Daily Archives: August 23, 2017

သတင်း

ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး သုံးနှစ်စီမံကိန်းကြီး အကောင်အထည်ဖော်တော့မည်

21.8.2017 မွန်းလွဲ ၁း၃၀ နာရီ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ အောင်စေတီရပ်ကွက် အောင်ဓမ္မဗိမာန်မှာ ကျင်းပပါတယ်။ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ရမ္မာဝတီဆရာတော်ဘဒ္ဒန္တဣန္ဒပါလ ဦးဆောင်ဆွေးနွေး ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းမင်းလတ်၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဦးစိုးထွန်းရှိန်၊ ငပလီကမ်းခြေ ဂျိတ္တောရပ်ကွက် ပုလဲရတနာစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ၊ ပုဏ္ဏားကျွန်းမြို့ ပညာပါရမီစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒဝံသာဘိဝံသ၊ မင်းပြားမြို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တဣန္ဓာစရိယ၊ ရခိုင်ပြည်နယ် မဘသဥက္ကဋ္ဌ စစ်တွေမြို့ အဘယရက္ခိတကျောင်းဆရာတော်ဘဒ္ဒန္တနန္ဒောဘာသ ရန်ကုန်မြို့ လှိုင်မြို့နယ် အောင်ချမ်းသာပရိယတ္တိစာသင် တိုက် ပဓာနနာယကဘဒ္ဒန္တတေဇဝန္တာဘိဝံသ၊ ...
သတင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပရဟိတနှင့်အမျိုးသားရေးညီအကိုမောင်နှမများစုပေါင်းပြီး ပင့်သံဃာ(၂၅)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ကျင်းပမည့်နေ့ရက်-၁၃၇၉ ခုနှစ်၊ တော်သလင်းလဆန်း(၆)ရက် ၂၇.၈.၂၀၁၇(တနင်္ဂနွေနေ့) ကျင်းပမည့်အချိန်-နံနက်(၇)နာရီတိတိ ကျင်းပမည့်နေရာ-နိကာယ်စာသင်တိုက်၊ ပုလဲရတနာလမ်း၊ (၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်း ဒေသကြီး။ မှတ်ချက်- တိုင်းနှင့်ပြည်နယ်အသီးသီးမှ ညီအကိုမောင်နှမများ (၂၆.၈.၂၀၁၇)ရက်နေ့ ညနေအရောက် ကြွရောက်ကြပါရန်။ ကျင်းပရေးကော်မတီ
သတင်း

အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများ စောင့်ရှောက်ရေး အလှူငွေ (၁၅)

အိုးဘိုထောင်တွင် ၅၀၅(ခ)ဖြင့် အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသော သံဃာတော် (၆)ပါးနှင့် ကိုကျော်မျိုးရွှေတို့အတွက် ထားဝယ်(၄)မြို့နယ် မျိုးချစ်သံဃာတော်များမှ အလှူငွေ ၁၁၀၀၀၀၀(တစ်ဆယ့်တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (22.8.2017) ယခုဆိုလျှင် အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများစောင့်ရှောက်ရေးရန်ပုံငွေ ၈၁၅၀၀၀၀ိ (ရှစ်ဆယ့်တစ်သိန်း ငါးသောင်း)ကျပ် ရှိပြီဖြစ်ပါသည်။ သံဃာတော်များနှင့် ကိုကျော်မျိုးရွှေတို့အား ဆက်လက်လှူဒါန်းလိုပါက ဆက်သွယ်နိုင်ပါသည်။ (အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများ စောင့်ရှောက်ရေး အလှူရှင် စာရင်းနှင့် နဝကမ္မအလှူရှင်စာရင်း မဟော်သဓာအလှူရှင်စာရင်းများကို ဆက်လက် ကြေညာပေးပါမည်။) ဆက်သွယ်လှူဒါန်းရန် ဦးမင်းအောင် 09.781601969 KBZ Bank Name of Account: ...
သတင်း

