Daily Archives: September 20, 2017

သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်းသားသားမီးမီးတွေ စားရကံကြုံ

ဒီနေ့ တော်သလင်းလပြည့်ကျော်(၁၄)ရက် 19.9.2017 မနက် ၁၀း၀၀ နာရီ လောကအလင်း ပညာဒါနကျူရှင်ကျောင်း ကျောင်းသူကျောင်းသားများအား ခေါက်ဆွဲကြော်တစ်ဗူးစီ လှူဒါန်းပါတယ်။ Fresher တန်းတွေက ကျောင်းသွားတက်နေလို့ Repeater တန်းကျောင်းသူကျောင်းသားတွေပဲ ရှိပါတယ်။ ဆရာ ဆရာမတွေနှင့် ကျောင်းသူကျောင်းသားတွေအားလုံးပေါင်း ဗူး ၈၀ လှူဒါန်းခဲ့ပါတယ်။ အပြန်မှာတော့ သဟာယကျောင်းမှ သံဃာအားလုံးကို တစ်ဗူးစီ လှူဒါန်းပါတယ်။ ကျန်တာတွေတော့ အမျိုးသားရေးဝိုင်းတော်သားများ နဂါးနီမိသားစုများ ဝေမျှစားသုံးကြပါတယ်။ ခေါက်ဆွဲဗူးပေါင်း ၃၀၀ ဒါနပြုတာပါ။ ပွဲမိန့်အခွေခံရတဲ့ပွဲကြီးမှာ သံဃာတော်များ သီလရှင်များ ကြွလာလျှင် နေ့ဆွမ်းအခက်အခဲမရှိအောင် ခေါက်ဆွဲကြော်တစ်ဗူးစီလှူဒါန်းဖို့ရည်ရွယ်ပြီး ခေါက်ဆွဲကြော်ဗူးပေါင်း ၃၀၀ ...
ထုတ်ပြန်ကြေညာချက်သတင်း

အမုန်းသံသရာကိုဖြတ် အချစ်သံသရာကိုဆက်

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဓမ္မသတ်ပညာရှင်များအဖွဲ့ချုပ်(ဗဟို)၏ တိုက်တွန်းနှိုးဆော်လွှာကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဒီလို တာဝန်ယူ တာဝန်ခံမည့် မူဆလင်ခေါင်းဆောင်ကောင်းတွေကို မျှော်လင့်တောင့်တနေတာ ကြာပါပြီ။ အခုဆိုရင် မူဆလင်အဖွဲ့ချုပ်ကြီးကလည်း ကြေညာချက်တွေထုတ်ပြီး မိတ်ဆွေသဘောထားကို ပြသနိုင်ခဲ့ပါပြီ။ အခုဓမ္မသတ်အဖွဲ့ချုပ်ကလည်း အခုလို နှိုးဆော်စာတွေထုတ်ပြန်လာတာ တွေ့ရတော့ အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ တစ်ဘာသာနှင့်တစ်ဘာသာ အွန်လိုင်းပေါ်မှာ ငြင်းခုံနေကြတာ ပညာရှိမဆန်ပါဘူး။ အမြင်လည်းမတင့်တယ်ပါဘူး။ ဒီလိုပဲ ဆက်လက်ငြင်းခုံနေမယ်ဆိုရင် အမုန်းသံသရာကြီး ဆုံးနိုင်တော့မှာမဟုတ်တော့ပါ။ ဒါကြောင့် အချစ်သံသရာဖြစ်တဲ့ မေတ္တာတရားတွေ ပြသဖို့ လိုပါပြီ။ ကိုယ့်ဘာသာဝင်ကို ကိုယ်ကိုယ်တိုင် တာဝန်ယူရပါမယ်။ ကိုယ့်ဘာသာဝင်ကို ကိုယ်ကိုယ်တိုင် ဆုံးမနိုင်ရပါမယ်။ အဲဒီလို တာဝန်ယူဆုံးမမည့်အဖွဲ့အစည်းတွေအဖြစ် မြင်ချင်နေတာကြာပါပြီ။ ပြည်တွင်းမူဆလင်အချို့ ...
သတင်း

ပျော်ဘွယ်မဘသ ရခိုင်ပြည်သူများအလှူတော်

တော်သလင်းလပြည့်ကျော်(၁၃)ရက် 18.9.2017 ရက်နေ့ မွန်းတည့် ၁၂း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးတိုက် သာသနပါလကျောင်းမှာ ကျင်းပပါတယ်။ ပျော်ဘွယ်မဘသ ဥက္ကဋ္ဌဆရာတော်ကြီးဘဒ္ဒန္တဝိလာသ အမှူးပြုသော ပျော်ဘွယ်မဘသ ဆရာတော် သံဃာတော်များနှင့် မျိုးချစ်မောင်မယ်များ မန်းမဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး သာသနဓဇဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တကုသလအမှူးပြုသော မန်း မဘသ ဆရာတော်သံဃာတော်များနှင့် မျိုးချစ်မောင်မယ်များ တက်ရောက်ကြပါတယ်။ ပျော်ဘွယ်မဘသ အလှူခံရရှိထားသော ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းပေါင်း(၁၇၀)ကျော်ကို မန်း မဘသသို့ လာရောက် အပ်နှံတာပါ။ ထို့အတူ အမရပူရ မဘသမှ ရခိုင်ပြည်သူများအတွက် ...
သတင်း

