Daily Archives: July 24, 2017

သတင်း

ဝီရသူနဲ့ မဘသ လွှတ်တော်နဲ့အစိုးရ

ရန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆို ပြည်သူ့လွှတော်မှာ တင်သွင်ကြောင်း သိရပါတယ်။ ကိုပါကြီး၏ဇနီး NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက တင်သွင်းလိုက်တာပါ။ အဲဒီအဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်တာ တွေ့ရပါတယ်။ ဒါဟာ တစ်မျိုးသားလုံး လုံခြုံရေးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကောင်းနိမိတ်တွေပဲ ဖြစ်ပါတယ်။ ဒေါ်သန္တာနှင့် NLD ပါတီကို၎င်း လုံးဝမကန့်ကွက်ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးကို၎င်း အထူးကျေးဇူးဥပကာရတင်ရှိကြောင်း ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူက ရိုးသားပွင့်လင်းစွာ ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ဇန်နဝါရီလတုန်းက အမွှေစိန်မမကြီး ရန်ဟီးလီကို စာရေးသူအရှင်က ...
နဂါးနီစုဘူးသတင်း

နဂါးနီစုဘူး၏ အောင်မြင်မှု

နဂါးနီစုဘူးအသင်းကို တည်ထောင်ခဲ့တာ 1.9.2013 ရက်နေ့တုန်းကပါ။ ဒီနှစ် စက်တင်ဘာလ တစ်ရက်နေ့ဆိုရင် လေးနှစ်ပြည့်ပါပြီ။ စုစုပေါင်း စုဘူး ရှစ်ဘူး အသင်းဝင် ၇၅၂ ဦး ရှိပါပြီ။ မ-တည် စိုက်ထူငွေပေါင်း ၅၅,၃၄၀,၀၀၀(ငါးရာငါးဆယ့်သုံးသိန်းလေးသောင်း)ကျပ် ဖြစ်ပြီး အမြတ်ငွေ ၆၅,၁၆၆,၅၀၀(ခြောက်ရာ့ငါးဆယ့်တစ်သိန်းခြောက်သောင်း ခြောက်ထောင် ငါးရာ)ကျပ် ရရှိပါပြီ။ ၄င်းအမြတ်ငွေများထဲမှ ကျန်းမာရေးထောက်ပံ့ငွေ ၇,၅၅၇,၀၀၀(ခုနစ်ဆယ့်ငါးသိန်းငါးသောင်းခုနစ်ထောင်)ကျပ် ရိက္ခာထောက်ပံ့ငွေ ၂၆၀,၀၀၀(နှစ်သိန်းခြောက်သောင်း)ကျပ် ရှိပါပြီ။ ငါးသောင်းတန်း ၁၄၁ ဦး တစ်သိန်းတန်း ၂၉၅ ဦး တစ်သိန်းခွဲတန်း ၂၅၁ ဦး နှစ်သိန်းတန်း ၆၅ ဦးပါ။ စုဘူး ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၂၄)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရမည်းသင်းမြို့ ရန်ကြီးအောင်ကျောင်းဆရာတော် ဘဒ္ဒန္တခေမာစာရမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။(22.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၂,၃၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၇,၅၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာ ခုနစ်ဆယ့် ငါးသိန်း ...
သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၆)

အရေးအခင်းပြီးစကာလတွင် သံဃာ့ရွေးကောက်ပွဲများ မြိုင်ဆိုင်စွာကျင်းပကြ၏။ အဖွဲ့အစည်းလိုလားသည့် ပုဂ္ဂိုလ်များနိုင်မရဘဲ၊ သံဃာထုလိုလားသူများသာ အနိုင်ရလေသောအခါ နောက်အကြိမ်များ၌ သံဃာ့ဆန္ဒ မခံယူတော့ဘဲ ဆိုရှယ်လစ်ခေတ်ပါလီမန်လို လုပ်လိုက်ကြပေတော့သည်။ သံဃာ့ဒီမိုကရေစီစနစ်သည် ထိုအချိန်မှာ အရုဏ်တက်ခဲ့ပြီး၊ ထိုခေတ်မှာပင် နေကွယ်ခဲ့ရလေသည်။ ယခုအခါ လူ့အဖွဲ့အစည်းကလည်း ဒီမိုကရေစီစနစ်ကို ထူထောင်နေချိန်ဖြစ်၍ သံဃာအဖွဲ့အစည်းကလည်း သံဃာ့ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးသင့်ပေသည်။ အမှန်အားဖြင့် ဒီမိုကရေစီစံနစ်ဆိုသည်မှာလည်း တခြားမဟုတ်ပေ။ ပိဋကတ်တော်လာ ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မဝိနယလမ်းစဉ်သာ ဖြစ်လေသည်။ ထို့ကြောင့် ဘုရားသားတော်များသည် ဘုရားချမှတ်တော်မူခဲ့သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဘုရားသာသနာတော်၏ ဝန်ကို ထမ်းဆောင်သင့်လှပေသည်။ လက်ရှိ ...
သတင်း

မိန်းမကြီးနှစ်ယောက် အပြန်အလှန် စိတ်ပျက်နေကြတာ ဘယ်အရေးပါလိမ့်?

