မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၉၅)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ဟိုပင်မြို့ မြဇေယျာစာသင်တိုက် ဦးရေဝတ မှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းပါသည်။(14.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၆,၁၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၃,၃၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာသုံးဆယ့် သုံးသိန်း ...
ဇွဲကပင် မဘသ အောင်ပွဲ(၃)
နယုန်လပြည့်ကျော် ၂ ရက် 11.6.2017 ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ဆရာတော်ကြီးသီတင်းသုံးရာ မဲဘောင်ကျောင်းတိုက်မှာ ကျင်းပတဲ့ ဇွဲကပင် မဘသ အောင်ပွဲအခမ်းအနားမှာ WE LOVE WIRATHU လက်မှတ်ကမ်ပိန်း စတင်လှုပ်ရှားပါတယ်။ ဦးဆောင်သူကတော့ အညတြကပ္ပိယကြီးကိုသူရိန်(မြဝတီ)နှင့် ဝံသာနုရက္ခိတမောင်မယ်များဖြစ်ပါတယ်။ လက်မှတ်ရေးထိုးနေကြတဲ့ တိုင်းရင်းသူ တိုင်းရင်းသား ရဟန်းရှင်လူပြည်သူများကို တွေ့ရတာ အင်မတန်မှ အားရှိပါတယ်။ ဒကာမြင့်ဇော်က တိုက်ရိုက်လွှင့်ပေးနေပါတယ်။ Fb ပရိသတ်ကြီး တိုက်ရိုက်ကြည့်ရှု့ခွင့်ရပြီး မိမိတို့မြို့နယ်အသီးသီးမှလည်း ဒီလိုလက်မှတ်ထိုးပွဲလေးတွေ ကျင်းပချင်စိတ်ပေါ်လာကြောင်း သိရပါတယ်။ လက်မှတ်ပေါင်း လေးထောင်ကျော် ငါးထောင်နီးပါး ရရှိပါတယ်။ ငွေပေးထိုးခိုင်းခြင်း သြဇာပေး၍ထိုးခိုင်းခြင်း၊ လက်ခုပ်တီးခေါ်ထိုးခိုင်းခြင်း၊ ...
ဝိပဿနာသမားနဲ့ နိုင်ငံရေး
စာရေးသူ မော်စကိုမှပြန်လာကာစ မင်းဘူးမြို့မှာ တရားဟောဖူးတယ်။ မိုးကုတ်ဝိပဿနာရိပ်သာမှာ တည်းခိုတယ်။ အားလုံးက ပျူပျူငှာငှာပါပဲ။ နောက်တစ်ခေါက်ရောက်တော့ ရွေးကောက်ပွဲနီးနေပြီ။ ခါတိုင်းလိုပဲအောက်မေ့ပြီး မိုးကုတ်ဝိပဿနာရိပ်သာမှာ ခဏနားလိုက်တယ်။ ဓမ္မကထိကနားနေဆောင်မှာ မဟုတ်ဘဲ သီလရှင်ဆရာလေးများ အဆောင်မှာ နေ့ဆွမ်းစားရတယ်။ အခြေအနေအကဲခတ်ကြည့်တော့ မဟန်မှန်းသိလိုက်တယ်။ ဒါပေမဲ့ သီလရှင်ဆရာလေးကိုအားနာလို့ ဘာမှမပြောဖြစ်ခဲ့ဘူး။ လာတာကလည်း ရေဘေးကယ်ဆယ်ရေးလာတာပါ။ ရေဘေးကယ်ဆယ်ရေးစခန်းရောက်တော့မှသိရတယ်။ ဝီရသူဆို လက်မခံဘူးဆိုပဲ။ ဒါကြောင့် ပွင့်ဖြူမှာပဲအိပ်ပါတော့လို့ ဆရာလေးက ဖုန်းဆက်တာပါ။ စာရေးသူကလည်း ပြန်လာမအိပ်ချင်ဘူး။ ဒါပေမဲ့ ဆရာလေးကိုအားနာလို့ ဖွင့်မပြောခဲ့တာပါ။ မိုးကုတ်ဝိပဿနာရိပ်သာ အကြောင်းပြချက်က ဝီရသူက ထောင်ထွက်ဘုန်းကြီးဖြစ်လို့ပါတဲ့။ ဒါဆိုရင် ၂၀၁၂ တုန်းက ဘာလို့ လိုလိုလားလားပင့်ဖိတ်ကြတာလဲ? နောက်တော့ အကြောင်းပြချက်ပြောင်းသွားတယ်။ ဝီရသူက ...