စိုးရိမ်စရာမလိုဘူးတဲ့လား RFA

မနေ့က 21.8.2017 ရက်နေ့မှာ ညနေပိုင်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်၅ရပ်ကွက်(ဟီတာလီရန်ရပ်ကွက်)မှာ ဓားများ ၃၀ကျော်၊ နစကဝတ်စုံများနှင့် သေနတ်အတိုနှစ်လက် သိမ်းဆည်းရမိပါတယ်။ ဘင်္ဂလီငါးဦးကိုဖမ်းမိထားပြီး တစ်ဦးထွက်ပြေးလွတ်မြောက်သွားပါတယ်။ သတင်းအရ မူးယဇ်ဆေးဝါးရှာဖွေရာမှာ မထင်မှတ်ဘဲ လက်နက်နဲ့ဝတ်စုံတွေပါဖမ်းမိတာပါ။ ဒီနေ့ 22.8.2017 ရက်နေ့ညနေ ၅း၀၀ နာရီကျော်မှာတော့ မနေ့က လက်နက်နှင့်ဝတ်စုံများ ဖမ်းမိရာ အမှတ်၅ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လည်လှီးပြီး သတ်ဖြတ်သွားပါတယ်။ သတင်းကြားလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲများ သွားရောက်တဲ့အခါ ဘင်္ဂလီတွေက ချောင်းမြောင်းပစ်ခတ်ကြပါတယ်။ ရဲတွေ ခြုံခိုတိုက်ခိုက်ခံရလို့ အပြန်အလှန်ပစ်ခတ်ကြရာ ည ...
သတင်း

ရမ်းဗြဲမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

ဝါခေါင်လဆုတ် ၁၄ ရက်(လကွယ်) 21.8.2017 မနက် 9:00 နာရီ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ အောင်စေတီရပ်ကွက် အောင်ဓမ္မဗိမာန်မှာ ကျင်းပပါတယ်။ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ကြီးမှူးကျင်းပတဲ့ပွဲပါ။ ရခိုင်ပြည်နယ်တဝှမ်းလုံးမှ မဘသ ဦးဆောင်ဆရာတော်များ ကြွရောက်ကြပါတယ်။ ရမ်းဗြဲမြို့မှ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် ကျောင်းထိုင်ဆရာတော်များလည်း ကြွရောက်ကြပါတယ်။ ရမ်းဗြဲမြို့ ပုဏ္ဏားတောင်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဝိသုဒ္ဓ(အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်)က ရှစ်ပါးသီလချီးမြှင့်ပြီး ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလက ရေစက်ချအနုမောဒနာ တရား ချီးမြှင့်ပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်နှင့် ဓမ္မဝံသာနုအဖွဲ့ဥက္ကဋ္ဌ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၄၈)

မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ထားဝယ်(၄)မြို့နယ် မျိုးချစ်သံဃာတော်များမှ အလှူငွေ ၁၁၀၀၀၀(တစ်သိန်း တစ်သောင်း)ကျပ် လှူဒါန်းစဉ်။(22.8.2017) (ထားဝယ်(၄)မြို့နယ် မျိုးချစ်သံဃာတော်များမှ ဆရာတော်ဦးဝီရသူ၏ နဝကမ္မအလှူငွေအတွက်လည်း ၁၁၀၀၀၀(တစ်သိန်းတစ်သောင်း)ကျပ် လှူဒါန်းသွားပါသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၅,၅၆၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း ...
သတင်း

အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများ စောင့်ရှောက်ရေး အလှူငွေ (၁၄)

အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများ စောင့်ရှောက်ရေးကော်မတီ(ရန်ကုန်)။ အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများ စောင့်ရှောက်ရေးကော်မတီ(မန္တလေး)တို့အား  မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ တောင်ညောင်ကုန်းတိုက်နယ် မဘသမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်စီ စုစုပေါင်း ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါစဉ်။(22.8.2017) ယခုဆိုလျှင် အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားများစောင့်ရှောက်ရေးရန်ပုံငွေ ၇၀၅၀၀၀၀ိ (ခုနစ်ဆယ်သိန်း ငါးသောင်း)ကျပ် ရှိပြီဖြစ်ပါသည်။ သံဃာတော်များနှင့် ကိုကျော်မျိုးရွှေတို့အား ဆက်လက်လှူဒါန်းလိုပါက ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ်လှူဒါန်းရန် ဦးမင်းအောင် 09.781601969 KBZ Bank Name of Account: U Min Aung Account No:99930799949222401