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၂၄)

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် မူဆယ်မြို့ ကိုခင်မောင်ချင်း+မတိုးဝေလှိုင် မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်(13.9.2017) ကိုလင်းလင်းမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်(ဆရာတော်ဦးဝီရသူ၏ နဝကမ္မအတွက် အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်လည်း လှူဒါန်းပါသည်။)(13.9.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
သတင်း

လက်​ခုပ်​သံမဆဲ ရန်​ကုန်​ပွဲ အမျိုးသား​ရေး ခြိမ့်​ခြိမ့်​သဲ

လက်​ခုပ်​သံမဆဲ ရန်​ကုန်​ပွဲ အမျိုးသား​ရေး ခြိမ့်​ခြိမ့်​သဲ  
သတင်း

ခေတ်သစ်စောလူးမင်းများ

မနက်ဖြန် 19.9.2017 မှာ ကျင်းပမည့် လူထုအင်အားပြပွဲကြီး ဖျက်သိမ်းလိုက်ရပါပြီ။ ပထမ ကြားရသည်မှာ ဝီရသူပါလျှင် ခွင့်မပြုနိုင်ဘူးဟုဆိုသောကြောင့် ဟောပြောမည့်စာရင်းထဲ ဝီရသူမထည့်တော့ပါ။ ထိုအခါ ရဲတပ်ဖွဲ့မှူးကလည်း အသိပေးအကြောင်းကြားစာကို လက်ခံပါတယ်။ ငြင်းပယ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖြုတ်ပယ်ခြင်း လုံးဝမပြုတဲ့အတွက်ကြောင့် ဒီကနေ့မှာ ဟောပြောစင်တွေဘာတွေတောင် ဆောက်လုပ်ပြီးသွားပါပြီ။ အဲဒီလိုလုပ်ပြီးကာမှ အတိုင်ပင်ခံမိန့်ခွန်း LED နှင့်ပြမယ် မနောရမံကွင်းမှာပဲပြမယ်လို့ ဒုတိယအနေနှင့် ထပ်မံကြားရပါတယ်။ ဒါပေမဲ့ အခမ်းအနားကျင်းပမှာက လွန်ရောကျွံရော တစ်နာရီသာသာပါ။ အလွန်ဆုံး မနက် ၉း၄၅ မှာ အားလုံးပြီးစီးမှာပါ။ ...
သတင်း

အဖက် ကြမ်းဖို့နဲ့ အကြမ်းဖက် ဖို့ပဲ သိတဲ့သူ တွေကို Jihadist လို့ ...

မြန်မာအစိုးရကို”မြင့်မြတ်သောစစ်ပွဲ” ဆင်နွှဲရန်အတွက် အစ္စလမ္မစ်စတိတ်မှ မလေးရှားလူမျိုးများကို အဖွဲ့ဝင်စုဆောင်းနေ PUBLISHED 3 HOURS AGO အစ္စလမ္မစ်စတိတ်မှ နောက်ခံပြုထားသော မလေးရှားလူမျိုးအများအပြားသည် ရခိုင်ပြည်နယ်မှ ဖိနှိပ်ခံ ရိုဟင်ဂျာမူဆလင်များကို ကာကွယ်ရန်အတွက် မြန်မာအစိုးရကို မြင့်မြတ်သောစစ်ပွဲဆင်နွှဲနေကြသည်။ အမှန်စင်စစ် အစ္စလမ္မစ်စတိတ်သည် ရိုဟင်ဂျာအရေးကို အခြေခံအကြောင်းအသုံးချ၍ ၎င်း၏အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းငှာ အဖွဲ့ဝင်သစ်များကို စုဆောင်းနေကြောင်း တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့၏ ဒုတိယညွှန်ကြားရေးမှုး ဒါတွက် အယော့ဗ် ခန်း မိုင်ဒင် ပစ်ချေးက ပြောကြားသည်။ အစ္စလမ္မစ်စတိတ်သည် လူအများ၏ သနားကရုဏာစိတ်ကို ဆွပေးရန်၊ ၎င်းအဖွဲ့တွင်းသို့ ...
သတင်း

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၂၃)

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် ဦးဇော်ဝင်းမောင်+ဒေါ်မိုးကြည်မှ အလှူငွေ ၅၀၀၀(ငါးထောင်)ကျပ်(12.9.2017) မန္တလေးမြို့ စိန်ပန်းရပ် ဦးမျိုးမြင့်ဦး+ဒေါ်ရွှေစင်ဝင်း (မန်း မဘသ လူကော်မတီနာယက) မှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်(12.9.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။