Daily Archives: October 23, 2017

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့နေ ဒေါ်ခင်နန်းဆန်း မိသားစုမှ နဝကမ္မအလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) အလှူဒါန်းပါသည်။ (22.10.2017) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ ...
သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၄)

12.10.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တွေမြို့ရှိ ဟိန္ဒူဘုရားကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ ဟိန္ဒူဘုရားကျောင်းဝန်းထဲမှာ ဒုက္ခသည် ၁၁၃ အိမ်ထောင်စု လူဦးရေ ၄၄၅ ရှိပါတယ်။ နေရာကလေးက ကျဉ်းမြောင်း၊ လူဦးရေက များပြား ဓမ္မာရုံထဲမှာ ပစ္စည်းတွေနှင့်ပြည့်နေလို့ လူတွေ ထိုင်စရာနေရာတောင် ကောင်းကောင်းမကျန်ပါဘူး။ ဗမာစကားမတတ်တဲ့ ဟိန္ဒူတွေက များပါတယ်။ ဂေါပကအကြီးအကဲက ဘာသာပြန်ပေးရပါတယ်။ အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မန်း မဘသဖြစ်ကြောင်း အကြမ်းဖက်ခံရသော ပြည်သူများကို လာရောက်အားပေးခြင်းဖြစ်ကြောင်း အသတ်ခံရသူတို့၏ မိသားစု ဒဏ်ရာရသူများ နေရပ်စွန့်ခွါခဲ့ရသူများအား ကူညီထောက်ပံ့ဖို့ လာရောက်ခြင်းဖြစ်ကြောင်းလောက်ပဲ ပြောကြားကာ အိမ်ထောင်စု ...
သတင်း

သဟာယကျောင်း ဆွမ်းအနုမောဒနာတရားတော်

တန်ဆောင်မုန်းလဆန်း(၃)ရက် 22.10.2017 မနက် ၁၀း၃၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။ မိခင်ကြီးဒေါ်သန်းမြအား ရည်စူး၍ မော်လမြိုင်မြို့ ယွန်းဝတီမိသားစုအလှူတော်ပါ။ သဟာယကျောင်း သံဃာတော်များနှင့်တကွ မန်း မဘသ ဦးသျှောင်ဆရာတော်ကြီးများဖြစ်သော မဟာဝိဇယဆရာတော်၊ ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော်၊ နိရုတ္တိဆရာတော်၊ ဒုတ်ရဲဆရာတော်တို့ ကြွရောက်ချီးမြှောက်ပါတယ်။ နေ့ဆွမ်းဆက်ကပ်အပြီးမှာ လောကအလင်း ပညာဒါနကျူရှင်ကျောင်းအတွက် အလှူငွေ ငါးသိန်းကျပ်၊ နဝကမ္မအတွက် အလှူငွေ တစ်သိန်းကျပ် လှူဒါန်းကာ ရေစက်ချ အနုမောဒနာတရား နာယူကြပါတယ်။ ဆွမ်းအနုမောဒနာတရားအဖြစ် စစ်မနိုင်မြို့တော် တရားတော် ဟောကြားခဲ့ပါတယ်။ ကုလာဝကဇာတ်တော်၊ သုဝီရသုတ္တန်၊ ဒေဝါသုရသင်္ဂါမသုတ္တန်တို့လာ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၆၇)”

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့ ကိုကျော်ဇင်ဦး+မရွှန်းလဲ့မောင် မင်္ဂလာ(၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၈,၀၂၅,၅၀၀ိ ကျပ်။ စုစုပေါင်း – ၁၈၃,၂၂၅,၅၀၀ ...
နဂါးနီစုဘူးသတင်း

အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (22.10.2017) မနက်(၉း၀၀)နာရီ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာတို့ တက်ရောက်ကြပြီး အသင်းဝင်(၁၃၀)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် အမှတ်(၆)စုဘူးဖြစ်ပြီး (၂.၁.၂၀၁၆)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခုအခါ အသင်းဝင်(၁၃၀)ဦးရှိပါပြီ။ နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ ...