အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၄)
မေလ ၄ ရက်နေ့ မနက်ခင်းမှာပဲ ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်မှာ လှူဒါန်းပြီးတော့ လောင်းဒုံရွာသို့ ရောက်ရှိကြပါတယ်။ လောင်းဒုံရွာမှာ အိမ်ခြေ ၉၆ အိမ်လူဦးရေ ၄၃၂ ဦးရှိပါတယ်။ လောင်းဒုံရွာဟာ နတလ(တိုင်းရင်းသား)ရွာဖြစ်ပြီး အစိုးရဆောက်ပေးထားတာ အိမ်ခြေ ၁၀၅ ခုရှိပေမယ့် အိမ်ထောင်စု ၉၆ ခုသာ ကျန်တော့တာပါ။ ရွာတည်စတုန်းက ၃၃ အိမ်နဲ့ စတည်ခဲ့ပြီး၊ တစ်အိမ်လျှင် လယ်နှစ်ဧကစီ ရရှိခဲ့ပေမယ့် အခုအခါမှာတော့ ဘင်္ဂလီတွေနှောက်ယှက်တာခံရလို့ လယ်ပိုင်ပြီး လယ်မကိုင်ရတဲ့ ဘ၀မျိုးရောက်ရှိကာ ငုတ်တုတ်ထိုင် လက်မှိုင်ချနေကြရတော့တာပါ။ အရင်တုန်းက ဘင်္ဂလီရွာဘေးက ရခိုင်လယ်တွေမှာ ဘင်္ဂလီအလုပ်သမားတွေငှားပြီး ...