Daily Archives: July 3, 2017

သတင်း

ဝီရသူရှိနေသရွေ့ မဘသ ရှိနေမယ်

၁။ သာသနာသန့်ရှင်းရေးဆိုတဲ့နေရာမှာ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ပါရာဇိကကျလောက်အောင် ကျူးလွန်ထားကြောင်း အထောက်အထားတွေရှိလို့ သန့်ရှင်းရတာမျိုး၊ ကြည်ညိုဖွယ်မဆောင်လို့ သန့်ရှင်းရတာမျိုး ဒါဟာ ဝိနည်းကြောင်းနှင့်ဆိုင်ပါတယ်။ ဒုတိယတစ်မျိုးက စီးပွားရေးလုပ်နေသလား?  ဥပမာ ချဲဒိုင်ခံသလား၊ ကုမ္ပဏီထောင်နေသလား၊ ငွေတိုးပေးစားနေသလား၊ ဗေဒင်ဟောစီးပွားရှာနေသလား၊ ဆေးကုစီးပွားရှာနေသလား စတဲ့ စီးပွားရေးနဲ့ ပတ်သက်တာတွေပါပဲ။ ဒါတွေကိုလုပ်တာလည်း နည်းလမ်းတွေအများကြီးရှိပါတယ်။ ဝိနည်းကြောင်းအရ သန့်ရှင်းချင်တယ်ဆိုရင် ဂရုကအာပတ်(ပါရာဇိက) ကျူးလွန်သူကို ရှင်းလင်းသုတ်သင်ရေးပါ။ နောက်တစ်ခုက ရဟန်းသာမဏေနဲ့မလျော်တဲ့ အနေအထိုင်မျိုး ဥပမာ မွန်းလွဲချိန် လက်ဘက်ရည်ဆိုင်တွေမှာထိုင်တာမျိုး၊ အရက်ဆိုင်တွေမှာထိုင်တာမျိုး၊ အရက်သေစာ သောက်စားတာမျိုး၊ ဈေးထဲ သို့မဟုတ် ဘုရားထဲ လူမှန်သမျှ သပိတ်ထိုးခံ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ အမျိုးဘာသာသာသနာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးပေါက်ရန်အလို့ငှာ တွံတေးမြို့ အညတြကပ္ပိယ ရန်ကုန်မှ နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (25.6.2017) အလှူရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုတရသူများ ဖြစ်ကြပါစေ…သောဝ်။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၇)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ ဟွေ့ဆိုင်းရပ်ကွက် ဦးသုမန ဓမ္မသုခမဏိဇောတကျောင်း မှ အလှူငွေ ၃၆၀၀၀၀(သုံးသိန်းခြောက်သောင်း)ကျပ်၊ ဟောင်ပါးရွာ ယဉ်ကျေးလိမ္မာ ဆရာမများမှ အလှူငွေ ၂၄၀၀၀၀(နှစ်သိန်းလေးသောင်း)ကျပ် လှူဒါန်းစဉ်။ (25.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
သတင်း

ပါတီနှင့် အင်အားစုများ တတိယအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲ

မန္တလေးအခြေစိုက် နိုင်ငံရေးပါတီများနှင့် အမျိုးသားရေးအင်အားစုများ စုပေါင်းသင်္ကန်းကပ်လှူပွဲပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မန္တလေးတိုင်းဒေသကြီးကော်မတီရုံးမှာ ကျင်းပပါတယ်။ 1.7.2017 ရက်နေ့မနက် 10:30 နာရီမှာ ကျင်းပတာပါ။ မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော်ကြီးအပါအဝင် မန်း မဘသ ဆရာတော်များ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)သံဃာများ ကြွရောက်ပါတယ်။  နန်းဦးကျောင်းတိုက် မော်လမြိုင်ကျောင်းဆရာတော် ဘဒ္ဒန္တကေသရိန္ဒမှ ငါးပါးသီလချီးမြှင့်ပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)မှ အနုမောဒနာတရား ဟောကြားပါတယ်။ စာရေးသူက သြဝါဒစကား ပြောကြားပါတယ်။ ဝါဆိုသင်္ကန်းကပ်လှူပြီး ရေစက်ချအမျှဝေကာ နေ့ဆွမ်းဆက်ကပ်ကြပါတယ်။ မန္တလေးအခြေစိုက် ပါတီအားလုံးစုံသလောက်ပါပဲ။ အာဏာရပါတီတစ်ခုပဲ ကျန်တာပါ။ အခုလိုကျင်းပတာ သုံးနှစ်(သုံးကြိမ်)ရှိပါပြီ။ ညီညွတ် စည်းလုံး ...
သတင်း

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၆)

၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းရွာမှာ တပ်ခေါက်ပြန်လာခဲ့ကြပါတယ်။ နယ်မြေခံသတင်းသမားက ခရီးစဉ်တစ်လျှောက်လုံး လိုင်းပေါ်တင်နေလို့ မလုံခြုံတော့တာကတစ်ကြောင်း၊ ကျီးကန်းပြင်နယ်ခြားစောင့်တပ်ဌာနချုပ်ကို နယ်ခံဆရာတော်တွေနဲ့ ဝင်တွေ့မှန်းသိလျက်နဲ့ ရခိုင်ပြည်ကြီး ပျက်စီးရာပျက်စီးကြောင်း လာကြံသလို ရေးတင်တာကတစ်ကြောင်းကြောင့်၊ တောင်ပြိုလက်ဝဲဘက်မှ ကျေးရွာများသို့ ဆက်လက်မသွားဖြစ်တော့ဘဲ လှည့်ပြန်ခဲ့ကြတာပါ။ နေ့လည်ပိုင်းလောက်မှာ ဖားဝပ်ချောင်းရွာရောက်ပါတယ်။ ရခိုင်ရွာပါ။ အိမ်ခြေ ၁၀၄ ခုရှိပါတယ်။ ၁၉၉၆ ခုနှစ်မှာ ရွာတည်တာပါ။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်စတဲ့နယ်စုံမှ ရခိုင်တိုင်းရင်းသား များဖြင့် တည်ထားတဲ့ရွာလေးပါ။ တည်ကာစက ...