ေဉယ်ဓမ္ေတာရသို႔ … (၅)
===============
မနက္ ၇း၀၀နာရီ ထိုးပါၿပီ။ ကပၸိယကိုခင္ေမာင္ဝင္းတစ္ဦးတည္း ေရာက္လာပါတယ္။ သြားဖူးၾကမယ္ဆိုေတာ့ ေမာင္ပဥၥင္းႏွစ္ပါး လိုက္လုိ႔ရမလား ေမးလုိက္ပါတယ္။ ရတယ္ဆိုလို႔ ေပ်ာ္သြားၾကပါတယ္။ ခ်က္ခ်င္းပဲ ကိုခင္ေမာင္ဝင္းေနာက္ လုိက္သြားၾကပါတယ္။
သာသနဝုၯိေက်ာင္းဝင္း တံခါးေပါက္မွဆင္းကာ ေတာလမ္းေလးအတုိင္း လုိက္လာခဲ့ပါတယ္။ တဲကေလးလိုလို ဇရပ္ကေလးလိုလိုေတြ႔လို႔ ေမးၾကည့္မွ ေရသိမ္ျဖစ္ေနပါတယ္။ ေတာင္က်ေခ်ာင္းကေလးအတြင္း ေဆာက္လုပ္ထားတဲ့ ေျခတံရွည္သိမ္ေလးပါ။ ေႏြရာသီျဖစ္လုိ႔ ေရေတာ့ခမ္းေနပါၿပီ။ ဆရာေတာ္ႀကီးတစ္ပါးတည္း သီတင္းသံုးေပမယ့္ ဥပုသ္ျပဳပံုေတာ့ရပါတယ္။ တစ္ပါးတည္းျပဳရတဲ့ ဥပုသ္ဆိုေတာ့ အဓိ႒ာန္ဥပုသ္ေပါ့။ “ဣမံ သတႎ အဓိ႒ာမိ ဣမံ သတႎ အဓိ႒ာမိ” လို႔ တစ္ပါးတည္း သံုးႀကိမ္ရြတ္ဆိုလွ်င္ ရပါၿပီ။
ေရသိမ္ေလးကိုေက်ာ္ၿပီး ေကြ႔လုိက္တယ္ဆုိရင္ပဲ တစ္ထပ္တုိက္ေက်ာင္း ေသးေသးေလးကို ေတြ႔ရပါတယ္။ ၿခံစည္းရိုးနဲ႔ ဝင္းခတ္ထားပါတယ္။ ေက်ာင္းကေလး ပိစိေကြးမွာ ဆရာေတာ္ႀကီးတစ္ပါးတည္း သီတင္းသံုးေတာ္မူတာပါ။ ကိုခင္ေမာင္ဝင္း ေက်ာင္းထဲဝင္သြားတယ္ဆိုရင္ပဲ ဆရာေတာ္ႀကီးရဲ႕ စကားသံ စတင္ၾကားရပါေတာ့တယ္။
ဆရာေတာ္ႀကီးေက်ာင္းေဆာင္ထဲ ဝင္ရေတာ့မွာမို႔ စာေရးသူက ခပ္ေဝးေဝးမွာပဲ ဖိနပ္ခၽြတ္လုိက္ပါတယ္။ ဖိနပ္ခၽြတ္ေနခ်ိန္ေလးမွာပဲ ဆရာေတာ္ႀကီးက ေက်ာင္းေဆာင္ထဲမွ ရပ္ေတာ္မူၿပီး ေစာင့္ေမွ်ာ္ေနပါၿပီ။ ရပ္ေစာင့္ေနေပမဲ့ စာေရးသူက ေပၚမလာေတာ့ စိတ္ေစာေနဟန္တူပါတယ္။ ကိုခင္ေမာင္ဝင္း ဝင္သြားၿပီး ခြင့္ေတာင္း ျပန္ထြက္လာၿပီးမွ ပင့္မယ္ထင္လို႔ ခဏေလးရပ္ၾကည့္ေနတာပါ။ ဆရာေတာ္ႀကီးနဲ႔ ကပၸိယ ဆရာတပည့္ႏွစ္ဦးလံုးက သကၤန္းပံုႀကီးနဲ႔ကြယ္ေနလုိ႔ စာေရးသူကို မျမင္ရပါဘူး။
