မန်း မဘ သ သတင်း
မန်း/တိုင်း မ ဘ သ ရပ်တည်ချက်နှင့် သဘောထား ကြေငြာချက်ကို ၉/၇/၂၀၁၇ ရက်စွဲဖြင့် ကြေငြာခဲ့ပြီးဖြစ်ပါသည်၊ အဆိုပါ ကြေငြာချက်နှင့် စပ်လျဉ်း၍ မန်း/တိုင်း သံဃနာယကအဖွဲ့က ယနေ့ ရက်စွဲဖြင့် အစည်းအဝေးခေါ်ယူ ညှိနှိုင်းဆွေးနွေရာ မန်း မ ဘ သ အမည်ဖြင့် ဆက်လက်ရပ်တည်လိုပါက နိင်ငံတော် မ ဟ န အဖွဲ့ထံစာတင်ရန် အကြံပြုပါသည်။ သို့အတွက်ကြောင့် မန်း/တိုင်း မ ဘ သ အဖွဲ့အနေဖြင့် အရေးပေါ်အထူးအစည်းအဝေးတစ်ရပ် ကျင်းပမည်ဖြစ်ပါ၍ မဟာဝိဇယ ...
ရဟန်းအိုနှင့် ယာဉ်အို(၁)
ကျွနုပ်တို့သာသနာတော်၌ ရဟန်းတော်များသည် ပုံသဏ္ဍာန် အမျိုးမျိုး ဖြင့်ရပ်တည်နေသည်ကို တွေ့ရ၏။ အချို့က ပရိယတ္တိအတွက်၊ အချို့က ပဋိပတ္တိအတွက်၊ အချို့က သာသနာရေးအတွက်၊ အချို့က လူမျိုးရေး အတွက်၊ အချို့က ကိုယ်ကျိုးစီးပွားအတွက်၊ အချို့က အများကောင်းစားရေး အတွက်၊ အချို့က သာသနာအတွက်လည်းမဟုတ်၊ လူမျိုးအတွက်လည်း မဟုတ်၊ ဘယ်အတွက်ရပ်တည်နေမှန်းပင် မသိကြပေ။ မိမိလက်ထက်၌ မိမိမစွမ်းဆောင်နိုင်လျှင်၊ အနာဂတ်အတွက် စွမ်းဆောင်နိုင်သူကိုတော့ မွေးမထုတ်နိုင်ခဲ့လျှင်တောင်မှ မွေးစားထားခဲ့ဖို့လိုပေသည်။ ထိုသို့မဟုတ် သော ဆရာတော်များကို ကျနုပ်တွေ့ကြုံခဲ့ရဖူးလေသည်။ “နယ်ပိုင်ဆရာတော်ကြီး” ကျနုပ်သည် ရွာကြီးတစ်ရွာသို့ တရားဟောကြွခဲ့ဘူး၏။ ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၅)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေး ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုံးရပ် ညည ၅၉ ရပ် ဒေါ်ခင်အေးသန့် မှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းပါသည်။ (6.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၇၀၅,၅၀၀ ...
ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၁)
အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။ ========================================================== “ညွှန်ကြားလွှာအမှတ် (၇၅)ဖြင့် အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် ဖြည့်စွက် လျှောက်ထားချက်ပါ ဘုရား” အထက်ပါ စာအုပ်၌ သာသနာတော်သန့်ရှင်းတည်တံ့စေလိုသော စေတနာကောင်းဖြင့် မေတ္တာ ကရုဏာ ရှေ့ရှု၍ ရေးဆွဲထားသော စည်းမျဉ်းဥပဒေများကို တွေ့ရှိရပါသည်။ အပြည့်အဝ ထောက်ခံအပ်ပါသည်။ ဖြည့်စွက်လျှောက်ထားလိုသည်မှာ – အကျဉ်းစံ သံဃာတော်များ၏ ဘဝဒုက္ခများကို ကယ်တင်ရေး ဖြစ်ပါသည်။ အကျဉ်းသား သံဃာများတွင် အပေါင်းအသင်းမှားခြင်း ...