ဇွဲကပင်ဆရာတော်ကြီးနှင့်အတူ
နယုန်လပြည့်ကျော်(၂)ရက် 11.6.2017 ရက်နေ့ ကရင်ပြည်နယ် ဘားအံမြို့ မဲဘောင်ကျောင်းတိုက်မှာ ကျင်းပတဲ့ ဇွဲကပင်မဘသ အခမ်းအနား အောင်ပွဲပြီးတဲ့အခါ ဇွဲကပင်ဆရာတော်ကြီးက လုမ္ဗိနီဥယျာဉ်ကို အလည်လိုက်ဖို့ ဖိတ်ခေါ်ပါတယ်။ ရန်ကုန်အမျိုးသားရေး မောင်နှမတွေ ရောက်တုန်းရောက်ခိုက် စကားလက်ဆုံကျနေလို့ ဇွဲကပင် ဆရာတော်ကြီးနှင့် တစ်ပါတည်း လိုက်မသွားနိုင်ခဲ့ပါ။ တိုင်ပင်ဆွေးနွေးပြီးမှ လိုက်သွားဖြစ်ပါတယ်။ အရင်တုန်းကရောက်ဖူးပေမဲ့ ကေဘယ်လ်ကား မရှိသေးပါဘူး။ အမျိုးသားရေးညီနောင်တွေ ကေဘယ်လ်ကားစီးနေချိန်မှာ ဇွဲကပင်ဆရာတော်ကြီးနှင့် အမျိုး ဘာသာ သာသနာအရေး ဆွေးနွေးတိုင်ပင်ပါတယ်။ ဆရာတော်ကြီးက ကေဘယ်လ်ကားစီးဖို့ ခဏခဏတိုက်တွန်းတာနဲ့ စီးဖြစ်သွားပါတယ်။ ဇိမ်ကျပါတယ်။ လေကလေးတဖြူးဖြူးနဲ့ တောတောင်ရေမြေသဘာဝ ရှုခင်းအလှတွေကို ခံစားရင်း အပန်းဖြေမိပါတယ်။ ကေဘယ်လ်ကားလုပ်ငန်းကို ...
Like Page အသစ် ထပ်မံဖွင့်လှစ်ခြင်း
Like Page အသစ် ထပ်မံ၍ စမ်းသပ်ဖွင့်လှစ်လိုက်ပါပြီ။ Facebook Team အခြေအနေစောင့်ကြည့်ကြပါ။ မင်္ဂလာပါလို့ နှုတ်ဆက်ရုံနဲ့ ကျကျသွားတတ်လို့ပါ။ Facebook Myanmar Team မှာ မင်္ဂလာပါလို့နှုတ်မဆက်ရဘူးလို့ မူဝါဒများ ချမှတ်ထားလေသလား မသိပါ။ Wirathu ဆိုတဲ့နာမည်တွေ့တာနဲ့ တန်းဖျက်ပစ်ဖို့ မူဝါဒချထားလေသလားလဲ မသိပါ။ မင်္ဂလာတောင်ညွန့်ကို မြေလှန်မယ်ဆိုတဲ့ Page အတုကျတော့ အတုမှန်းသိလို့ထင်ပါရဲ့ ဒါမှမဟုတ် သူ့လူတွေကို တမင်လုပ်ခိုင်းထားလို့ထင်ပါရဲ့ သောင်းကျန်းလို့ ကောင်းတုန်းပါပဲ။ အဲ့ဒါလည်း Facebook Myanmar Team ရဲ့ မူဝါဒလားမသိပါ။ သေချာတာကတော့ လက်ရုံးရည် နှလုံးရည်ချင်းမယှဉ်ရဲလို့ အောက်လမ်းနည်းနဲ့ ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၉၄)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နေ မတင်နီလာဝင်း လှူဒါန်းသော အလှူငွေ ၁၀၀၀၀၀(တစ်သိန်း) ကျပ်ကို အရှင်သေဋ္ဌိလ လာရောက်လှူဒါန်းစဉ်။ (15.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၅,၈၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ...