာ နေထိုင်နေတဲ့ မွတ်ဆလင်တွေဟာ သဘောသဘာဝအရတော့ ဂျာမနီရဲ့ အစိတ်အပိုင်းလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပြောလို့ ကျုပ်တို့တွေက အယူမှားပြီး လိုက်လျောလက်ခံပေးရမယ်၊ ကျုပ်တို့ရဲ့ ရိုးရာနဲ့ ဓလေ့ထုံးစံတွေကို စွန့်လွှတ်ရမယ်လို့တော့ ဆိုလိုရာမရောက်ပါဘူး”ဟု ဆီးဟိုဖားက ပြောကြားခဲ့သည်။

ဂျာမနီတွင် မွတ်ဆလင်ဦးရေ ခန့်မှန်းခြေ ၄ သန်းခွဲ မျှရှိနေပြီး ယင်းတို့အနက်မှ ၁ ဒသမ ၈ သန်းမှာ နိုင်ငံသားများဖြစ်သည်။

အများစုမှာ ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၇၀ ပြည့်လွန်နှစ်များက ခေါ်ယူခဲ့သော ဧည့်လုပ်သားဟု ထင်ရှားသည့် တူရကီမျိုးနွယ်ဝင်များမှ ဆင်းသက်လာကြသူများ ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် စစ်ပွဲဒဏ်ခံ မွတ်ဆလင်လူများစုနိုင်ငံများဖြစ်သော ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့မှ ခိုလှုံရန် ဝင်ရောက်လာသူ တစ်သန်းကျော်ရောက်ရှိလာချိန်တွင် ဂျာမနီမှ မွတ်ဆလင်လူဦးရေ သိသိသာသာတိုးပွားလာခဲ့သည်။

မာကယ်လ်သည် လက်ဝဲ-လက်ယာ မဟာညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့ပြီး စတုတ္ထသက်တမ်း စတင်ထမ်းဆောင်မှု ၄၈ နာရီသာရှိသေးချိန်တွင် ဆီးဟိုဖား၏ အငြင်းပွားဖွယ်မှတ်ချက်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မဟာညွန့်ပေါင်း (Grand Coalition) ဆိုသည်မှာ ဝါဒရေးရာ ကွဲလွဲမှုရှိသည့်ပါတီများ စုပေါင်း၍ ဖွဲ့စည်းထားသော ညွန့်ပေါင်းအစိုးရကို ဆိုလိုသည်။ မာကယ်လ်၏ ဗဟိုလက်ယာယိမ်း CDU/CSU နှင့် ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်များ ညွန့်ပေါင်းဖွဲ့လိုက်ခြင်းဖြစ်သည်။

ဆီးဟိုဖားသည် မာကယ်လ်၏ ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ (CDU) ပါတီ၏ ဘာဗေးရီးယားပြည်နယ် ညီအစ်မပါတီ ခရစ်ယာန်ဆိုရှယ်ယူနီယံ (CSU) ၏ ခေါင်းဆောင်ဖြစ်ပြီး မာကယ်လ်အစိုးရအဖွဲ့တွင် ပထမဆုံးအကြိမ် ပါဝင်လာသူဖြစ်သည်။

ဆီးဟိုးဖား၏ ချဲ့ထွင်ဖွဲ့စည်းလိုက်သော ပြည်ထဲရေးဝန်ကြီးဌာနမှာ ပြည်ထဲရေး၊ ဆောက်လုပ်ရေးနှင့် အမိမြေရေးရာ ဝန်ကြီးဌာနဟူ၍ ဖြစ်လာပြီး မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးလက္ခဏာကို ထိန်းသိမ်းဖော်ဆောင်ရေးအတွက် အမိမြေရေးရာ ဌာနသစ်ကို တိုးချဲ့ထည့်သွင်းထားခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် လက်ယာစွန်း ဗီ်ပါတီ အခြေအနေကောင်းခဲ့ပြီး မဲ ၁၃ ရာခိုင်နှုန်းမျှရရှိခဲ့ပြီး ပင်မပါတီကြီးများကို စိန်ခေါ်လာနိုင်ခဲ့ရာ မာကယ်လ်အစိုးရသည် အမျိုးသားရေးဘက်ကို ပြန်လည်အာရုံစိုက်သည့်အနေနှင့် ဝန်ကြီးဌာနကို တိုးချဲ့ပြီး သဘောထားတင်းမာသူ ဆီးဟိုးဖားကို ဝန်ကြီးရာထူးခန့်အပ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။
8.5.2018 The Voice