စာေရးသူဝင္လာေတာ့ ဆရာေတာ္ႀကီးက ခရီးဦးႀကဳိဆိုေတာ္မူပါတယ္။ “ၾကြပါ – လာမယ္ဆုိလုိ႔ ေမွ်ာ္ေနတာ” အစခ်ီကာ ႏႈတ္ဆက္စကားေတြ ဝမ္းသာအားရ မိန္႔ေတာ္မူပါတယ္။ ဘုရားေက်ာင္းေတာ္ေလးေရွ႕ ေနရာက်ဥ္းက်ဥ္းေလးမွာ ဧည့္ခံေတာ္မူပါတယ္။ စာေရးသူက ဘုရားဦးသံုးႀကိမ္ခ်ၿပီး ဆရာေတာ္ႀကီးကိုလည္း ေျခေတာ္ဦးခုိက္ ရွိခိုးလုိက္ပါတယ္။
ဒကာႏွစ္ေယာက္လွဴလုိက္တဲ့ သကၤန္းႏွစ္စံုကို အရင္ဆက္ကပ္ပါတယ္။ “ဘုန္းႀကီးအခ်င္းခ်င္း ျပန္လွဴရသလားဗ်ာ”ဟု မိန္႔ေတာ္မူပါတယ္။
၎ေနာက္ စီစဥ္ထားသည့္ လွဴဖြယ္မ်ား တစ္ခုခ်င္းဆက္ကပ္ၿပီး ေလွ်ာက္ထားပါတယ္။ စာခ်တန္း ပ႒ာန္းက်မ္း ဆက္ကပ္ရင္း အတြင္းကဓာတ္ပံုုေတြ ျပလိုက္ေတာ့ “အခ်ဳပ္သားဘဝနဲ႔ ျပဳစုတဲ့က်မ္းဆိုေတာ့ အခ်ဳပ္သားက်မ္းေပါ့”ဟု အားရပါးရေျပာၿပီး ရယ္ေတာ္မူပါတယ္။
ကပၸိယကိုခင္ေမာင္ဝင္းကို ေရေႏြးပြဲျပင္ခုိင္းေတာ့ ကိုခင္ေမာင္ဝင္းက ျပန္သြားရပါတယ္။ ဆရာေတာ္ႀကီးရယ္၊ စာေရးသူတုိ႔ သံုးပါးရယ္ပဲ ေက်ာင္းေလးထဲမွာ က်န္ခဲ့ပါတယ္။
ဆရာေတာ္ႀကီးကပဲ ဦးေဆာင္ၿပီး အားရဝမ္းသာ စကားေျပာေနတာပါ။ စာေရးသူတို႔က ရယ္စရာရွိရင္ အားရပါးရရယ္လိုက္၊ တစ္ခြန္းစ ႏွစ္ခြန္းစ ျပန္ေလွ်ာက္လုိက္နဲ႔ ေတာထဲေတာင္ထဲမွာ ပြဲစည္ေနပါတယ္။
ကိုခင္ေမာင္ဝင္းျပန္လာေတာ့ လူငယ္မ်ားပါ လုိက္လာပါတယ္။ ဆရာေတာ္ႀကီးက ေရေႏြးဘုဥ္းေပးလုိက္ စကားေျပာလုိက္ စာေရးသူတုိ႔ကို ဘုဥ္းေပးဖို႔ တိုက္တြန္းလုိက္ႏွင့္ ပိုၿပီးေတာ့ ပြဲစည္သြားပါတယ္။
“ေရေႏြးၾကမ္း ဘုဥ္းေပးပါဗ်။
အရွင္ဘုရားက ေရေႏြးၾကမ္းပဲ ဘုဥ္းေပးတာဆုိလုိ႔ စီစဥ္ခုိင္းထားတာပါဗ်။
လဘက္ေျခာက္အေကာင္းစားလုပ္ဖို႔လည္း မွာထားတာပါဗ်။” ဟု မၾကာခဏ မိန္႔ေတာ္မူပါတယ္။
စာေရးသူ ေရေႏြးၾကမ္းေသာက္တာ ဆရာေတာ္ႀကီးဘယ္လိုလုပ္ သိလဲဆိုတာကေတာ့ ပေဟဠိအေတာ္ဆန္ေနပါေတာ့တယ္။
ဦးပၪၥင္း
ဝီရသူ(မစုိးရိမ္)
21.3.2022——————————–
ဉေယျဓမ်တောရသို့ … (၅)