NLD အစိုးရ၏ ထုတ်ပြန်ချက်ကို ဖတ်ကာ အရှင်ဝီရသူ ပြုံးနေပါလိမ့်မည် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆရာတော်အရှင်ဝီရသူမှ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဗလောင်းဗလဲနိုင်သည့် မိန်းမပျက်တစ်ဦးဟု ပြောဆိုခဲ့စဉ် NLD နှင့် ဒေါ်အောင်ဆန်းစုကြည် ဝန်းရံသူများက ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့ကြဖူးသည်။ မဘသခေါ် အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသားရေးအင်အားစုများက သဘောထား မမှန်သည့် ယန်ဟီးလီကို မြန်မာ့အရေး ဝင်ရောက်စွက်ဖက်ခွင့်မပေးရန် ကန့်ကွက်မှုများ ရှိခဲ့စဉ်ကလည်း NLD အစိုးရက တောင်းဆိုမှုများကို လျစ်လျူရှုကာ ယန်ဟီးလီသာမက UN အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ကိုပင် ...
သတင်း

ရခိုင်မောင်တော လယ်သမားများအတွက် ထွန်စက်အလှူ

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ ထွန်စက်စခန်း ရှိသော်လည်း မလုံလောက်ပါ။ ထွန်စက်ကနည်းပြီး တောင်သူကများသောကြောင့်ဖြစ်ပါတယ်။ တောင်သူတွေမှာ ထွန်ယက်စရာ ကျွဲနွားမရှိပါ။ ထွန်စက်ကလည်း မလုံလောက်ပါ။ ထို့ကြောင့် မိုးတွင်းရောက်နေသော်လည်း စိုက်ပျိုးချိန်မှာ မစိုက်ပျိုးရဘဲ ငုတ်တုတ်ထိုင်နေကြရပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် စာရေးသူမှ ထွန်စက်တစ်စီးဖိုး သိန်း ၃၀ ကျပ် မ-တည်လှူဒါန်းကာ ဓမ္မာစရိယတက္ကသိုလ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသက သိန်း ၃၀ ကျပ်၊ ရခိုင်တိပိဋကဓရ ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလ က သိန်း ၃၀ ကျပ်၊ ရန်ကုန်မြို့ရှိ ရခိုင်သံဃနိကာယမှ ထွန်စက်နှစ်စီးစာ သိန်း ၆၀ ကျပ် ...
သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ်(၂)

12.7.2017 မနက်ပိုင်းမှာ ကျီးကန်းပြင်ဌာနချုပ် ခဏဝင်ပါတယ်။ အာင်သာယာဘုန်းတော်ကြီးကျောင်းလေး မိုရာမုန်တိုင်းထဲပါသွားတဲ့ကိစ္စ ကွပ်ကဲရေးမှူးကြီး သူရဦးစန်းလွင်က လျှောက်ထားပါတယ်။ အဲဒီနောက် လောင်းဒုံရွာကို ရောက်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးမရှိလို့ ကျောင်းဝင်းသော့ခတ်ထားပါတယ်။ စာသင်ကျောင်းလေးမှာ မိဘပြည်သူတွေနဲ့ တွေ့ဆုံပြီး ရိက္ခာတွေထောက်ပံ့ရင်း အားပေးနှစ်သိမ့်ကြပါတယ်။ ငပလီမြို့ ပုလဲရတနာဆရာတော်ကြီးက ဆုံးမသြဝါဒပေးပါတယ်။ ဒါက်တာအရှင်ဥတ္တမသီရိက အားပေးစကားပြောတဲ့အခါ ရခိုင်ပြည်သူများက အားရပါးရ လက်ခုပ်သြဘာတီးပြီး အားပေးကြတာတွေ့ရပါတယ်။ လာင်းဒုံရွာမှာ အသက် ၁၀၂ နှစ်အရွယ် အဖိုးတစ်ယောက်ရှိပါတယ်။ ၁၉၄၂ ခုနှစ် ရခိုင်ပြည် ဂျီဟတ်အလုပ်ခံရစဉ်တုန်းက သူဟာ ၂၀ကျော် အရွယ်ပါ။ အခုအချိန်ထိ ကောင်းကောင်းပြောပြနိုင်ပါသေးတယ်။ သူ့ကို မိုးကာအင်္ကျီတစ်ထည် အပိုဆုပေးခဲ့ပါတယ်။ လာင်းဒုံရွာသူရွာသားတွေကတော့ လူမျိုးအစုံအလင်ပါပဲ။
သတင်း

ရမည်းသင်း ယဉ်ကျေးလိမ္မာဆုပေးပွဲ

ဝါဆိုလဆုတ် ၁၄ရက် 22.7.2017 မွန်းလွဲ ၁း၀၀ နာရီမှာ ကျင်းပပါတယ်။ ရမည်းသင်းမြို့ သီလဝခန်းမ မှာ ကျင်းပတာပါ။ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရန်အောင်မင်းကျောင်းဆရာတော်ကြီးက သြဝါဒမိန့်ကြားပါတယ်။ ၄င်းနောက် ဓမ္မစကူးလ်အဆိုတော် ကိုခိုင်မြဲနှင့် ကျောင်းသူကျောင်းသားလေးများက နိုင်ငံတော်သီချင်း ဇာတိမာန်သီချင်း ဓမ္မစကူးလ်သီချင်းများဖြင့် ဖျော်ဖြေကြပါတယ်။ နိုင်ငံတော်သီချင်းဆိုတဲ့အချိန်မှာ ပရိသတ်အားလုံး မတ်တပ်ရပ်ပြီး နိုင်ငံတော်အလံကို အလေးပြုကြပါတယ်။ ယခင် ပြည်ထောင်စုလွှတ်တော်နာယကကြီး ယခု အမျိုးသားလွှတ်တော်အမတ်ကြီး ဦးခင်အောင်မြင့်လည်း ပရိသတ်နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ လက်ခုပ်တီး၍ ဇာတိမာန်သီချင်း လိုက်ဆိုခြင်းများ စိတ်ပါ လက်ပါ ...