အနောက်တံခါးလုံခြုံရေးခရီးစဉ်(၁၀)
ပြီးခဲ့တဲ့ ဇူလိုင်လ ခရီးစဉ်တွေ မပြီးပြတ်သေးလို့ ပြန်တင်ပေးနေတာပါ။ ၂၀၁၇ ခုနှစ်အတွင်းမှာပဲ မေလတစ်ကြိမ်၊ ဇူလိုင်လတစ်ကြိမ် မောင်တောသို့ နှစ်ကြိမ်တိတိသွားပြီးပါပြီ။ နောက်ထပ်လည်း ခရီးစဉ်တွေရှိပါသေးတယ်။ ၁၃.၇.၂၀၁၇ ရက်နေ့ မွန်းလွဲပိုင်းမှတော့ မောင်တောမြို့နယ်တောင်ပိုင်း ကင်းချောင်းရွာသို့ ရောက်ရှိပါတယ်။ ကင်းချောင်းရွာမှာ အိမ်ခြေ(၈၄)အိမ်ရှိပါတယ်။ ဘင်္ဂလီရွာတွေမှာ တာဝန်ကျတဲ့ ဆရာ ဆရာမ ငါးဦးလည်း ကင်းချောင်းရွာမှာပဲ အချေချပါတယ်။ အိမ်ထောင်စု (၈၉)စုအတွက် ကလေးကစားစရာ ရိက္ခာ ယောဂီဝတ်စုံ မိုးကာအပါအဝင် အားဆေးပါမကျန် လှူဒါန်းတာပါ။ ကုသိုလ်ရှင်ကတော့ မိုးထိမိုးမိ ရွှေတောင်ကြီးဗုဒ္ဓသာသနာထွန်းကာပြန့်ပွားရေးအဖွဲ့ပါ။ ရန်ကုန်၊ ...
မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ
မစိုးရိမ်တိုက်သစ် စာသင်သံဃာများက မဟာနာယကဆရာတော်ကြီးများနှင့် နာယကဆရာတော်များအား ပူဇော်တဲ့ အာစရိယပူဇော်ပွဲပါ။ သီတင်းကျွတ်လဆန်း ၁၂ ရက် 2.10.2017 ရက်နေ့ ညနေ ၄း၀၀ နာရီ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှာ ကျင်းပပါတယ်။ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တကေသရာဘိဝံသနှင့် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်ကြီးများက သြဝါဒများ မိန့်ကြားကြပါတယ်။ ၁၃၇၉ ခုနှစ် ဝါဆိုဝါကပ်ကြသော စာသင်သားသံဃာများက မစိုးရိမ်တိုက်သစ် ဆရာတော်များအား သင်္ကန်းစသော လှူဖွယ်ဝတ္ထုများနှင့် နဝကမ္မဝတ္ထုငွေများ စုပေါင်း လှူဒါန်းကြပါတယ်။
အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၃၀)
အမျိုးသားရေး ဆရာတော် အရှင်ဝဏ္ဏိတ(ဓမ္မကထိက)အား အမှူးထား၍ ထိုင်းနိုင်ငံ စမူစာခွန်ခရိုင် မဟာချိုင်မြို့ ကုသိုလ်ကောင်းမှု နေ့စဉ်ပြု မေတ္တာရှင် ပရဟိတ အသင်းသူ။အသင်းသားများနှင့် ရွှေ့ပြောင်းမြန်မာ အလုပ်သူ။အလုပ်သ္မား(၇)ရက် သားသ္မီးများ ကောင်းမှု ။ ((၂၅-၉-၂ဝ၁၇) ဘင်္ဂါလီ အကြမ်းဘက် ဘေးသင့် ရခိုင်ပြည်သူများအား စာနာ စိတ်စိတ်ထား ကရုဏာပွားကာ မြန်မာကျပ်ငွေ(၁၅)သိန်းကျပ် (တစ်ဆယ့်ငါးသိန်းကျပ်)တိတိကို အမျိုးသားရေး ဝါဒီ အရှင်ဝီရသူ (မစိုးရိမ်)ထံသို့ လွှဲပြောင်း လှူဒါန်းပေးအပ်ပါသည် ။ နိဗ္ဗာန်ဆု ——- နတ်လူ သာဓု ခေါ်စေသောဝ် ။
ဘင်္ဂလီတို့၏ ကလိမ်ကကျစ်အကြံအဉာဏ်များ
ဘင်္ဂလီတွေ ကိုယ့်အိမ်ကိုမီးနှင့်ရှို့ခါနီးမှာ ပြင်ဆင်ထားမှုတွေကို လေ့လာခဲ့ဖူးတယ်။ အိမ်တွင်းပစ္စည်းတွေကို အရင်ရှင်းလေ့ရှိကြတယ်။ အိမ်တွင်းပစ္စည်းကိုရှင်းရမှာလဲ နှစ်မျိုးနှစ်စားရှိပါတယ်။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးလို ပစ္စည်းမျိုးကို ထုပ်ပိုးပြီး တစ်ခြားနေရာပို့တာမျိုးရယ်၊ ပုဂံခွက်ယောက်လို ရေထဲစိမ်ထားခဲ့လို့ ရတဲ့အရာမျိုးကို ရေကန်တို့ ရေတွင်းတို့ ရေအိုးတို့ထဲ ထည့်ခဲ့တာမျိုးရယ် နှစ်မျိုးတွေ့ရတာပါ။ အခုတွေ့ရတာမျိုးက မြေအောက်မှာ ပစ္စည်းပစ္စယတွေ သီးသန့်သိုမှီးခဲ့ပြီးမှ ရှို့တာမျိုးပါ။ ဒီလိုအထောက်အထားတွေကို ဘယ်သူတွေက ငြင်းနိုင်မှာလဲ။ ထို့အတူပဲ မိမိအိမ်ကို အလွယ်တကူမီးရှို့နိုင်ဖို့ရယ်၊ မီးရှို့ပြီးတဲ့အခါ ချက်ချင်းလက်ငင်း ကူးစက်သွားအောင် လောင်အားကောင်းဖို့ရယ်အတွက် ဘင်္ဂလီအိမ်တိုင်းနီးပါးမှာ မီးလောင်လွယ်တဲ့ လောင်စာများ ...
ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲ ဖိတ်ကြားလွှာ
အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်တိုက်ခိုက်မှုများအား ရှုတ်ချခြင်းနှင့် ပြည်ပစွက်ဖက်မှုဆန့်ကျင်ခြင်း ဆန္ဒထုတ်ဖော်ပွဲကို မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါ၍ အမျိုးသားရေးချစ်မြတ်နိုးသူများ ကြွရောက်ပေးနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေ့ရက် – ၂.၁၀.၂၀၁၇မ (တနင်္လာနေ့) အချိန် – နေ့လည် (၂) နာရီ နေရာ – ကန်သာကြီးကျေးရွာတွင်း၊ မကွေးမြို့နယ် ဟောပြောမည့်သူများ – ရှင်မတောင်ဆရာတော်၊ ဆိတ်ဖြူဆရာတော်၊ အမတ်ဒိန်(ဦးနေလင်း) ဘူးလက်ကြီး(ဦးလှဆွေ) အမျိုးသားရေးချစ်မြတ်နိုးသူများ ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲဖြစ်မြောက်ရေးအဖွဲ့ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး
မန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ကြေညာချက်(၁/၂၀၁၇)
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် သနန္တနဓမ္မပါလအဖွဲ့ချုပ် ကြေညာချက်အမှတ် (၁/၂၀၁၇) ရခိုင်ဒေသတွင် အကြမ်းဖက်အုပ်စု(ARSA)၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများအတွက် အထူးဝမ်းနည်းကြေကွဲကြောင်းနှင့် ကျန်ရစ်သူမိသားစုများ ပြန်လည်ထူထောင်ရေးနှင့် ဘဝလုံခြုံရေးအစီအံများ ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း သဘောထားကြေညာချက်- ၁။ မကြာသေးမီကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် (ARSA) အကြမ်းဖက်အုပ်စု၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် ဟိန္ဒူလူမျိုးအချို့လည်း သေဆုံးဒဏ်ရာရခဲ့ကြပါသည်။ အဆိုးဝါးဆုံးဖြစ်ရပ်မှာ ဟိန္ဒူလူမျိုးများ ရွာလုံးကျွတ်အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါသည်။ ဟိန္ဒူလူမျိုး အချို့ကိုလည်း တဖက်နိုင်ငံသို့ အလိုမတူဘဲ ...