===============
မနက် ရး၀၀နာရီ ထိုးပါပြီ။ ကပ္ပိယကိုခင်မောင်ဝင်းတစ်ဦးတည်း ရောက်လာပါတယ်။ သွားဖူးကြမယ်ဆိုတော့ မောင်ပဉ္စင်းနှစ်ပါး လိုက်လို့ရမလား မေးလိုက်ပါတယ်။ ရတယ်ဆိုလို့ ပျော်သွားကြပါတယ်။ ချက်ချင်းပဲ ကိုခင်မောင်ဝင်းနောက် လိုက်သွားကြပါတယ်။
သာသနဝုဍ္ဎိကျောင်းဝင်း တံခါးပေါက်မှဆင်းကာ တောလမ်းလေးအတိုင်း လိုက်လာခဲ့ပါတယ်။ တဲကလေးလိုလို ဇရပ်ကလေးလိုလိုတွေ့လို့ မေးကြည့်မှ ရေသိမ်ဖြစ်နေပါတယ်။ တောင်ကျချောင်းကလေးအတွင်း ဆောက်လုပ်ထားတဲ့ ခြေတံရှည်သိမ်လေးပါ။ နွေရာသီဖြစ်လို့ ရေတော့ခမ်းနေပါပြီ။ ဆရာတော်ကြီးတစ်ပါးတည်း သီတင်းသုံးပေမယ့် ဥပုသ်ပြုပုံတော့ရပါတယ်။ တစ်ပါးတည်းပြုရတဲ့ ဥပုသ်ဆိုတော့ အဓိဋ္ဌာန်ဥပုသ်ပေါ့။ “ဣမံ သတိံ အဓိဋ္ဌာမိ ဣမံ သတိံ အဓိဋ္ဌာမိ” လို့ တစ်ပါးတည်း သုံးကြိမ်ရွတ်ဆိုလျှင် ရပါပြီ။
ရေသိမ်လေးကိုကျော်ပြီး ကွေ့လိုက်တယ်ဆိုရင်ပဲ တစ်ထပ်တိုက်ကျောင်း သေးသေးလေးကို တွေ့ရပါတယ်။ ခြံစည်းရိုးနဲ့ ဝင်းခတ်ထားပါတယ်။ ကျောင်းကလေး ပိစိကွေးမှာ ဆရာတော်ကြီးတစ်ပါးတည်း သီတင်းသုံးတော်မူတာပါ။ ကိုခင်မောင်ဝင်း ကျောင်းထဲဝင်သွားတယ်ဆိုရင်ပဲ ဆရာတော်ကြီးရဲ့ စကားသံ စတင်ကြားရပါတော့တယ်။
ဆရာတော်ကြီးကျောင်းဆောင်ထဲ ဝင်ရတော့မှာမို့ စာရေးသူက ခပ်ဝေးဝေးမှာပဲ ဖိနပ်ချွတ်လိုက်ပါတယ်။ ဖိနပ်ချွတ်နေချိန်လေးမှာပဲ ဆရာတော်ကြီးက ကျောင်းဆောင်ထဲမှ ရပ်တော်မူပြီး စောင့်မျှော်နေပါပြီ။ ရပ်စောင့်နေပေမဲ့ စာရေးသူက ပေါ်မလာတော့ စိတ်စောနေဟန်တူပါတယ်။ ကိုခင်မောင်ဝင်း ဝင်သွားပြီး ခွင့်တောင်း ပြန်ထွက်လာပြီးမှ ပင့်မယ်ထင်လို့ ခဏလေးရပ်ကြည့်နေတာပါ။ ဆရာတော်ကြီးနဲ့ ကပ္ပိယ ဆရာတပည့်နှစ်ဦးလုံးက သင်္ကန်းပုံကြီးနဲ့ကွယ်နေလို့ စာရေးသူကို မမြင်ရပါဘူး။
စာရေးသူဝင်လာတော့ ဆရာတော်ကြီးက ခရီးဦးကြိုဆိုတော်မူပါတယ်။ “ကြွပါ – လာမယ်ဆိုလို့ မျှော်နေတာ” အစချီကာ နှုတ်ဆက်စကားတွေ ဝမ်းသာအားရ မိန့်တော်မူပါတယ်။ ဘုရားကျောင်းတော်လေးရှေ့ နေရာကျဉ်းကျဉ်းလေးမှာ ဧည့်ခံတော်မူပါတယ်။ စာရေးသူက ဘုရားဦးသုံးကြိမ်ချပြီး ဆရာတော်ကြီးကိုလည်း ခြေတော်ဦးခိုက် ရှိခိုးလိုက်ပါတယ်။
ဒကာနှစ်ယောက်လှူလိုက်တဲ့ သင်္ကန်းနှစ်စုံကို အရင်ဆက်ကပ်ပါတယ်။ “ဘုန်းကြီးအချင်းချင်း ပြန်လှူရသလားဗျာ”ဟု မိန့်တော်မူပါတယ်။
၎င်းနောက် စီစဉ်ထားသည့် လှူဖွယ်များ တစ်ခုချင်းဆက်ကပ်ပြီး လျှောက်ထားပါတယ်။ စာချတန်း ပဋ္ဌာန်းကျမ်း ဆက်ကပ်ရင်း အတွင်းကဓာတ်ပုံတွေ ပြလိုက်တော့ “အချုပ်သားဘဝနဲ့ ပြုစုတဲ့ကျမ်းဆိုတော့ အချုပ်သားကျမ်းပေါ့”ဟု အားရပါးရပြောပြီး ရယ်တော်မူပါတယ်။
ကပ္ပိယကိုခင်မောင်ဝင်းကို ရေနွေးပွဲပြင်ခိုင်းတော့ ကိုခင်မောင်ဝင်းက ပြန်သွားရပါတယ်။ ဆရာတော်ကြီးရယ်၊ စာရေးသူတို့ သုံးပါးရယ်ပဲ ကျောင်းလေးထဲမှာ ကျန်ခဲ့ပါတယ်။
ဆရာတော်ကြီးကပဲ ဦးဆောင်ပြီး အားရဝမ်းသာ စကားပြောနေတာပါ။ စာရေးသူတို့က ရယ်စရာရှိရင် အားရပါးရရယ်လိုက်၊ တစ်ခွန်းစ နှစ်ခွန်းစ ပြန်လျှောက်လိုက်နဲ့ တောထဲတောင်ထဲမှာ ပွဲစည်နေပါတယ်။
ကိုခင်မောင်ဝင်းပြန်လာတော့ လူငယ်များပါ လိုက်လာပါတယ်။ ဆရာတော်ကြီးက ရေနွေးဘုဉ်းပေးလိုက် စကားပြောလိုက် စာရေးသူတို့ကို ဘုဉ်းပေးဖို့ တိုက်တွန်းလိုက်နှင့် ပိုပြီးတော့ ပွဲစည်သွားပါတယ်။
“ရေနွေးကြမ်း ဘုဉ်းပေးပါဗျ။
အရှင်ဘုရားက ရေနွေးကြမ်းပဲ ဘုဉ်းပေးတာဆိုလို့ စီစဉ်ခိုင်းထားတာပါဗျ။
လဘက်ခြောက်အကောင်းစားလုပ်ဖို့လည်း မှာထားတာပါဗျ။” ဟု မကြာခဏ မိန့်တော်မူပါတယ်။
စာရေးသူ ရေနွေးကြမ်းသောက်တာ ဆရာတော်ကြီးဘယ်လိုလုပ် သိလဲဆိုတာကတော့ ပဟေဠိအတော်ဆန်နေပါတော့တယ်။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
21.3.2022