ကျောက်ချောရွာ သားသားမီးမီးများနှင့်အတူ(၂)
တော်သလင်းလပြည့်ကျော် ၁၅ ရက် 20.9.2017 ရက်နေ့ ညနေ ၄း၀၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမန်းမဟော်သဓာကျောင်းတော်ကြီးတည်ဆောက်မည့် ကျောင်းမြေဝန်း ထဲမှာ တွေ့ကြတာပါ။ ထုံးစံအတိုင်း သားသားမီးမီးလေးတွေ အပြေးအလွှားလာကြပါတယ်။ သူ့ထက်ငါဦးအောင် နှုတ်ဆက်ကြပါတယ်။ လူတွေစုံတဲ့အခါ သြကာသရှိခိုး နမော တဿရွတ်ဆို ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ရွတ်ဆိုပြကြပါတယ်။ ညီညီညာညာနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ရွတ်နိုင်ကြတာတော့ အံ့သြစရာပါ။ ဘုရားရှိခိုးပြီးမှ အိပ်ရာဝင်ဖို့ ကျောင်းသွားကျောင်းပြန် နမော တဿ ရွတ်ဆိုဖို့ သတိရတိုင်း စိတ်ထဲက နမော တဿရွတ်ဆိုဖို့ တိုက်တွန်းပြီး မုန့်ဖိုးတစ်ထောင်ကျပ်စီ ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၅၉)
မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ၁။ မန္တလေးမြို့၊ (၂၇၀)စမွန်းရပ်၊ ကိုဝင်းထက်ဦး+မဖြိုး(သမီး) မကေခိုင်၊ မခွန်ချိုဆင့် မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။(20.9.2017) မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၇,၃၆၅,၅၀၀ ...
အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၂၆)
အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် စစ်ကိုင်းတောင်ရိုး ဇေယျသိင်္ဂီချောင် ဆရာလေး ဒေါ်ခေမာဝတီမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။(19.9.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။