Daily Archives: September 23, 2017

နဂါးနီစုဘူးသတင်း

မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (20.9.2017) မနက်(၉း၀၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်တို့ တက်ရောက်ကြပြီး ဒေါ်ကြင်ကြင်မြိုင်မှ အသိပညာပေး ဟောပြောပါတယ်။ နှစ်သိန်းတန်း အသင်းဝင် (၆၅)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၁၄)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (17.10.2013)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၇၉)ဦးရှိပြီး ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၆၁)

မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဧရာထွန်းရပ်ကွက် ကိုသန်းဇော်မြင့်+မဝင်းမာ (သမီး)မမေမြတ်နိုး(၄)နှစ်ပြည့်မွေးနေ့မင်္ဂလာအဖြစ် အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (22.9.2017) (ကိုသန်းဇော်မြင့်+မဝင်းမား(သမီး)မမေမြတ်နိုး မိသားစုသည် ဆရာတော်ဦးဝီရသူ၏ နဝကမ္မအတွက်လည်း အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းပါသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ ...
သတင်း

မူဆလင်ပြည်သူတွေကိုလည်း အကာအကွယ်ပေးပါ

အရင်တုန်းက လူနည်းစု တိုင်းရင်းသားတွေကိုသာ အကာအကွယ်ပေးဖို့ လိုအပ်တာ။ အခုတော့ လူများစု ဘင်္ဂလီတွေကိုလည်း အကာအကွယ်ပေးဖို့ လိုအပ်လာပြီ။ ရခိုင်မြောက်ပိုင်းအရေးပေါ်ပေါက်လာတာဟာ ဂျီဟဒ်ဝါဒီတွေကြောင့်ပါ။ သာမန်အရပ်သားတွေက ရိုးရိုးအေးအေးပဲ နေထိုင်ကြတာပါ။ ရိုဟင်ဂျာလည်း မကြားဖူးဘူး။ တိုင်းရင်းသားလည်း နားမလည်ဘူး။ ဘင်္ဂလားလည်းမပြန်ချင်ကြဘူး။ ဒုက္ခသည်းစခန်းလည်းမသွားချင်ကြဘူး။ ရွာလုံးကျွတ် အပိတ်အဆို့ အဖြတ်အတောက်လည်း မခံချင်ကြဘူး။ ဒါကြောင့် ဂျီဟဒ်ဝါဒီတွေဆို ဝေးဝေးကနေ ရှောင်ရှားကြတယ်။ ခုတော့ သူတို့တတွေကို ဖိအားပေး အကြပ်ကိုင်ရုံတင်မဟုတ်ဘဲ ဗုံးထောင်အကြမ်းဖက်လာပြီဆိုတော့ အကြမ်းဖက်သမားတွေ အခွင့်အလမ်းမရအောင် စောင့်ကြည့်မှ ဖြစ်ပါတော့မယ်။ ဘင်္ဂလီပြည်သူတွေ အကြမ်းဖက်မခံရအောင် အကာအကွယ်ပေးရတော့မယ်။ ရိုးအေးဖြူစင်သော မူဆလင်ပြည်သူများအသုံးချခံ အကြမ်းဖက်ခံရခြင်းမှ ကင်းဝေးကြပါစေ။ ဦးပဉ္စင်း ဝီရသူ( မစိုးရိမ်) 23.9.2017 am 10:09 ...
သတင်း

သဟာယကျောင်း အရုဏ်ဆွမ်းအလှူ

ဒီကနေ့ သီတင်းကျွတ် လဆန်း(၂)ရက် 22.9.2017 ရက်နေ့ မနက် ၆း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကပ်လှူပါတယ်။ စာသင်သံဃာတော်များအား မုန့်တီဆွမ်း ကပ်လှူပြီး ပင့်သံဃာများနှင့် နာယကဆရာတော်များအား မုန့်တီဆွမ်း ခေါက်ဆွဲပြုတ်တို့ဖြင့် ဆက်ကပ်လှူဒါန်းပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) ဒုတိယအတွင်းရေးမှူး ချုပ်ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသနှင့် နာယက အငယ်များဖြစ်ကြသော ဓမ္မပါရဂူနာယကဆရာတော် ဦးဇနကာဘိဝံသ၊ ဓမ္မဝိမုတ္တိရသကျောင်းနာယက ဆရာတော်ဦးသူရိယာဘိဝံသ၊ ဦးစေတိယာဘိဝံသတို့လည်း ကြွရောက်ချီးမြှောက်ကြပါတယ်။ ဆွမ်းဒါယကာ ဒါယိကာမများကတော့ ဦးသန်းဇော်မြင့်+ဒေါ်ဝင်းဝင်းမာ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၆၀)

မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ နီပရောစကာမြို့ Hsar Po Kee+Eh Khee(သမီး)Monday Mon မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (20.9.2017) မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
သတင်း

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၂၇)

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဧရာထွန်းရပ်ကွက် ကိုသန်းဇော်မြင့်+မဝင်းမာ (သမီး)မမေမြတ်နိုး(၄)နှစ်ပြည့်မွေးနေ့မင်္ဂလာအဖြစ် အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။(22.9.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။